Apocalipse 4
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ထို့နောက် ငါကြည့်လိုက်သောအခါ ကောင်းကင်တံခါးပွင့်လျက်ရှိသည်ကို အံ့ဩစွာမြင်ရလေ၏။ ပထမအကြိမ်ငါကြားရသော တံပိုးခရာသံကဲ့သို့ စကားပြောသောအသံက ဆိုသည်မှာ ဤအပေါ်သို့ တက်ခဲ့ပါလော့၊ နောင်ဖြစ်လတ္တံ့သော အရာများကို သင့်အား ငါပြမည်ဟု ဆိုလေ၏။-
1 Depois disso, tive uma visão: vi uma porta aberta no céu, e a voz que falara comigo, como uma trombeta, dizia: Sobe aqui e mostrar-te-ei o que está para acontecer depois disso.
2 ငါသည်လည်း ချက်ချင်းပင် ဝိညာဉ်တော်နှင့်ပြည့်၍ ကောင်းကင်ဘုံ၌ရှိသောပလ္လင်နှင့် ပလ္လင်ပေါ်တွင် ထိုင်နေသူကို ငါမြင်ရ၏။-
2 Imediatamente, fui arrebatado em espírito; no céu havia um trono, e nesse trono estava sentado um Ser.
3 ပလ္လင်ပေါ် တွင်ထိုင်နေသောသူသည် နဂါးသွဲ့ကျောက်နှင့် ပတ္တမြားကျောက် ကဲ့သို့တောက်ပ၏။ ပလ္လင်တော်၏ဝန်းကျင်တွင် မြစိမ်းရောင်ပြေးနေသော သက်တန့်ရှိ၏။-
3 E quem estava sentado assemelhava-se pelo aspecto a uma pedra de jaspe e de sardônica. Um halo, semelhante à esmeralda, nimbava o trono.
4 ထိုပလ္လင်၏ပတ်လည်တွင် အခြားပလ္လင်နှစ်ဆယ့်လေးခုရှိပြီး ယင်းပလ္လင်များပေါ်တွင် ဦးခေါင်း၌ ရွှေသရဖူကို ဆောင်းထား လျက် ဝတ်ရုံဖြူကို ဆင်မြန်းထားသော သက်ကြီးဝါကြီး နှစ်ဆယ့်လေးဦးတို့ထိုင်နေကြ၏။-
4 Ao redor havia vinte e quatro tronos, e neles, sentados, vinte e quatro Anciãos vestidos de vestes brancas e com coroas de ouro na cabeça.
5 ပလ္လင်တော်ထံမှ လျှပ်စီးများလက်၍ မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးရှုးတိုင်ခုနစ်တိုင်သည် တောက်လောင်လျက်ရှိ၏။-
5 Do trono saíam relâmpagos, vozes e trovões. Diante do trono ardiam sete tochas de fogo, que são os sete Espíritos de Deus.
6 ပလ္လင်တော်၏ရှေ့တွင် ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ပမာကဲ့သို့သော ရေပြင်ရှိ၏။ ပလ္လင်တော်၏ လေးဖက်လေးတန်၌မူ ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများနှင့်ပြည့်နေသော သက်ရှိသတ္တဝါလေးဦးရှိ၏။-
6 Havia ainda diante do trono um mar límpido como cristal. Diante do trono e ao redor, quatro Animais vivos cheios de olhos na frente e atrás.
7 ပထမသက်ရှိသတ္တဝါမှာ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ ဒုတိယသက်ရှိသတ္တဝါမှာ နွားလားကဲ့သို့လည်းကောင်း၊ တတိယ သက်ရှိသတ္တဝါမှာ လူ၏မျက်နှာနှင့်လည်းကောင်း၊ စတုတ္ထသက်ရှိသတ္တဝါမှာ ပျံသန်းနေသောလင်းယုန်ငှက်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။-
7 O primeiro animal vivo assemelhava-se a um leão; o segundo, a um touro; o terceiro tinha um rosto como o de um homem; e o quarto era semelhante a uma águia em pleno vôo.
8 ထိုသတ္တဝါလေးဦးစလုံးတွင် တောင်ပံခြောက်ခုစီရှိကြပြီး သူတို့၏ကိုယ်ခန္ဓာအနှံ့နှင့် အတွင်းပိုင်းတို့တွင် မျက်စိများနှင့် ပြည့်နှက်လျက်ရှိကြ၏။ သူတို့သည် နေ့ညမပြတ် သီချင်းကျူးအေးကြသည်ကား ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်တို့တွင် ထာ၀ရတည်တော်မူသော အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏ဟူ၍ဖြစ်၏။
8 Estes Animais tinham cada um seis asas cobertas de olhos por dentro e por fora. Não cessavam de clamar dia e noite: Santo, Santo, Santo é o Senhor Deus, o Dominador, o que é, o que era e o que deve voltar.
9 ထိုသက်ရှိသတ္တဝါလေးဦးတို့သည် ပလ္လင်ပေါ်တွင် စံပယ်တော်မူသည့် ထာ၀ရအဆက်ဆက် အသက်ရှင်တော်မူသော အရှင်အား ဂုဏ်ပြုချီးမွမ်း၍ ကျေးဇူးဆပ်တင်ကြသည့်အခါတိုင်း၊-
9 E cada vez que aqueles Animais rendiam glória, honra e ação de graças àquele que vive pelos séculos dos séculos,
10 နှစ်ဆယ့်လေးဦးသောသက် ကြီးဝါကြီးတို့သည် ပလ္လင်တော်ပေါ်တွင် ထိုင်နေတော်မူသော အရှင်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလျက် ကာလအဆက်ဆက် တည်တော်မူသော ထိုအရှင်အား ဝတ်ပြုကိုးကွယ်ကြကုန်၏။ သူတို့သည် မိမိတို့၏ဗောင်းသရဖူများကို ပလ္လင်တော်ရှေ့၌ ချထားကြလျက် ဆိုကြသည်ကား၊-
10 os vinte e quatro Anciãos inclinavam-se profundamente diante daquele que estava no trono e prostravam-se diante daquele que vive pelos séculos dos séculos, e depunham suas coroas diante do trono, dizendo:
11 အကျွန်ုပ်တို့၏ထာ၀ရအရှင် ဘုရားသခင်သည် ဘုန်းဂုဏ်တော်၊ ရိုသေလေးစားခြင်းနှင့် တန်ခိုးအာဏာတော်တို့ကို ခံစားထိုက်ပေ၏။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူ၍ ထိုအရာတို့သည် ကိုယ်တော်၏ အလိုတော်အတိုင်း ဖန်ဆင်းခြင်းခံရ၍ တည်ရှိလာကြပါ၏ဟု သီဆိုချီးမွမ်းကြ၏။
11 Tu és digno Senhor, nosso Deus, de receber a honra, a glória e a majestade, porque criaste todas as coisas, e por tua vontade é que existem e foram criadas.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.