Atos 25
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ဖက်စတုမင်းသည် သူ၏နယ်သို့ရောက်ပြီး သုံးရက်ကြာသောအခါ ဆီဇားရိယမြို့ မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။-
1 Entrando, pois, Festo na província, subiu dali a três dias de Cesaréia a Jerusalém.
2 ထိုအခါ ရဟန်းအကြီးအကဲများနှင့် ဂျူးလူမျိုးများ၏ ခေါင်းဆောင်တို့သည် သူ့အား ပေါလုအပေါ် စွပ်စွဲချက်များကို လျှောက်တင်ကြ၏။-
2 E o sumo sacerdote e os principais dos judeus compareceram perante ele contra Paulo, e lhe rogaram,
3 ထိုသူတို့သည် ပေါလုကို လမ်းခရီးတွင် ချောင်းမြောင်းသတ်ဖြတ် ရန် ကြံစည်ထားလျက် သူ့အား ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့ပေးပါမည့်အကြောင်း ဘုရင်ခံအား မေတ္တာရပ်ခံကြလေ၏။-
3 Pedindo como favor contra ele que o fizesse vir a Jerusalém, armando ciladas para o matarem no caminho.
4 ဖက်စတုမင်းက ပေါလုသည် ဆီဇားရိယမြို့တွင် အချုပ်ခံထားရပြီး မိမိကိုယ်တိုင်လည်း မကြာမီ ထိုမြို့သို့သွားရန် ရည်ရွယ်ထားသည်ဟု ပြန်ပြောလေ၏။-
4 Mas Festo respondeu que Paulo estava guardado em Cesaréia, e que ele brevemente partiria para lá.
5 ထို့နောက် သူက သို့ဖြစ်၍ သင်တို့တွင် အခွင့်အာဏာရှိသူတို့သည် ငါနှင့်အတူ ဆီဇားရိယမြို့သို့ လိုက်လာကြ၍ သူ့အပေါ် အပြစ်တစ်စုံတစ်ရာ စွပ်စွဲရန်ရှိလျှင် သူ့ကိုစွဲချက်တင်ကြပါဟု ဆိုလေ၏။
5 Os que, pois, disse, dentre vós, têm poder, desçam comigo e, se neste homem houver algum crime, acusem-no.
6 ဖက်စတုသည် သူတို့နှင့်အတူ ရှစ်ရက်၊ ဆယ်ရက်ခန့် နေပြီးနောက် ဆီဇားရိယမြို့သို့သွားလေ၏။ နောက်တစ်နေ့တွင် သူသည် တရားခွင်၌ထိုင်ကာ ပေါလုအား ခေါ်ဆောင်လာရန် အမိန့်ပေးလေ၏။-
6 E, havendo-se demorado entre eles mais de dez dias, desceu a Cesaréia; e no dia seguinte, assentando-se no tribunal, mandou que trouxessem Paulo.
7 ဤသို့ဖြင့် ပေါလု ရောက်လာသောအခါ ဂျေရုဆလင်မြို့မှ လာကြသော ဂျူးလူမျိုးများသည် သူ့ကိုဝိုင်းရံလျက် ကြီးလေးသော စွဲချက်များစွာဖြင့် တင်ပြပြောဆိုကြသော်လည်း သူတို့သည် ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်ကြချေ။-
7 E, chegando ele, rodearam-no os judeus que haviam descido de Jerusalém, trazendo contra Paulo muitas e graves acusações, que não podiam provar.
8 ထိုအခါ ပေါလုက အကျွန်ုပ်သည် ဂျူးလူမျိုးတို့၏ ပညတ်တရားကိုလည်းကောင်း၊ ဗိမာန်တော်ကိုလည်းကောင်း၊ ဆီဇာဧကရာဇ်မင်းကိုလည်းကောင်း ပြစ်မှားခဲ့ခြင်းလုံး၀ မရှိပါဟု ချေပပြောဆိုလေ၏။-
8 Mas ele, em sua defesa, disse: Eu não pequei em coisa alguma contra a lei dos judeus, nem contra o templo, nem contra César.
9 သို့သော် ဖက်စတုသည် ဂျူးလူမျိုးများထံမှ မျက်နှာရလိုသဖြင့် သင်သည် ဂျေရုဆလင်မြို့သို့သွား၍ ငါ၏ရှေ့တွင် ဤစွပ်စွဲချက်များအပေါ် စစ်ဆေးခံလိုပါသလောဟု ပေါလုအား မေးလေ၏။-
9 Todavia Festo, querendo comprazer aos judeus, respondendo a Paulo, disse: Queres tu subir a Jerusalém, e ser lá perante mim julgado acerca destas coisas?
10 သို့ရာတွင် ပေါလုက အကျွန်ုပ်သည် ဆီဇာဧကရာဇ်၏ တရား ခွင်၌ စစ်ဆေးခံခွင့်ကို တောင်းဆိုပါသည်။ ထိုတရားခွင်၌ အကျွန်ုပ်စစ်ဆေးခံသင့်ပါသည်။ အကျွန်ုပ်သည် ဂျူးလူမျိုး တို့ကို မည်သို့မျှ ထိခိုက်ပြစ်မှားခဲ့ခြင်း မရှိကြောင်း အရှင်ကောင်းစွာ သိပါသည်။-
10 Mas Paulo disse: Estou perante o tribunal de César, onde convém que seja julgado; não fiz agravo algum aos judeus, como tu muito bem sabes.
11 အကယ်၍ အကျွန်ုပ်သည် သေဒဏ်ခံထိုက်သော ပြစ်မှုကျူးလွန်ခဲ့ပါလျှင် သေဒဏ်မှလွတ်မြောက်ရန် ကြိုးစားမည် မဟုတ်ပါ။ သို့သော် သူတို့၏စွပ်စွဲချက်များသည် ခိုင်လုံမှုမရှိပါလျှင် အဘယ်သူမျှ အကျွန်ုပ်ကို သူတို့၏လက်သို့ အပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ်သည် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင်ပါမည်ဟု လျှောက်လေ၏။-
11 Se fiz algum agravo, ou cometi alguma coisa digna de morte, não recuso morrer; mas, se nada há das coisas de que estes me acusam, ninguém me pode entregar a eles; apelo para César.
12 ထိုအခါ ဖက်စတုသည် သူ၏တရားရုံးအရာရှိများနှင့် တိုင်ပင်ပြီးလျှင် သင်သည် ဆီဇာဧကရာဇ်ထံသို့ အယူခံဝင် သောကြောင့် ဆီဇာဧကရာဇ်ထံသို့ သွားရမည်ဟု ပြန်ဖြေလေ၏။
12 Então Festo, tendo falado com o conselho, respondeu: Apelaste para César? para César irás.
13 ရက်အနည်းငယ်ကြာသောအခါ အာဂရိပါမင်းနှင့် မိဖုရားဘားနစ်တို့သည် ဖက်စတုကို ကြိုဆိုနှုတ်ဆက်ရန် ဆီဇားရိယမြို့သို့ ရောက်လာကြ၏။-
13 E, passados alguns dias, o rei Agripa e Berenice vieram a Cesaréia, a saudar Festo.
14 သူတို့သည် ထိုမြို့၌ ရက်အတန်ကြာနေကြစဉ် ဖက်စတုသည် ပေါလု၏အမှုကို မင်းကြီးအားတင်ပြလျက် ဆိုသည်မှာ ဖေလစ်ထားခဲ့သော အကျဉ်းသားတစ်ယောက် ဤအရပ်၌ရှိပါ၏။-
14 E, como ali ficassem muitos dias, Festo contou ao rei os negócios de Paulo, dizendo: Um certo homem foi deixado por Félix aqui preso,
15 အကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ ရောက်ခဲ့စဉ်အခါက ရဟန်းအကြီးအကဲများနှင့် ဂျူးလူမျိုး သက်ကြီးဝါကြီးများသည် ထိုသူ့ကို စွဲချက်တင်၍ အပြစ်စီရင်ရန် အကျွန်ုပ်အား တောင်းဆိုခဲ့ကြ၏။-
15 Por cujo respeito os principais dos sacerdotes e os anciãos dos judeus, estando eu em Jerusalém, compareceram perante mim, pedindo sentença contra ele.
16 အကျွန်ုပ်ကလည်း စွပ်စွဲခံရသူတစ်ဦးအား စွပ်စွဲပြစ်တင်သူများနှင့် မျက်နှာချင်းဆိုင်စေ၍ သူတို့၏ စွပ်စွဲချက်ကို ချေပခွင့် မပေးဘဲ အပြစ်ဒဏ်စီရင်ခြင်းသည် ရောမလူမျိုးတို့၏ ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား ဖြေကြားခဲ့၏။-
16 Aos quais respondi não ser costume dos romanos entregar algum homem à morte, sem que o acusado tenha presentes os seus acusadores, e possa defender-se da acusação.
17 ထို့ကြောင့် သူတို့သည် ဤမြို့ သို့အတူတကွရောက်လာကြသောအခါ အကျွန်ုပ်သည် အချိန်မဆိုင်းဘဲ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်၍ ထိုသူ့ကိုလည်း ခေါ်စေခဲ့၏။-
17 De sorte que, chegando eles aqui juntos, no dia seguinte, sem fazer dilação alguma, assentado no tribunal, mandei que trouxessem o homem.
18 ထိုအခါ စွပ်စွဲသူများသည် ထိုသူကျူးလွန်ခဲ့သည်ဟု အကျွန်ုပ်ထင်မှတ်ထားခဲ့သော ပြစ်မှုတစ်ခုကိုမျှ မစွပ်စွဲခဲ့ကြချေ။-
18 Acerca do qual, estando presentes os acusadores, nenhuma coisa apontaram daquelas que eu suspeitava.
19 သို့ရာတွင် သူတို့ကိုးကွယ်သည့် ဘာသာအယူဝါဒနှင့် ယေဇူးဟုခေါ်သောသူသည် သေဆုံးပြီးသော်လည်း အသက်ရှင်လျက်ရှိသည်ဟု ပေါလုက အခိုင်အမာပြောဆိုသော အချက်တို့အပေါ်၌ သဘောထားကွဲလွဲမှုများ ရှိခဲ့၏။-
19 Tinham, porém, contra ele algumas questões acerca da sua superstição, e de um tal Jesus, morto, que Paulo afirmava viver.
20 အကျွန်ုပ်သည်လည်း ဤအမှုကို စစ်ဆေးစီရင်ရန် မတတ်နိုင်သဖြင့် သူ့အား ဂျေရုဆလင်မြို့သို့သွား၍ ဤစွပ်စွဲချက်များ အပေါ် အစစ်ဆေးခံရန် အလိုရှိပါသလောဟု မေးခဲ့၏။-
20 E, estando eu perplexo acerca da inquirição desta causa, disse se queria ir a Jerusalém, e lá ser julgado acerca destas coisas.
21 သို့သော် ပေါလုက ဆီဇာဧကရာဇ်၏ အဆုံးအဖြတ်ကို ခံယူလိုပါကြောင်း တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံသို့ ပို့သည့်တိုင်အောင် ထိန်းသိမ်းထားစေရန် အကျွန်ုပ် အမိန့်ပေးခဲ့ပါသည်ဟုဆိုလေ၏။-
21 E, apelando Paulo para que fosse reservado ao conhecimento de Augusto, mandei que o guardassem até que o envie a César.
22 အာဂရိပါမင်းကလည်း အကျွန်ုပ်သည် ထိုသူ၏စကားကို ကိုယ်တိုင်ကြားလိုပါသည်ဟု ဖက်စတုအားဆိုလျှင် သူက မနက်ဖြန်၌ အရှင်သည် ထိုသူ၏စကားကို ကြားရပါလိမ့်မည်ဟုဆို၏။
22 Então Agripa disse a Festo: Bem quisera eu também ouvir esse homem. E ele disse: Amanhã o ouvirás.
23 သို့ဖြစ်၍ နောက်တစ်နေ့၌ အာဂရိပါမင်းနှင့် မိဖုရား ဘားနစ်တို့သည် ခမ်းနားသော အဆောင်အယောင်များနှင့် တပ်မှူးများ၊ မြို့တော်မှ လူကြီးလူကောင်းတို့နှင့်အတူ ညီလာခံခန်းမသို့ ဝင်ရောက်လာကြ၏။ ထို့နောက် ဖက်စတု၏ အမိန့်ဖြင့် ပေါလုကို ခေါ်ဆောင်လာကြ၏။-
23 E, no dia seguinte, vindo Agripa e Berenice, com muito aparato, entraram no auditório com os tribunos e homens principais da cidade, sendo trazido Paulo por mandado de Festo.
24 ထိုအခါ ဖက်စတုမင်းက အာဂရိပါမင်းနှင့်တကွ အကျွန်ုပ်တို့နှင့်အတူရှိကြသော သူအပေါင်းတို့၊ ဤသူကို သင်တို့ မြင်ကြသည်မဟုတ်လော။ ဂျေရုဆလင်မြို့နှင့် ဤမြို့တွင် ရှိကြသော ဂျူးလူမျိုးအပေါင်းတို့က ဤသူသည် တစ်ခဏမျှပင် အသက်မရှင်ထိုက်ပါဟု အကျွန်ုပ်ထံ အော်ဟစ်တောင်းလျှောက်ခဲ့ကြပါ၏။-
24 E Festo disse: Rei Agripa, e todos os senhores que estais presentes conosco; aqui vedes um homem de quem toda a multidão dos judeus me tem falado, tanto em Jerusalém como aqui, clamando que não convém que viva mais.
25 သို့ရာတွင် ဤသူသည် သေဒဏ်ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ကြောင်း အကျွန်ုပ်တွေ့ခဲ့ရ၏။ သူကိုယ်တိုင်ကမူ ဆီဇာဧကရာဇ်ထံတွင် အယူခံဝင်သောကြောင့် သူ့ကို ပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ခဲ့၏။-
25 Mas, achando eu que nenhuma coisa digna de morte fizera, e apelando ele mesmo também para Augusto, tenho determinado enviar-lho.
26 သို့သော် သူ၏အကြောင်းကို အကျွန်ုပ်၏ အရှင်သခင်ထံ တိတိကျကျလျှောက်ထားရန် အကျွန်ုပ်၌ ရေးစရာမရှိပါ။ ထို့ကြောင့် ဤသူကို သင်တို့အားလုံးရှေ့၊ အထူးသဖြင့် အာဂရိပါမင်းကြီး၏ ရှေ့တော်သို့ ခေါ်ဆောင်လာခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ သူ့အား အကျွန်ုပ်တို့စစ်ဆေးမေးမြန်းပြီးလျှင် အကျွန်ုပ်၌လည်း ရေးသားသံတော်ဦးတင်စရာရရှိနိုင်ပါလိမ့်မည်။-
26 Do qual não tenho coisa alguma certa que escreva ao meu senhor, e por isso perante vós o trouxe, principalmente perante ti, ó rei Agripa, para que, depois de interrogado, tenha alguma coisa que escrever.
27 အဘယ်ကြောင့်ဆိုသော် စွပ်စွဲချက်တစ်စုံတစ်ရာ မဖော်ပြဘဲ အကျဉ်းသားတစ်ယောက်ကို ပို့ပေးလိုက်ခြင်းသည် အကြောင်းပြချက် မခိုင်လုံဟူ၍ အကျွန်ုပ်ထင်ပါသည်ဟု ဆိုလေ၏။
27 Porque me parece contra a razão enviar um preso, e não notificar contra ele as acusações.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 25, comparar traduções ou montar um estudo — tudo direto pelo WhatsApp.