Apocalipse 9
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ပဉ္စမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ကြယ်တစ်လုံးသည် ကောင်းကင်မှ မြေပေါ်သို့ ကျလာသည်ကို ငါမြင်ရ၏။ ထိုကောင်းကင်တမန်တော်အား အဆုံးမရှိနက်ရှိုင်းသော တွင်းကြီးထဲသို့ ဝင်သည့် ဥမင်လိုဏ်ခေါင်း ပေါက်၏ သော့ကို ပေးအပ်ထား၏။-
1 O quinto anjo tocou a trombeta. Vi então uma estrela cair do céu na terra, e foi-lhe dada a chave do poço do abismo;
2 သူသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်း၏ဥမင်လိုဏ်ခေါင်းပေါက်ကို ဖွင့်လိုက်သောအခါ ထိုလိုဏ်ခေါင်းပေါက်မှ မီးခိုးသည် ကြီးမားသော မီးပြင်းဖို၏မီးခိုးလုံးကြီးကဲ့သို့ ထွက်ပေါ်လာပြီးလျှင် နေနှင့်လေထုတို့သည် ထွက်လာသောထိုမီးခိုးလုံးကြီးဖြင့် မှောင်မည်းသွားလေ၏။-
2 ela o abriu e saiu do poço uma fumaça como a de uma grande fornalha. O sol e o ar obscureceram-se com a fumaça do poço.
3 ထို့နောက် ကျိုင်းကောင်တို့သည် ထိုမီးခိုးလုံးကြီးထဲမှထွက်လာ၍ ကမ္ဘာမြေပေါ်သို့ ရောက်လာကြကုန်၏။ ထိုကျိုင်းကောင်များသည် ကမ္ဘာမြေပေါ် ရှိ ကင်းမြီးကောက်များ၏ အင်အားအစွမ်းကို ရရှိထားကြ၏။-
3 Da fumaça saíram gafanhotos pela terra, e foi-lhes dado poder semelhante ao dos escorpiões da terra.
4 ကျိုင်းကောင်များသည် မြက်ပင်များနှင့် အခြားစိမ်းလန်းသော သစ်ပင်ကြီးငယ်တို့ကို အန္တရာယ်ပြုခွင့်မရှိဘဲ နဖူး၌ ဘုရားသခင်၏ ချိပ်တံဆိပ်နှိပ်ထားခြင်းမရှိသော လူတို့ကိုသာ အန္တရာယ်ပြုခွင့်ရှိကြ၏။-
4 Mas foi-lhes dito que não causassem dano à erva, verdura, ou árvore alguma, mas somente aos homens que não têm o selo de Deus na fronte.
5 ကျိုင်းကောင်များသည် ထိုသူတို့ကို အသေသတ်ခွင့်မရသော်လည်း သူတို့အား ငါးလတိုင်တိုင် ညှဉ်းဆဲခွင့်ရကြလေ၏။ ကျိုင်းကောင်အကိုက်ခံရသော သူတို့သည် ကင်းမြီးကောက်အကိုက်ခံရသကဲ့သို့ နာကျင်သောဝေဒနာကို ပြင်းစွာခံကြရ၏။-
5 Foi-lhes ordenado que não os matassem, mas os afligissem por cinco meses. Seu tormento era como o da picada do escorpião.
6 ထိုနေ့ရက်တို့၌ လူတို့သည် သေခြင်းကို ခံယူလိုကြသော်လည်း သေကြရလိမ့်မည်မဟုတ်။ သူတို့၌ သေလိုသောဆန္ဒ ရှိကြသော်လည်း သေခြင်းတရားသည် သူတို့ကို တိမ်းရှောင်သွားလိမ့်မည်။
6 Naqueles dias, os homens buscarão a morte e não a conseguirão; desejarão morrer, e a morte fugirá deles.
7 ထိုကျိုင်းကောင်များသည် စစ်ပွဲဝင်ရန် ကကြိုးတန်ဆာဆင်ထားသောမြင်းများနှင့် သဏ္ဌာန်တူ၏။ သူတို့၏ခေါင်းပေါ်တွင် ရွှေသရဖူနှင့်တူသော အရာများရှိပြီး သူတို့၏မျက်နှာများသည် လူမျက်နှာနှင့်တူကြ၏။-
7 O aspecto desses gafanhotos era o de cavalos aparelhados para a guerra. Nas suas cabeças havia uma espécie de coroa com reflexos dourados. Seus rostos eram como rostos de homem,
8 သူတို့၏ ဆံပင်သည်လည်း အမျိုးသမီးတို့၏ဆံပင်ကဲ့သို့ဖြစ်၍ သူတို့၏သွားများသည် ခြင်္သေ့၏သွားများကဲ့သို့ဖြစ်ကြ၏။-
8 seus cabelos como os de mulher e seus dentes, como os dentes de leão.
9 သူတို့၌ သံချပ်ကာအင်္ကျီကဲ့သို့သော အကြေးခွံများရှိကြပြီး သူတို့၏အတောင်ပံများရိုက်ခတ်သံသည် စစ်တလင်းသို့ တစ်ဟုန်ထိုးမောင်းနှင်နေသော မြင်းဆွဲသည့် စစ်ရထားများစွာတို့၏ အသံကဲ့သို့ ဖြစ်ကြ၏။-
9 Seus tórax pareciam envoltos em ferro, e o ruído de suas asas era como o ruído de carros de muitos cavalos, correndo para a guerra.
10 သူတို့၌ ကင်းမြီးကောက်ကဲ့သို့ အဆိပ်ဆူးရှိသော အမြီးများရှိကြ၏။ လူတို့အား ငါးလတိုင်တိုင် ဒုက္ခပေးနိုင်သော အင်အား အစွမ်းမှာ သူတို့၏အမြီးတွင်ရှိ၏။-
10 Tinham caudas semelhantes à do escorpião, com ferrões e o poder de afligir os homens por cinco meses.
11 အဆုံးမရှိနက်ရှိုင်းလှသောတွင်းကြီး၏ ကောင်းကင်တမန်တော်သည်ကား သူတို့အပေါ် အုပ်စိုးသောဘုရင်ဖြစ်၏။ ဘုရင်၏အမည်မှာ ဟေဗြေဦးဘာသာစကားအားဖြင့် အာဘက်ဒွန်ဟူ၍လည်းကောင်း၊ ဂရိဘာသာစကားအားဖြင့် အာပိုလီ ယမ်ဟူ၍လည်းကောင်း ခေါ်တွင်လေ၏။
11 Têm eles por rei o anjo do abismo; chama-se em hebraico Abadon, e em grego, Apolion.
12 ပထမဘေးဒုက္ခပြီးဆုံးသွားသော်လည်း နောက်ထပ်ဘေးဒုက္ခနှစ်ခု ကျရောက်ရန် ကျန်ရှိသေး၏။
12 Terminado assim o primeiro ai, eis que, depois dele, vêm ainda dois outros.
13 ထို့နောက် ဆဋ္ဌမကောင်းကင်တမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ဘုရားသခင်၏ မျက်မှောက်တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးခု ထံမှအသံတစ်သံထွက်ပေါ်လာ၏။-
13 O sexto anjo tocou a trombeta. Ouvi então uma voz que vinha dos quatro cantos do altar de ouro, que está diante de Deus,
14 ထိုအသံက တံပိုးခရာရှိသော ဆဋ္ဌမကောင်းကင်တမန်တော်အား ယူဖရေးတီးမြစ်အနီး၌ ချည်နှောင်ထားသော ကောင်းကင်တမန်တော်လေးပါးတို့ကို ဖြေလွှတ်လိုက်ပါလော့ဟု ပြောဆိုသောအသံကို ငါကြားရ၏။-
14 e que dizia ao sexto anjo que tinha a trombeta: Solta os quatro Anjos que estão acorrentados à beira do grande rio Eufrates.
15 သို့ဖြစ်၍ ကောင်းကင်တမန်တော်လေးပါးတို့သည် ဖြေလွှတ်ခြင်းခံကြရ၏။ ထိုလေးပါးတို့သည် လူသတ္တဝါတို့၏ သုံးပုံတစ်ပုံကို သတ်ဖြတ်ရန်အတွက် ဤနာရီ၊ ဤနေ့၊ ဤလ၊ ဤနှစ်တို့ကို အသင့်စောင့်ဆိုင်းနေကြသူများဖြစ်ကြ၏။-
15 Então foram soltos os quatro Anjos que se conservavam preparados para a hora, o dia, o mês e o ano da matança da terça parte dos homens...
16 မြင်းစီးသူရဲတို့၏ အရေအတွက်ကား ကုဋေနှစ်ဆယ်ရှိ၏။ သူတို့၏အရေအတွက် ဤမျှရှိကြောင်းကို ငါကြားရခြင်းဖြစ်၏။-
16 O número de soldados desta cavalaria era de duzentos milhões. Eu ouvi o seu número.
17 ငါ၏ရူပါရုံတွင် မြင်းများကိုလည်းကောင်း၊ မြင်းစီးသူရဲများသည် မီးလျှံရောင်၊ နီလာရောင်နှင့် ကန့်ရောင်ရှိသောသံချပ်ကာ အင်္ကျီများ ဝတ်ဆင်ထားကြသည်ကိုလည်းကောင်း၊ မြင်းတို့၏ဦးခေါင်းများသည် ခြင်္သေ့ဦးခေါင်းများနှင့်တူပြီး ၎င်းတို့၏ခံတွင်းမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်လာသည်ကိုလည်းကောင်း ငါမြင်ရ၏။-
17 E foi assim que eu vi os cavalos e os que os montavam: estes últimos eram couraçados de uma chama sulfurosa azul. Os cavalos tinham crina como uma juba de leão e de suas narinas saíam fogo, fumaça e enxofre.
18 မြင်းတို့၏ခံတွင်းမှ ထွက်လာသော မီးလျှံ၊ မီးခိုးနှင့် ကန့်စသည့် ဤကပ်သုံးပါးကြောင့် လူသတ္တဝါတို့၏ သုံးပုံတစ်ပုံသည် သေဆုံးကြကုန်၏။-
18 E uma terça parte dos homens foi morta por esses três flagelos {fogo, fumaça e enxofre} que lhes saíam das narinas.
19 မြင်းတို့၏အင်အားအစွမ်းသည် ၎င်းတို့၏ခံတွင်းနှင့် အမြီးတို့တွင်ရှိကြ၏။ ၎င်းတို့၏အမြီးတို့သည် မြွေနှင့်တူပြီး ဦးခေါင်းများလည်း ပါရှိကြ၏။ သူတို့သည် ထိုအမြီးများကို အသုံးပြုလျက် လူတို့ကို အန္တရာယ်ပြုကြ၏။
19 Porque o poder nocivo dos cavalos estava também nas caudas; tinham cabeças como serpentes e causavam dano com elas.
20 ဤကပ်သုံးပါးတွင် မသေဘဲကျန်ရစ်သော လူသားများသည် မိမိတို့၏လက်ဖြင့် ပြုလုပ်ခဲ့သမျှသော အရာတို့အတွက် နောင်တမရကြသည့်အပြင် နတ်ဆိုးများကိုလည်းကောင်း၊ မျက်စိလည်းမမြင်၊ နားလည်းမကြား၊ လှုပ်ရှားနိုင်ခြင်းလည်းမရှိသော ရွှေ၊ ငွေ၊ ကြေးနီ၊ ကျောက်နှင့် သစ်သားစသည်တို့ဖြင့် ပြုလုပ်ထားသည့် ရုပ်တုတို့ကိုလည်းကောင်း ကိုးကွယ်လျက်ပင် ရှိကြလေ၏။-
20 Mas o restante dos homens, que não foram mortos por esses três flagelos, não se arrependeu das obras de suas mãos. Não cessaram de adorar o demônio e os ídolos de ouro, de prata, de bronze, de pedra e de madeira, que não podem ver, nem ouvir, nem andar.
21 ထို့ပြင် လူတို့သည် မိမိတို့ကျူးလွန်ခဲ့သော လူသတ်မှုများ၊ စုန်းကဝေအတတ်များ၊ ကိုယ်ကျင့်တရား ပျက်ပြားမှုများနှင့် ခိုးဝှက်မှုများအတွက်လည်း နောင်တမရကြချေ။
21 Não se arrependeram de seus homicídios, seus malefícios, suas imundícies e furtos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.