Atos 12
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ထိုအချိန်၌ ဟေရုဒ်ဘုရင်သည် အသင်းတော်တွင် ပါဝင်သူအချို့ကို ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းဆဲလေ၏။-
1 Por aquele mesmo tempo, o rei Herodes estendeu as mãos sobre alguns da igreja para os maltratar;
2 သူသည် ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကိုဓားဖြင့် ကွပ်မျက်လေ၏။-
2 e matou à espada Tiago, irmão de João.
3 ဤသို့ပြုခြင်းကို ဂျူးလူမျိုးတို့နှစ်သက်သဘောကျကြောင်း သူတွေ့မြင်သောအခါ ပေတရုကိုလည်း ဆက်လက်ဖမ်းဆီး လေ၏။ ထိုအချိန်သည် တဆေးမပါသောပေါင်မုန့်ပွဲတော်အချိန် ဖြစ်၏။-
3 E, vendo que isso agradara aos judeus, continuou, mandando prender também a Pedro. E eram os dias dos asmos.
4 သူသည် ပေတရုကိုဖမ်းဆီးပြီးနောက် ထောင်ထဲ၌ အကျဉ်းချထားပြီး တစ်ဖွဲ့လျှင် စစ်သူရဲလေးဦးပါဝင်သော အဖွဲ့လေးဖွဲ့ဖြင့် ပေတရုကိုစောင့်ကြပ်ရန် အပ်ထားလေ၏။ သူသည် ပါစကားပွဲပြီးသောအခါ ပေတရုအား လူတို့ထံသို့ ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။-
4 E, havendo-o prendido, o encerrou na prisão, entregando- o a quatro quaternos de soldados, para que o guardassem, querendo apresentá-lo ao povo depois da Páscoa.
5 သို့ဖြစ်၍ ပေတရုသည် ထောင်ထဲတွင်အကျဉ်းခံနေရလေ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းလျက်ရှိ၏။
5 Pedro, pois, era guardado na prisão; mas a igreja fazia contínua oração por ele a Deus.
6 ဟေရုဒ်ဘုရင်သည် ပေတရုကို အပြင်သို့ထုတ်၍ စစ်ဆေးမည့်နေ့ မတိုင်မီညတွင် ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့် ချည်နှောင်ထားခြင်းခံရလျက် စစ်သူရဲနှစ်ဦး၏အလယ်တွင် အိပ်ပျော်နေလေ၏။ အစောင့်တို့သည်လည်း ထောင်တံခါးရှေ့၌ အကျဉ်းထောင်ကို စောင့်ကြပ်လျက်ရှိကြ၏။-
6 E, quando Herodes estava para o fazer comparecer, nessa mesma noite, estava Pedro dormindo entre dois soldados, ligado com duas cadeias, e os guardas diante da porta guardavam a prisão.
7 ထိုအခိုက် သခင်ဘုရား၏ ကောင်းကင်တမန်တော်သည် ရုတ်တရက်ပေါ်လာ၍ အကျဉ်းထောင်အခန်းထဲ၌ အလင်းရောင်တစ်ခု ထွန်းတောက်လေ၏။ ထို့နောက် သူသည် ပေတရု၏နံဘေးကို ပုတ်၍နှိုးလျက် အလျင်အမြန်ထလော့ ဟုဆိုလေ၏။ ထိုအခါ သံကြိုးများသည် ပေတရု၏လက်မှ ကျွတ်ကျသွားကြ၏။-
7 E eis que sobreveio o anjo do Senhor, e resplandeceu uma luz na prisão; e, tocando a Pedro no lado, o despertou, dizendo: Levanta-te depressa! E caíram-lhe das mãos as cadeias.
8 ကောင်းကင်တမန်တော်က ပေတရုအား သင်၏အဝတ်များကို ဝတ်ဆင်၍ ဖိနပ်ကိုစီးလော့ ဟုဆိုသဖြင့် သူသည်လည်း ထိုအတိုင်းပြုလေ၏။ ထို့နောက် သူက သင်၏ဝတ်ရုံကိုခြုံ၍ ငါ့နောက်သို့လိုက်ခဲ့လော့ဟု သူ့အားဆို၏။-
8 E disse-lhe o anjo: Cinge-te e ata as tuas sandálias. E ele o fez assim. Disse-lhe mais: Lança às costas a tua capa e segue-me.
9 ပေတရုသည်လည်း အပြင်သို့ထွက်၍ ကောင်းကင်တမန်တော်၏ နောက်သို့လိုက်လေ၏။ သူသည် ကောင်းကင်တမန်တော် ပြုလုပ်သမျှကို အမှန်တကယ်ဖြစ်ပျက်နေသည်ဟု မသိဘဲ ရူပါရုံကိုမြင်နေရသည်ဟုသာ ထင်မှတ်လေ၏။-
9 E, saindo, o seguia. E não sabia que era real o que estava sendo feito pelo anjo, mas cuidava que via alguma visão.
10 သူတို့သည် ပထမနှင့်ဒုတိယကင်းစောင့်များကို ကျော်ဖြတ်ပြီးသောအခါ မြို့ဘက်သို့သွားသည့် သံတံခါးဆီသို့ ရောက်လာကြ၏။ သံတံခါးသည် အလိုအလျောက်ပွင့်လာသဖြင့် သူတို့သည် ထွက်လာကြ၍ လမ်းအတိုင်း ဆက်သွားကြ၏။ ထိုစဉ် ကောင်းကင်တမန်တော်သည် သူ့ထံမှ ရုတ်တရက်ထွက်ခွာသွားလေ၏။-
10 E, quando passaram a primeira e a segunda guarda, chegaram à porta de ferro que dá para a cidade, a qual se lhes abriu por si mesma; e, tendo saído, percorreram uma rua, e logo o anjo se apartou dele.
11 ထိုအခါ ပေတရုသည် သတိပြန်ရလာ၍ သခင်ဘုရားသည် မိမိ၏ ကောင်းကင်တမန်တော်ကိုစေလွှတ်၍ ငါ့အား ဟေရုဒ် ဘုရင်၏ လက်မှလည်းကောင်း၊ ဂျူးလူမျိုးတို့ မျှော်လင့်ထားသော ဘေးရန်အပေါင်းတို့မှလည်းကောင်း ကယ်တော်မူခဲ့သည်ကို ယခုငါ အသေအချာသိလေပြီဟုဆို၏။
11 E Pedro, tornando a si, disse: Agora, sei, verdadeiramente, que o Senhor enviou o seu anjo e me livrou da mão de Herodes e de tudo o que o povo dos judeus esperava.
12 သူသည် ဤအကြောင်းကိုသိမြင်သောအခါ မာကုဟုအမည်တွင်သော ယောဟန်၏မိခင် မာရိယာ၏အိမ်သို့ သွားလေ၏။ ထိုအိမ်၌ လူများစွာစုဝေး၍ ဆုတောင်းလျက်ရှိကြ၏။-
12 E, considerando ele nisso, foi à casa de Maria, mãe de João, que tinha por sobrenome Marcos, onde muitos estavam reunidos e oravam.
13 ပေတရုသည် အိမ်အဝင်တံခါးကို ခေါက်လိုက်သောအခါ ရိုဒါအမည်ရှိသော အစေခံအမျိုးသမီးသည် တံခါးဖွင့်ရန်လာလေ၏။-
13 E, batendo Pedro à porta do pátio, uma menina chamada Rode saiu a escutar.
14 သူမသည် ပေတရု၏အသံကို မှတ်မိသဖြင့် ဝမ်းသာသောကြောင့် တံခါးကိုမဖွင့်သေးဘဲ အိမ်တွင်းသို့ပြေးဝင်လျက် ပေတရုသည် တံခါး၀၌ရပ်နေကြောင်းကို ပြောကြားလေ၏။-
14 E, conhecendo a voz de Pedro, de alegria não abriu a porta, mas, correndo para dentro, anunciou que Pedro estava à porta.
15 သူတို့ကလည်း သင်သည်ရူးနေပြီဟု ဆိုကြ၏။ သို့သော် သူမက ပေတရုသည် အမှန်တကယ်ရပ်နေကြောင်း ထပ်မံပြောဆိုသောအခါ သူတို့က ပေတရု၏ကိုယ်စောင့်သိကြား ဖြစ်လိမ့်မည်ဟုဆိုကြ၏။-
15 E disseram-lhe: Estás fora de ti. Mas ela afirmava que assim era. E diziam: É o seu anjo.
16 ပေတရုသည်ကား တံခါးကိုအဆက်မပြတ် ခေါက်နေသဖြင့် သူတို့သည် တံခါးဖွင့်လိုက်ကြသောအခါ သူ့ကိုမြင်ရသဖြင့် အလွန်အံ့ဩကြလေ၏။-
16 Mas Pedro perseverava em bater, e, quando abriram, viram-no e se espantaram.
17 သို့သော် ပေတရုသည် သူတို့ကို တိတ်ဆိတ်စွာနေကြရန် အချက်ပြ၍ သခင်ဘုရားသည် မိမိကို အကျဉ်းထောင်မှ မည်ကဲ့သို့ ထုတ်ဆောင်တော်မူခဲ့ကြောင်းကို သူတို့အား ဖော်ပြပြောဆိုလေ၏။ ထို့နောက် သူက ဤအကြောင်းကို ယာကုပ်နှင့် ညီအစ်ကိုတို့အား ပြောပြကြလော့ဟုဆိုလျက် အခြားတစ်နေရာသို့ ထွက်ခွာသွားလေ၏။
17 E, acenando-lhes ele com a mão para que se calassem, contou-lhes como o Senhor o tirara da prisão e disse: Anunciai isto a Tiago e aos irmãos. E, saindo, partiu para outro lugar.
18 မိုးလင်းသောအခါ ပေတရုမည်သို့ဖြစ်သွားသနည်းဟုဆို၍ စစ်သူရဲများအကြားတွင် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်လေ၏။-
18 E, sendo já dia, houve não pouco alvoroço entre os soldados sobre o que seria feito de Pedro.
19 ဟေရုဒ်ဘုရင်သည်လည်း ပေတရုကို ရှာဖွေစေပြီးမှ မတွေ့သောအခါ အစောင့်များကို စစ်ဆေး၍ သူတို့ကို သေစေဟု အမိန့်ချမှတ်လေ၏။ ပေတရုသည်လည်း ဂျူဒေးယပြည်မှ ဆီဇားရိယမြို့သို့ထွက်ခွာ သွား၍ ထိုအရပ်တွင် နေထိုင်လေ၏။
19 E, quando Herodes o procurou e o não achou, feita inquirição aos guardas, mandou-os justiçar. E, partindo da Judeia para Cesareia, ficou ali.
20 ထိုအချိန်၌ ဟေရုဒ်သည် တီရာနှင့် စီဒွန်နယ်မှ လူတို့အပေါ် ဒေါသအမျက်ထွက်နေသဖြင့် ထိုနယ်သားတို့ သည် သူ့ထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ ဘုရင်၏ အတွင်းဝန်ဖြစ်သော ဘလပ်စတု၏ အကူအညီကို ရယူလျက် အမျက်တော် ပြေငြိမ်း မည့်အကြောင်း တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏နိုင်ငံသည် စားနပ်ရိက္ခာအတွက် ဘုရင်၏နိုင်ငံအပေါ် မှီခိုနေရသောကြောင့်ဖြစ်၏။-
20 E ele estava irritado com os de Tiro e de Sidom; mas estes, vindo de comum acordo ter com ele e obtendo a amizade de Blasto, que era o camarista do rei, pediam paz, porquanto o seu país se abastecia do país do rei.
21 ချိန်းချက်သောနေ့တွင် ဟေရုဒ်သည် မင်းဝတ်တန်ဆာများဝတ်ဆင်၍ ပလ္လင်ပေါ်၌ထိုင်လျက် သူတို့အား မိန့်ခွန်းမြွက်ကြား လေ၏။-
21 E, num dia designado, vestindo Herodes as vestes reais, estava assentado no tribunal e lhes dirigiu a palavra.
22 ထိုအခါ လူတို့က ဤအသံသည် လူ၏အသံမဟုတ်၊ နတ်ဘုရားတစ်ပါး၏ အသံဖြစ်သည်ဟု ကြွေးကြော်ကြ၏။-
22 E o povo exclamava: Voz de Deus, e não de homem!
23 ထိုခဏချင်းတွင် ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်သည် သူ့ကိုအပြစ်ဒဏ်ခတ်လေ၏။ အကြောင်းမူကား သူသည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို မချီးမွမ်းသောကြောင့်တည်း။ ထိုအခါ သူသည် ခန္ဓာကိုယ်တွင် လောက်ကောင် များကျ၍ သေဆုံးလေ၏။
23 No mesmo instante, feriu-o o anjo do Senhor, porque não deu glória a Deus; e, comido de bichos, expirou.
24 ဘုရားသခင်၏နှုတ်တော်ထွက်စကားသည်ကား တိုးတက်ပျံ့နှံ့လေ၏။
24 E a palavra de Deus crescia e se multiplicava.
25 ဘာနဘနှင့် ဆောလုတို့သည်လည်း မိမိတို့၏ တမန်တော်လုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်ပြီးသောအခါ ဂျေရုဆလင်မြို့မှ ပြန်လာကြ၍ မာကုဟုလည်းခေါ်သော ယောဟန်ကို မိမိတို့နှင့်အတူ ခေါ်ဆောင်လာခဲ့ကြ၏။
25 E Barnabé e Saulo, havendo terminado aquele serviço, voltaram de Jerusalém, levando também consigo a João, que tinha por sobrenome Marcos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.