Atos 20

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဆူပူလှုပ်ရှားမှုများ ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ အားပေးတိုက်တွန်းစကားများ ပြောကြားပြီးလျှင် သူတို့အား နှုတ်ဆက်ကာ မာစီဒိုးနိယပြည်သို့ ထွက်ခွာသွားလေ၏။-
1 Depois que cessou o tumulto, Paulo convocou os discípulos. Fez-lhes uma exortação, despediu-se e pôs-se a caminho para ir à Macedônia.
2 သူသည် ထိုအရပ်ဒေသများတွင် လှည့်လည်သွားလာ၍ သူတို့ကို အားပေးစကား များစွာပြောကြားပြီးနောက် ဂရိပြည်သို့ ရောက်လာလေ၏။-
2 Percorreu aquela região, exortou os discípulos com muitas palavras e chegou à Grécia,
3 သူသည် ထိုအရပ်တွင် သုံးလကြာနေထိုင်ပြီး ဆီးရိယပြည်သို့ သင်္ဘောစီးမည်ပြုစဉ်တွင် ဂျူးလူမျိုးတို့သည် သူ၏အသက်ကို ရန်ရှာရန် လျှို့ဝှက်စွာကြံစည်နေကြသဖြင့် မာစီဒိုးနိယပြည်ကိုဖြတ်၍ ပြန်မည်ဟု ဆုံးဖြတ်လေ၏။-
3 onde se deteve por três meses. Como os judeus lhe armassem ciladas no momento em que ia embarcar para a Síria, tomou a resolução de voltar pela Macedônia.
4 ပေါလုနှင့်အတူ လိုက်ပါသွားကြသောသူများမှာ ဘေးရေယမြို့သား ပီဟု၏သား ဆိုပါတာ၊ သက်ဆာလောနိကမြို့သားများ ဖြစ်ကြသော အာရစ္စတာကုနှင့် ဆေကုန္ဒု၊ ဒေးဘေမြို့သား ဂါးယုနှင့် တီမောသီဦး၊ အာရှပြည်သား တိခိကုနှင့် တြိုဖီမုတို့ ဖြစ်ကြ၏။-
4 Acompanharam-no Sópatro de Beréia, filho de Pirro, e os tessalonicenses Aristarco e Segundo, Gaio de Derbe, Timóteo, Tíquico e Trófimo, da Ásia.
5 ဤသူအားလုံးတို့သည် ထရောမြို့သို့ ကြိုတင်သွားနှင့်ကြ၍ ငါတို့ကို ထိုမြို့မှ စောင့်နေကြ၏။-
5 Estes foram na frente e esperaram-nos em Trôade.
6 ငါတို့မူကား တဆေးမပါသော ပေါင်မုန့်ပွဲတော်ပြီးသောအခါ ဖိလိပိမြို့မှ သင်္ဘောစီးလာခဲ့ကြ၍ ငါးရက်ကြာသောအခါ ထရောမြို့၌ရှိသော သူတို့ထံသို့ ရောက်ရှိပြီး ထိုအရပ်၌ ခုနစ်ရက်ကြာနေခဲ့ကြ၏။
6 Nós outros, só depois da festa de Páscoa é que navegamos de Filipos. E, cinco dias depois, fomos ter com eles em Trôade, onde ficamos uma semana.
7 ခုနစ်ရက်တွင် ပထမနေ့၌ ငါတို့သည် မုန့်ဖဲ့ခြင်းငှာ စုဝေးကြ၏။ ပေါလုသည်လည်း နောက်တစ်နေ့တွင် ခရီးထွက်မည်ဟု ရည်ရွယ်သောကြောင့် ညဉ့်နက်သန်းခေါင်တိုင်အောင် ဟောပြောသွန်သင်လေ၏။-
7 No primeiro dia da semana, estando nós reunidos para partir o pão, Paulo, que havia de viajar no dia seguinte, conversava com os discípulos e prolongou a palestra até a meia-noite.
8 ငါတို့စုဝေးရာ အထက်ခန်းတွင် မီးခွက်များစွာထွန်းညှိထား၏။-
8 Havia muitas lâmpadas no quarto, onde nos achávamos reunidos.
9 ပေါလုသည် ဆက်လက်၍ ဟောပြောနေစဉ် ယုတိကုအမည်ရှိသော လူရွယ်တစ်ဦးသည် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်လျက်နေရာမှ အိပ်မောကျသွားပြီးလျှင် အိမ်၏တတိယထပ်မှ မြေပေါ်သို့လိမ့်ကျသွား၍ ထူမကြသောအခါ သူသည် သေဆုံးနေပြီဖြစ်၏။-
9 Acontece que um moço, chamado Êutico, que estava sentado numa janela, foi tomado de profundo sono, enquanto Paulo ia prolongando seu discurso. Vencido pelo sono, caiu do terceiro andar abaixo, e foi levantado morto.
10 သို့သော် ပေါလုသည် ဆင်းလာပြီးလျှင် သေဆုံးသူအပေါ်သို့ မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးမှ မစိုးရိမ်ကြနှင့်၊ သူသည် အသက်ရှင်လျက်ရှိ၏ဟု ဆိုလေ၏။-
10 Paulo desceu, debruçou-se sobre ele, tomou-o nos braços e disse: Não vos perturbeis, porque a sua alma está nele.
11 ထို့နောက် ပေါလုသည် အပေါ်ထပ်သို့ ပြန်တက်သွားကာ မုန့်ကိုဖဲ့၍ စားသုံးပြီးမှ မိုးလင်းသည့်တိုင်အောင် ကြာမြင့်စွာ စကားပြောလေ၏။ ထို့နောက် သူသည် ခရီးထွက်ခွာသွားလေ၏။-
11 Então subiu, partiu o pão, comeu falou-lhes largamente até o romper do dia. Depois partiu.
12 ထိုအခါ သူတို့သည် အသက်ရှင်လျက်ရှိသော လူရွယ်ကို ခေါ်ဆောင်လာကြပြီး လွန်စွာပင်စိတ်သက်သာရာ ရကြလေ၏။
12 Quanto ao moço, levaram-no dali vivo, cheios de consolação.
13 ငါတို့မူကား သင်္ဘောပေါ်သို့ အရင်ဦးစွာတက်ပြီးလျှင် ပေါလုကိုခေါ်တင်ရမည့် အာဆော့မြို့သို့ ရွက်လွှင့်ကြ၏။ အကြောင်းမူကား သူသည် ထိုမြို့သို့ ကုန်းလမ်းခရီးဖြင့် သွားမည်ဟု ရည်ရွယ်ထားသောကြောင့် ဤကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်၏။-
13 Nós nos tínhamos adiantado e navegado para Assos, para ali recebermos Paulo. Ele mesmo assim o havia disposto, preferindo fazer a viagem a pé.
14 ငါတို့သည် အာဆော့မြို့တွင် သူနှင့်ဆုံကြသောအခါ သူ့ကိုသင်္ဘောပေါ်သို့တက်စေ၍ မိတီလေနေမြို့သို့သွားကြ၏။-
14 Reuniu-se a nós em Assos, e nós o tomamos a bordo e fomos a Mitilene.
15 ထိုမှတစ်ဖန် ရွက်လွှင့်ကြရာ ငါတို့သည် နောက်တစ်နေ့တွင် ခီးယော့ကျွန်းတစ်ဖက်ကမ်းသို့ ရောက်ကြ၏။ ဒုတိယနေ့တွင် ငါတို့သည် ဆာမော့ကျွန်းသို့ရောက်၍ တစ်ဖန်နောက်တစ်နေ့တွင် မီလက်တုမြို့သို့ရောက်လာကြ၏။-
15 Continuando dali, sempre por mar, chegamos no dia seguinte defronte de Quios. No outro dia, chegamos a Samos, e um dia depois estávamos em Mileto.
16 ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်ဆုမြို့တွင်မနားဘဲ ဆက်လက်ရွက်လွှင့်ရန် ဆုံးဖြတ်ထားလေ၏။ အကြောင်းမူကား သူသည် ဖြစ်နိုင်လျှင် ပင်တေကော့စတေပွဲနေ့အမီ ဂျေရုဆလင်မြို့သို့ ရောက်ရန် စိတ်စောလျက် ရှိသောကြောင့်ဖြစ်၏။
16 Paulo havia determinado não ir a Éfeso, para não se demorar na Ásia, pois se apressava para celebrar, se possível em Jerusalém, o dia de Pentecostes.
17 ထို့နောက် ပေါလုသည် မီလက်တုမြို့မှ ဧဖက်ဆုမြို့သို့ လူလွှတ်၍ အသင်းတော်၏ သက်ကြီးဝါကြီးများအား မိမိထံသို့ လာကြရန် ခေါ်လိုက်လေ၏။-
17 Mas de Mileto mandou a Éfeso chamar os anciãos da igreja.
18 ဤသို့ဖြင့် သူတို့ရောက်လာကြသောအခါ ပေါလုက သူတို့အား ပြောဆိုသည်ကား ငါသည် အာရှပြည်သို့ ပထမဆုံး ရောက်လာသည့် နေ့မှစ၍ ယခုအချိန်ထိ သင်တို့အကြားတွင် မည်ကဲ့သို့ နေထိုင်ကျင့်ကြံခဲ့သည်ကို သင်တို့သိကြ၏။-
18 Quando chegaram, e estando todos reunidos, disse-lhes: Vós sabeis de que modo sempre me tenho comportado para convosco, desde o primeiro dia em que entrei na Ásia.
19 ငါသည် နှိမ့်ချခြင်းနှင့် မျက်ရည်တို့ဖြင့်လည်းကောင်း၊ ဂျူးလူမျိုးတို့၏ လုပ်ကြံမှုများကြောင့် ကြုံတွေ့ရသော ဆင်းရဲဒုက္ခ များဖြင့်လည်းကောင်း သခင်ဘုရားကို အစေခံခဲ့၏။-
19 Servi ao Senhor com toda a humildade, com lágrimas e no meio das provações que me sobrevieram pelas ciladas dos judeus.
20 ငါသည် သင်တို့အတွက် အကျိုးရှိစေမည့်အရာ တစ်စုံတစ်ခုကိုမျှ ချန်လှပ်မထားဘဲ လူအများရှေ့၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း သင်တို့အား ဟောပြောသွန်သင်ခဲ့၏။-
20 Vós sabeis como não tenho negligenciado, como não tenho ocultado coisa alguma que vos podia ser útil. Preguei e vos instruí publicamente e dentro de vossas casas.
21 ငါသည် ဂျူးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးအား နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာကြစေရန်နှင့် ငါတို့၏သခင် ယေဇူး ခရစ်တော်ကို ယုံကြည်ကြစေရန် ဟောပြောသက်သေခံခဲ့၏။-
21 Preguei aos judeus e aos gentios a conversão a Deus e a fé em nosso Senhor Jesus.
22 ယခုမူကား ငါသည် ဝိညာဉ်တော်ကိုနာခံ၍ ဂျေရုဆလင်မြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုအရပ်တွင် ငါ့၌မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ကို ငါမသိ။-
22 Agora, constrangido pelo Espírito, vou a Jerusalém, ignorando a que ali me espera.
23 သို့ရာတွင် အကျဉ်းခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့သည် ငါ့ကိုစောင့်နေကြကြောင်း ဝိညာဉ်တော်သည် မြို့တိုင်းတွင် ငါ့ကိုဖော်ပြ သတိပေးတော်မူသည်ကို ငါသိ၏။-
23 Só sei que, de cidade em cidade, o Espírito Santo me assegura que me esperam em Jerusalém cadeias e perseguições.
24 သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်နှင့်ဆိုင်သော ဧဝံဂေလိသတင်းကောင်းကို သက်သေခံခြင်းငှာ ယေဇူး သခင်ထံမှ ခံယူရရှိသော အမှုတော်နှင့် တာဝန်ကို ပြီးစီးစေရန်အတွက် ငါ၏အသက်ကို ငါတန်ဖိုးမထားပေ။
24 Mas nada disso temo, nem faço caso da minha vida, contanto que termine a minha carreira e o ministério da palavra que recebi do Senhor Jesus, para dar testemunho ao Evangelho da graça de Deus.
25 ယခုမူကား ငါသွားလာခဲ့ပြီး နိုင်ငံတော်အကြောင်း ဟောပြောခဲ့ရသော သင်တို့အထဲမှ မည်သူမျှ ငါ၏မျက်နှာကို နောက်တစ်ဖန် ပြန်တွေ့ရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။-
25 Sei agora que não tornareis a ver a minha face, todos vós, por entre os quais andei pregando o Reino de Deus.
26 ထို့ကြောင့် သင်တို့အားလုံး၏ သွေးနှင့် ငါကင်းလွတ်ကြောင်း ယနေ့၌ပင် သင်တို့အား ငါသက်သေခံပါ၏။
26 Portanto, hoje eu protesto diante de vós que sou inocente do sangue de todos,
27 အကြောင်းမူကား ငါသည် ဘုရားသခင်၏ညွန်ကြားချက်ကို သင်တို့အား အကုန်အစင်ဟောပြောခဲ့သောကြောင့်ဖြစ်၏။-
27 porque nada omiti no anúncio que vos fiz dos desígnios de Deus.
28 သို့ဖြစ်၍ သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သခင်ဘုရားကိုယ်တော်တိုင် မိမိ၏သွေးဖြင့်ရယူထားပြီး ဝိညာဉ်တော်မြတ်က သင်တို့အုပ်ချုပ်ကြရန် အပ်နှံထားသော ကိုယ်တော်၏ သိုးစုတစ်ခုလုံးကိုလည်းကောင်း သတိနှင့်ကြည့်ရှု ကြလော့။-
28 Cuidai de vós mesmos e de todo o rebanho sobre o qual o Espírito Santo vos constituiu bispos, para pastorear a Igreja de Deus, que ele adquiriu com o seu próprio sangue.
29 ငါထွက်သွားပြီးနောက် သိုးစုကို မညှာမတာ ကိုက်ဖြတ်စားသောက်တတ်သော ဝံပုလွေတို့သည် သင်တို့အလယ်သို့ ဝင်လာကြမည်ကို ငါသိ၏။-
29 Sei que depois da minha partida se introduzirão entre vós lobos cruéis, que não pouparão o rebanho.
30 သင်တို့အထဲမှ အချို့တို့သည်လည်း တပည့်တော်များကို သူတို့နောက်သို့ လိုက်စေခြင်းငှာ လွဲမှားသောအရာများကို ပြောဆိုရန် ထွက် ပေါ်လာကြလိမ့်မည်။-
30 Mesmo dentre vós surgirão homens que hão de proferir doutrinas perversas, com o intento de arrebatarem após si os discípulos.
31 ထို့ကြောင့် ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် သင်တို့တစ်ဦးစီကို မျက်ရည်နှင့်သတိ ပေးဆုံးမခဲ့ကြောင်းကို အောက်မေ့လျက် သတိထားကြလော့။-
31 Vigiai! Lembrai-vos, portanto, de que por três anos não cessei, noite e dia, de admoestar, com lágrimas, a cada um de vós.
32 ယခု ငါသည် သင်တို့ကို ဘုရားသခင်ထံတော်သို့လည်းကောင်း၊ ကျေးဇူးတော်ဖြင့်ပြည့်သော ကိုယ်တော်၏ တရားစကားသို့ လည်းကောင်း အပ်နှံပါ၏။ ထိုကျေးဇူးတော်သည် သင်တို့ကိုပျိုးထောင်၍ သန့်ရှင်းသူအပေါင်းတို့ အလယ်တွင် သင်တို့အား အမွေတော်ကို ခံစားစေနိုင်၏။-
32 Agora eu vos encomendo a Deus e à palavra da sua graça, àquele que é poderoso para edificar e dar a herança com os santificados.
33 ငါသည် သူတစ်ပါး၏ရွှေ၊ ငွေနှင့်အဝတ်အစားကို လိုချင်တပ်မက်ခြင်းမရှိခဲ့ပေ။-
33 De ninguém cobicei prata, nem ouro, nem vestes.
34 ငါသည် ဤလက်များဖြင့် ငါကိုယ်တိုင်နှင့် ငါ့အပေါင်းအဖော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းခဲ့ကြောင်းကို သင်တို့သိကြ၏။-
34 Vós mesmos sabeis: estas mãos proveram às minhas necessidades e às dos meus companheiros.
35 ရယူခြင်းထက် ပေးဆပ်ခြင်းသည် ပို၍မင်္ဂလာရှိ၏ဟူသော ယေဇူးသခင်၏မိန့်မှာချက်ကို အောက်မေ့သတိရလျက် ငါတို့သည် အားနည်းသူတို့အား ကူညီမစရမည့်အကြောင်း ငါသည် အရာရာတိုင်း၌ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းဖြင့် သင်တို့ကို စံနမူနာပြခဲ့ပြီဟုဆိုလေ၏။
35 Em tudo vos tenho mostrado que assim, trabalhando, convém acudir os fracos e lembrar-se das palavras do Senhor Jesus, porquanto ele mesmo disse: É maior felicidade dar que receber!
36 ပေါလုသည်လည်း ဤအကြောင်းအရာများကို ပြောဆိုပြီးသောအခါ ဒူးထောက်၍ သူတို့အားလုံးနှင့်အတူ ဆုတောင်းလေ၏။-
36 A essas palavras, ele se pôs de joelhos a orar.
37 ထိုသူအားလုံးတို့သည်လည်း ပြင်းထန်စွာ ငိုကြွေးကြပြီး ပေါလုကိုဖက်၍ နမ်းကြ၏။-
37 Derramaram-se em lágrimas e lançaram-se ao pescoço de Paulo para abraçá-lo,
38 သူတို့သည် နောက်တစ်ဖန် သူ၏မျက်နှာကို မြင်ကြရတော့မည်မဟုတ်ဟူသော ပေါလု၏စကားမှာ သူတို့အား အဓိကဝမ်းနည်းစေသော အချက်ပင်ဖြစ်၏။ ထို့နောက် သူတို့သည် သူ့အား သင်္ဘောသို့ လိုက်ပါပို့ဆောင်ကြ၏။
38 aflitos, sobretudo pela palavra que tinha dito: Já não vereis a minha face. Em seguida, acompanharam-no até o navio.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.