Atos 18
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ထို့နောက် ပေါလုသည် အေသင်မြို့မှထွက်ခွာ၍ ကောရိန့်မြို့သို့သွားလေ၏။-
1 Depois disso, saindo de Atenas, Paulo dirigiu-se a Corinto.
2 ထိုအရပ်တွင် သူသည် ပုန္တုပြည်သား အာကွိလအမည်ရှိသော ဂျူးလူမျိုးတစ်ဦးနှင့် တွေ့ဆုံလေ၏။ ထိုသူနှင့် သူ၏ဇနီး ပရစ္စိလတို့သည် မကြာမီက အီတလီပြည်မှ ရောက်ရှိလာကြသူများ ဖြစ်ကြ၏။ အကြောင်းမူကား ဆီဇာကလောဒီဦးက ဂျူးလူမျိုးအပေါင်းတို့အား ရောမမြို့ မှထွက်ခွာသွားရန် အမိန့်ချမှတ်ခဲ့သောကြောင့်ဖြစ်၏။ ပေါလုသည်လည်း သူတို့ထံ သို့အလည်အပတ်သွားလေ၏။-
2 Encontrou ali um judeu chamado Áquila, natural do Ponto, e sua mulher Priscila. Eles pouco antes haviam chegado da Itália, por Cláudio ter decretado que todos os judeus saíssem de Roma. Paulo uniu-se a eles.
3 သူသည် မိမိနှင့်အလုပ်အကိုင်ချင်း တူသောကြောင့် ပေါလုသည် သူတို့နှင့်အတူ နေထိုင်၍ အလုပ်လုပ်လေ၏။ အကြောင်းမူကား သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။-
3 Como exercessem o mesmo ofício, morava e trabalhava com eles. {Eram fabricantes de tendas.}
4 ပေါလုသည်လည်း ဥပုသ်နေ့တိုင်း တရားဇရပ်တို့တွင် ဆွေးနွေးဟောပြော၍ ဂျူးလူမျိုးများနှင့် ဂရိလူမျိုးတို့အား ယုံကြည်လာစေရန် စည်းရုံးလေ၏။
4 Todos os sábados ele falava na sinagoga e procurava convencer os judeus e os gregos.
5 စီလပ်နှင့်တီမောသီဦးတို့သည် မာစီဒိုးနိယပြည်မှ ရောက်လာကြသောအခါတွင် ပေါလုသည် နှုတ်တော်ထွက်စကားကို ဟောပြောခြင်း၌သာ အာရုံစိုက်လျက် ယေဇူးသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးလူမျိုးတို့အား သက်သေခံလျက်ရှိလေ၏။-
5 Quando Silas e Timóteo chegaram da Macedônia, Paulo dedicou-se inteiramente à pregação da palavra, dando aos judeus testemunho de que Jesus era o Messias.
6 ထိုသူတို့သည် သူ့ကိုဆန့်ကျင်၍ ထိခိုက်ပြောဆိုကြသောအခါ ပေါလုသည် မိမိ၏အဝတ်မှ ဖုန်များကိုခါချပြီး သင်တို့၏ သွေးသည် သင်တို့ဦးခေါင်းပေါ်တွင် တည်ပါစေ။ ငါမူကား အပြစ်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသို့သွားမည်ဟု သူတို့အား ဆိုလေ၏။-
6 Mas como esses contradissessem e o injuriassem, ele, sacudindo as vestes, disse-lhes: O vosso sangue caia sobre a vossa cabeça! Tenho as mãos inocentes. Desde agora vou para o meio dos gentios.
7 ထို့နောက် သူသည် တရားဇရပ်မှ ထွက်ခွာ၍ ဘုရားသခင်ကို ရှိခိုးကိုးကွယ်သော တိတုဂျုစတုအမည်ရှိသော သူ၏အိမ်သို့သွားလေ၏။ ထိုသူ၏ အိမ်သည် တရားဇရပ်နှင့်ကပ်လျက်ရှိ၏။-
7 Saindo dali, entrou em casa de um prosélito, chamado Tício Justo, cuja casa era contígua à sinagoga.
8 တရားဇရပ်မှူး ခရစ္စပုနှင့် သူ၏အိမ်သားအားလုံးတို့သည် သခင်ဘုရား၌ ယုံကြည်လာကြလေ၏။ ပေါလု၏တရားကို ကြားနာကြသော ကော်ရိန့်သုမြို့သား များစွာတို့သည်လည်း ယုံကြည်ကြ၍ ဆေးကြောခြင်းကိုခံယူကြ၏။-
8 Entretanto Crispo, o chefe da sinagoga, acreditou no Senhor com todos os da sua casa. Sabendo disso, muitos dos coríntios, ouvintes de Paulo, acreditaram e foram batizados.
9 တစ်ညတွင် သခင်ဘုရားသည် ပေါလုအား ရူပါရုံ၌ မိန့်တော်မူသည်မှာ ကြောက်ရွံ့ ခြင်းမရှိလေနှင့်။ တိတ်ဆိတ်စွာမနေဘဲ ဟောပြောလော့။-
9 Numa noite, o Senhor disse a Paulo em visão: Não temas! Fala e não te cales.
10 အကြောင်းမူကား ငါသည် သင်နှင့်အတူရှိသောကြောင့် သင့်ကို မည်သူမျှထိခိုက်လိမ့်မည်မဟုတ်။ ဤမြို့၌လည်း ငါ၏ လူများစွာရှိကြသည်ဟု မိန့်တော်မူ၏။-
10 Porque eu estou contigo. Ninguém se aproximará de ti para te fazer mal, pois tenho um numeroso povo nesta cidade.
11 ပေါလုသည်လည်း ထိုအရပ်၌ တစ်နှစ်နှင့် ခြောက်လပတ်လုံး နေထိုင်၍ သူတို့အလယ်တွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောသွန်သင်လေ၏။
11 Paulo deteve-se ali um ano e seis meses, ensinando a eles a palavra de Deus.
12 သို့ရာတွင် ဂါလီယိုသည် အာခါယာပြည်၏ဘုရင်ခံအဖြစ် အုပ်ချုပ်သောအခါ ဂျူးလူမျိုးတို့သည် ပေါလုကို တစ်စုတစ်ဝေးတည်း အပြစ်ရှာ၍ တရားခွင်သို့ ပို့ဆောင်ကြ၏။-
12 Sendo Galião procônsul da Acaia, levantaram-se os judeus de comum acordo contra Paulo e levaram-no ao tribunal e disseram:
13 သူတို့က ဤသူသည် ပညတ်တရားတော်နှင့် ဆန့်ကျင်၍ ဘုရားသခင်ကိုကိုးကွယ်စေရန် လူအများကို သွေးဆောင်စည်းရုံး နေပါသည်ဟု ဆိုကြ၏။-
13 Este homem persuade os ouvintes a {adotar} um culto contrário à lei.
14 ပေါလုသည်လည်း ချေပပြောဆိုမည်ပြုစဉ်တွင် ဂါလီယိုက ဂျူးလူမျိုးတို့အား ဆိုသည်မှာ ဤအရာသည် အပြစ်အမှား၊ သို့မဟုတ် ဆိုးယုတ်သော ရာဇဝတ်မှုဖြစ်ပါလျှင် ငါသည် သင်တို့ဂျူးလူမျိုးများ၏ စွပ်စွဲချက်ကိုလက်ခံမည်။-
14 Paulo ia falar, mas Galião disse aos judeus: Se fosse, na realidade, uma injustiça ou verdadeiro crime, seria razoável que vos atendesse.
15 သို့သော် ဤအမှုသည် စကားလုံးများ၊ အမည်နာမများနှင့် သင်တို့၏ ပညတ်တရားနှင့်ဆိုင်သော အကြောင်းအရာတို့အပေါ် ငြင်းခုံပြောဆိုခြင်းများဖြစ်သောကြောင့် သင်တို့၏အမှုကို သင်တို့ကိုယ်တိုင်စီရင်ဆုံးဖြတ်ကြလော့။ ထိုသို့သောအမှုများကို ငါမစီရင်လိုဟု ပြန်ပြောလျက်၊-
15 Mas se são questões de doutrina, de nomes e da vossa lei, isso é lá convosco. Não quero ser juiz dessas coisas.
16 ဂျူးလူမျိုးများကို တရားခွင်ထဲမှ ထွက်ခွာသွားစေ၏။-
16 E mandou-o sair do tribunal.
17 ထိုသူအပေါင်းတို့သည်လည်း တရားဇရပ်မှူးဆော့စသေနက်ကို ဖမ်းဆီး၍ တရားခွင်ရှေ့တွင် ရိုက်နှက်ကြ၏။ သို့သော် ဂါလီယိုသည် ဤအခြင်းအရာကို ဂရုမစိုက်ဘဲနေလေ၏။
17 Então todos pegaram em Sóstenes, chefe da sinagoga, e o espancaram diante do tribunal, sem que Galião fizesse caso algum disso.
18 ထို့နောက် ပေါလုသည် ထိုအရပ်၌ အချိန်အတော်ကြာ နေပြီးနောက် ညီအစ်ကိုတို့ကို နှုတ်ဆက်၍ ပရစ္စိလနှင့် အာကွိလတို့ လိုက်ပါလျက် ဆီးရိယပြည်သို့ သင်္ဘောစီးသွားလေ၏။ စင်ဂရေမြို့သို့ရောက်သောအခါ သူသည် မိမိ၏ ဦးခေါင်းကိုရိတ်လေ၏။ အကြောင်းမူကား သူသည် ဘုရားသခင်အား ကတိသစ္စာပြုထားသောကြောင့်ဖြစ်၏။-
18 Paulo permaneceu ali {em Corinto} ainda algum tempo. Depois se despediu dos irmãos e navegou para a Síria e com ele Priscila e Áquila. Antes, porém, cortara o cabelo em Cêncris, porque terminara um voto.
19 ဤသို့ဖြင့် သူတို့သည် ဧဖက်ဆုမြို့သို့ရောက်ကြသောအခါ ပေါလုသည် သူတို့ကို ထိုအရပ်တွင်ထားခဲ့ပြီး မိမိကိုယ်တိုင် မူကား တရားဇရပ်သို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးငြင်းခုံလေ၏။-
19 Chegaram a Éfeso, onde os deixou. Ele entrou na sinagoga e entretinha-se com os judeus.
20 ထိုသူတို့သည် ပေါလုကို ကြာမြင့်စွာနေရန် တောင်းဆိုကြသော်လည်း ပေါလုသည် ငြင်းဆန်လေ၏။-
20 Pediram-lhe estes que ficasse com eles ali por mais tempo, mas ele não quis.
21 သို့ရာတွင် ပေါလုသည် ထိုသူတို့အား နှုတ်ဆက်ချိန်၌ ဘုရားသခင်အလိုတော်ရှိလျှင် ငါသည် သင်တို့ထံသို့ ပြန်လာဦးမည် ဟုဆိုပြီး ဧဖက်ဆုမြို့မှ သင်္ဘောစီး၍ ထွက်ခွာသွားလေ၏။
21 Ao despedir-se, disse: Voltarei a vós, se Deus quiser. E partiu de Éfeso.
22 သူသည် ဆီဇားရိယမြို့သို့ ဆိုက်ရောက်သောအခါ ဂျေရုဆလင်မြို့သို့သွား၍ အသင်းတော်ကို နှုတ်ဆက်ပြီးမှ အန္တီယော့မြို့သို့ ထွက်ခွာလေ၏။-
22 Viajou até Cesaréia, subiu {a Jerusalém} e saudou a comunidade e logo em seguida desceu a Antioquia.
23 သူသည် ထိုအရပ်တွင် ရက်အတန်ကြာနေပြီးနောက် ပြန်လည်ထွက်ခွာ၍ ဂါလားဆီယာနှင့် ဖရိဂျီယနယ်တစ်လျှောက် တစ်နေရာမှ တစ်နေရာသို့သွားလာပြီး တပည့်တော်များကို ခွန်အားပေးလေ၏။
23 Aí se demorou apenas por algum tempo, partiu de novo e atravessou sucessivamente as regiões da Galácia e da Frígia, fortalecendo todos os discípulos.
24 အာပိုလိုအမည်ရှိသော အလက်ဇန္ဒြိယမြို့သား ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်ဆုမြို့သို့ရောက်ရှိလာ၏။ သူသည် အဟောအပြောကောင်းသူဖြစ်ပြီး ကျမ်းစာများကို ကောင်းစွာတတ်သိသူဖြစ်၏။-
24 Entrementes, um judeu chamado Apolo, natural de Alexandria, homem eloqüente e muito versado nas Escrituras, chegou a Éfeso.
25 သူသည် သခင်ဘုရား၏ တရားလမ်းတော်ကို စုံလင်စွာ လေ့လာသင်ယူထားသူဖြစ်ပြီး ယေဇူးနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို စိတ်အားထက်သန်စွာဖြင့် အတိအကျဟောပြော သွန်သင်နိုင်သူလည်းဖြစ်၏။ သို့ရာတွင် သူသည် ယောဟန်၏ ဆေးကြောခြင်းကိုသာ သိရှိထားလေ၏။-
25 Era instruído no caminho do Senhor, falava com fervor de espírito e ensinava com precisão a respeito de Jesus, embora conhecesse somente o batismo de João.
26 သူသည် တရားဇရပ်တွင် ရဲဝံ့စွာ စတင်ဟောပြောလေ၏။ သို့သော် ပရစ္စိလနှင့် အာကွိလတို့သည် သူဟောပြောသည်ကို ကြားကြသောအခါ သူ့ကို အိမ်သို့ခေါ်ပြီးလျှင် ဘုရားသခင်၏ တရားလမ်းတော်ကို ပိုမိုတိကျစွာ အသေးစိတ် ရှင်းပြကြ၏။-
26 Começou, pois, a falar na sinagoga com desassombro. Como Priscila e Áquila o ouvissem, levaram-no consigo, e expuseram-lhe mais profundamente o caminho do Senhor.
27 ဤသို့ဖြင့် အာပိုလိုသည် အာခါယာပြည်သို့ သွားလိုသောအခါ ညီအစ်ကိုတို့သည် သူ့ကို အားပေးကြပြီးလျှင် သူ့အား လက်ခံကြိုဆိုကြရန် တပည့်တော်များထံသို့ စာရေးလိုက်ကြ၏။ သူသည်လည်း ထိုအရပ်သို့ ရောက်ရှိသောအခါ ကျေးဇူးတော်အားဖြင့် ယုံကြည်သူဖြစ်လာသောသူတို့အား အကူအညီများစွာပေးလေ၏။-
27 Como ele quisesse ir à Acaia, os irmãos animaram-no e escreveram aos discípulos que o recebessem bem. A sua presença {em Corinto} foi, pela graça de Deus, de muito proveito para os que haviam crido,
28 အကြောင်းမူကား သူသည် ယေဇူးမှာ မေဆိယဖြစ်တော်မူကြောင်းကို လူတို့ရှေ့တွင် ကျမ်းစာအထောက်အထားများဖြင့် ဂျူးလူမျိုးတို့အား ပိုင်နိုင်စွာချေပပြောဆို နိုင်သောကြောင့်ဖြစ်၏။
28 pois com grande veemência refutava publicamente os judeus, provando, pelas Escrituras, que Jesus era o Messias.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.