Efésios 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs AAI
1 ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရသော ငါပေါလုသည် ခရစ်တော် ယေဇူး အပေါ်သစ္စာရှိကြ သော ဧဖက်ဆုမြို့ရှိ သူတော်သူမြတ်တို့ထံသို့ စာရေး လိုက်ပါ၏။
1 Ayu Paul, God ana kokomaim rubinu Keriso Jesu ana tur abarayan amatar. Kwa God ana sabuw Ephesusamaim Keriso Jesu isan kwama kwabobosunusunub a fef iti akikirum.
2 ငါတို့အဖ ဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင် ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင် တို့အပေါ်သို့ သက်ရောက်ပါစေသော်။
2 Manaw kabeber naatu tufuw Tamat God naatu ata Regah Jesu Keriso’one kwa isa nama.
3 ငါတို့၏သခင် ယေဇူးခရစ်တော်၏ခမည်းတော်ဖြစ် တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော်။ ကိုယ်တော်သည် ခရစ်တော်အားဖြင့် ကောင်းကင်နှင့် ဆိုင်သော ဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာရှိသမျှတို့ကို ငါတို့အား ပေးသနားတော်မူလေပြီ။-
3 God ata Regah Jesu Keriso Tamah ana merar tanay tanabora’ara’ah! Anayabin ayubit ana baigegewasin marane Keriso wanawananamaim suware tabaib isan.
4 ငါတို့သည် ရှေ့တော် မှောက်၌ သန့်ရှင်းမြင့်မြတ်၍ အပြစ်ကင်းစင်သူများဖြစ် ကြစေရန် ကိုယ်တော်သည် ကမ္ဘာမတည်ရှိ မီကပင် ငါတို့ကို ခရစ်တော်၌ ရွေးကောက်ထားတော်မူခဲ့၏။-
4 Mar tafaram matara’e ana veya God it iyabuwit, Keriso wanawananamaim God rubinit i nowan matar isan, saise kakafiyit naatu aurit ubar en tatama.
5 ကိုယ်တော်သည် ယေဇူးခရစ်တော်အားဖြင့် ငါတို့ကို မိမိသားသမီးများဖြစ်ကြစေရန် မိမိအလိုတော်အတိုင်း သတ်မှတ်ထား၍ ဤသို့ပြုလုပ်ရခြင်းကိုလည်း ကျေနပ်အားရတော်မူ၏။-
5 Iti yakitifuwen i anamaim God yabuna Jesu Keriso ana baitenowaramaim, it boro natunatun tanamatar. Iti na’atube sinaf, anayabin God ana kok yakitifuw naatu sinaf.
6 ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော်၌ ငါတို့အား အခမဲ့ပေးသနားတော်မူသည့် မွန်မြတ်သော ကျေးဇူးတော်အတွက် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြု ကြလော့။-
6 Isan imih manaw kabeber gewasin maiyow God Natun ana yabow bitit isan tanabora’arah.
7 ကိုယ်တော်၌ ငါတို့သည် အသွေးတော်အားဖြင့် ကယ်တင်ခြင်းတည်းဟူသော ငါတို့၏အပြစ်များမှ ဖြေလွှတ်ခံရခြင်းကို ကိုယ်တော်၏ကြွယ်၀တော်မူသော ကျေးဇူးတော်အလျောက် ခံစားရရှိကြ၏။-
7 God ana manaw ana kabeber it bitit i ra’at kwanekwan. Natun ana rara’amaim tubunit, ata kakafih notawiyen.
8 ကိုယ်တော်သည် ဤကျေးဇူးတော်ကို ငါတို့အပေါ်သို့ ရက်ရောစွာ သွန်းလောင်းပေးသနားတော်မူ၏။-
8 I ana so’ob naatu ana not rerekab tutufin etei tafat yan isuwai re.
9 အကြောင်းမူကား ကိုယ်တော်သည် ခရစ်တော်၌ မိမိကိုယ်တော်တိုင် ရည်ရွယ်ထားခဲ့သည့်အတိုင်း ခပ်သိမ်းသော ဉာဏ်ပညာနှင့် အသိတရားတို့ဖြင့် မိမိအလိုတော်၏နက်နဲရာကို ငါတို့အား သိစေတော်မူ၏။-
9 Naatu ana kok abisa sinafumih wa’iwa’irinamaim yakitifuw inu’in Keriso biyanamaim na irerereb.
10 ဤသို့ဖြင့် ကိုယ်တော်သည် အချိန်ကာလပြည့်စုံသောအခါ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ရှိသမျှသောအရာတို့ကို သားတော်၌ တစ်လုံး တစ်၀တည်းပေါင်းစည်းစေရန် ကြံရွယ်ထားတော်မူ၏။
10 God yakitifuw inu’in ana veya nabaib ana maramaim sawar etei boro nan nita’imon. Sawar tutufin etei maramaim naatu tafaramamaim Keriso nan ni’ukwarin.
11 မိမိအလိုတော်အတိုင်း အလုံးစုံသောအရာတို့ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသည့်အရှင်၏ အကြံအစည်တော် ကိုထောက်၍ ငါတို့သည် ကိုယ်တော် ရှင်၌ အမွေတော်ကိုခံစားကြရ၏။-
11 Sawar etei i God eo yayakitifuw na’atube temamatar, imih God ana toto ana buyoy etei boro nowatamih tanabow. Anayabin it i marasika anamaim God taiyuwin nowanamih rubinit.
12 ဤသို့ဖြင့် ခရစ်တော်၌ ပထမဦးစွာမျှော်လင့်ခဲ့ကြသော ငါတို့သည် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းထောမနာ ပြုခြင်းငှာ အသက်ရှင်ကြရန် သတ်မှတ်ရွေးချယ်ထားခြင်း ခံကြရ၏။-
12 Isan imih it iyab wan Keriso tabai nuhi fot tama tabitumitum, ata God gewasin tanabora’ara’ah.
13 သင်တို့သည်လည်း ကယ်တင်ခြင်း၏ သတင်းကောင်းတည်းဟူသော သမ္မာတရားကိုကြားနာရပြီး ကိုယ်တော်၌ ယုံကြည် ကြသဖြင့် ကတိထားတော်မူသည့် ဝိညာဉ်တော် မြတ်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံကြရလေပြီ။-
13 Naatu kwa afa auman tur anababatun kwabai, yawas ana Tur Gewasin kwanonowar ana maramaim Jesu Keriso kwaitumitum yawas kwabai. Naatu God Anun Kakafiyin eo’omatani imaim ikwahi nowan kwamatar.
14 ငါတို့သည် ဤအမွေတော်ကိုပိုင်ဆိုင်သည့်တိုင်အောင် ဝိညာဉ် တော်သည် ငါတို့အတွက် အာမခံချက်ဖြစ်တော်မူ၏။ ဤ အချက်ကြောင့်လည်း ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ငါတို့ချီးမွမ်းကြရပေလိမ့်မည်။
14 Imih Anun Kakafiyin i God ana ewow na’atube boro imaim nikwahit tanama God ana omatanen sabuw baitih isan eo boro it auman nit tanab naatu nafaramit tanatit, God tanifai tanabora’ara’ah i ana gewasin isan.
15 ထို့ကြောင့် ငါသည် ယေဇူးသခင်၌ယုံကြည်သော သင်တို့၏ယုံကြည်ခြင်းနှင့် သူတော်သူမြတ်အပေါင်းတို့အပေါ်၌ ထားရှိသော သင်တို့၏ချစ်ခြင်းမေတ္တာတို့ကို ကြားသိခဲ့ရပြီးဖြစ်၍၊-
15 Ayu kwa a baitumatum fairin anababatun Regah Jesu kwaitumitum, naatu God ana sabuw etei kwabiyabuwih ana tur anonowar ana veya,
16 သင်တို့အတွက် ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် ငါ၏ဆုတောင်းပတ္ထနာများ၌ သင်တို့ကို သတိရဆုတောင်း ပေးပါ၏။-
16 ayu au merarayow kwa isa i men kafa’imo abihamiy, mar etei au yoyobanamaim anunuhi.
17 ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုရားသခင်၊ ဘုန်းတန်ခိုးတော်ရှင် အဖခမည်းတော်သည် မိမိကိုသိရှိစေမည့် ဉာဏ်ပညာ နှင့် ဗျာဒိတ်တော်တို့ကို သင်တို့အား ပေးသနားတော်မူမည့်အကြောင်း ငါဆုတောင်းပါ၏။-
17 Naatu God, ata Regah Jesu Keriso Tamah gewasin abifefeyan Anun Kakafiyin nit, saise boro so’ob nit a not narerekab God isa nirerereb kwanasu’ub gewas.
18 ဤသို့ဖြင့် သင်တို့၏စိတ်နှလုံးအသိဉာဏ်ပွင့်လာပြီးနောက် သင်တို့သည် ကိုယ်တော်၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်၏ လုပ်ဆောင် ချက်တို့ကိုထောက်၍ သင်တို့အား ကိုယ်တော်ခေါ်တော် မူခဲ့သောမျှော်လင့်ချက်မှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ သူတော်သူမြတ်တို့ခံစားရမည့်ဘုန်းစည်း စိမ်အမွေတော် မည်မျှကြီးမားသည်ကိုလည်းကောင်း၊-
18 Naatu abifefeyan dogor nabotawiy ana marakaw kwana’itin, naatu abisa isan ea’afi kwanaso’ob nuhi nafot. Naatu toto buyoy gewasin ana sabuw nowahamih bain isan eo’omatanih auman kwanaso’ob.
19 ယုံကြည်သူဖြစ်သောငါတို့၌ ပြတော်မူသောကိုယ်တော်၏ ဘုန်းတန်ခိုးတော်မှာ အတိုင်းအဆမဲ့ကြီးမားသည်ကို လည်းကောင်း သိရှိနိုင်ကြရန် ငါဆုတောင်းပါ၏။-
19 Naatu ana fair gagamin na’in iyab i tabitumitum wanawanatamaim ebowabow kwana’itin kwanaso’ob. Naatu iti fair ta’imonamaim
20 ကိုယ်တော်သည် ခရစ်တော်ကို သေသူတို့၏အစုမှ ရှင်ပြန်ထမြောက်စေပြီး ကောင်းကင်ဘုံတွင် မိမိလက်ယာဘက်၌ ထိုင်စေတော်မူရာတွင် မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ခရစ် တော်၌ ဤသို့လုပ်ဆောင်တော်မူခဲ့ခြင်းဖြစ်ပေ၏။-
20 Keriso morobone iyawas bai yen mar bora’ara’aten ana efanamaim uman ana asukwafune ema’am.
21 ကိုယ်တော်သည် ခရစ်တော်အားအလုံးစုံသော အုပ်ချုပ်မှု၊ ဩဇာအာဏာ၊ ဘုန်းတန်ခိုးနှင့် အချုပ်အခြာအာဏာပိုင် စသည်တို့၏အထက်တွင်လည်းကောင်း၊ ဤခေတ်ကာလတွင်သာမက နောင်ကာလတွင်လည်း ခေါ်ဝေါ်သမုတ် ခြင်းခံရမည့် အမည်နာမရှိသမျှတို့၏အထက်တွင်လည်းကောင်း စံနေစေတော်မူခဲ့၏။-
21 Keriso yen mamare i bonawiyenayah, roubabaruwenayah, fair ta ta hai ukwarih, aiwob ana’ahay ana mowar etei natabirih, men iti boun ana veya akisin, baise mar boro enanan auman i babanamaim, i akisinamo boro ni’aiwob.
22 ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ခရစ်တော်၏ခြေတော်အောက်၌ ချထား၍ သူ့အား ခပ်သိမ်းသောအရာတို့အထက်တွင် အသင်း တော်၏ဦးခေါင်းဖြစ်စေတော်မူ၏။-
22 God sawar etei Keriso anamaim yara’iyen wastanen naatu rubin ekaleisia tutufin etei isan, sawar etei hai ukwarin matar.
23 ထိုအသင်းတော်သည်ကား ခရစ်တော်၏ခန္ဓာကိုယ်ပင်ဖြစ်၏။ ကိုယ်တော်သည် ထိုအသင်းတော်၌ အကြွင်းမဲ့ပေါင်းစပ် နေပြီးလျှင် အရပ်ရပ်တိုင်း၌ ရှိသမျှသောအရာတို့ကို ပြီးပြည့်စုံစေတော်မူ၏။
23 Ekaleisia i Keriso biyan. Taiyuwin ana’itinin i efan tata’amaim bowabow ta ta wanawanan i nati’imaim ebowabow.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Efésios 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.