Atos 22
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ညီအစ်ကိုများနှင့် ဖခင်တို့၊ သင်တို့ရှေ့ တွင် ယခု အကျွန်ုပ်ပြောဆိုချေပမည့် စကားကို နားထောင်ကြပါလော့ဟုဆို၏။
1 "Irmãos e pais, ouçam agora a minha defesa".
2 ပေါလုသည် မိမိတို့အား ဟေဗြေဦးဘာသာစကားဖြင့် ပြောသည်ကို ကြားကြသောအခါ သူတို့သည် ပို၍ပင် တိတ်ဆိတ် သွားကြလေ၏။-
2 Quando ouviram que lhes falava em aramaico, ficaram em absoluto silêncio. Então Paulo disse:
3 ပေါလုကလည်း အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်ပြီး စီလိစိယပြည်၊ တာဆုမြို့၌ ဖွားမြင်ခဲ့သော်လည်း ဂျေရုဆလင်မြို့တွင် ကြီးပြင်း၍ ဘိုးဘေးတို့ ၏ပညတ်တရားကို ဂါမာလီအဲလ်၏ခြေရင်း၌ တိကျစွာ လိုက်နာဆည်းပူးခဲ့ပါသည်။ ယနေ့ သင်တို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်ကြသကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။-
3 "Sou judeu, nascido em Tarso da Cilícia, mas criado nesta cidade. Fui instruído rigorosamente por Gamaliel na lei de nossos antepassados, sendo tão zeloso por Deus quanto qualquer de vocês hoje.
4 အကျွန်ုပ်သည် ဤလမ်းစဉ်တော်ကို လိုက်နာကြသောသူတို့အား အသေသတ်သည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့၍ ယောက်ျား၊ မိန်းမများကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါသည်။-
4 Persegui os seguidores deste Caminho até a morte, prendendo tanto homens como mulheres e lançando-os na prisão,
5 ဤအကြောင်းကို ရဟန်းအကြီးအကဲနှင့် သက်ကြီးဝါကြီးတို့၏ တရားလွှတ်တော်တစ်ခုလုံး သက်သေခံနိုင်ကြပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒါမစကုမြို့ရှိ ဂျူးလူမျိုး ညီအစ်ကိုများထံသို့ ရေးပေးလိုက်သော စာများကိုယူ၍ ထိုအရပ်တွင်ရှိသော ဘာသာဝင်တို့ကိုလည်း အပြစ်ဒဏ်ခံစေခြင်းငှာ ဖမ်းဆီးချုပ်နှောင်လျက် ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာရန် ဒါမစကုမြို့သို့ သွားခဲ့ပါ၏။
5 como o podem testemunhar o sumo sacerdote e todo o Conselho, de quem cheguei a obter cartas para seus irmãos em Damasco e fui até lá, a fim de trazer essas pessoas a Jerusalém como prisioneiras, para serem punidas.
6 ဤသို့ဖြင့် အကျွန်ုပ်သည် ခရီးသွား၍ ဒါမစကုမြို့အနီးသို့ ရောက်သောအခါ မွန်းတည့်ချိန်ခန့်တွင် ကောင်းကင်မှ တောက်ပသော အလင်းတစ်ခုသည် အကျွန်ုပ်၏ ပတ်လည်တွင် ထွန်းလင်းလေ၏။-
6 "Por volta do meio-dia, eu me aproximava de Damasco, quando de repente uma forte luz vinda do céu brilhou ao meu redor.
7 အကျွန်ုပ်သည်လည်း မြေပေါ်သို့လဲကျသွားသောအခါ ဆောလု၊ ဆောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုနှိပ်စက်ညှဉ်းပန်းသနည်းဟု အကျွန်ုပ်အားပြောသော အသံကို ကြားရ၏။-
7 Caí por terra e ouvi uma voz que me dizia: ‘Saulo, Saulo! por que você está me perseguindo? ’
8 အကျွန်ုပ်က သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလျှောက်လျှင် သူက ငါသည် သင်နှိပ်စက်ညှဉ်းပန်း နေသော နာဇရက်မြို့သား ယေဇူးပင်ဖြစ်သည်ဟု မိန့်တော်မူ၏။-
8 Então perguntei: Quem és tu, Senhor? E ele respondeu: ‘Eu sou Jesus, o Nazareno, a quem você persegue’.
9 အကျွန်ုပ်နှင့်ပါလာသော သူတို့သည် ထိုအလင်းကို မြင်ကြရသော်လည်း အကျွန်ုပ်အား စကားပြောနေသော သူ၏အသံကို မူကား မကြားကြရပေ။-
9 Os que me acompanhavam viram a luz, mas não entenderam a voz daquele que falava comigo.
10 ထိုအခါ အကျွန်ုပ်က သခင်၊ အကျွန်ုပ်သည် မည်သည့်အရာကို ပြုရပါမည်နည်းဟုလျှောက်လျှင် ထိုသခင်က သင်ထ၍ ဒါမစကုမြို့သို့ သွားလော့။ သင်ဆောင်ရွက်ရမည့် အမှုအရာအားလုံးကို သင့်အား ထိုအရပ်တွင် ပြောကြားလိမ့်မည်ဟု မိန့်တော်မူ၏။-
10 "Assim perguntei: Que devo fazer, Senhor? Disse o Senhor: ‘Levante-se, entre em Damasco, onde lhe será dito o que você deve fazer’.
11 အကျွန်ုပ်သည် ထိုအလင်း၏ တောက်ပမှုကြောင့် မျက်စိမမြင်ရတော့သဖြင့် အကျွန်ုပ်နှင့်အတူ ပါလာသောသူတို့သည် အကျွန်ုပ်၏ လက်ကိုဆွဲလျက် ဒါမစကုမြို့သို့ ခေါ်ဆောင်လာခဲ့ကြ၏။
11 Os que estavam comigo me levaram pela mão até Damasco, porque o resplendor da luz me deixara cego.
12 ထိုမြို့၌ ပညတ်တရားအတိုင်း ကျင့်ကြံနေထိုင်၍ ဒါမစကုမြို့ရှိ ဂျူးလူမျိုးတို့၏ လေးစားမှုကို ခံရသည့် အာနာနိယ အမည်ရှိသော သူတစ်ယောက်သည်၊-
12 "Um homem chamado Ananias, piedoso segundo a lei e muito respeitado por todos os judeus que ali viviam,
13 အကျွန်ုပ်ထံသို့ လာပြီးလျှင် အနီးတွင်ရပ်လျက် ညီတော်ဆောလု၊ မျက်စိအလင်းကို ခံယူလော့ဟု အကျွန်ုပ်အား ဆို၏။ ထိုအချိန်နာရီ၌ပင် အကျွန်ုပ်သည် မျက်စိအလင်းရ၍ သူ့ကို မြင်ရ၏။-
13 veio ver-me e, pondo-se junto a mim, disse: ‘Irmão Saulo, recupere a visão’. Naquele mesmo instante pude vê-lo.
14 ထိုအခါ သူက ငါတို့ဘိုးဘေးတို့၏ ဘုရားသခင်သည် မိမိ၏အလိုတော်ကို သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောသူကို ဖူးမြင်စေခြင်းငှာလည်းကောင်း၊ ထိုသခင်၏ အသံကိုလည်း ကြားစေခြင်းငှာလည်းကောင်း သင့်ကို ရွေးချယ်တော်မူလေပြီ။-
14 "Então ele disse: ‘O Deus dos nossos antepassados o escolheu para conhecer a sua vontade, ver o Justo e ouvir as palavras de sua boca.
15 အကြောင်းမူကား သင်သည် မိမိမြင်ရကြားရသော အရာများကို လူအပေါင်းတို့ရှေ့တွင် ထိုသခင်အတွက် သက်သေခံ ဖြစ်ရလိမ့်မည်။-
15 Você será testemunha dele a todos os homens, daquilo que viu e ouviu.
16 သို့ဖြစ်၍ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထ၍ ဆေးကြောခြင်းကို ခံယူလော့။ ကိုယ်တော်၏ နာမတော်၌ တောင်းလျှောက်လျက် သင်၏အပြစ်များကို ဆေးကြောပါလော့ဟုဆို၏။
16 E agora, que está esperando? Levante-se, seja batizado e lave os seus pecados, invocando o nome dele’.
17 အကျွန်ုပ်သည်လည်း ဂျေရုဆလင်မြို့သို့ ပြန်လာပြီးနောက် ဗိမာန်တော်တွင် ဆုတောင်းနေစဉ် ဗျာဒိတ်ရူပါရုံ တစ်ခုကိုမြင်ရ၏။-
17 "Quando voltei a Jerusalém, estando eu a orar no templo, caí em êxtase e
18 ထိုရူပါရုံထဲ၌ အကျွန်ုပ်သည် သခင်ဘုရားကို ဖူးတွေ့ရ၏။ ကိုယ်တော်က အကျွန်ုပ်အား သင်သည် နှောင့်နှေးခြင်းမရှိဘဲ ဂျေရုဆလင်မြို့မှ အလျင်အမြန် ထွက်ခွာသွားလော့။ အကြောင်းမူကား ဤမြို့သားတို့သည် ငါ့အကြောင်း သင်သက်သေခံသော စကားများကို လက်ခံကြလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။-
18 vi o Senhor que me dizia: ‘Depressa! Saia de Jerusalém imediatamente, pois não aceitarão seu testemunho a meu respeito’.
19 ထိုအခါ အကျွန်ုပ်က သခင်ဘုရား၊ အကျွန်ုပ်သည် တရားဇရပ်တိုင်းသို့သွား၍ ကိုယ်တော့်ကို ယုံကြည်သောသူများအား ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သူတို့သိကြပါသည်။-
19 "Eu respondi: Senhor, estes homens sabem que eu ia de uma sinagoga a outra, a fim de prender e açoitar os que crêem em ti.
20 ကိုယ်တော်၏ သက်သေခံ စတေဖနုကို သတ်ကြသောအခါ အကျွန်ုပ်သည်လည်း အနား၌ရပ်နေလျက် သဘောတူ ထောက်ခံခဲ့၍ သူ့အား သတ်ကြသောသူတို့၏ ဝတ်ရုံများကို သိမ်းထားပေးခဲ့ပါသည်ဟု ပြန်လျှောက်ခဲ့၏။-
20 E quando foi derramado o sangue de tua testemunha Estêvão, eu estava lá, dando minha aprovação e cuidando das roupas dos que o matavam.
21 ထိုအခါ ကိုယ်တော်က အကျွန်ုပ်အား သွားလော့၊ ငါသည် ရပ်ဝေးတွင်ရှိသော လူမျိုးခြားတို့ထံသို့ သင့်ကိုစေလွှတ် မည်ဟူ၍ မိန့်တော်မူသည်ဟု ဆိုလေ၏။
21 "Então o Senhor me disse: ‘Vá, eu o enviarei para longe, aos gentios’ ".
22 ထိုသူတို့သည်လည်း သူ၏စကားကို ဤမျှအထိ နားထောင်ကြပြီးနောက် မိမိတို့၏ အသံကိုမြှင့်လျက် ဤ ကဲ့သို့သောသူကို ကမ္ဘာမြေပေါ်မှ ထုတ်ပယ်ကြလော့။ အကြောင်းမူကား သူသည် အသက်မရှင်ထိုက်ဟု အော်ဟစ်ကြလေ၏။-
22 A multidão ouvia Paulo até que ele disse isso. Então todos levantaram a voz e gritaram: "Tira esse homem da face da terra! Ele não merece viver! "
23 ဤသို့ဖြင့် သူတို့သည် အော်ဟစ်ကြ၍ မိမိတို့၏အဝတ်များကို ဝှေ့ယမ်းကာ မြေမှုန့်များကို လေထဲသို့ ပစ်ပေါက်ကြစဉ်တွင်၊-
23 Estando eles gritando, tirando suas capas e lançando poeira para o ar,
24 ရောမတပ်မှူးသည် ပေါလုအား ခံတပ်အတွင်းသို့ ခေါ်ဆောင်သွားစေပြီး လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်၍ ဤကဲ့သို့အော်ဟစ် ကြကြောင်းကို ရိုက်နှက်စစ်ဆေးရန် အမိန့်ပေးလေ၏။-
24 o comandante ordenou que Paulo fosse levado à fortaleza e fosse açoitado e interrogado, para saber por que o povo gritava daquela forma contra ele.
25 သို့သော် သူတို့သည် သူ့ကိုသားရေကြိုးဖြင့် ချည်နှောင်ကြပြီးသောအခါ ပေါလုက မိမိအနီးတွင် ရပ်နေသော လူတစ်ရာတပ်မှူးအား သင်သည် ရောမနိုင်ငံသားတစ်ဦးကို တရားစီရင်ခြင်းမပြုဘဲ ရိုက်နှက်ပါက တရားဥပဒေနှင့် ကိုက်ညီပါ သလောဟု မေးလေ၏။-
25 Enquanto o amarravam a fim de açoitá-lo, Paulo disse ao centurião que ali estava: "Vocês têm o direito de açoitar um cidadão romano sem que ele tenha sido condenado? "
26 လူတစ်ရာတပ်မှူးသည်လည်း ထိုစကားကိုကြားလျှင် ရောမတပ်မှူးထံသို့ သွား၍ သင်မည်သို့ပြုမည်နည်း၊ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်ဟု သူ့အား ဆိုလေ၏။-
26 Ao ouvir isso, o centurião foi prevenir o comandante: "Que vais fazer? Este homem é cidadão romano".
27 ထိုအခါ ရောမတပ် မှူးသည် လာ၍ ပေါလုအား သင်သည် ရောမနိုင်ငံသား ဖြစ်သလော၊ ငါ့အား ပြောပါဟုဆိုလျှင် ပေါလုက ဟုတ်ပါသည်ဟု ဆိုလေ၏။-
27 O comandante dirigiu-se a Paulo e perguntou: "Diga-me, você é cidadão romano? " Ele respondeu: "Sim, sou".
28 ရောမတပ်မှူးကလည်း ငါသည် ရောမနိုင်ငံသားဖြစ်ရန် ငွေအမြောက်အမြားပေး၍ ဝယ်ယူခဲ့ရသည်ဟု ဆိုလျှင် ပေါလုက အကျွန်ုပ်သည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ပါသည်ဟု ပြန်ပြောလေ ၏။-
28 Então o comandante disse: "Eu precisei pagar um elevado preço por minha cidadania". Respondeu Paulo: "Eu a tenho por direito de nascimento".
29 သို့ဖြစ်၍ သူ့ကို စစ်ဆေးမေးမြန်းမည့် သူတို့သည် ချက်ချင်းနောက်သို့ ဆုတ်သွားကြ၍ ရောမတပ်မှူးသည်လည်း ကြောက်ရွံ့တုန်လှုပ်လေ၏။ အကြောင်းမူကား ပေါလုသည် ရောမနိုင်ငံသားဖြစ်သည်ကိုလည်းကောင်း၊ မိမိသည် သူ့အား သံကြိုးနှင့် ချည်နှောင်မိသည်ကိုလည်းကောင်း သတိပြုမိသောကြောင့်ဖြစ်၏။
29 Os que iam interrogá-lo retiraram-se imediatamente. O próprio comandante ficou alarmado, ao saber que havia prendido um cidadão romano.
30 သို့ရာတွင် သူသည် ပေါလုကို ဂျူးလူမျိုးများက စွပ်စွဲ ပြစ်တင်ကြသည့်အကြောင်းရင်းကို သိလို၍ နောက်တစ်နေ့တွင် သူ့ကိုချည်နှောင်ထားသော ကြိုးမှဖြေလွှတ်ပြီး ရဟန်းအကြီးအကဲနှင့် ဘာသာရေးလွှတ်တော် တစ်ဖွဲ့လုံးကို စုဝေးစေရန် အမိန့်ပေးလေ၏။ ထို့နောက် သူသည် ပေါလုကိုခေါ်ဆောင်လာပြီး သူတို့ရှေ့တွင် ထားလေ၏။
30 No dia seguinte, visto que o comandante queria descobrir exatamente por que Paulo estava sendo acusado pelos judeus, libertou-o e ordenou que se reunissem os chefes dos sacerdotes e todo o Sinédrio. Então, trazendo Paulo, apresentou-o a eles.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.