Efésios 4
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ထို့ကြောင့် သင်တို့သည် မိမိတို့ခံယူရရှိသောခေါ် တော်မူခြင်းနှင့်ထိုက်တန်သည့်ဘ၀အသက်တာကို လိုက်နာကျင့်ကြံကြမည့် အကြောင်း သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သော ငါသည် တိုက်တွန်းနှိုးဆော်လိုက်ပါ၏။-
1 Rogo-vos, pois, eu, o preso do Senhor, que andeis como é digno da vocação com que fostes chamados,
2 ထိုသို့ကျင့်ကြံရာတွင် စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် တစ်ဦးကိုတစ်ဦးချစ်ခြင်းမေတ္တာဖြင့် အနစ်နာခံခြင်းစသည်တို့ကို တတ်အားသရွေ့ ပြုမူကျင့်ကြံကြလျက်၊-
2 Com toda a humildade e mansidão, com longanimidade, suportando-vos uns aos outros em amor,
3 သင်တို့အား ချည်နှောင်ထားသော ငြိမ်းချမ်းသာယာခြင်းအားဖြင့် ဝိညာဉ်တော်၌ ပေါင်းစည်းနေခြင်းကို ထိန်းသိမ်းကြရန် စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်ကြလော့။-
3 Procurando guardar a unidade do Espírito pelo vínculo da paz.
4 သင်တို့သည် သင်တို့၏ခေါ်တော်မူခြင်းနှင့်သက်ဆိုင်သည့် တစ်ခုတည်းသောမျှော်လင့်ခြင်းသို့ ခေါ်တော်မူခြင်းခံကြရသည့် နည်းတူ ကိုယ်ခန္ဓာတစ်ခု၊ ဝိညာဉ်တော်တစ်ပါး၊-
4 Há um só corpo e um só Espírito, como também fostes chamados em uma só esperança da vossa vocação;
5 သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဆေးကြောခြင်း တစ်ပါးတည်းသာ ရှိတော်မူ၏။-
5 Um só Senhor, uma só fé, um só batismo;
6 ထို့အတူ ငါတို့အားလုံး ၏အဖဖြစ်သော ဘုရားသခင်တစ်ပါးတည်းသာရှိတော်မူ၏။ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို အုပ်စိုး၍ ၎င်းတို့အားဖြင့် လုပ်ဆောင်ပြီး ၎င်းတို့အလယ်တွင် တည် ရှိတော်မူ၏။
6 Um só Deus e Pai de todos, o qual é sobre todos, e por todos e em todos vós.
7 သို့သော် ငါတို့အသီးသီးသည် ခရစ်တော်ခွဲဝေပေး သနားတော်မူသည့်အတိုင်း ကျေးဇူးတော်ကိုခံယူကြရ၏။-
7 Mas a graça foi dada a cada um de nós segundo a medida do dom de Cristo.
8 ထို့ကြောင့် ကျမ်းစာတော်မြတ်၌ ဆိုထားသည်ကား ကိုယ်တော်သည် မြင့်သောအရပ်သို့တက်ကြွသောအခါ များစွာသော သုံ့ပန်းတို့ကိုခေါ်ဆောင်သွားပြီးလျှင် လူတို့အား ဆုလက်ဆောင်များကို ပေးတော်မူ၏ဟူ၍ဖြစ်သတည်း။-
8 Por isso diz: Subindo ao alto, levou cativo o cativeiro,e deu dons aos homens.
9 ကိုယ်တော်သည် တက်ကြွသောအခါဟုဆိုရာတွင် ကိုယ်တော်သည် ကမ္ဘာမြေကြီး၏အောက်နိမ့်ရာ အရပ်သို့လည်း ဆင်းသွား တော်မူခဲ့သည်ကို ဆိုလိုခြင်း မဟုတ်လော။-
9 Ora, isto - ele subiu - que é, senão que também antes tinha descido às partes mais baixas da terra?
10 အောက်သို့ဆင်းကြွသောအရှင်သည် ခပ်သိမ်းသောအရာတို့ကို ပြည့်စုံစေခြင်းငှာ ကောင်းကင်အထက်ကို ကျော်လွန်၍ တက်ကြွသောအရှင်လည်း ဖြစ်တော်မူ၏။-
10 Aquele que desceu é também o mesmo que subiu acima de todos os céus, para cumprir todas as coisas.
11 ကိုယ်တော်၏ဆုလက်ဆောင်များသည်ကား အချို့ကို တမန်တော်များအဖြစ်၊ အချို့ကို ပရောဖက်များအဖြစ်၊ အချို့ကို ဧဝံဂေလိတရားတော်ဟောပြော သူများအဖြစ်၊ အချို့ကို သိုးထိန်းအရာ၌လုပ်ဆောင်သူများအဖြစ်၊ အချို့ကို သင်ကြားသူ ဆရာများအဖြစ် ခန့်ထား တော်မူခြင်းပင်ဖြစ်၏။-
11 E ele mesmo deu uns para apóstolos, e outros para profetas, e outros para evangelistas, e outros para pastores e doutores,
12 ဤသို့ပြုလုပ်ခြင်းမှာ ကိုယ်တော်သည် သူတော်သူမြတ်တို့အား ခရစ်တော်၏ခန္ဓာတော် တည်းဟူသော အသင်းတော်ကို တည်ထောင်သည့်အမှုတော်၌ အတူတကွလုပ်ဆောင်နိုင်ရန် ပြင်ဆင်ပေးခြင်းဖြစ်၏။-
12 Querendo o aperfeiçoamento dos santos, para a obra do ministério, para edificação do corpo de Cristo;
13 ဤသို့ပြင်ဆင်ပေးရာတွင် ငါတို့အားလုံးသည် ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော် အကြောင်းကို သိရှိခြင်း၌လည်းကောင်း တစ်လုံးတစ်၀တည်းရှိကြ၍ ခရစ်တော်၏ပြည့်၀သောပမာဏအတိုင်း ရင့်ကျက်သူများဖြစ်လာသည် အထိ ပြင်ဆင်ပေးခြင်းဖြစ်၏။-
13 Até que todos cheguemos à unidade da fé, e ao conhecimento do Filho de Deus, a homem perfeito, à medida da estatura completa de Cristo,
14 ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲခြင်းနှင့် ပါးနပ်စွာလှည့်ဖြားခြင်းတို့ကြောင့် အယူဝါဒလမ်းကြောင်း ပြောင်းသောအခါတိုင်း ဖရိုဖရဲလွင့်ပါသွား တတ်သောကလေးသူငယ်များဖြစ်ကြတော့မည်မဟုတ်ပေ။-
14 Para que não sejamos mais meninos inconstantes, levados em roda por todo o vento de doutrina, pelo engano dos homens que com astúcia enganam fraudulosamente.
15 ထိုမျှမက ငါတို့သည် ချစ်ခြင်းမေတ္တာ၌ အမှန်တရားကို ဟောပြောကြလျက် ငါတို့၏ဦးခေါင်းဖြစ်သော ခရစ်တော်၌ အရာရာတွင်ကြီးပွားတိုးတက်ကြရမည်ဖြစ်၏။-
15 Antes, seguindo a verdade em amor, cresçamos em tudo naquele que é a cabeça, Cristo,
16 ထိုသခင်အားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ပေါင်းစည်းထား၍ ကိုယ်အင်္ဂါရှိသမျှတို့သည် ၎င်းတို့တစ်ခုစီလုပ် ဆောင်ရမည့် လုပ်ငန်းအတိုင်း အသီးသီးလုပ်ဆောင်ကြလျက် ကိုယ်ခန္ဓာအား အထောက်အကူပြုကြ၏။ သို့ဖြစ်၍ ကိုယ်ခန္ဓာသည် ချစ်ခြင်း မေတ္တာ၌ တည်ဆောက်ပြီးစီး သည်အထိ ကြီးထွားလာလေ၏။
16 Do qual todo o corpo, bem ajustado, e ligado pelo auxílio de todas as juntas, segundo a justa operação de cada parte, faz o aumento do corpo, para sua edificação em amor.
17 ထို့ကြောင့် သင်တို့သည် လူမျိုးခြားများပြုမူသကဲ့သို့ အနှစ်သာရကင်းမဲ့သောအကြံအစည်များဖြင့် ဆက်လက်နေထိုင် ခြင်းမပြု ကြရန် သခင်ဘုရား၌ သက်သေပြု၍ သင်တို့ကို ငါပြောလိုပါ၏။-
17 E digo isto, e testifico no Senhor, para que não andeis mais como andam também os outros gentios, na vaidade da sua mente.
18 သူတို့၏အသိတရား၌ အမှောင်ဖုံးလျက်ရှိပြီး စိတ်နှလုံးခိုင်မာခြင်းကြောင့်လည်း သူတို့၌ တတ်သိနားလည်ခြင်းကင်းမဲ့ကြ၍ သူတို့သည် ဘုရားသခင်ပေးသနားတော်မူသော အသက်နှင့်ဝေးကွာလျက်ရှိကြ၏။-
18 Entenebrecidos no entendimento, separados da vida de Deus pela ignorância que há neles, pela dureza do seu coração;
19 သူတို့၌ အကောင်းအဆိုးကိုပိုင်းခြားနိုင်သောအသိတရားကွယ်ပျောက်သွားသဖြင့် သူတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်ခြင်း မရှိတော့ဘဲ ညစ်ညမ်းသော ကိလေသာအကျင့်အမျိုးမျိုးနောက်သို့လိုက်ပါသွားကြ၏။-
19 Os quais, havendo perdido todo o sentimento, se entregaram à dissolução, para com avidez cometerem toda a impureza.
20 ခရစ်တော်ထံမှ သင်တို့သင်ယူခဲ့ရသော လမ်းစဉ်မူကား ထိုကဲ့သို့မဟုတ်ပေ။-
20 Mas vós não aprendestes assim a Cristo,
21 ဤသို့ဆိုရာတွင် ယေဇူး၌ တည်သောသမ္မာတရားအကြောင်းကို သင်ယူခဲ့စဉ်က သင်တို့သည် ကိုယ်တော်၏အကြောင်းကို မှန်ကန်စွာ ကြားနာခဲ့ကြသည်ဟုမှတ်ယူ၍ ပြောဆိုခြင်းဖြစ်၏။-
21 Se é que o tendes ouvido, e nele fostes ensinados, como está a verdade em Jesus;
22 သို့ ဖြစ်၍ လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ယိုယွင်းပျက်စီးနေပြီး ယခင်ကအပြုအမူအကျင့်အကြံများ နှင့်ဆက်နွယ်နေသည့် သင်တို့၏ဘ၀ဟောင်းကိုစွန့်ခွာ ကြလော့။-
22 Que, quanto ao trato passado, vos despojeis do velho homem, que se corrompe pelas concupiscências do engano;
23 ထို့နောက် သင်တို့၏စိတ်နှလုံးများကို အသစ်ပြုပြင်ကြပြီးလျှင်၊-
23 E vos renoveis no espírito da vossa mente;
24 ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းဖြူစင်ခြင်းတို့၌ ဖန်ဆင်းခြင်းခံရသော ဘ၀အသစ်ကို ဆင်မြန်းကြလော့။
24 E vos revistais do novo homem, que segundo Deus é criado em verdadeira justiça e santidade.
25 ထို့ကြောင့် လူတိုင်းသည် မုသားပြောခြင်းကို စွန့် လွှတ်ကြ၍ မိမိနှင့်နီးစပ်သောသူအား မှန်သောစကား ကိုပြောဆိုကြလော့။ အကြောင်းမူကား ငါတို့သည် တစ် ဦးနှင့်တစ်ဦးဆက်နွယ်လျက်ရှိကြသောကြောင့်ဖြစ်၏။-
25 Por isso deixai a mentira, e falai a verdade cada um com o seu próximo; porque somos membros uns dos outros.
26 သင်တို့သည် အမျက်ထွက်ကြလျှင်ပင် အပြစ်မကျူးလွန် မိကြစေနှင့်။ နေမဝင်မီ သင်၏အမျက်ကို ငြိမ်းစေလော့။-
26 Irai-vos, e não pequeis; não se ponha o sol sobre a vossa ira.
27 စာတန်နတ်ဆိုးအား အခွင့်အရေးမပေးကြလေနှင့်။-
27 Não deis lugar ao diabo.
28 ခိုးဝှက်တတ်သောသူအား နောက်တစ်ဖန် မခိုးဝှက်စေဘဲ အလုပ်လုပ် ကိုင်စေလော့။ သူသည် ဆင်းရဲချို့တဲ့သောသူတို့ကို ပေးကမ်းကူညီနိုင်စေခြင်းငှာ သူ၏လက်များဖြင့် ရိုးသားသောအလုပ်ကို လုပ်ကိုင်စေလော့။-
28 Aquele que furtava, não furte mais; antes trabalhe, fazendo com as mãos o que é bom, para que tenha o que repartir com o que tiver necessidade.
29 သင်တို့၏နှုတ်မှ မကောင်းသောစကားထွက်မလာစေနှင့်။ သင်တို့၏စကားကိုကြားသောသူတို့သည် အကျိုးခံစား ရစေခြင်း ငှာ အခွင့်အခါကြုံလျှင် ကောင်းသောသဘော ကိုဆောင်သည့်စကားကိုပြောဆိုကြလော့။-
29 Não saia da vossa boca nenhuma palavra torpe, mas só a que for boa para promover a edificação, para que dê graça aos que a ouvem.
30 ကယ်တင် ခြင်းခံရမည့်နေ့ရက်အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ် ပေးတော်မူသော ဘုရားသခင်၏ဝိညာဉ်တော်မြတ်ကို စိတ်ကြေကွဲစေရန် မပြုလုပ်ကြနှင့်။-
30 E não entristeçais o Espírito Santo de Deus, no qual estais selados para o dia da redenção.
31 သင်တို့သည် ခါးသီး နာကြည်းခြင်း၊ ဒေါသစိတ်မထိန်းနိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် အသေရ ဖျက်ခြင်း စသော မကောင်းမှုအားလုံးတို့ကို ဖယ်ရှားကြပြီးလျှင်၊-
31 Toda a amargura, e ira, e cólera, e gritaria, e blasfêmia e toda a malícia sejam tiradas dentre vós,
32 တစ်ဦးကို တစ်ဦးသနားကြင်နာ၍ ညှာတာကြလော့။ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော် မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကိုတစ်ဦးခွင့်လွှတ် ကြလော့။
32 Antes sede uns para com os outros benignos, misericordiosos, perdoando-vos uns aos outros, como também Deus vos perdoou em Cristo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Efésios 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.