Atos 5
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 သို့သော် အာနာနိယအမည်ရှိသော လူတစ်ဦးနှင့် သူ၏ဇနီး ဆာဖီရတို့သည် မိမိတို့ပိုင်ဆိုင်သော မြေတစ်ကွက်ကို ရောင်းချကြ၏။-
1 Mas um certo homem chamado Ananias, com Safira, sua mulher, vendeu uma propriedade,
2 သူသည် ရောင်းရငွေအချို့ကို မိမိဇနီး၏ပူးပေါင်းကြံစည်မှုဖြင့် မိမိတို့ အတွက် ထိမ်ချန်ထားပြီးမှ ကျန်ရှိသောငွေကိုယူလာ၍ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။-
2 E reteve parte do preço, sabendo-o também sua mulher; e, levando uma parte, a depositou aos pés dos apóstolos.
3 သို့သော် ပေတရုက အာနာနိယ၊ သင်သည် ဝိညာဉ်တော်မြတ်ကို လိမ်လည်လှည့်ဖြားလျက် မြေရောင်းရသော ငွေအချို့ကို ထိမ်ချန်ထားရန် စာတန်နတ်ဆိုးသည် အဘယ်ကြောင့် သင်၏စိတ်နှလုံးကို သွေးဆောင်သနည်း။-
3 Disse então Pedro: Ananias, por que encheu Satanás o teu coração, para que mentisses ao Espírito Santo, e retivesses parte do preço da herdade?
4 ထိုမြေကွက်ကို မရောင်းချမီက သင်ပိုင်ဆိုင်သည်မဟုတ်လော။ ရောင်းချပြီးသော အခါ၌လည်း ရရှိသောငွေကို သင်နှစ်သက်သကဲ့သို့ ပြုလုပ်နိုင်သည်မဟုတ်လော။ သို့ပါလျက် သင်သည် အဘယ်ကြောင့် ဤအမှုအရာကို သင်၏စိတ်နှလုံး ထဲ၌ ကြံစည်ရသနည်း။ သင်သည် လူတို့ကို လိမ်ညာခြင်းမဟုတ်ဘဲ ဘုရားသခင်ကို လိမ်ညာခြင်းဖြစ်သည်ဟုဆို၏။-
4 Guardando-a não ficava para ti? E, vendida, não estava em teu poder? Por que formaste este desígnio em teu coração? Não mentiste aos homens, mas a Deus.
5 အာနာနိယသည် ထိုစကားများကိုကြားလျှင် လဲကျ၍ သေဆုံးလေ၏။ ထိုသတင်းကို ကြားသောသူတို့သည်လည်း လွန်စွာပင်ကြောက်ရွံ့ ကြလေ၏။-
5 E Ananias, ouvindo estas palavras, caiu e expirou. E um grande temor veio sobre todos os que isto ouviram.
6 လူငယ်လူရွယ်တို့သည် ထကြ၍ သူ၏အလောင်းကို အဝတ်နှင့်ပတ်လျက် အပြင်သို့သယ်ဆောင်သွားပြီး သူ့က သင်္ဂြိုဟ် လိုက်ကြ၏။
6 E, levantando-se os moços, cobriram o morto e, transportando-o para fora, o sepultaram.
7 သုံးနာရီခန့်ကြာပြီးနောက် သူ၏ဇနီးသည် ဖြစ်ပျက်ခဲ့သမျှတို့ကို မသိဘဲ ရောက်လာလေ၏။-
7 E, passando um espaço quase de três horas, entrou também sua mulher, não sabendo o que havia acontecido.
8 ထိုအခါ ပေတရုက သူမအား သင်တို့သည် မြေကို ဤမျှဖြင့် ရောင်းခဲ့ခြင်း ဟုတ်မဟုတ် ငါ့အား ပြောပါလော့ဟု မေးလျှင် သူမက ဟုတ်ပါ၏၊ ဤမျှနှင့် ရောင်းခဲ့ပါသည်ဟုဆိုလေ၏။-
8 E disse-lhe Pedro: Dize-me, vendestes por tanto aquela herdade? E ela disse: Sim, por tanto.
9 ထိုအခါ ပေတရုက သင်တို့သည် ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်ကို စုံစမ်းရန် အဘယ်ကြောင့်စိတ်သဘော တူညီခဲ့ကြ သနည်း။ ကြည့်လော့၊ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့ကြသော သူတို့၏ခြေလှမ်းများသည် တံခါးသို့ ရောက်နေလေပြီ။ သူတို့သည် သင့်ကိုလည်း အပြင်သို့ သယ်ဆောင်သွားကြလိမ့်မည်ဟု ဆိုလေ၏။-
9 Então Pedro lhe disse: Por que é que entre vós vos concertastes para tentar o Espírito do Senhor? Eis aí à porta os pés dos que sepultaram o teu marido, e também te levarão a ti.
10 ထိုခဏ ချင်းတွင်ပင် သူမသည် သူ၏ခြေရင်း၌ လဲကျ၍ သေဆုံး လေ၏။ လူငယ်တို့သည် ဝင်လာကြ၍ သူမသေဆုံးနေ သည်ကို တွေ့ မြင်ကြသောအခါ အလောင်းကိုသယ် ဆောင်သွားကြ၍ သူမခင်ပွန်း၏အနီး၌ သူမကို သင်္ဂြိုဟ်ကြ၏။-
10 E logo caiu aos seus pés, e expirou. E, entrando os moços, acharam-na morta, e a sepultaram junto de seu marido.
11 အသင်းတော်တစ်ခုလုံးနှင့် ဤအကြောင်းအရာတို့ကို ကြားကြသော သူအပေါင်းတို့သည်လည်း အလွန်ကြောက်ရွံ့ တုန်လှုပ်ကြ၏။
11 E houve um grande temor em toda a igreja, e em todos os que ouviram estas coisas.
12 တမန်တော်တို့သည် လူအများကြားတွင် တန်ခိုးလက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ကြလေ၏။ သူတို့အားလုံး သည်လည်း ဆောလမွန်မုခ်ဦးအဆောင်၌ စုဝေးကြ၏။-
12 E muitos sinais e prodígios eram feitos entre o povo pelas mãos dos apóstolos. E estavam todos unanimemente no alpendre de Salomão.
13 အခြားသူများထဲမှ မည်သူမျှ သူတို့၏အစု အဝေးထဲသို့ မဝင်ရဲကြ။ သို့သော် လူတို့သည် သူတို့ကို အလွန်ရိုသေ လေးစားကြ၏။-
13 Dos outros, porém, ninguém ousava ajuntar-se a eles; mas o povo tinha-os em grande estima.
14 သခင်ဘုရားကို ယုံကြည် သော အမျိုးသား၊ အမျိုးသမီးတို့၏ အရေအတွက်သည်လည်း ယခင်ကထက် တိုးပွားလာလေ၏။-
14 E a multidão dos que criam no Senhor, tanto homens como mulheres, crescia cada vez mais.
15 သို့ဖြစ်၍ သူတို့သည် ပေတရုကြွလာသောအခါ လူနာများထဲမှ အချို့ အပေါ်သို့ သူ၏အရိပ်ကျရောက်စေရန် မျှော်လင့်လျက် ဖျားနာသောသူများကို လမ်းများပေါ်၌ ထုတ်ထား၍ အိပ်ရာနှင့် ဖျာများပေါ်တွင် တင်ထားကြ၏။-
15 De sorte que transportavam os enfermos para as ruas, e os punham em leitos e em camilhas para que ao menos a sombra de Pedro, quando este passasse, cobrisse alguns deles.
16 ဂျေရုဆလင်မြို့ အနီးတစ်ဝိုက်ရှိမြို့များမှ လူတို့သည်လည်း စုဝေးလာကြ၍ ဖျားနာသောသူများနှင့် ညစ်ညူးသော နတ်ဆိုး၏ညှဉ်းဆဲခြင်းကို ခံရသူများအား ခေါ်ဆောင်လာကြရာ ထိုသူအပေါင်းတို့သည် ရောဂါဝေဒနာပျောက်ကင်းကြကုန်၏။
16 E até das cidades circunvizinhas concorria muita gente a Jerusalém, conduzindo enfermos e atormentados de espíritos imundos; os quais eram todos curados.
17 သို့ရာတွင် ရဟန်းအကြီးအကဲနှင့် သူနှင့်အတူရှိကြသော ဇာဒူခေးဦးတို့၏ အဖွဲ့တွင် ပါဝင်သူအပေါင်းတို့သည် မနာလိုစိတ်ဖြင့် ပြည့်ကြလျက်၊-
17 E, levantando-se o sumo sacerdote, e todos os que estavam com ele (e eram eles da seita dos saduceus), encheram-se de inveja,
18 တမန်တော်တို့ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲတွင် အကျဉ်းချထားကြလေ၏။-
18 E lançaram mão dos apóstolos, e os puseram na prisão pública.
19 သို့သော် ညအချိန်၌ ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်သည် ထောင်တံခါးများကိုဖွင့်၍ တမန်တော်တို့ကို အပြင်သို့ခေါ်ထုတ်ပြီးမှ၊-
19 Mas de noite um anjo do Senhor abriu as portas da prisão e, tirando-os para fora, disse:
20 သွားကြ၍ ဗိမာန်တော်ထဲတွင်ရပ်လျက် လူတို့အား အသက်ရှင်ခြင်း၏ တရားစကားအလုံးစုံကို ဟောပြောကြလော့ဟု ဆိုလေ၏။-
20 Ide e apresentai-vos no templo, e dizei ao povo todas as palavras desta vida.
21 တမန်တော်တို့သည်လည်း ထိုစကားကိုကြားကြသောအခါ နံနက်စောစောအချိန်၌ ဗိမာန်တော်ထဲသို့ဝင်ကြ၍ ဟောပြော သွန်သင်ကြလေ၏။ ရဟန်းအကြီးအကဲနှင့် သူ၏အပေါင်းအဖော်တို့မူကား ရောက်လာကြ၍ ဘာသာရေးလွှတ်တော်ကို ခေါ်ယူရန် အစ္စရာအဲလ်အမျိုးသားတို့၏ သက်ကြီးဝါကြီးတို့ကို စုဝေးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ဆောင်စေခြင်းငှာ အမှုထမ်းတို့ကို ထောင်သို့စေလွှတ်လိုက်ကြ၏။-
21 E, ouvindo eles isto, entraram de manhã cedo no templo, e ensinavam. Chegando, porém, o sumo sacerdote e os que estavam com ele, convocaram o conselho, e a todos os anciãos dos filhos de Israel, e enviaram ao cárcere, para que de lá os trouxessem.
22 သို့သော် အမှုထမ်းတို့သည် ထောင်သို့ရောက်ကြသောအခါ တမန်တော်တို့ကို ထောင်ထဲတွင်မတွေ့ကြသဖြင့် ပြန်သွားကြပြီး သတင်းပို့ ကြသည်ကား၊-
22 Mas, tendo lá ido os servidores, não os acharam na prisão e, voltando, lho anunciaram,
23 ထောင်သည် လုံခြုံစွာသော့ခတ်ထားလျက်ရှိပြီး အစောင့်တို့သည်လည်း ထောင်တံခါးများအနီးတွင် စောင့်ကြပ်နေကြ သည်ကို အကျွန်ုပ်တို့တွေ့ခဲ့ရပါသည်။ သို့သော် တံခါးကို ဖွင့်လိုက်သောအခါ အကျွန်ုပ်တို့သည် အတွင်း၌ မည်သူ့ကိုမျှ မတွေ့ ကြပါဟု ပြောပြကြ၏။-
23 Dizendo: Achamos realmente o cárcere fechado, com toda a segurança, e os guardas, que estavam fora, diante das portas; mas, quando abrimos, ninguém achamos dentro.
24 ဗိမာန်တော်မှူးနှင့် ရဟန်းအကြီးအကဲတို့သည် ဤအကြောင်းကို ကြားကြသောအခါ ဤအခြင်းအရာသည် မည်သို့ ဖြစ်လိမ့်မည်နည်းဟု တွေးတောလျက် အလွန်ပင် စဉ်းစားရခက်နေကြ၏။-
24 Então o sumo sacerdote, o capitão do templo e os chefes dos sacerdotes, ouvindo estas palavras, estavam perplexos acerca deles e do que viria a ser aquilo.
25 ထိုအချိန်တွင် တစ်စုံတစ်ယောက်သည်လာ၍ သူတို့အား ပြောသည်ကား သင်တို့ ထောင်သွင်းအကျဉ်း ချထားသော သူတို့သည် ဗိမာန်တော်ထဲ၌ ရပ်နေလျက် လူတို့ကို ဟောပြောသွန်သင်နေကြပါသည်ဟု ဆိုလေ၏။-
25 E, chegando um, anunciou-lhes, dizendo: Eis que os homens que encerrastes na prisão estão no templo e ensinam ao povo.
26 ထိုအခါ ဗိမာန်တော်မှူးနှင့် အမှုထမ်းတို့သည် သွားကြ၍ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လာကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့ကို လူအများက ကျောက်ခဲနှင့်ပစ်ပေါက်မည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်၏။
26 Então foi o capitão com os servidores, e os trouxe, não com violência (porque temiam ser apedrejados pelo povo).
27 ထိုသူတို့သည် တမန်တော်တို့ကို ခေါ်ဆောင်လာပြီးသောအခါ သူတို့ကို ဘာသာရေးလွှတ်တော်ရှေ့တွင် ထားကြ၏။ ထိုအခါ ရဟန်းအကြီးအကဲက သူတို့အား မေးမြန်းပြောဆိုသည်ကား၊-
27 E, trazendo-os, os apresentaram ao conselho. E o sumo sacerdote os interrogou,
28 ဤသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် သင်တို့အား ငါတို့ကြပ်တည်းစွာ အမိန့်ပေးထားခဲ့ကြပြီ။ သို့သော် သင်တို့သည် ဂျေရုဆလင်တစ်မြို့လုံးကို သင်တို့၏ဟောပြောသွန်သင် ချက်များဖြင့် ပြည့်စေ၍ ဤသူ၏သွေးကို ငါတို့အပေါ်သို့ သက်ရောက်စေရန် သင်တို့ကြံစည်နေကြသည် ဟုဆို၏။-
28 Dizendo: Não vos admoestamos nós expressamente que não ensinásseis nesse nome? E eis que enchestes Jerusalém dessa vossa doutrina, e quereis lançar sobre nós o sangue desse homem.
29 သို့သော် ပေတရုနှင့် တမန်တော်တို့က ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နာခံရမည်သာဖြစ်၏။-
29 Porém, respondendo Pedro e os apóstolos, disseram: Mais importa obedecer a Deus do que aos homens.
30 ငါတို့ဘိုးဘေးတို့၏ ဘုရားသခင်သည် သင်တို့ လက်ဝါးကပ်တိုင်တင်၍ သတ်ခဲ့ကြသော ယေဇူးကို ရှင်ပြန်ထမြောက် စေတော်မူခဲ့၏။-
30 O Deus de nossos pais ressuscitou a Jesus, ao qual vós matastes, suspendendo-o no madeiro.
31 အစ္စရာအဲလ်လူမျိုးတို့အား နောင်တတရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကိုပေးရန် ဘုရားသခင်သည် သူ့ကို မိမိ၏ လက်ယာတော်ဘက်၌ ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် ချီးမြှင့်ခန့်ထားတော်မူ၏။ ငါတို့သည်လည်း ဤအဖြစ်အပျက် များကို သက်သေခံသောသူများဖြစ်ကြ၏။-
31 Deus com a sua destra o elevou a Príncipe e Salvador, para dar a Israel o arrependimento e a remissão dos pecados.
32 သူ့ကို နာခံသောသူတို့အား ဘုရားသခင်ပေးတော်မူသော ဝိညာဉ်တော်မြတ်သည်လည်း ထိုနည်းတူ သက်သေခံ ဖြစ်တော်မူ၏ဟု ပြန်ဖြေလေ၏။-
32 E nós somos testemunhas acerca destas palavras, nós e também o Espírito Santo, que Deus deu àqueles que lhe obedecem.
33 ထိုသူအားလုံးသည် ဤစကားကို ကြားကြသောအခါ အလွန်အမျက်ဒေါသထွက်ကြ၍ တမန်တော်တို့အား သတ်ရန် အလိုရှိကြ၏။
33 E, ouvindo eles isto, se enfureciam, e deliberaram matá-los.
34 သို့ရာတွင် လူအပေါင်းတို့၏ ရိုသေလေးစားခြင်းခံရပြီး ဘာသာရေးလွှတ်တော် အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ ကျမ်းတတ်ဆရာလည်းဖြစ်သော ဂါမလီအဲလ်အမည်ရှိ ဖာရီဇေးဦးတစ်ဦးသည် ထိုင်ရာမှထလျက် တမန်တော်တို့ကို အပြင်သို့ခေတ္တ ခေါ်ထုတ်သွားစေရန် အမိန့်ပေးလေ၏။-
34 Mas, levantando-se no conselho um certo fariseu, chamado Gamaliel, doutor da lei, venerado por todo o povo, mandou que por um pouco levassem para fora os apóstolos;
35 ထို့နောက် သူက လွှတ်တော်တွင်ရှိသော သူတို့အား ဆိုသည်မှာ အစ္စရာအဲလ်အမျိုးသားအပေါင်းတို့၊ ဤသူတို့အား သင်တို့ပြုမူဆက်ဆံကြရာတွင် သတိနှင့်ပြုမူကြလော့။-
35 E disse-lhes: Homens israelitas, acautelai-vos a respeito do que haveis de fazer a estes homens,
36 အကြောင်းမူကား လွန်ခဲ့သောကာလက သေအိုဒဆိုသူတစ်ဦး ပေါ်ထွက်လာ၍ မိမိကိုယ်ကို ထူးခြားသူတစ်ဦးအဖြစ် ကြေညာသဖြင့် လူလေးရာခန့် သူ၏နောက်သို့ လိုက်ခဲ့ကြ၏။ သို့သော် ထိုသူသည် အသတ်ခံရပြီး သူ၏နောက်လိုက်များသည် တကွဲတပြားစီဖြစ်ကာ လုံး၀ပျောက်ကွယ်သွားခဲ့၏။-
36 Porque antes destes dias levantou-se Teudas, dizendo ser alguém; a este se ajuntou o número de uns quatrocentos homens; o qual foi morto, e todos os que lhe deram ouvidos foram dispersos e reduzidos a nada.
37 ထို့နောက် သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်ကာလတွင် ဂါလေလေးယနယ်သား ဂျုဒဆိုသူတစ်ဦးပ ေါ်ထွက်လာပြန်၍ မိမိနောက်သို့လိုက်ရန် လူအချို့ကို စည်းရုံးပြီး သူသည်လည်း ပျက်စီး၍ သူ၏နောက်လိုက်များအားလုံး တကွဲတပြား ဖြစ်ကြကုန်၏။-
37 Depois deste levantou-se Judas, o galileu, nos dias do alistamento, e levou muito povo após si; mas também este pereceu, e todos os que lhe deram ouvidos foram dispersos.
38 သို့ဖြစ်၍ ဤအမှုနှင့်စပ်လျဉ်း၍ သင်တို့အား ငါဆိုသည်မှာ ဤသူတို့နှင့် ကင်းရှင်းစွာနေကြလော့။ သူတို့အလိုရှိရာ ပြုကြပါစေ။ အကြောင်းမူကား ဤအစီအစဉ်၊ ဤလှုပ်ရှားမှုသည် လူတို့ထံမှဖြစ်ခဲ့လျှင် ၎င်းသည် အလိုအလျောက် ပျက်စီးပြိုကွဲ ရလိမ့်မည်။-
38 E agora digo-vos: Dai de mão a estes homens, e deixai-os, porque, se este conselho ou esta obra é de homens, se desfará,
39 သို့သော် ဤလှုပ်ရှားမှုသည် ဘုရားသခင်ထံမှဖြစ်ခဲ့ပါလျှင် သင်တို့သည် ဤသူတို့ကို ဖျက်ဆီးနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဘဲ သင်တို့သည်ပင်လျှင် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်နေကြပေလိမ့်မည်ဟု ပြောဆိုလေ၏။
39 Mas, se é de Deus, não podereis desfazê-la; para que não aconteça serdes também achados combatendo contra Deus.
40 ထိုအခါ ထိုသူအားလုံးသည် သူ၏အကြံပေးချက်ကို လက်ခံကြ၏။ ထို့နောက် သူတို့သည် တမန်တော်တို့ကို ပြန်ခေါ် ကြပြီးလျှင် ရိုက်နှက်ကြ၍ ယေဇူး၏နာမတော်၌ ဟောပြောသွန်သင်ခြင်းမပြုရန် သတိပေးပြီးမှ ပြန်လွှတ်လိုက်ကြ၏။-
40 E concordaram com ele. E, chamando os apóstolos, e tendo-os açoitado, mandaram que não falassem no nome de Jesus, e os deixaram ir.
41 ထိုအခါ တမန်တော်တို့သည် နာမတော်အတွက်ကြောင့် မိမိတို့အရှက်တကွဲဖြစ်ရခြင်းကို ခံထိုက်သည်ဟူ၍ မှတ်ယူ တော်မူခြင်းကို ခံကြရသောကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ လွှတ်တော်ရုံးမှ ထွက်ခွာသွားကြလေ၏။-
41 Retiraram-se, pois, da presença do conselho, regozijando-se de terem sido julgados dignos de padecer afronta pelo nome de Jesus.
42 ထို့နောက် သူတို့သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌လည်းကောင်း၊ လူနေအိမ်များ၌လည်းကောင်း အဆက်မပြတ် သွန်သင်ကြလျက် ယေဇူးသည် ခရစ်တော်ဖြစ်ကြောင်းကို ဟောပြောကြလေ၏။
42 E todos os dias, no templo e nas casas, não cessavam de ensinar, e de anunciar a Jesus Cristo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.