Apocalipse 7
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ထို့နောက် ကမ္ဘာမြေကြီး၏ ထောင့်လေးထောင့်တွင် ရပ်လျက်ရှိသော ကောင်းကင်တမန်တော်လေးပါးသည် မြေပြင်ပေါ်သို့ လည်းကောင်း၊ ပင်လယ်ပေါ်သို့လည်းကောင်း၊ သစ်ပင်များပေါ်သို့လည်းကောင်း လေမတိုက်ခတ်စေခြင်းငှာ ကမ္ဘာလောက၏ လေစီးကြောင်းလေးခုအား ထိန်းချုပ်ထားသည်ကို ငါမြင်ရ၏။-
1 Depois disso, vi quatro anjos em pé nos quatro cantos da terra, segurando os quatro ventos da terra, para que nenhum vento soprasse sobre a terra, nem sobre o mar, nem sobre árvore alguma.
2 တစ်ဖန် အသက်ရှင်တော်မူသော ဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လာသော ကောင်းကင်တမန်တော်တစ်ပါးသည် နေထွက်ရာအရပ်မှ တက်လာသည်ကို ငါမြင်ရ၏။ သူသည် မြေပြင်နှင့်ပင်လယ်တို့ကို ဖျက်ဆီးခွင့်ရရှိထားသော ကောင်းကင်တမန်တော်လေးပါးအား ကျယ်သောအသံနှင့် ခေါ်လျက်၊-
2 Vi outro anjo que subia do nascente do sol, tendo o selo do Deus vivo. Ele gritou com voz bem forte aos quatro anjos, aqueles que tinham recebido poder para causar dano à terra e ao mar,
3 ဆိုသည်ကား ငါတို့ဘုရား သခင်၏အစေခံတို့အား ၎င်းတို့၏နဖူးပေါ်တွင် တံဆိပ်ခတ်နှိပ်ပြီးသည်အထိ မြေပြင်၊ ပင်လယ်နှင့် သစ်ပင်တို့ကို မဖျက်ဆီးနှင့်ဟူ၍ဖြစ်၏။-
3 dizendo: — Não danifiquem nem a terra, nem o mar, nem as árvores, até marcarmos com um selo a testa dos servos do nosso Deus.
4 ထို့နောက် တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရာအဲလ်အမျိုးအနွယ် အသီးသီးမှ တံဆိပ်ခတ်နှိပ်ပြီးသော သူတို့၏အရေအတွက်မှာ တစ်သိန်းလေးသောင်းလေး ထောင်ဖြစ်လေ၏။-
4 Então ouvi o número dos que foram marcados com selo. Eram cento e quarenta e quatro mil, de todas as tribos dos filhos de Israel.
5 ၎င်းတို့သည်ကား ဂျုဒအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ရူဘင်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂတ်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊-
5 Da tribo de Judá foram marcados com selo doze mil; da tribo de Rúben, doze mil; da tribo de Gade, doze mil;
6 အာရှဲအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ နက်ဖတာလီအမျိုးအနွယ်မှတစ်သောင်းနှစ်ထောင်၊ မာနားဆေအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊-
6 da tribo de Aser, doze mil; da tribo de Naftali, doze mil; da tribo de Manassés, doze mil;
7 စီမေအွန်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ လေဝိအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ အီဇားခါအမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊-
7 da tribo de Simeão, doze mil; da tribo de Levi, doze mil; da tribo de Issacar, doze mil;
8 ဇေဘုလွမ်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဂျိုးဇက်အမျိုးအနွယ်မှ တစ်သောင်းနှစ်ထောင်၊ ဘင်ဂျာမင်အမျိုးအနွယ်မှတစ်သောင်းနှစ်ထောင်တို့ ဖြစ်ကြလေ၏။
8 da tribo de Zebulom, doze mil; da tribo de José, doze mil; da tribo de Benjamim foram marcados com selo doze mil.
9 ထို့နောက် ငါကြည့်လိုက်သောအခါ အဘယ်လူသားမျှ မရေမတွက်နိုင်အောင် များပြားလှသောလူအစု အဝေးကြီးကို မြင်ရ၏။ ထိုသူတို့သည် တိုင်းနိုင်ငံပေါင်းစုံ၊ အမျိုးအနွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံမှ လူများဖြစ်ကြ၏။ သူတို့သည် ဝတ်ရုံဖြူများကိုဝတ်ဆင်ထားပြီး မိမိတို့လက်များတွင် စွန်ပလွံခက်များ ကိုင်ဆောင်ထားကြလျက် ပလ္လင်တော်နှင့် သိုးငယ်တော်ရှေ့တွင် ရပ်နေကြ၏။-
9 Depois destas coisas, vi, e eis grande multidão que ninguém podia contar, de todas as nações, tribos, povos e línguas, em pé diante do trono e diante do Cordeiro, vestidos de vestes brancas, com ramos de palmeira nas mãos.
10 ထို့နောက် သူတို့က ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူသော အကျွန်ုပ်တို့၏ ဘုရားသခင်နှင့် သိုးငယ်တော်ထံမှ ထွက်ပေါ်လာပေသည်ဟူ၍ ကျယ်သောအသံဖြင့် ကြွေးကြော်ကြလေ၏။-
10 E clamavam com voz forte, dizendo: “Ao nosso Deus, que está sentado no trono, e ao Cordeiro, pertence a salvação.”
11 ထိုအခါ ပလ္လင်တော်ကိုလည်းကောင်း၊ သက်ကြီးဝါကြီးများနှင့် သက်ရှိသတ္တဝါလေးဦးတို့ကိုလည်းကောင်း ဝန်းရံလျက် ရပ်နေကြသော ကောင်းကင်တမန်တော်အပေါင်းတို့သည် ပလ္လင်တော်ရှေ့တွင် ပျပ်ဝပ်၍ ဘုရားသခင်အား ရှိခိုးကိုးကွယ်လျက်၊-
11 Todos os anjos estavam em pé rodeando o trono, os anciãos e os quatro seres viventes, e diante do trono se prostraram sobre o seu rosto, e adoraram a Deus,
12 ဆိုကြသည်မှာ အာမင်၊ အကျွန်ုပ်တို့၏ဘုရားအထံတော်၌ ကောင်းချီးမင်္ဂလာ၊ ဘုန်းဂုဏ်တော်၊ ဉာဏ်ပညာ၊ ကျေးဇူးဆပ်တင်ခြင်း၊ ချီးမွမ်းဩဘာနှင့် တန်ခိုးအာနုဘော်တို့သည် ကာလအဆက်ဆက်ရှိပါစေသော်၊ အာမင်ဟူ၍ဖြစ်သတည်း။
12 dizendo: “Amém! O louvor, a glória, a sabedoria, as ações de graças, a honra, o poder e a força sejam ao nosso Deus, para todo o sempre. Amém!”
13 ထိုအခါ သက်ကြီးဝါကြီးတို့အထဲမှတစ်ဦးက ဝတ်ရုံဖြူကို ဆင်မြန်းထားသောဤသူတို့ကား မည်သူတို့နည်း၊ သူတို့သည် မည်သည့်အရပ်က လာကြသနည်းဟု ငါ့အားမေးလေ၏။-
13 Um dos anciãos tomou a palavra e me perguntou: — Quem são e de onde vieram estes que estão vestidos de branco?
14 ငါကလည်း သခင်၊ အရှင်သိပါသည်ဟု ပြန်ဖြေသောအခါ သူက ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခမှ လွတ်မြောက်လာကြသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်ရုံများကို သိုးငယ်တော်၏သွေး၌ ဆေးကြော၍ ဖြူစင်စေခဲ့ကြပြီ။-
14 Respondi: — O senhor sabe. Então ele me disse: — Estes são os que vêm da grande tribulação, que lavaram suas vestes e as alvejaram no sangue do Cordeiro.
15 ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ ရောက်ရှိနေကြလျက် ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ညမပြတ် ဝတ်ပြုနေကြခြင်းဖြစ်၏။ ပလ္လင်တော်ပေါ်၌ စံပယ်တော်မူသော ကိုယ်တော်သည်လည်း သူတို့ကို မျက်မှောက်တော်၌ စောင့်ရှောက်ထားတော်မူလိမ့်မည်။-
15 Por isso, estão diante do trono de Deus e o adoram de dia e de noite no seu santuário. E aquele que está sentado no trono estenderá sobre eles o seu tabernáculo.
16 သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်းသော်လည်းကောင်း၊ ရေငတ်ခြင်းသော်လည်းကောင်း ရှိလိမ့်မည်မဟုတ်။ နေရောင်နှင့် နေ၏အပူရှိန်တို့သည်လည်း သူတို့ကို ထိခိုက်လိမ့်မည်မဟုတ်။-
16 Jamais terão fome, nunca mais terão sede, não cairá sobre eles o sol, nem qualquer outro calor forte,
17 အကြောင်းမူကား ပလ္လင်တော်၏ အလယ်၌ရှိသော သိုးငယ်တော်သည် သူတို့၏ သိုးထိန်းဖြစ်တော်မူလိမ့်မည်။ ကိုယ်တော်သည် အသက်ပေးသောရေရှိရာ စမ်းအိုင်သို့ သူတို့ကို ခေါ်ဆောင်သွားလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏ မျက်စိထဲမှ မျက်ရည်များကို သုတ်ပေးတော်မူလိမ့်မည်။
17 pois o Cordeiro que está no meio do trono os apascentará e os guiará para as fontes da água da vida. E Deus lhes enxugará dos olhos toda lágrima.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.