Atos 13
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ထိုအချိန်၌ အန္တီယော့မြို့ရှိ အသင်းတော်တွင် ပရောဖက်များနှင့် ဟောပြောသွန်သင်သူများရှိကြ၏။ ထိုသူတို့မှာ ဘာနဘ၊ နီဂျာဟုခေါ်သောစီမေအွန်၊ ဆီရီနေမြို့သားလူစီဦး၊ ဟေရုဒ်မင်း၏နန်းတော်သား တစ်ဦးဖြစ်သော မာနာအံနှင့် ဆောလုတို့ ဖြစ်ကြ၏။-
1 E na igreja que estava em Antioquia havia alguns profetas e doutores, a saber: Barnabé e Simeão chamado Níger, e Lúcio, cireneu, e Manaém, que fora criado com Herodes o tetrarca, e Saulo.
2 သူတို့သည် သခင်ဘုရားကို ဝတ်ပြုလျက် အစာရှောင်ကြစဉ် ဝိညာဉ်တော်မြတ်က ငါရွေးချယ်သော အမှုတော်ကို ထမ်းဆောင်ရန် ဆောလုနှင့် ဘာနဘတို့အား ငါ့အတွက် သီးခြားထားပေးကြလော့ဟု မိန့်တော်မူ၏။
2 E, servindo eles ao Senhor, e jejuando, disse o Espírito Santo: Apartai-me a Barnabé e a Saulo para a obra a que os tenho chamado.
3 ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြပြီးနောက် ထိုသူတို့နှစ်ဦးအပေါ်၌ မိမိတို့၏လက်များကို တင်ကြ၍ သူတို့ကို စေလွှတ်လိုက်ကြ၏။
3 Então, jejuando e orando, e pondo sobre eles as mãos, os despediram.
4 သို့ဖြစ်၍ သူတို့သည် ဝိညာဉ်တော်မြတ်၏ စေလွှတ်ခြင်းကိုခံကြရသဖြင့် ဆေလေဦးစီယာသို့ ထွက်ခွာကြပြီး ထိုအရပ်မှတစ်ဆင့် စိပရုကျွန်းသို့ သင်္ဘောစီးခဲ့ကြ၏။-
4 E assim estes, enviados pelo Espírito Santo, desceram a Selêucia e dali navegaram para Chipre.
5 ဆာလာမစ်မြို့သို့ ဆိုက်ရောက်ကြသောအခါ သူတို့သည် ဂျူးလူမျိုးတို့၏ တရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောကြ၏။ ယောဟန်သည်လည်း သူတို့အဖို့ အထောက်အကူဖြစ်လေ၏။-
5 E, chegados a Salamina, anunciavam a palavra de Deus nas sinagogas dos judeus; e tinham também a João como cooperador.
6 သူတို့သည် စိပရုကျွန်းတစ်ခုလုံးကို လှည့်လည်သွားလာရာ ပါဖို့မြို့တိုင်အောင်ရောက်သဖြင့် ဂျူးလူမျိုးပရောဖက် အတုအယောင်တစ်ဦးဖြစ်သော ဘားယေဇူးအမည်ရှိသည့် မှော်ဆရာတစ်ဦးနှင့် ဆုံကြ၏။-
6 E, havendo atravessado a ilha até Pafos, acharam um certo judeu mágico, falso profeta, chamado Barjesus,
7 ထိုသူသည် ဘုရင်ခံ ဆာဂျီဦးပေါလုနှင့်အတူ ရှိနေလေ၏။ ဘုရင်ခံသည် ဉာဏ်ပညာထက်မြက်သူဖြစ်၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ကြားလိုသော ဆန္ဒရှိသဖြင့် ဘာနဘနှင့် ဆောလုတို့ကို ဆင့်ခေါ်လေ၏။-
7 O qual estava com o procônsul Sérgio Paulo, homem prudente. Este, chamando a si Barnabé e Saulo, procurava muito ouvir a palavra de Deus.
8 သို့သော် မှော်ဆရာ ဧလိမတ် (ယင်းကား သူ၏နာမည်ကို ဂရိဘာသာစကားဖြင့် ခေါ်ဆိုခြင်းဖြစ်၏) အမည်ရှိသောသူသည် ဘုရင်ခံကို ယုံကြည်ခြင်းမှလွှဲဖယ်ခြင်းငှာ ဘာနဘနှင့် ဆောလုတို့ကို ဟန့်တားလေ၏။-
8 Mas resistia-lhes Elimas, o encantador (porque assim se interpreta o seu nome), procurando apartar da fé o procônsul.
9 သို့သော် ပေါလုဟု အမည်တွင်သော ဆောလုသည် ဝိညာဉ်တော်မြတ်ဖြင့် ပြည့်၀လျက် သူ့ကိုစေ့စေ့ကြည့်ပြီးမှ၊-
9 Todavia Saulo, que também se chama Paulo, cheio do Espírito Santo, e fixando os olhos nele,
10 စာတန်နတ်ဆိုး၏ သားဖြစ်သောသူ၊ ဖြောင့်မတ်ခြင်းတရား ရှိသမျှ၏ရန်ဘက်၊ လိမ်လည်လှည့်ဖြားခြင်းနှင့် ဆိုးယုတ်မှုအပေါင်းတို့ဖြင့် ပြည့်နှက်နေသော သင်သည် သခင်ဘုရား၏ ဖြောင့်မတ်သောလမ်းများကို ကွေ့ကောက်စေခြင်းမှ မရပ်တန့်ဘဲနေမည်လော။-
10 Disse: Ó filho do diabo, cheio de todo o engano e de toda a malícia, inimigo de toda a justiça, não cessarás de perturbar os retos caminhos do Senhor?
11 ကြည့်လော့၊ သခင်ဘုရား၏လက်တော်သည် သင့်အပေါ်၌ ကျရောက်ပြီဖြစ်၍ သင်သည် မျက်စိကွယ်လျက် ကာလ အတန်ကြာအောင် နေကိုမမြင်ရဘဲ ရှိလိမ့်မည်ဟု သူ့အားဆိုလေ၏။ ထိုခဏချင်းတွင်ပင် မြူခိုးများနှင့် မှောင်မိုက်ခြင်းသည် သူ့အပေါ်သို့ သက်ရောက်သဖြင့် သူသည် မိမိအား လက်တွဲခေါ် မည့်သူများကိုရှာ၍ သွားလာရလေ၏။-
11 Eis aí, pois, agora contra ti a mão do Senhor, e ficarás cego, sem ver o sol por algum tempo. E no mesmo instante a escuridão e as trevas caíram sobre ele e, andando à roda, buscava a quem o guiasse pela mão.
12 ဘုရင်ခံသည်လည်း ဖြစ်ပျက်သမျှကိုမြင်သောအခါ ယုံကြည်လေ၏။ အကြောင်းမူကား သူသည် သခင်ဘုရား၏ သွန်သင် ချက်၌ အလွန်အံ့ဩသောကြောင့်ဖြစ်၏။
12 Então o procônsul, vendo o que havia acontecido, creu, maravilhado da doutrina do Senhor.
13 ထိုအခါ ပေါလုနှင့်သူ၏အဖော်များသည် ပါဖို့မြို့မှ ရွက်လွှင့်ထွက်ခွာခဲ့ကြရာ ပမ်ဖိလိယပြည်၊ ပေဂါမြို့သို့ ဆိုက်ရောက် လာကြ၏။ ထိုအခါ ယောဟန်သည် သူတို့ ကိုထားခဲ့၍ ဂျေရုဆလင်မြို့သို့ပြန်သွားလေ၏။-
13 E, partindo de Pafos, Paulo e os que estavam com ele chegaram a Perge, da Panfília. Mas João, apartando-se deles, voltou para Jerusalém.
14 သူတို့မူကား ပေဂါမြို့ကိုဖြတ်သန်း၍ ဆက်လက်ထွက်ခွာကြရာ ပီစီဒိယပြည်၊ အန္တီယော့မြို့သို့ ရောက်ကြ၏။ ထို့နောက် သူတို့သည် ဥပုသ်နေ့၌ တရားဇရပ်တွင် ဝင်၍ထိုင်ကြလေ ၏။-
14 E eles, saindo de Perge, chegaram a Antioquia, da Pisídia, e, entrando na sinagoga, num dia de sábado, assentaram-se;
15 ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့ကို ဖတ်ပြီးသောအခါ တရားဇရပ်မှူးများက သူတို့အား ညီအစ်ကိုတို့၊ လူပရိသတ်အတွက် သင်တို့၌ ဆုံးမနှိုးဆော်စရာများရှိလျှင် ဟောပြောကြပါဟု လူလွှတ်၍ ပြောလေ၏။
15 E, depois da lição da lei e dos profetas, lhes mandaram dizer os principais da sinagoga: Homens irmãos, se tendes alguma palavra de consolação para o povo, falai.
16 ထို့ကြောင့် ပေါလုသည်ထ၍ မိမိလက်ဖြင့် အမှတ်လက္ခဏာပြလျက်ဆိုသည်ကား အစ္စရာအဲလ်အမျိုးသားတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြသောသူ အပေါင်းတို့၊ နားထောင်ကြလော့။-
16 E, levantando-se Paulo, e pedindo silêncio com a mão, disse: Homens israelitas, e os que temeis a Deus, ouvi:
17 ဤအစ္စရာအဲလ်လူမျိုး၏ ဘုရားသခင်သည် ငါတို့၏ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်တွင် သူတို့ နေထိုင်ခဲ့ရစဉ် သူတို့ကို ကြီးမားသော လူမျိုးဖြစ်စေခဲ့ပြီး အားကြီးသော လက်တော်ဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ခေါ်ဆောင် တော်မူခဲ့၏။-
17 O Deus deste povo de Israel escolheu a nossos pais, e exaltou o povo, sendo eles estrangeiros na terra do Egito; e com braço poderoso os tirou dela;
18 ထို့နောက် ကိုယ်တော်သည် နှစ်ပေါင်းလေးဆယ်ပတ်လုံး တောကန္တာရ၌ သူတို့ကို သည်းခံတော်မူခဲ့၏။-
18 E suportou os seus costumes no deserto por espaço de quase quarenta anos.
19 ဤသို့ဖြင့် ကိုယ်တော်သည် ကာနန်ပြည်ရှိ လူမျိုးခုနစ်မျိုးကို ဖျက်ဆီးသုတ်သင်ပြီးသောအခါ ငါတို့၏ဘိုးဘေးတို့အား ထိုသူတို့၏ တိုင်းပြည်ကို အမွေအနှစ်အဖြစ် နှစ်ပေါင်းလေးရာ့ငါးဆယ်တိုင်တိုင် ပေးတော်မူခဲ့၏။-
19 E, destruindo a sete nações na terra de Canaã, deu-lhes por sorte a terra deles.
20 ထို့နောက် ကိုယ်တော်သည် သူတို့အား အုပ်ချုပ်ရန် တရားသူကြီးများကို ပေးထားတော်မူခဲ့သည်မှာ ပရောဖက်ဆာ မူအဲလ်လက်ထက်တိုင်အောင်ဖြစ်၏။-
20 E, depois disto, por quase quatrocentos e cinqüenta anos, lhes deu juízes, até ao profeta Samuel.
21 ထိုကာလ၌ သူတို့သည် ဘုရင်တစ်ပါးကိုတောင်းခံခဲ့ကြသဖြင့် ဘုရား သခင်သည် ဘင်ဂျာမင်အမျိုးအနွယ်ဝင် ကစ်ရှ၏သား ဆောလုကို နှစ်ပေါင်းလေးဆယ်ပတ်လုံး သူတို့အား ပေးတော်မူ၏။-
21 E depois pediram um rei, e Deus lhes deu por quarenta anos, a Saul filho de Cis, homem da tribo de Benjamim.
22 ထို့နောက် ကိုယ်တော်သည် ထိုသူ့ကိုဖယ်ရှားတော်မူ၍ ဒါဝိဒ်ကို သူတို့၏ဘုရင်အဖြစ် တင်မြှောက်ခဲ့ပြီးလျှင် သူ့ကို သက်သေခံလျက် မိန့်တော်မူခဲ့သည်မှာ ဂျက်ဆေ၏သား ဒါဝိဒ်သည် ငါနှစ်သက်သဘောတွေ့၍ ငါ၏အလိုဆန္ဒရှိသမျှကို ဆောင်ရွက်မည့်သူဖြစ်ကြောင်း ငါသိတော်မူပြီဟူ၍ဖြစ်သတည်း။-
22 E, quando este foi retirado, levantou-lhes como rei a Davi, ao qual também deu testemunho, e disse: Achei a Davi, filho de Jessé, homem conforme o meu coração, que executará toda a minha vontade.
23 ဘုရားသခင်သည် မိမိကတိထားတော်မူခဲ့သည့်အတိုင်း အစ္စရာအဲလ်လူမျိုးတို့အတွက် ကယ်တင်ရှင်ယေဇူးကို ဤသူ၏အမျိုးအနွယ်မှ ပေါ်ထွန်းစေခဲ့၏။-
23 Da descendência deste, conforme a promessa, levantou Deus a Jesus para Salvador de Israel;
24 ဤသို့ဖြင့် ကယ်တင်ရှင်ကြွ လာတော်မမူမီ ယောဟန်သည် နောင်တတရားနှင့်ဆိုင်သော ဆေးကြောခြင်းအကြောင်းကို အစ္စရာအဲလ်လူမျိုး အပေါင်းတို့အား ဟောကြားခဲ့လေ၏။-
24 Tendo primeiramente João, antes da vinda dele, pregado a todo o povo de Israel o batismo de arrependimento.
25 ထို့နောက် ယောဟန်သည် မိမိ၏အမှုတော်ကို ဆောင်ရွက်ပြီးစီးချိန်၌ မိန့်ဆိုခဲ့သည်မှာ ငါမည်သူဖြစ်သည်ဟု သင်တို့ထင်ကြသ နည်း။ ငါသည် ထိုသူမဟုတ်။ သို့သော် ငါ့နောက်၌ ကြွလာ မည့်သူတစ်ဦးရှိ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေခြင်းငှာ ငါမထိုက်တန်ဟူ၍ဖြစ်သတည်း။
25 Mas João, quando completava a carreira, disse: Quem pensais vós que eu sou? Eu não sou o Cristo; mas eis que após mim vem aquele a quem não sou digno de desatar as alparcas dos pés.
26 ညီအစ်ကိုတို့၊ အာဘရာဟံ၏ မိသားစုဝင်သားများနှင့် သင်တို့ထဲမှ ဘုရားသခင်ကို ကြောက်ရွံ့ကြသောသူတို့၊ ဤကယ်တင်ခြင်း၏ သတင်းကောင်းသည် ငါတို့ထံသို့ စေလွှတ်ခြင်းခံခဲ့ရလေပြီ။-
26 Homens irmãos, filhos da geração de Abraão, e os que dentre vós temem a Deus, a vós vos é enviada a palavra desta salvação.
27 ဂျေရုဆလင်မြို့တွင် နေထိုင်သူများနှင့် ၎င်းတို့၏အုပ်ချုပ်သူများသည် ထိုသခင်ကို မသိကြသောကြောင့်လည်းကောင်း၊ ဥပုသ်နေ့တိုင်း၌ ဖတ်ကြားသော ပရောဖက်တို့၏ ဟောထားချက်များကိုလည်း နားမလည်ကြသောကြောင့်လည်းကောင်း သူတို့သည် ကိုယ်တော့်ကို သေဒဏ်စီရင်ကြခြင်းဖြင့် ဤကျမ်းချက်များကို ပြည့်စုံစေခဲ့ကြပြီ။-
27 Por não terem conhecido a este, os que habitavam em Jerusalém, e os seus príncipes, condenaram-no, cumprindo assim as vozes dos profetas que se lêem todos os sábados.
28 သူတို့သည် ကိုယ်တော့်ကို သေဒဏ်စီရင်ထိုက်သော စွပ်စွဲချက်တစ်စုံတစ်ခုမျှ မတင်နိုင်သော်လည်း ကိုယ်တော့်ကို အသေသတ်ရန် ပီလာတုမင်းအား တောင်းဆိုခဲ့ကြ၏။-
28 E, embora não achassem alguma causa de morte, pediram a Pilatos que ele fosse morto.
29 ကိုယ်တော့်ကို ရည်ညွန်း၍ ရေးထားသော ကျမ်းချက်ရှိသမျှတို့ကို ပြည့်စုံစေကြပြီးမှ သူတို့သည် ကိုယ်တော့်ကိုသစ်တိုင်ပေါ် မှချ၍ သခင်္ျိုင်းဂူတစ်ခုအတွင်း၌ ထားကြ၏။-
29 E, havendo eles cumprido todas as coisas que dele estavam escritas, tirando-o do madeiro, o puseram na sepultura;
30 သို့သော် ဘုရားသခင်သည် ကိုယ်တော့်ကို သေသူတို့၏အစုမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့၏။-
30 Mas Deus o ressuscitou dentre os mortos.
31 ကိုယ်တော်သည် မိမိနှင့်အတူ ဂါလေလေးယနယ်မှ ဂျေရုဆလင်မြို့သို့ လိုက်ပါလာခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာ ထင်ရှားပြတော်မူ၏။ ယခုအခါတွင် ထိုသူတို့သည် လူအများရှေ့၌ ကိုယ်တော့်ကို သက်သေခံသော သူများဖြစ်ကြလေပြီ။-
31 E ele por muitos dias foi visto pelos que subiram com ele da Galiléia a Jerusalém, e são suas testemunhas para com o povo.
32 ငါတို့သည် ဘိုးဘေးတို့အား ဘုရားသခင် ကတိထားတော်မူခဲ့သော သတင်းကောင်းကို သင်တို့ထံသို့ယူဆောင်လာကြ၏။-
32 E nós vos anunciamos que a promessa que foi feita aos pais, Deus a cumpriu a nós, seus filhos, ressuscitando a Jesus;
33 ဆာလံကျမ်း ဒုတိယအခန်း၌ သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် ငါသည် သင့်ကိုဖွားမြင်စေပြီဟူ၍ ရေးထားသကဲ့သို့ ဘုရားသခင်သည် ယေဇူးကို ရှင်ပြန်ထမြောက် စေခြင်းအားဖြင့် သူတို့၏သားမြေးများဖြစ်ကြသော ငါတို့၌ ထိုကတိတော်ကို ပြည့်စုံစေတော်မူလေပြီ။-
33 Como também está escrito no salmo segundo: Meu filho és tu, hoje te gerei.
34 ဘုရားသခင်သည် ကိုယ်တော့်ကို သေခြင်းမှထမြောက်စေပြီး ပုပ်ပျက်ခြင်းသို့ မည်သည့်အခါမျှ ပြန်လည်မရောက်စေ မည့်အကြောင်းနှင့်စပ်လျဉ်း၍ မိန့်တော်မူခဲ့သည်ကား ငါသည် ဒါဝိဒ်၏သန့်ရှင်းတည်ကြည်သော ကောင်းချီးတော်များကို သင့်အား ပေးအပ်တော်မူမည်ဟူ၍ဖြစ်၏။-
34 E que o ressuscitaria dentre os mortos, para nunca mais tornar à corrupção, disse-o assim: As santas e fiéis bênçãos de Davi vos darei.
35 ထို့ကြောင့် အခြားသောဆာလံကျမ်းပိုဒ်၌ ကိုယ်တော်က မိန့်ဆိုထားသည်မှာ ကိုယ်တော်သည် မိမိ၏သန့်ရှင်းမြင့် မြတ်သောသူအား ပုပ်ပျက်ခြင်းကို မြင်တွေ့ခွင့်ပြုတော်မူ မည်မဟုတ်ဟူ၍ဖြစ်သတည်း။-
35 Por isso também em outro salmo diz: Não permitirás que o teu santo veja corrupção.
36 အဘယ်ကြောင့်ဆိုသော် ဒါဝိဒ်သည် မိမိ၏လက်ထက်၌ ဘုရားသခင် ၏မိန့်မှာချက်အတိုင်း ဆောင်ရွက်ခဲ့ပြီးသည့်နောက် ကျိန်းစက်သဖြင့် မိမိ၏ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းခံခဲ့ရ၍ ပုပ်ပျက်ခြင်းကိုမြင်ခဲ့ရ၏။-
36 Porque, na verdade, tendo Davi no seu tempo servido conforme a vontade de Deus, dormiu, foi posto junto de seus pais e viu a corrupção.
37 သို့သော် ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသောသူသည် ပုပ်ပျက်ခြင်းကို မမြင်တွေ့ခဲ့ရပေ။
37 Mas aquele a quem Deus ressuscitou nenhuma corrupção viu.
38 ထို့ကြောင့် ညီအစ်ကိုတို့၊ အပြစ်ခွင့်လွှတ်ခြင်းတရားတော်သည် ဤသူအားဖြင့် သင်တို့ထံသို့ ကြေညာဟောပြောခြင်း ခံရကြောင်း သိမှတ်ကြလော့။-
38 Seja-vos, pois, notório, homens irmàos, que por este se vos anuncia a remissão dos pecados.
39 ယုံကြည်သူတိုင်းသည် ဤသူအားဖြင့် မိုးဇက်၏ပညတ်ဥပဒေအရ အခွင့်မလွှတ်နိုင်သော အရာဟူသမျှမှ လွတ်မြောက် လေပြီ။-
39 E de tudo o que, pela lei de Moisés, não pudestes ser justificados, por ele é justificado todo aquele que crê.
40 ထို့ကြောင့် ပရောဖက်ကျမ်းတွင် ရေးသားထားသည့် အတိုင်း သင်တို့၌မဖြစ်စေရန် သတိပြုကြလော့။-
40 Vede, pois, que não venha sobre vós o que está dito nos profetas:
41 ရေးထားချက်သည်ကား ကြည့်လော့၊ မထီလေးစားပြုသော သင်တို့၊ အံ့အားသင့်၍ ပျက်စီးကြလော့။ အကြောင်းမူကား ငါသည် သင်တို့၏လက်ထက်၌ အမှုအရာတစ်ခုကို ပြုလုပ်မည်။ ထိုအမှုအရာကို တစ်စုံတစ်ယောက်က သင်တို့အား ကြေညာအသိပေးသော်လည်း သင်တို့သည် ယုံကြည်ကြလိမ့်မည်မဟုတ် ဟူ၍ဖြစ်သတည်းဟု ဟောပြောလေ၏။
41 Vede, ó desprezadores, e espantai-vos e desaparecei;porque opero uma obra em vossos dias,ora tal que não crereis, se alguém vo-la contar.
42 ထို့နောက် တမန်တော်တို့သည် ထွက်သွားကြစဉ် လူအများက နောက်လာမည့် ဥပုသ်နေ့တွင်လည်း ဤအကြောင်းအရာများကို မိမိတို့အား ဟောပြောပါရန် သူတို့ကို တောင်းပန်ကြ၏။-
42 E, saídos os judeus da sinagoga, os gentios rogaram que no sábado seguinte lhes fossem ditas as mesmas coisas.
43 တရားဇရပ်တွင် ဝတ်ပြုခြင်း ပြီးဆုံးသောအခါ များစွာသော ဂျူးလူမျိုးများနှင့် ယုံကြည်ခြင်း ထက်သန်စွာဖြင့် ဂျူးဘာသာထဲသို့ ဝင်ခဲ့သောသူများသည် ပေါလုနှင့် ဘာနဘတို့၏နောက်သို့ လိုက်လာကြသဖြင့် သူတို့သည် ထိုသူတို့အား ဘုရားသခင်၏ ကျေးဇူးတော်၌ ဆက်လက်အသက်ရှင်နေထိုင်ကြရန် နှိုးဆော်တိုက်တွန်းကြလေ၏။
43 E, despedida a sinagoga, muitos dos judeus e dos prosélitos religiosos seguiram Paulo e Barnabé; os quais, falando-lhes, os exortavam a que permanecessem na graça de Deus.
44 နောက်တစ်ပတ်ဥပုသ်နေ့တွင် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကိုကြားနာရန် တစ်မြို့လုံးနီးပါးခန့်လာ၍ စုဝေးကြလေ၏။-
44 E no sábado seguinte ajuntou-se quase toda a cidade para ouvir a palavra de Deus.
45 ဂျူးလူမျိုးတို့မူကား လူအစုအဝေးကို မြင်သောအခါ မနာလိုစိတ်နှင့်ပြည့်နေကြသဖြင့် ပေါလုဟောပြောသော စကားတို့ကို ဆန့်ကျင်ငြင်းခုံလျက် သူ့အား ပုတ်ခတ်ပြောဆိုကြ၏။-
45 Então os judeus, vendo a multidão, encheram-se de inveja e, blasfemando, contradiziam o que Paulo falava.
46 ထိုအခါ ပေါလုနှင့် ဘာနဘတို့က ရဲဝံ့စွာပြောဆိုကြသည်မှာ ဘုရားသခင်၏နှုတ်တော်ထွက်စကားကို သင်တို့အား ရှေးဦးပထမဟောပြောရန် လိုအပ်ပေ၏။ သို့သော် သင်တို့သည် နှုတ်တော်ထွက်စကားကို ငြင်းပယ်ခြင်းဖြင့် သင်တို့ကိုယ်ကို ထာ၀ရ အသက်နှင့်မထိုက်တန်ဟု သင်တို့ကိုယ်တိုင် စီရင်ဆုံးဖြတ်ကြသောကြောင့် ငါတို့သည် ယခု လူမျိုးခြားတို့ထံသို့ လှည့်ကြ၏။-
46 Mas Paulo e Barnabé, usando de ousadia, disseram: Era mister que a vós se vos pregasse primeiro a palavra de Deus; mas, visto que a rejeitais, e não vos julgais dignos da vida eterna, eis que nos voltamos para os gentios;
47 အကြောင်းမူကား သခင်ဘုရားသည် ငါတို့အား မိန့်မှာထားတော်မူသည်ကား ကယ်တင်ခြင်းကျေးဇူးကို ကမ္ဘာမြေကြီး စွန်းတိုင်အောင် သင်တို့သယ်ဆောင်သွားစေရန် လူမျိုးခြားတို့၏ အလင်းအဖြစ် သင်တို့ကို ငါခန့်ထားတော်မူပြီ ဟူ၍ဖြစ်၏ ဆိုကြလေ၏။
47 Porque o Senhor assim no-lo mandou:eu te pus para luz dos gentios,a fim de que sejas para salvação até os confins da terra.
48 လူမျိုးခြားတို့သည်လည်း ဤအကြောင်းကို ကြားကြသောအခါ ဝမ်းမြောက်ကြ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ချီးမွမ်းထောမနာပြုကြ၏။ ထာ၀ရအသက်ရရှိရန် ရည်မှန်းထားသောသူများစွာတို့သည် ယုံကြည်ကြ၍၊-
48 E os gentios, ouvindo isto, alegraram-se, e glorificavam a palavra do Senhor; e creram todos quantos estavam ordenados para a vida eterna.
49 ဘုရားသခင်၏နှုတ်တော်ထွက်စကားသည်လည်း ထိုနယ်တစ်နယ်လုံး၌ ပျံ့နှံ့သွားလေ၏။
49 E a palavra do Senhor se divulgava por toda aquela província.
50 သို့သော် ဂျူးလူမျိုးတို့သည် ဘုရားတရားကြည်ညိုသော အထက်တန်းလွှာအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို သွေးထိုးလှုံ့ဆော်လျက် ပေါလုနှင့်ဘာနဘတို့ကို ညှဉ်းပန်းနှိပ်စက်စေရန်ပြုလုပ်ကြပြီး သူတို့ကို မိမိတို့၏ဒေသမှ နှင်ထုတ်ကြလေ၏။-
50 Mas os judeus incitaram algumas mulheres religiosas e honestas, e os principais da cidade, e levantaram perseguição contra Paulo e Barnabé, e os lançaram fora dos seus termos.
51 သူတို့သည်ကား ၎င်းတို့ကို ဆန့်ကျင်သည့်အနေဖြင့် မိမိတို့၏ခြေတို့မှ မြေမှုန့်များကိုခါချကြပြီးလျှင် အီကိုးနိယမြို့သို့ ထွက်သွားကြ ၏။-
51 Sacudindo, porém, contra eles o pó dos seus pés, partiram para Icônio.
52 ထို့နောက် တပည့်တော်တို့သည် ဝမ်းမြောက်ခြင်းဖြင့်လည်းကောင်း၊ ဝိညာဉ်တော်မြတ်ဖြင့်လည်းကောင်း ပြည့်၀လျက် ရှိကြလေ၏။ ဘာနဘနှင့် ဆောလုတို့ အီကိုးနိယမြို့သို့ရောက်ရှိကြခြင်း
52 E os discípulos estavam cheios de alegria e do Espírito Santo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.