Atos 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 ထိုစဉ် ဂျူဒေးယပြည်မှ အန္တီယော့မြို့သို့ဆင်းလာသော သူအချို့တို့က ညီအစ်ကိုတို့အား သင်တို့သည် မိုးဇက်၏ ပညတ်တရားနှင့်အညီ အရေဖျားလှီးခြင်းကို မခံကြလျှင် ကယ်တင်ခြင်းမရနိုင်ဟု သွန်သင်ကြလေ၏။-
1 Chegaram a Antioquia alguns homens da Judeia e começaram a ensinar aos irmãos: “A menos que sejam circuncidados, conforme exige a lei de Moisés, vocês não poderão ser salvos”.
2 ထိုအခါ ပေါလုနှင့် ဘာနဘတို့သည် ထိုသူတို့နှင့် ကြီးစွာစိတ်သဘောကွဲလွဲ၍ အငြင်းပွားကြသဖြင့် ဤ အကြောင်းအရာနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရန် ပေါလု၊ ဘာနဘနှင့် အခြားသောတပည့်တော်အချို့ကို ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့် သက်ကြီးဝါကြီးတို့ထံ သို့သွားကြရန် တာဝန်ပေးအပ်ကြ၏။-
2 Paulo e Barnabé discordaram deles e discutiram energicamente. Por fim, a igreja decidiu enviar Paulo e Barnabé a Jerusalém, acompanhados de alguns irmãos de Antioquia, para tratar dessa questão com os apóstolos e presbíteros.
3 သို့ဖြစ်၍ အသင်းတော်က စေလွှတ်သော ခရီးစဉ်ကိုသွားကြစဉ် သူတို့သည် ဖွေနိစိယနှင့် ဆမာရိယနယ်တို့ကို ဖြတ်သွား ကြ၍ လူမျိုးခြားတို့ ဘာသာဝင်လာကြသည့်အကြောင်းကို ပြောကြားကြကာ ညီအစ်ကိုများကို အလွန်ဝမ်းမြောက်စေကြ၏။-
3 A igreja, portanto, enviou seus representantes a Jerusalém. No caminho, eles pararam na Fenícia e em Samaria para visitar os irmãos e contaram que os gentios também estavam sendo convertidos, o que muito alegrou a todos.
4 သူတို့သည် ဂျေရုဆလင်မြို့သို့ ရောက်ကြသောအခါ အသင်းတော်နှင့်တကွ တမန်တော်များနှင့် သက်ကြီးဝါကြီးများက ကြိုဆိုလက်ခံကြ၍ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်လုပ်ဆောင်တော်မူ သမျှအလုံးစုံကို ပြောပြကြ၏။-
4 Quando chegaram a Jerusalém, foram bem recebidos pela igreja, pelos apóstolos e presbíteros, e relataram tudo que Deus havia feito por meio deles.
5 သို့သော် ဖာရီဇေးဦးတို့ ၏အဖွဲ့တွင်ပါဝင်သော ယုံကြည်သူအချို့တို့သည်ထ၍ လူမျိုးခြားတို့သည် အရေဖျားလှီးခြင်းကိုခံယူ၍ မိုးဇက်၏ ပညတ်တရားကိုလိုက်နာရန် လိုအပ်သည်ဟု ဆိုကြ၏။
5 Contudo, alguns dos irmãos que pertenciam à seita dos fariseus se levantaram e disseram: “É necessário que os convertidos gentios sejam circuncidados e guardem a lei de Moisés”.
6 တမန်တော်များနှင့် သက်ကြီးဝါကြီးတို့သည် ဤအမှုကိစ္စကိုစဉ်းစားဆုံးဖြတ်ရန် စည်းဝေးကြ၏။-
6 Os apóstolos e presbíteros se reuniram para decidir a questão.
7 သူတို့သည် များစွာဆွေးနွေးငြင်းခုံကြပြီးသည့်နောက် ပေတရုသည်ထ၍ သူတို့အား ဆိုသည်မှာ ညီအစ်ကိုတို့၊ အထက် ကာလက ဘုရားသခင်သည် လူမျိုးခြားတို့ကို ငါ၏နှုတ်အားဖြင့် ဧဝံဂေလိသတင်းကောင်းကို ကြားနာစေလျက် ယုံကြည်လာ ကြစေရန် သင်တို့အထဲမှ ငါ့ကိုရွေးကောက်တော်မူခဲ့ကြောင်း သင်တို့ကောင်းစွာသိကြ၏။-
7 Depois de uma longa discussão, Pedro se levantou e se dirigiu a eles, dizendo: “Irmãos, vocês sabem que, há muito tempo, Deus me escolheu dentre vocês para falar aos gentios a fim de que eles pudessem ouvir as boas-novas e crer.
8 လူ၏စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည်လည်း ဝိညာဉ်တော်မြတ်ကို ငါတို့အား ပေးတော်မူသည့်နည်းတူ သူတို့အားလည်း ပေးသနားခြင်းဖြင့် သူတို့ဘက်၌ သက်သေခံတော်မူ၏။-
8 Deus conhece o coração humano e confirmou que aceita os gentios ao lhes dar o Espírito Santo, como o deu a nós.
9 ကိုယ်တော်သည် သူတို့၏စိတ်နှလုံးများကို ယုံကြည်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်စေတော်မူသောကြောင့် ငါတို့နှင့် သူတို့အကြားတွင် ခွဲခြားခြင်းပြုတော်မမူပေ။-
9 Não fez distinção alguma entre nós e eles, pois purificou o coração deles por meio da fé.
10 ထို့ကြောင့် ငါတို့၏ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်မထမ်းနိုင်ခဲ့ကြသော ထမ်းပိုးကို တပည့်တော်တို့အား ထမ်းစေခြင်းဖြင့် ဘုရားသခင်ကို အဘယ်ကြောင့်စုံစမ်းကြသနည်း။-
10 Então por que agora vocês provocam a Deus, sobrecarregando os discípulos gentios com um jugo que nem nós nem nossos antepassados conseguimos suportar?
11 သို့သော် ငါတို့သည်လည်း သူတို့ကဲ့သို့ ခရစ်တော်၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံကြရလိမ့်မည်ဟု ငါတို့ယုံကြည်ကြ၏ဟု ပြောဆိုလေ၏။
11 Cremos que todos, nós e eles, somos salvos da mesma forma, pela graça do Senhor Jesus”.
12 ထိုအခါ စုဝေးနေကြသောသူအားလုံးတို့သည် တိတ်ဆိတ်နေကြလျက် ဘာနဘနှင့်ပေါလုတို့က လူမျိုးခြားတို့အလယ်၌ မိမိတို့အားဖြင့် ဘုရားသခင်လုပ်ဆောင်တော်မူသော တန်ခိုးလက္ခဏာနှင့် အံ့ဖွယ်ရာများအား ပြောပြသည်ကို နားထောင်ကြ၏။-
12 Todos ouviram em silêncio enquanto Barnabé e Paulo lhes relatavam os sinais e maravilhas que Deus havia realizado por meio deles entre os gentios.
13 သူတို့ပြောဆိုကြပြီးသောအခါ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။-
13 Quando terminaram de falar, Tiago se levantou e disse: “Irmãos, ouçam-me!
14 ဘုရားသခင်သည် မိမိ၏နာမတော်အတွက် လူမျိုးခြားများထဲမှ လူမျိုးတော်ကိုရွေးနုတ်တော်မူရန် သူတို့ထံသို့ ရှေးဦးစွာ အကြည့်အရှုကြွလာတော်မူကြောင်း စီမွန်က ဟောပြောခဲ့လေပြီ။-
14 Pedro lhes falou sobre como Deus visitou primeiramente os gentios para separar dentre eles um povo para si.
15 ဤအကြောင်းအရာသည် ပရောဖက်တို့၏စကားနှင့်ကိုက်ညီပေ၏။ ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား၊-
15 E isso está em pleno acordo com o que disseram os profetas. Como está escrito:
16 ငါသည် နောက်မှပြန်လာ၍ ပြိုလဲနေသောဒါဝိဒ်မင်းကြီး၏အိမ် တော်ကို ပြန်လည်တည်ဆောက်မည်။ ယင်း၏ပြိုပျက်ရာ များကိုလည်း ငါပြန်တည်ဆောက်၍ ခိုင်ခန့်စေမည်။-
16 ‘Depois disso voltarei e restaurarei a tenda caída de Davi. Reconstruirei suas ruínas e a restaurarei,
17 ကြွင်းကျန်သောသူများနှင့် ငါ၏နာမတော်အားဖြင့် ခေါ်ဝေါ်ခြင်းခံရသော လူမျိုးခြားအပေါင်းတို့သည် ထာ၀ရဘုရား သခင်ကို ရှာကြလိမ့်မည်ဟူ၍၊-
17 para que o restante da humanidade busque o Senhor, incluindo os gentios, todos os que chamei para serem meus. O Senhor falou,
18 ဤအမှုအရာတို့ကို ရှေးကာလကပင် ဗျာဒိတ်ထားတော်မူသော ထာ၀ရဘုရားသခင်က မိန့်တော်မူသည်ဟုလာသတည်း။
18 aquele que tornou essas coisas conhecidas desde a eternidade’.
19 ထို့ကြောင့် ငါတို့သည် ဘုရားသခင်ထံတော်သို့ ပြောင်းလဲလာကြသော လူမျိုးခြားတို့အခက်တွေ့စေရန် မပြုလုပ်သင့်ပေ။-
19 “Portanto, considero que não devemos criar dificuldades para os gentios que se convertem a Deus.
20 သို့သော် သူတို့သည် ရုပ်တုအား ပူဇော်ထားသည့် ညစ်ညူးသောအစားအစာကို စားခြင်းမှလည်းကောင်း၊ ကာမဂုဏ် လိုက်စားခြင်းမှလည်းကောင်း၊ လည်ပင်းညှစ်၍သတ်သော တိရစ္ဆာန်၏အသားနှင့် သွေးကို စားသုံးခြင်းမှလည်းကောင်း ရှောင်ကြဉ်ကြရန် စာရေး၍ အကြောင်းကြားသင့်သည်ဟု ငါစီရင်ဆုံးဖြတ်၏။-
20 Ao contrário, devemos escrever a eles dizendo-lhes que se abstenham de alimentos oferecidos a ídolos, da imoralidade sexual, da carne de animais estrangulados e do sangue.
21 အကြောင်းမူကား ရှေးကာလအဆက်ဆက်ကပင် မိုး ဇက်၏ပညတ်ဥပဒေကို ဥပုသ်နေ့တိုင်း ဖတ်ရှုကြသည် ဖြစ်၍ ခပ်သိမ်းသောမြို့ရွာတို့၌ မိုးဇက်၏တရားကို ဟော ပြောသွန်သင်စေခဲ့သောကြောင့်တည်းဟု ပြောဆိုလေ ၏။
21 Pois essas leis de Moisés são pregadas todos os sábados nas sinagogas judaicas em todas as cidades há muitas gerações”.
22 ထို့နောက် တမန်တော်များ၊ သက်ကြီးဝါကြီးများနှင့် အသင်းတော်တစ်ခုလုံးသည် မိမိတို့အထဲမှလူများကို ရွေးချယ်၍ ၎င်းတို့ကို ပေါလု၊ ဘာနဘတို့နှင့်အတူ အန္တီယော့မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြလေ၏။ သူတို့သည် ညီအစ်ကိုတို့တွင် ထင်ရှားသောသူများဖြစ်ကြသည့် ဘာ ဆာဘဟုခေါ်သောဂျုဒနှင့် စီလပ်တို့ကို၊-
22 Então os apóstolos e presbíteros e toda a igreja em Jerusalém escolheram representantes e os enviaram a Antioquia da Síria, com Paulo e Barnabé, para informar sobre essa decisão. Os homens escolhidos eram dois líderes entre os irmãos: Judas, também chamado Barsabás, e Silas.
23 ဤစာနှင့် အတူ စေလွှတ်လိုက်ကြ၏။ စာတွင်ရေးထားသည်ကား တမန်တော်များနှင့် သက်ကြီးဝါကြီးများဖြစ်ကြသော သင်တို့၏ညီအစ်ကိုတို့သည် အန္တီယော့မြို့၊ ဆီးရိယနှင့် စီလိစိယပြည်တို့တွင် နေထိုင်ကြသော လူမျိုးခြားညီအစ်ကိုတို့ကို နှုတ်ဆက်လိုက်ပါ၏။-
23 Esta foi a carta que levaram: “Nós, os apóstolos e presbíteros, e seus irmãos em Jerusalém, escrevemos esta carta aos irmãos gentios em Antioquia, Síria e Cilícia. Saudações.
24 ငါတို့ထံမှ လူအချို့သည် ငါတို့၏ခွင့်ပြုချက် မရှိဘဲ ထွက်သွား၍ သူတို့၏စကားများဖြင့် သင်တို့ကို အခက်တွေ့စေ၍ သင်တို့၏စိတ်နှလုံးများကို အနှောင့် အယှက်ဖြစ်စေကြသည်ဟု ငါတို့ကြားသိကြရ၏။-
24 “Soubemos que alguns homens, que daqui saíram sem nossa autorização, têm perturbado e inquietado vocês com seu ensino.
25 ထို့ကြောင့် ငါတို့သည် လူများကိုရွေးချယ်၍ သူတို့ကို ငါတို့ချစ်ခင်သော ဘာနဘနှင့် ပေါလုတို့နှင့်အတူ သင်တို့ထံသို့ စေလွှတ်ရန် အစည်းအဝေးတွင် သဘောတူညီခဲ့ကြ၏။-
25 Portanto, depois de chegarmos a um consenso, resolvemos enviar-lhes alguns representantes com nossos amados irmãos Barnabé e Paulo,
26 ပေါလုနှင့် ဘာနဘတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်အတွက် အသက်အန္တရာယ်များကြားမှ စွန့်စားခဲ့သူ များဖြစ်ကြ၏။-
26 que têm arriscado a vida pelo nome de nosso Senhor Jesus Cristo.
27 ထို့ကြောင့် ငါတို့သည် ဂျုဒနှင့်စီလပ်တို့ကို သင်တို့ထံသို့ စေလွှတ်ခြင်းဖြစ်၏။ သူတို့သည် စာတွင်ရေးထားသော အကြောင်းအရာတို့ကို နှုတ်အားဖြင့်လည်း ကိုယ်တိုင်ပြောပြကြပါလိမ့်မည်။-
27 Estamos enviando Judas e Silas para confirmarem pessoalmente o que aqui escrevemos.
28 အောက်တွင် ပါရှိသော ကျင့်ဆောင်ရမည့်အချက်များထက် ပို၍လေးလံသောဝန်ကို သင်တို့အပေါ်သို့ မတင်ကြရန် ဝိညာဉ် တော်မြတ်နှင့် ငါတို့ဆုံးဖြတ်ခဲ့ကြ၏။-
28 “Pois pareceu bem ao Espírito Santo e a nós não impor a vocês nenhum peso maior que estes poucos requisitos:
29 သင်တို့ကျင့်ကြံရမည့် အချက်များသည်ကား ရုပ်တုရှေ့တွင် ပူဇော်သော ယဇ်ကောင်ကိုလည်းကောင်း၊ သွေးကိုလည်းကောင်း၊ လည်ပင်းညှစ်၍သတ်ထားသောတိရစ္ဆာန်တို့ကိုလည်း ကောင်း၊ ကာမဂုဏ်လိုက်စားခြင်းမှလည်းကောင်း ရှောင် ကြဉ်ကြရန်တို့ဖြစ်ကြ၏။ သင်တို့သည် ဤအရာများကို ရှောင်ကြဉ်ကြပါက မှန်သောအရာကို ကျင့်ကြံကြလေပြီ။ ကျန်းမာရွှင်လန်းကြပါစေဟူ၍ ရေးထားလေ၏။
29 abstenham-se de comer alimentos oferecidos a ídolos, de consumir o sangue ou a carne de animais estrangulados, e de praticar a imoralidade sexual. Farão muito bem se evitarem essas coisas. “Que tudo lhes vá bem.”
30 ထိုသူတို့သည်လည်း စေလွှတ်ခြင်းခံရသည်နှင့် အန္တီယော့မြို့သို့သွားကြ၍ ယုံကြည်သူအပေါင်းတို့ကို စုဝေးစေပြီးလျှင် ထိုစာကို ပေးအပ်ကြ၏။-
30 Os mensageiros partiram de imediato para Antioquia, onde reuniram os irmãos e entregaram a carta.
31 သူတို့သည် စာကိုဖတ်ကြသောအခါ စာတွင်ပါသော အားပေးနှစ်သိမ့် စကားများကြောင့် အလွန်ဝမ်းမြောက်ကြ၏။-
31 Houve grande alegria em toda a igreja no dia em que leram essa mensagem animadora.
32 ဂျုဒနှင့် စီလပ်တို့သည်လည်း ပရောဖက်များ ဖြစ်ကြသောကြောင့် ညီအစ်ကိုတို့ကို များစွာသောစကားတို့ဖြင့် တိုက်တွန်း နှိုးဆော်ကြ၍ သူတို့ကို ခွန်အားပေးကြ၏။-
32 Então Judas e Silas, ambos profetas, encorajaram e fortaleceram os irmãos com muitas palavras.
33 သူတို့သည် ထိုနေရာတွင် အချိန်အတန်ကြာနေထိုင်ကြပြီးနောက် မိမိတို့ကိုစေလွှတ်သောသူတို့ထံသို့ အေးချမ်းစွာ ပြန်ကြ စေရန် ညီအစ်ကိုများက နှုတ်ဆက်ကြ၏။-
33 Permaneceram ali algum tempo, e depois os irmãos os enviaram em paz de volta à igreja de Jerusalém.
34 သို့သော် စီလပ်သည် ထိုအရပ်တွင် နေရစ်ရန် ဆုံးဖြတ်လေ၏။-
34 Silas, porém, resolveu permanecer ali.
35 ပေါလုနှင့် ဘာနဘတို့မူကား အန္တီယော့မြို့တွင် ဆက်လက်နေထိုင်၍ အခြားသူများနှင့်အတူ ဘုရားသခင်၏နှုတ် တော်ထွက်စကားကို ဟောပြောသွန်သင်ကြလေ၏။
35 Paulo e Barnabé ficaram em Antioquia. Eles e muitos outros ensinavam e pregavam a palavra do Senhor naquela cidade.
36 ရက်အနည်းငယ်ကြာသောအခါ ပေါလုက ဘာနဘအား သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ငါတို့ ဟောပြော သွန်သင်ခဲ့ကြသော မြို့ရှိသမျှမှ ညီအစ်ကိုများ ထံသို့ပြန်သွား၍ ထိုသူတို့ မည်ကဲ့သို့ရှိနေကြသည်ကို ကြည့်ကြစို့ ဟုဆို၏။-
36 Algum tempo depois, Paulo disse a Barnabé: “Voltemos para visitar cada uma das cidades onde pregamos a palavra do Senhor, para ver como os irmãos estão indo”.
37 ထိုအခါ ဘာနဘသည် မာကုဟုခေါ်သော ယောဟန်ကို မိမိတို့နှင့်အတူ ခေါ်ဆောင်သွားရန် အလိုရှိလေ၏။-
37 Barnabé queria levar João Marcos,
38 ပေါလုကမူ ပမ်ဖိလိယပြည်တွင် မိမိတို့ထံမှ ထွက်ခွာသွားပြီး မိမိတို့နှင့် အမှုတော်ထမ်းရန် မလိုက်ခဲ့သောသူကို ခေါ်မသွားသင့်ဟု ယူဆလေ၏။-
38 mas Paulo se opôs, pois João Marcos tinha se separado deles na Panfília, não prosseguindo com eles no trabalho.
39 ဤသို့ဖြင့် သူတို့အချင်းချင်း ကြီးစွာစိတ်သဘော ကွဲလွဲကြပြီး သူတို့သည် လမ်းခွဲကြလေ၏။ ဘာနဘသည် မာကုကို ခေါ်လျက် စိပရုကျွန်းသို့ ရွက်လွှင့်ထွက်ခွာသွားလေ၏။-
39 O desentendimento entre eles foi tão grave que os dois se separaram. Barnabé levou João Marcos e navegou para Chipre.
40 ပေါလုသည်လည်း စီလပ်ကိုရွေးချယ်၍ ညီအစ်ကိုများအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်၌ အပ်နှံခြင်းကို ခံယူလျက် ထွက်ခွာသွားလေ၏။-
40 Paulo escolheu Silas e partiu, e os irmãos o entregaram ao cuidado gracioso do Senhor.
41 သူသည် ဆီးရိယနှင့် စီလိစိယပြည်များသို့သွားရောက်၍ အသင်းတော်များကို ပေါင်းစည်းခိုင်မာစေခဲ့၏။
41 Então ele viajou por toda a Síria e Cilícia, fortalecendo as igrejas de lá.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.