Colossenses 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါတို့၏ညီအစ်ကို တီမောသီဦး တို့က၊-
1 Paulo, apóstolo de Cristo Jesus pela vontade de Deus, e o irmão Timóteo,
2 ကော်လောဆေမြို့တွင်ရှိကြသောသူတော်သူမြတ်များနှင့် ခရစ်တော်၌ သစ္စာရှိကြသောညီအစ်ကိုများထံသို့ စာရေးလိုက် ပါ၏။ ငါတို့၏အဖဘုရားသခင်ထံတော်မှ ကျေးဇူးတော် နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက် ရောက်ပါစေသော်။
2 aos santos e fiéis irmãos em Cristo que estão em Colossos: A vocês, graça e paz da parte de Deus nosso Pai e do Senhor Jesus Cristo.
3 ငါတို့သည် သင်တို့အတွက် ဆုတောင်းပတ္ထနာပြု ကြသောအခါ ငါတို့သခင် ယေဇူးခရစ်တော်၏အဖခမည်း တော်ဘုရားကို အစဉ်အမြဲကျေးဇူးတင်ကြ၏။-
3 Sempre agradecemos a Deus, o Pai de nosso Senhor Jesus Cristo, quando oramos por vocês,
4 အဘယ် ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ယေဇူး၌ ယုံ ကြည်ကြ၍ သူတော်သူမြတ်အပေါင်းတို့အား ချစ်ခင်ကြ သည် ကို ငါတို့ကြားသိရသောကြောင့်လည်းကောင်း၊-
4 pois temos ouvido falar da fé que vocês têm em Cristo Jesus e do amor por todos os santos,
5 သင်တို့အတွက် ကောင်းကင်ဘုံ၌ ရည်ရွယ်ထားပြီးဖြစ် သောမျှော်လင့်ခြင်းကြောင့်လည်းကောင်း ဖြစ်လေ၏။ ဤမျှော်လင့် ခြင်းအကြောင်းကို သမ္မာတရား၏သတင်း စကားတည်းဟူသော ဧဝံဂေလိတရားတော်၌ သင်တို့ ကြားခဲ့ကြရလေပြီ။-
5 por causa da esperança que lhes está reservada nos céus, a respeito da qual vocês ouviram por meio da palavra da verdade, o evangelho
6 ဧဝံဂေလိတရားတော်သည် ကမ္ဘာ တစ်ဝန်းလုံး၌ အကျိုးဖြစ်ထွန်းစေလျက် တိုးပွားပျံ့နှံ့ခဲ့ သည့်နည်းတူ သင်တို့ထံသို့လည်း ရောက်ရှိလာခဲ့၏။ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို သမ္မာတရားတော်၌ ကြားနာပြီး နားလည်ခဲ့သည့်နေ့မှစ၍ သင် တို့အလယ်တွင်လည်း ထိုကဲ့သို့ပင်ဖြစ်ခဲ့၏။-
6 que chegou até vocês. Por todo o mundo este evangelho vai frutificando e crescendo, como também ocorre entre vocês, desde o dia em que o ouviram e entenderam a graça de Deus em toda a sua verdade.
7 သင်တို့ သည် ဤအကြောင်းကို ငါတို့နှင့်အတူ အမှုတော်ထမ်း ဆောင်ဖက်ဖြစ်၍ ငါတို့ချစ်ခင်ရသောဧပါဖရထံမှ ကြားသိ ခဲ့ကြရလေပြီ။ သူသည် သင်တို့အတွက် ခရစ်တော်၏ အမှုတော်ကို သစ္စာရှိစွာထမ်းဆောင်သောသူဖြစ်၏။-
7 Vocês o aprenderam de Epafras, nosso amado cooperador, fiel ministro de Cristo para conosco,
8 ဝိညာဉ်တော်၌ သင်တို့ခံယူရရှိသောချစ်ခြင်းမေတ္တာကို လည်း သူသည် ငါတို့အား ပြောကြားခဲ့လေပြီ။
8 que também nos falou do amor que vocês têm no Espírito.
9 ထို့ကြောင့် ငါတို့သည် ဤအကြောင်းကိုကြားခဲ့ရ သောနေ့မှစ၍ သင်တို့အတွက် အစဉ်အမြဲ ဆုတောင်း ပေးလျက်ရှိ၏။ ဆုတောင်းရာတွင် သင်တို့သည် ဝိညာဉ် ရေးရာနှင့်ဆိုင်သောဉာဏ်ပညာနှင့် သိနားလည်ခြင်းတို့၌ ကိုယ်တော်၏အလိုတော်ကို သိမြင်နိုင်သောကျေးဇူး တော်နှင့်ပြည့်၀ကြမည့်အကြောင်း တောင်းလျှောက်ခြင်း ဖြစ်၏။-
9 Por essa razão, desde o dia em que o ouvimos, não deixamos de orar por vocês e de pedir que sejam cheios do pleno conhecimento da vontade de Deus, com toda a sabedoria e entendimento espiritual.
10 ဤသို့ဖြင့် သင်တို့သည် သခင်ဘုရားကိုကောင်း စွာကျေနပ်နှစ်သက်စေကြလျက် ကောင်းသောအမှုရှိ သမျှတို့က ိုလုပ်ဆောင်၍ အကျိုးဖြစ်ထွန်းစေကြပြီးလျှင် ဘုရားသခင်အား ပိုမို၍သိရှိလာကာ သခင်ဘုရားနှင့် ထိုက်တန်သောဘ၀ အသက်တာကို လျှောက်လှမ်းနိုင် ကြလိမ့်မည်။-
10 E isso para que vocês vivam de maneira digna do Senhor e em tudo possam agradá-lo, frutificando em toda boa obra, crescendo no conhecimento de Deus e
11 သင်တို့သည် ကိုယ်တော်၏ဘုန်းကြီး သောတန်ခိုးတော်အတိုင်း ခွန်အားဖြင့်ပြည့်၀ကြပါစေ။ သို့မှသာ သင်တို့သည် အရာရာ ၌ ကြံ့ကြံ့ခံလျှောက်လှမ်း နိုင်ပြီး ဝမ်းမြောက်စိတ်ဖြင့် သည်းခံနိုင်ကြ၍၊-
11 sendo fortalecidos com todo o poder, de acordo com a força da sua glória, para que tenham toda a perseverança e paciência com alegria,
12 အလင်း တော်၌ သူတော်သူမြတ်တို့၏အမွေတော်ကို ဝေမျှခံစား နိုင်ရန် ငါတို့အား ထိုက်တန်စေတော်မူသော အဖဘုရား သခင်ကို ကျေးဇူးတင်ချီးမွမ်းနိုင်ကြလိမ့်မည်။-
12 dando graças ao Pai, que nos tornou dignos de participar da herança dos santos no reino da luz.
13 ကိုယ် တော်သည် ငါတို့ကို အမိုက်မှောင်၏အုပ်စိုးမှုအောက်မှ ကယ်နုတ်၍ မိမိချစ်မြတ်နိုးသောသားတော်၏နိုင်ငံ တော်သို့ပြောင်းရွှေ့ခေါ်ဆောင်တော်မူခဲ့လေပြီ။-
13 Pois ele nos resgatou do domínio das trevas e nos transportou para o Reino do seu Filho amado,
14 ငါတို့ သည် ထိုသားတော်၌ ငါတို့၏ကယ်တင်ခြင်းတည်းဟူ သော အပြစ်တို့၏အခွင့်လွှတ်ခြင်းချမ်းသာကို ခံစားကြ ရ၏။
14 em quem temos a redenção, a saber, o perdão dos pecados.
15 ကိုယ်တော်သည် မျက်စိဖြင့်မမြင်နိုင်သောဘုရား သခင်၏ပုံသဏ္ဌာန်တော်နှင့် ဖန်ဆင်းခြင်းအားလုံး၏ သားဦးဖြစ် တော်မူ၏။-
15 Ele é a imagem do Deus invisível, o primogênito de toda a criação,
16 အကြောင်းမူကား ကောင်းကင် နှင့် ကမ္ဘာမြေကြီးပေါ်တွင်ရှိသမျှသော မြင်နိုင်ရာ၊ မမြင် နိုင်ရာအားလုံးတို့ကို ကိုယ်တော်၌ ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ ရာဇပလ္လင်များဖြစ်စေ၊ အုပ်ချုပ်သောနိုင်ငံများဖြစ်စေ၊ အုပ်ချုပ်သူများဖြစ်စေ၊ တန်ခိုးအာဏာများဖြစ်စေ ခပ်သိမ်း သောအရာအားလုံးကို ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အတွက်လည်းကောင်း ဖန်ဆင်းခဲ့ခြင်းဖြစ်၏။-
16 pois nele foram criadas todas as coisas nos céus e na terra, as visíveis e as invisíveis, sejam tronos ou soberanias, poderes ou autoridades; todas as coisas foram criadas por ele e para ele.
17 ကိုယ်တော်သည် ခပ်သိမ်းသောအရာများ မတည်ရှိမီကပင် တည်ရှိတော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌ တစ်လုံးတစ်၀တည်းရှိကြရ၏။-
17 Ele é antes de todas as coisas, e nele tudo subsiste.
18 ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် အရာရာ၌ အမြင့် မြတ်ဆုံးဖြစ်တော်မူမည့်အကြောင်း ခပ်သိမ်းသောအရာ တို့၏မူလအစဖြစ်၍ သေသူတို့အစုတွင် ပထမဦးဆုံးရှင် ပြန်ထမြောက် သောသူဖြစ်တော်မူ၏။-
18 Ele é a cabeça do corpo, que é a igreja; é o princípio e o primogênito dentre os mortos, para que em tudo tenha a supremacia.
19 အကြောင်းမူ ကား ဘုရားသခင်၏ပြည့်စုံခြင်းအလုံးစုံတို့သည် ကိုယ် တော်၌ တည်နေ၍၊-
19 Pois foi do agrado de Deus que nele habitasse toda a plenitude,
20 ဘုရားသခင်သည် မြေကြီးပေါ် ၌ ဖြစ် စေ၊ ကောင်းကင်၌ ဖြစ်စေ ရှိသမျှသောအရာအားလုံးကို ကိုယ်တော်အားဖြင့် မိမိနှင့် ပြန်လည်ကျေအေးစေခြင်းငှာ ကိုယ်တော်၏လက်ဝါးကပ်တိုင်ပေါ်မှ အသွေးတော် အားဖြင့် ငြိမ်းချမ်းခြင်းကိုဖြစ်ပေါ်စေ တော်မူ ၏။
20 e por meio dele reconciliasse consigo todas as coisas, tanto as que estão na terra quanto as que estão no céu, estabelecendo a paz pelo seu sangue derramado na cruz.
21 သင်တို့သည် တစ်ချိန်တစ်ခါက ဆိုးညစ်သောအမှု များကိုပြုကျင့်လျက် ဘုရားသခင်နှင့်ကင်းကွာ၍ ရန်လို စိတ်ရှိခဲ့ကြ၏၊-
21 Antes vocês estavam separados de Deus e, em suas mentes, eram inimigos por causa do mau procedimento de vocês.
22 ယခုအခါတွင် ကိုယ်တော်သည် မိမိ၏ အသွေးအသားခန္ဓာကိုယ်၌ အသေခံတော်မူခြင်းဖြင့် သင်တို့နှင့် ပြန်လည် ကျေအေး သင့်မြတ်ခဲ့ပြီး သင်တို့ကို ဘုရားသခင်၏ရှေ့တော်မှောက်သို့ ခေါ်ဆောင်လာခဲ့၏။ ထိုအခါ သင်တို့သည် သန့်ရှင်းဖြူစင်၍ အပြစ်တင်ခြင်းမှ ကင်းလွတ်ကြလိမ့်မည်။-
22 Mas agora ele os reconciliou pelo corpo físico de Cristo, mediante a morte, para apresentá-los diante dele santos, inculpáveis e livres de qualquer acusação,
23 သို့သော်လည်း သင်တို့သည် သင်တို့ကြားနာခဲ့ရသည့်ဧဝံဂေလိတရားတော်၏မျှော် လင့်ခြင်းမှ သွေဖည်မသွားဘဲ ယုံကြည် ခြင်း၌ တည်ကြည် မြဲမြံစေရန် ဆက်လက်ထိန်းသိမ်းကြရမည်။ ထိုတရား တော်ကို မိုးကောင်းကင်အောက်ရှိ သတ္တဝါအပေါင်းတို့ အား ဟောပြောသွန်သင်ခဲ့ပြီး ငါပေါလုသည် ထိုတရား တော်အတွက် အမှုတော်ဆောင်ဖြစ်ခဲ့၏။
23 desde que continuem alicerçados e firmes na fé, sem se afastarem da esperança do evangelho, que vocês ouviram e que tem sido proclamado a todos os que estão debaixo do céu. Esse é o evangelho do qual eu, Paulo, me tornei ministro.
24 ယခု ငါသည် သင်တို့အတွက် ဒုက္ခဆင်းရဲခံထမ်းရ သောကြောင့်လည်းကောင်း၊ အသင်းတော်တည်းဟူ သော ခရစ်တော်၏ ကိုယ်ခန္ဓာအတွက် ခံထမ်းရန်လိုအပ်နေသော ကိုယ်တော်၏ဒုက္ခဆင်းရဲများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်ဆည်းနိုင်သောကြောင့် လည်းကောင်း ဝမ်းမြောက်ပါ၏။-
24 Agora me alegro em meus sofrimentos por vocês, e completo no meu corpo o que resta das aflições de Cristo, em favor do seu corpo, que é a igreja.
25 ဘုရားသခင်၏နှုတ်တော်ထွက်စကားကို အပြည့် အဝဟောပြောနိုင်ရန် ကိုယ်တော်သည် ငါ့ကို သင်တို့အတွက် အမှုတော် ဆောင်အဖြစ် ခန့်ထားတော်မူခြင်းဖြင့် ငါသည် အသင်းတော်၏အမှုတော်ဆောင်ဖြစ်လာခဲ့၏။-
25 Dela me tornei ministro de acordo com a responsabilidade por Deus a mim atribuída de apresentar-lhes plenamente a palavra de Deus,
26 ထိုနှုတ်တော်ထွက်စကားမှာ ကာလပေါင်းများစွာ လူမျိုး အစဉ်အဆက်ဖုံးကွယ်ထားခဲ့သောနက်နဲရာဖြစ်ပြီး ယခု အခါတွင်မူ မိမိ၏သူတော်သူမြတ်တို့အား ၎င်းကိုထုတ် ဖော်ပြတော်မူလေပြီ။-
26 o mistério que esteve oculto durante épocas e gerações, mas que agora foi manifestado a seus santos.
27 ဤနက်နဲရာအချက်သည်ကား သင်တို့၌ရှိသည့် မျှော်လင့်ခြင်း၏ဘုန်းဂုဏ်တော်တည်း ဟူသော ခရစ်တော်ပင်ဖြစ် သတည်း။ဤနက်နဲရာ ဘုန်း ဂုဏ်တော်သည် လူမျိုးခြားတို့အလယ်တွင် မည်မျှကြီး မြတ်ပြည့်စုံတော်မူသည်ကို ထုတ်ဖော်ပြရန် ဘုရားသခင် သည် ထိုသူတော်သူမြတ်တို့အား ရွေးကောက်တော်မူ ခဲ့၏။-
27 A eles quis Deus dar a conhecer entre os gentios a gloriosa riqueza deste mistério, que é Cristo em vocês, a esperança da glória.
28 လူတိုင်းသည် ခရစ်တော်၌ စုံလင်ရင့်ကျက်လာ ကြစေရန် ငါတို့သည် ခရစ်တော်အကြောင်းကို ဟောပြော ကြ၍ လူတိုင်း အား ငါတို့သိရှိသမျှအတိုင်း သွန်သင်ဆုံးမ လျက် သတိပေးနှိုးဆော်ကြ၏။-
28 Nós o proclamamos, advertindo e ensinando a cada um com toda a sabedoria, a fim de que apresentemos todo homem perfeito em Cristo.
29 ဤအမှုအတွက် ငါ့အား ကိုယ်တော်ပေးတော်မူသည့် ကြီးမားသောစွမ်းအားဖြင့် ငါသည် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်၏။
29 Para isso eu me esforço, lutando conforme a sua força, que atua poderosamente em mim.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.