Efésios 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ထိုအကြောင်းကြောင့် ငါပေါလုသည် လူမျိုးခြားများဖြစ်ကြသောသင်တို့ကိုယ်စား ခရစ်တော်ယေဇူးအတွက် အကျဉ်းသား တစ်ဦးဖြစ်လာခဲ့၏။-
1 Por esta razão eu, Paulo, o prisioneiro de Cristo Jesus por amor de vós gentios...
2 သင်တို့အတွက် အမှုတော်ဆောင်ရန် ကျေးဇူးတော်ကို ဘုရားသခင်သည် ငါ့အားပေးအပ်တော်မူကြောင်း သင်တို့ ကြားခဲ့ကြပြီဟု ငါယူဆ၏။-
2 Se é que tendes ouvido a dispensação da graça de Deus, que para convosco me foi dada;
3 ကိုယ်တော်သည် နက်နဲလှသောအကြောင်းအရာကို ဗျာဒိတ်တော်အားဖြင့် ငါ့အားဖော်ပြတော်မူ၏။ ထိုအကြောင်းကို သင်တို့အား အကျဉ်းချုပ်၍ ငါရေးသားဖော်ပြခဲ့လေပြီ။-
3 como pela revelação me foi manifestado o mistério, conforme acima em poucas palavras vos escrevi,
4 ဤအကြောင်းကို သင်တို့ဖတ်ရှုကြသောအခါ ငါသည် ခရစ်တော်၏နက်နဲသောအကြောင်းအရာအား သိရှိနားလည်သည်ကို သင် တို့သိမြင်နိုင်ကြ၏။-
4 pelo que, quando ledes, podeis perceber a minha compreensão do mistério de Cristo,
5 ယခင်မျိုးဆက်များမှ လူသားတို့အား ဤနက်နဲရာအချက်ကို ထုတ်ဖော်ပြခြင်းမရှိခဲ့သော်လည်း ယခုအခါတွင် ကိုယ်တော်၏ သန့်ရှင်းသောတမန် တော်များနှင့် ပရောဖက်များအား ဝိညာဉ်တော်အားဖြင့် ထုတ်ဖော်ပြလေပြီ။-
5 o qual em outras gerações não foi manifestado aos filhos dos homens, como se revelou agora no Espírito aos seus santos apóstolos e profetas,
6 ဤနက်နဲရာအချက်သည်ကား ဧဝံဂေလိသတင်းကောင်းအားဖြင့် လူမျိုးခြားတို့သည် အမွေတော်ကို အတူခံစားထိုက်သူများ၊ တစ်ခုတည်းသောခန္ဓာကိုယ်မှ အင်္ဂါအစိတ်အပိုင်းများ၊ ခရစ်တော်ယေဇူး၌ထားရှိတော်မူသောကတိတော်တွင် ပါဝင်ခံစားရသူ များဖြစ်လာကြသည့်အကြောင်းပေတည်း။
6 a saber, que os gentios são co-herdeiros e membros do mesmo corpo e co-participantes da promessa em Cristo Jesus por meio do evangelho;
7 ဘုရားသခင်သည် မိမိတန်ခိုးတော်အားဖြင့် ငါ့အားပေးသနားတော်မူသောကျေးဇူးတော်အတိုင်း ငါသည် ဤဧဝံဂေလိသတင်း ကောင်းကို ကြေညာဟောပြောသူ ဖြစ်လာခဲ့ရ၏။-
7 do qual fui feito ministro, segundo o dom da graça de Deus, que me foi dada conforme a operação do seu poder.
8 ငါသည် သူတော်သူမြတ်အပေါင်းတို့တွင် အနိမ့်ကျဆုံးဖြစ်သော်လည်း ခရစ်တော်၏အတိုင်း မသိများပြားလှသော ဘဏ္ဍာတော်များကို လူမျိုးခြားတို့အား ကြေညာဟောပြောရန် ငါ့အား ဤကျေးဇူးတော်ကို ပေးအပ်တော်မူခဲ့၏။-
8 A mim, o mínimo de todos os santos, me foi dada esta graça de anunciar aos gentios as riquezas inescrutáveis de Cristo,
9 ထို့အတူ အရာအားလုံးကိုဖန်ဆင်း တော်မူသောဘုရားသခင်၌ ကာလအဆက်ဆက်ဝှက် ကွယ်လျက်ရှိသောအကြံအစည် တော်ကို လူအပေါင်း တို့သိမြင်လာစေရန် လုပ်ဆောင်ခြင်းငှာ ထိုကျေးဇူးတော် ကိုပေးအပ်ထားခြင်းဖြစ်၏။-
9 e demonstrar a todos qual seja a dispensação do mistério que desde os séculos esteve oculto em Deus, que tudo criou,
10 ယင်းသို့ လုပ်ဆောင်တော်မူသည့်အကြောင်းရင်းကား ကောင်းကင်အရပ်ရပ်ရှိ အုပ်ချုပ်သူအပေါင်းနှင့် အင်အားတန်ခိုး တို့သည် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို အသင်းတော်အားဖြင့် သိရှိလာကြမည်ဖြစ်၏။-
10 para que agora seja manifestada, por meio da igreja, aos principados e potestades nas regiões celestes,
11 ဤသည်ကား ငါတို့၏သခင် ခရစ်တော်ယေဇူး၌ ပြီးပြည့်စုံစေတော်မူ သောကိုယ်တော်၏ထာ၀ရအကြံအစည်တော်အတိုင်း ပင်ဖြစ်သတည်း။-
11 segundo o eterno propósito que fez em Cristo Jesus nosso Senhor,
12 ငါတို့သည် ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၌ ရဲဝံ့စွာပြောဆိုကြ၍ အထံတော်သို့ ချဉ်းကပ်နိုင်သော အခွင့်ကိုရကြ၏။-
12 no qual temos ousadia e acesso em confiança, pela nossa fé nele.
13 ထို့ကြောင့် သင်တို့အတွက် ငါခံထမ်းရသောဒုက္ခဆင်းရဲများကြောင့် သင်တို့ တုန်လှုပ်ခြင်းမရှိကြလေနှင့်။ ယင်းသည် သင်တို့အတွက် ဂုဏ်ယူစရာအကြောင်းပင်ဖြစ်၏။
13 Portanto vos peço que não desfaleçais diante das minhas tribulações por vós, as quais são a vossa glória.
14 ထိုအကြောင်းကြောင့် ငါသည် အဖခမည်းတော်၏ရှေ့တော်တွင် ဒူးထောက်၍ ဆုတောင်းပါ၏။-
14 Por esta razão dobro os meus joelhos perante o Pai,
15 ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသောမိသားစုတို့သည် မိမိ တို့၏အမည်များကို ကိုယ်တော့်ထံမှ ခံယူရရှိကြ၏။-
15 do qual toda família nos céus e na terra toma o nome,
16 ငါ၏ ဆုတောင်းမေတ္တာတွင် ကိုယ်တော်သည် မိမိ၏ဘုန်းဂုဏ်တော်ကြွယ်၀ပြည့်စုံသည့်အတိုင်း မိမိ၏ဝိညာဉ်တော် အားဖြင့် သင်တို့၏အတွင်းစိတ်၌ ခွန်အားဖြည့်တင်းပေးရန် ကျေးဇူးတော်ကို ပေးသနားတော်မူမည့်အကြောင်း၊-
16 para que, segundo as riquezas da sua glória, vos conceda que sejais robustecidos com poder pelo seu Espírito no homem interior;
17 ထိုမျှမက ခရစ်တော်သည် ယုံကြည်ခြင်းအားဖြင့် သင်တို့၏စိတ်နှလုံးများတွင် ကိန်းဝပ်တော်မူပါမည့်အကြောင်းနှင့် ချစ်ခြင်းမေတ္တာ၌ အမြစ်တွယ်၍ အခြေခိုင်လျက်ရှိကြ သောသင်တို့သည်၊-
17 que Cristo habite pela fé nos vossos corações, a fim de que, estando arraigados e fundados em amor,
18 သူတော်သူမြတ်အပေါင်းတို့နှင့်အတူ ခရစ်တော်၏ချစ်ခြင်းမေတ္တာမှာ မည်မျှတည်မြဲကြောင်း၊ ကျယ်ဝန်းကြောင်း၊ နက်ရှိုင်းကြောင်း၊ မြင့်မား ကြောင်းစသည်တို့ကို သိရှိနားလည် နိုင်သောစွမ်းအားရရှိ မည့်အကြောင်း ငါဆုတောင်း၏။- ၁၉ ။ထို့အတူ အသိပညာထက် ပိုမိုပြည့်စုံသော ခရစ်တော်၏ချစ်ခြင်းမေတ္တာကို သိရှိနားလည်ခြင်းဖြင့် သင်တို့သည် ဘုရားသခင်နှင့် အကြွင်းမဲ့ပေါင်းစပ်ကြမည့်အကြောင်း ငါဆုတောင်းပါ၏။
18 possais compreender, com todos os santos, qual seja a largura, e o comprimento, e a altura, e a profundidade,
19 — ausente —
19 e conhecer o amor de Cristo, que excede todo o entendimento, para que sejais cheios até a inteira plenitude de Deus.
20 ငါတို့၌ တန်ခိုးတော်အားဖြင့် စီမံဆောင်ရွက်ပြီး ငါတို့တောင်းလျှောက်ကြံစည်သမျှတို့ထက် များစွာပိုမို၍ ပြုလုပ်ပေး နိုင်တော်မူသောအရှင်အား၊-
20 Ora, àquele que é poderoso para fazer tudo muito mais abundantemente além daquilo que pedimos ou pensamos, segundo o poder que em nós opera,
21 အသင်းတော်၌လည်းကောင်း၊ ခရစ်တော်ယေဇူး၌လည်းကောင်း ကာလအဆက်ဆက် အစဉ်ထာ၀ရ ဘုန်းတော်ဂုဏ်တော် ရှိပါ စေသော်။ အာမင်။
21 a esse seja glória na igreja e em Cristo Jesus, por todas as gerações, para todo o sempre. Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Efésios 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.