Atos 14

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဤသို့ဖြင့် အီကိုးနိယမြို့၌ သူတို့သည် ဂျူးလူမျိုးတို့၏တရားဇရပ်သို့ အတူတကွဝင်ကြ၍ ဟောပြောကြရာ ဂျူးနှင့် ဂရိလူမျိုး နှစ်မျိုးလုံးပါဝင်သည့် များစွာသော လူအစုအဝေးသည် ယုံကြည်ကြလေ၏။-
1 Em Icônio, Paulo e Barnabé, segundo seu costume, entraram na sinagoga dos judeus e ali pregaram, de tal modo que uma grande multidão de judeus e de gregos se converteu à fé.
2 သို့သော် မယုံကြည်သောဂျူးလူမျိုးများသည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်ကြ၍ ညီအစ်ကိုတို့အပေါ် အထင်မှားစေရန် ပြုလုပ်ကြ၏။-
2 Mas os judeus, que tinham permanecido incrédulos, excitaram os ânimos dos pagãos contra os irmãos.
3 ထို့ကြောင့် တမန်တော်တို့သည် ကြာမြင့်စွာနေကြ၍ သခင်ဘုရားအတွက် ရဲဝံ့စွာဟောပြောကြလေ၏။ ကိုယ်တော် သည်လည်း သူတို့၏လက်များဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်တန်ခိုးများကို ပြုလုပ်လျက် မိမိကျေးဇူးတော်၏ နှုတ်တော်ထွက်စကားကို သက်သေခံတော်မူ၏။-
3 Não obstante, eles se demoraram ali por muito tempo, falando com desassombro e confiança no Senhor, que dava testemunho à palavra da sua graça pelos milagres e prodígios que ele operava por mãos dos apóstolos.
4 သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲလျက်ရှိကြပြီး အချို့သည် ဂျူးလူမျိုးများဘက်တွင် ပါဝင်၍ အချို့သည် တမန်တော်တို့ဘက်မှ ရပ်တည်ကြ၏။-
4 A população da cidade achava-se dividida: uns eram pelos judeus, outros pelos apóstolos.
5 ထို့နောက် ဂျူးလူမျိုးများနှင့် လူမျိုးခြားတို့သည် မင်းအရာရှိများနှင့်ပူးပေါင်းလျက် သူတို့ကိုညှဉ်းပန်းနှိပ်စက်၍ ကျောက်ခဲနှင့်ပေါက်သတ်ရန် ကြိုးပမ်းအားထုတ်ကြ၏။-
5 Mas como se tivesse levantado um motim dos gentios e dos judeus, com os seus chefes, para os ultrajar e apedrejar,
6 သူတို့သည်လည်း ဤအကြောင်းကို ကြားသိကြသောအခါ လီကိုးနိယပြည်ရှိ လစ္စတြာမြို့နှင့် ဒေးဘေမြို့များသို့ လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသများသို့လည်းကောင်း ရှောင်ပြေးကြပြီးလျှင်၊-
6 ao saberem disso, fugiram para as cidades da Licaônia, Listra e Derbe e suas circunvizinhanças.
7 ထိုအရပ်တို့၌ ဧဝံဂေလိသတင်းကောင်းကို ဆက်လက်ဟောပြောကြလေ၏။
7 Ali pregaram o Evangelho.
8 ထိုအချိန်၌ လစ္စတြာမြို့တွင် မိမိ၏ခြေတို့ကိုအသုံး မပြုနိုင်သောသူတစ်ယောက်သည် ထိုင်လျက်ရှိ၏။ ထိုသူသည် မွေးစကပင် မသန်မစွမ်းဖြစ်၍ တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးချေ။-
8 Em Listra vivia um homem aleijado das pernas, coxo de nascença, que nunca tinha andado.
9 ထိုသူသည် ပေါလုဟောပြောနေသည်ကို နားထောင်နေလေ၏။ ပေါလုသည်လည်း သူ့ကို စေ့စေ့ကြည့်လျက် ထိုသူသည် သူ၏ရောဂါပျောက်ကင်းမည်ဟု ယုံကြည်ကြောင်းကို သိမြင်သောကြောင့်၊-
9 Sentado, ele ouvia Paulo pregar. Este, fixando nele os olhos e vendo que tinha fé para ser curado,
10 သင်ထ၍ တည့်မတ်စွာမတ်တတ်ရပ်လော့ဟု ကျယ်သောအသံနှင့်ဆို၏။ ထိုအခါ သူသည် ထခုန်၍ လမ်းလျှောက်လေ၏။-
10 disse em alta voz: Levanta-te direito sobre os teus pés! Ele deu um salto e pôs-se a andar.
11 လူအစုအဝေးတို့သည်လည်း ပေါလုပြုလုပ်သောအမှုအရာကိုမြင်ကြလျှင် နတ်ဘုရားများသည် လူတို့၏ပုံသဏ္ဌာန်ကို ဆောင်လျက် ငါတို့ထံသို့ ဆင်းကြွလာကြလေပြီတကားဟု လီကိုးနိယဘာသာစကားဖြင့် မိမိတို့၏အသံကိုမြှင့်၍ ကြွေးကြော်ကြ၏။-
11 Vendo a multidão o que Paulo fizera, levantou a voz, gritando em língua licaônica: Deuses em figura de homens baixaram a nós!
12 သူတို့သည် ဘာနဘကို ဇေးဦးဟုခေါ်ကြ၍ ပေါလုသည်ကား အဓိက ဟောပြောသူဖြစ်သောကြောင့် သူ့ကို ဟေမက်ဟု ခေါ်ကြလေ၏။-
12 Chamavam a Barnabé Zeus e a Paulo Hermes, porque era este quem dirigia a palavra.
13 ဇေးဦးဘုရား၏ဗိမာန်သည် မြို့အရှေ့တွင်ရှိ၍ ထိုဗိမာန်မှရဟန်းသည် နွားထီးများနှင့် ပန်းကုံးများကို မြို့တံခါး၀သို့ ယူဆောင်လာပြီး လူအစုအဝေးတို့နှင့်အတူ ယဇ်ပူဇော်ဆက်ကပ်မည်ဟု ကြံရွယ်လေ၏။-
13 Um sacerdote de Zeus Propóleos trouxe para as portas touros ornados de grinaldas, querendo, de acordo com todo o povo, sacrificar-lhos.
14 သို့သော် တမန်တော်ဘာနဘနှင့် ပေါလုတို့သည် ဤအကြောင်းကိုကြားကြသောအခါ မိမိတို့အဝတ်များကို ဆုတ်ဖြဲကြ၍ လူအစုအဝေးထဲသို့ပြေးဝင်ပြီး ကြွေးကြော်သည်မှာ၊-
14 Mas os apóstolos Barnabé e Paulo, ao perceberem isso, rasgaram as suas vestes e saltaram no meio da multidão:
15 အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူသားများပင်ဖြစ်ကြ၏။ သင်တို့သည် ဤကဲ့သို့အချည်းနှီးဖြစ်သောအရာများ ကိုပစ်ပယ်ကြ၍ ကောင်းကင်၊ ကမ္ဘာမြေကြီး၊ ပင်လယ်တို့နှင့် ယင်းတို့တွင် တည်ရှိသမျှအရာတို့ကို ဖန်ဆင်းတော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်ထံသို့ ဆည်းကပ်ကြစေရန် သတင်း ကောင်းကို ငါတို့ယူဆောင်လာကြခြင်းဖြစ်၏။-
15 Homens, clamavam eles, por que fazeis isso? Também nós somos homens, da mesma condição que vós, e pregamos justamente para que vos convertais das coisas vãs ao Deus vivo, que fez o céu, a terra, o mar e tudo quanto neles há.
16 ရှေးယခင်ကာလများတွင် ကိုယ်တော်သည် လူမျိုးအပေါင်းတို့အား မိမိတို့အလိုဆန္ဒရှိကြသည့် လမ်းစဉ်များအတိုင်း လိုက်နာကျင့်သုံးစေတော်မူခဲ့၏။-
16 Ele permitiu nos tempos passados que todas as nações seguissem os seus caminhos.
17 သို့သော်လည်း ကိုယ်တော်သည် မိမိကိုယ်တော်တိုင်ကို သက်သေမခံဘဲလျက် နေတော်မမူခဲ့ပေ။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းကျိုးပြုတော်မူ၍ သင်တို့အား ကောင်းကင်မှ မိုးနှင့်အသီးအပွင့် ဖြစ်ထွန်းစေသော ဥတုရာသီတို့ကို ပေးသနားပြီး သင်တို့၏စိတ်နှလုံးများကို အစားအစာနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ကျေနပ်အားရ စေတော်မူခဲ့သည်ဟု ဆိုကြလေ၏။-
17 Contudo, nunca deixou de dar testemunho de si mesmo, por seus benefícios: dando-vos do céu as chuvas e os tempos férteis, concedendo abundante alimento e enchendo os vossos corações de alegria.
18 ဤစကားများဖြင့် တမန်တော်တို့သည် မိမိတို့အား လူအများက ပူဇော်ပသခြင်း မပြုကြစေရန် တားဆီးနိုင်ရုံမျှသာရှိ၏။
18 Apesar dessas palavras, não foi sem dificuldade que contiveram a multidão de sacrificar a eles.
19 သို့သော် အီကိုးနိယနှင့် အန္တီယော့မြို့များမှ ဂျူးလူမျိုးတို့သည် လူအများကို ဖြားယောင်းပြောဆိုကြသဖြင့် သူတို့သည် ပေါလုကို ကျောက်ခဲနှင့်ပေါက်သတ်၍ သေပြီအထင်ဖြင့် မြို့အပြင်သို့ဆွဲထုတ်ကြလေ၏။-
19 Sobrevieram, porém, alguns judeus de Antioquia e de Icônio que persuadiram a multidão. Apedrejaram Paulo e, dando-o por morto, arrastaram-no para fora da cidade.
20 သို့ရာတွင် တပည့်တော်တို့သည် သူ့ထံသို့စုဝေးလာကြသောအခါ သူသည် ထ၍ မြို့အတွင်းသို့ဝင်လေ၏။ နောက်တစ်နေ့ တွင် သူသည် ဘာနဘနှင့်အတူ ဒေးဘေမြို့သို့ခရီးဆက်လေ၏။
20 Os discípulos o rodearam. Ele se levantou e entrou na cidade. No dia seguinte, partiu com Barnabé para Derbe.
21 သူတို့သည် ထိုမြို့တွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြ၍ များစွာသောလူတို့ကို တပည့်တော်များ ဖြစ်စေကြပြီးနောက် လစ္စတြာနှင့် အီကိုးနိယတို့မှတစ်ဆင့် အန္တီယော့မြို့သို့ ပြန်သွားကြလေ၏။-
21 Depois de ter pregado o Evangelho à cidade de Derbe, onde ganharam muitos discípulos, voltaram para Listra, Icônio e Antioquia {da Pisídia}.
22 သူတို့က ငါတို့သည် မြောက်မြားလှစွာသောဆင်းရဲဒုက္ခတို့ကို ခံယူ ထမ်းရွက်ခြင်းဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ကြရ မည်ဟု ဟောကြားလျက် တပည့်တော်တို့၏စိတ်နှလုံးကို အားဖြည့်ပေးကြပြီး ယုံကြည်ခြင်း၌ ဆက်လက်အသက် ရှင်နေထိုင်ကြရန် ထိုသူတို့ကို နှိုးဆော်ခဲ့ကြ၏။-
22 Confirmavam as almas dos discípulos e exortavam-nos a perseverar na fé, dizendo que é necessário entrarmos no Reino de Deus por meio de muitas tribulações.
23 သူတို့သည် အသင်းတော်အုပ်စုတိုင်းအတွက် ခေါင်းဆောင်များ ခန့်ထားပြီးနောက် အစာရှောင်ခြင်း၊ ဝါရှောင်ခြင်းအမှု တို့ကိုပြုကာ ထိုခေါင်းဆောင်တို့ကို မိမိတို့ယုံကြည်သော သခင်ဘုရားထံတော်၌ ဆက်ကပ်ကြလေ၏။
23 Em cada igreja instituíram anciãos e, após orações com jejuns, encomendaram-nos ao Senhor, em quem tinham confiado.
24 ထို့နောက် သူတို့သည် ပီစီဒိယပြည်ကို ဖြတ်သန်း၍ ပမ်ဖိလိယသို့ ရောက်လာကြပြီးလျှင်၊-
24 Atravessaram a Pisídia e chegaram a Panfília.
25 ပေဂါမြို့ ၌ နှုတ်တော်ထွက်စကားကို ဟောပြောပြီးနောက် အာတာလိ ယသို့ဆင်းသွားကြ၏။-
25 Depois de ter anunciado a palavra do Senhor em Perge, desceram a Atália.
26 ထိုအရပ်မှနေ၍ သူတို့သည် အန္တီယော့မြို့သို့ ရွက်လွှင့်ခဲ့ကြ၏။ ထိုမြို့သည်ကား သူတို့ ယခုပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော လုပ်ငန်းများအတွက် သူတို့အား ဘုရားသခင်၏ကျေးဇူးတော်သို့ ရှေးဦးစွာ အပ်နှံခဲ့ကြသောမြို့ ဖြစ်လေ၏။
26 Dali navegaram para Antioquia {da Síria}, de onde tinham partido, encomendados à graça de Deus para a obra que estavam a completar.
27 ဤသို့ဖြင့် သူတို့ရောက်ရှိကြသောအခါ အသင်းတော်ကို စုဝေးစေ၍ မိမိတို့အားဖြင့် ဘုရားသခင် လုပ်ဆောင်တော်မူသမျှ တို့ကိုလည်းကောင်း၊ ကိုယ်တော်သည် လူမျိုးခြားတို့အတွက် ယုံကြည်ခြင်းတံခါးကို မည်ကဲ့သို့ ဖွင့်ပေးတော်မူကြောင်း ကိုလည်းကောင်း ပြောပြကြလေ၏။- ထို့နောက် သူတို့သည် တပည့်တော်များနှင့်အတူ အချိန်အတော်ကြာနေထိုင်ကြ၏။
27 Ali chegados, reuniram a igreja e contaram quão grandes coisas Deus fizera com eles, e como abrira a porta da fé aos gentios.
28 — ausente —
28 Demoraram-se com os discípulos longo tempo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.