Apocalipse 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ဆာဒစ်မြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ ဘုရားသခင်၏ ဝိညာဉ်တော်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်သောသူ၏ အမိန့်စကားသည်ကား ဤသို့တည်း။ သင်၏ လုပ်ဆောင်ချက်များကို ငါသိ၏။ သင်သည် အသက်ရှင်လျက်ရှိသည်ဟု အမည်တွင်သော်လည်း သေလျက်ရှိ၏။-
1 — Ao anjo da igreja em Sardes escreva:
2 နိုးကြားပါလော့။ သေလုနီးပါးရှိသော ကျန်ရှိနေသည့်အရာတို့ကို ခွန်အားဖြည့်တင်းပေးပါလော့။ အကြောင်းမူကား သင်၏ လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏မျက်မှောက်တော်၌ စုံလင်သည်ဟူ၍ ငါမတွေ့ရပေ။-
2 Fique vigiando e fortaleça o restante que estava para morrer, porque verifiquei que as obras que você realiza não são íntegras na presença do meu Deus.
3 သို့ဖြစ်၍ သင်လက်ခံရရှိသမျှ၊ ကြားနာခဲ့ရသမျှတို့ကို သတိရပါလော့။ ထိုအရာတို့ကို လိုက်နာ၍ နောင်တယူပါလော့။ သင်သည် နိုးကြားစွာမနေပါလျှင် ငါသည် သူခိုးကဲ့သို့လာမည်ဖြစ်၍ သင့်ထံသို့ ငါလာမည့် အချိန်ကို သင်သိလိမ့်မည်မဟုတ်။-
3 Lembre-se, pois, do que você recebeu e ouviu; guarde-o e arrependa-se. Se você não vigiar, virei como ladrão, e você de modo nenhum saberá em que hora virei contra você.
4 သို့သော် ဆာဒစ်မြို့တွင် မိမိတို့၏ဝတ်ရုံကို မစွန်းမကွက်စေသော လူအချို့၏အမည်များ သင့်၌ရှိသေး၏။ သူတို့သည် ထိုက်တန်သူများဖြစ်သောကြောင့် ဖြူစင်သောဝတ်ရုံဝတ်ဆင်လျက် ငါနှင့်အတူသွားလာကြရလိမ့်မည်။-
4 Mas você tem aí em Sardes umas poucas pessoas que não contaminaram as suas vestes. Elas andarão comigo, vestidas de branco, pois são dignas.
5 အောင်မြင်သောသူသည် ဤကဲ့သို့သောဝတ်ရုံဖြူကို ဝတ်ဆင်ကြရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်ရှင်ခြင်း ၏စာအုပ်မှ ပယ်ဖျက်မည်မဟုတ်။ ငါသည် ငါ၏ခမည်းတော်ရှေ့မျက်မှောက်နှင့် ကိုယ်တော်၏ တမန်တော်တို့ရှေ့၌ သူ၏အမည်ကို ဝန်ခံအသိအမှတ်ပြုမည်။-
5 O vencedor será assim vestido de branco, e de modo nenhum apagarei o seu nome do Livro da Vida. Pelo contrário, confessarei o seu nome diante de meu Pai e diante dos seus anjos.
6 နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
6 Quem tem ouvidos, ouça o que o Espírito diz às igrejas.”
7 ဖီလာဒေးဖိယမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ သန့်ရှင်းမြင့်မြတ်သောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏သော့ကိုကိုင်၍ သူဖွင့်လျှင် မည်သူမျှမပိတ်နိုင်၊ သူပိတ်လျှင် မည်သူမျှ မဖွင့်နိုင်သော သူ၏အမိန့်စကားသည်ကား ဤသို့တည်း။
7 — Ao anjo da igreja em Filadélfia escreva:
8 သင်၏လုပ်ဆောင်ချက်များကို ငါသိ၏။ ကြည့်လော့၊ မည်သူမျှမပိတ်နိုင်သော တံခါးကို သင်၏ရှေ့၌ ငါဖွင့်ထား၏။ သင်၌ တန်ခိုးအာဏာနည်းပါးကြောင်း ငါသိ၏။ သို့သော် သင်သည် ငါ၏စကားကို စောင့်ထိန်း၍ ငါ၏နာမတော်ကို မငြင်းပယ်ခဲ့ပေ။-
8 Conheço as obras que você realiza. Eis que tenho posto diante de você uma porta aberta, a qual ninguém pode fechar. Sei que você tem pouca força, mas guardou a minha palavra e não negou o meu nome.
9 ကြည့်လော့၊ ဂျူးလူမျိုးမဟုတ်ဘဲ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟု လိမ်ညာပြောဆိုသော စာတန်၏တရားဇရပ်မှ လူတို့ကို သင်၏ခြေရင်း၌ လာရောက်ပျပ်ဝပ်စေမည်။ ငါသည် သင့်ကို ချစ်ခင်ကြောင်း သူတို့အား သိစေမည်။-
9 Eis o que eu farei com alguns dos que são da sinagoga de Satanás, desses que se declaram judeus e não são, mas mentem. Eis que farei com que venham até você, prostrem-se aos seus pés e reconheçam que eu amo você.
10 သင်သည် ငါ၏သည်းခံခြင်းတရားကို လိုက်နာစောင့်ထိန်းသောကြောင့် ကမ္ဘာပေါ်၌ နေထိုင်ကြသောသူများကို စစ်ဆေးရမည့်အချိန် ကာလကျရောက်သောအခါ ငါသည်သင့်ကို ကာကွယ်စောင့်ရှောက်မည်။-
10 Você guardou a palavra da minha perseverança. Por isso, também eu o guardarei da hora da provação que há de vir sobre o mundo inteiro, para pôr à prova os que habitam sobre a terra.
11 ငါသည် မကြာမီရောက်လာမည်။ မည်သူမျှ သင်၏သရဖူကိုမလုယူစေရန် သင်ပိုင်ဆိုင်ထားသောအရာကို စွဲမြဲစွာ ထိန်းသိမ်းပါလော့။-
11 Venho sem demora. Conserve o que você tem, para que ninguém tome a sua coroa.
12 အောင်မြင်သောသူကို ငါသည် ဘုရားသခင်၏ဗိမာန်တော်၌ မဏ္ဍိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်မှ ထွက်ခွာသွားရလိမ့်မည်မဟုတ်။ ငါသည် သူ့အပေါ်၌ ဘုရားသခင်၏ နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ရှိရာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဂျေရုဆလင်မြို့သစ်၏ နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း ရေးသားမည်။-
12 Ao vencedor, farei com que seja uma coluna no santuário do meu Deus, e dali jamais sairá. Gravarei sobre ele o nome do meu Deus, o nome da cidade do meu Deus, a nova Jerusalém que desce do céu, vinda da parte do meu Deus, e o meu novo nome.
13 နားရှိသောသူသည် ဝိညာဉ်တော်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
13 Quem tem ouvidos, ouça o que o Espírito diz às igrejas.”
14 လာအိုဒိစိယမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ ဘုရားသခင်၏ ဖန်ဆင်း တော်မူခြင်းတွင် အစမူလဖြစ်လျက် သစ္စာရှိ၍ ဟုတ်မှန်သောသက်သေခံ ဖြစ်တော်မူသည့် အာမင်၏ အမိန့်တော်ကား ဤသို့တည်း။
14 — Ao anjo da igreja em Laodiceia escreva:
15 သင်၏လုပ်ဆောင်ချက်များကို ငါသိ၏။ သို့သော် သင်သည် မပူမအေးဖြစ်နေ၏။ သင်သည် အေးလိုလျှင် အေး၍ မအေးလိုလျှင် ပူပါက ကောင်းပေစွ။-
15 Conheço as obras que você realiza, que você não é nem frio nem quente. Quem dera você fosse frio ou quente!
16 သင်သည် မပူမအေး နွေးရုံမျှသာ ရှိသောကြောင့် ငါ၏ခံတွင်းမှ သင့်ကိုငါအန်ထုတ်မည်။-
16 Assim, porque você é morno, e não é nem quente nem frio, estou a ponto de vomitá-lo da minha boca.
17 အကြောင်းမူကား သင်က ငါသည် ကြွယ်၀ချမ်းသာ၏၊ ကြီးပွားတိုးတက်၏၊ ငါ၌မည်သည့်အရာကိုမျှ မလိုအပ်ဟု ဆိုလေပြီ။ သို့ရာတွင် သင်သည် စိတ်မချမ်းမြေ့ဖွယ်ကောင်းသူ၊ သနားဖွယ်ကောင်းသူ၊ ဆင်းရဲသူ၊ မျက်စိကန်းသူနှင့် အဝတ်အချည်းစည်းရှိသူ ဖြစ်ကြောင်းကို သင်မသိပါတကား။-
17 Você diz: ‘Sou rico, estou bem de vida e não preciso de nada.’ Mas você não sabe que é infeliz, sim, miserável, pobre, cego e nu.
18 သို့ဖြစ်၍ သင့်ကို ငါအကြံပေးမည်။ သင်ချမ်းသာကြွယ်၀စေရန် မီးဖြင့်သန့်စင်ထားသော ရွှေကို ငါ့ထံမှဝယ်ယူလော့။ သင်၏ ရှက်ဖွယ်သော အဝတ်အချည်းစည်းဖြစ်ခြင်းကို လူမမြင်စေရန် ငါ့ထံမှဝတ်ရုံဖြူကို ဝယ်ယူဝတ်ဆင်လော့။ သင်၏မျက်စိ မြင်စေခြင်းငှာ ငါ့ထံမှမျက်စဉ်းဝယ်၍ ခတ်ပါလော့။-
18 Aconselho que você compre de mim ouro refinado pelo fogo, para que você seja, de fato, rico. Compre vestes brancas para se vestir, a fim de que a vergonha de sua nudez não fique evidente, e colírio para ungir os olhos, a fim de que você possa ver.
19 ငါသည် ငါချစ်သောသူကို အပြစ်တင်၍ ဆုံးမတတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိပါလော့။ နောင်တယူလော့။-
19 Eu repreendo e disciplino aqueles que amo. Portanto, seja zeloso e arrependa-se.
20 ကြည့်လော့၊ ငါသည် တံခါးရှေ့၌ရပ်၍ ခေါက်လျက်နေ၏။ ငါ့အသံကိုကြားပြီး တံခါးဖွင့်ပေးသောသူထံသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။-
20 Eis que estou à porta e bato; se alguém ouvir a minha voz e abrir a porta, entrarei em sua casa e cearei com ele, e ele, comigo.
21 ငါကိုယ်တိုင်အောင်မြင်ခဲ့၍ ခမည်းတော်ဘုရားနှင့်အတူ ကိုယ်တော်၏ရာဇပလ္လင်ပေါ်တွင် စံမြန်းသကဲ့သို့ အောင်မြင်သော သူသည်လည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ စံမြန်းရလိမ့်မည်။-
21 Ao vencedor, darei o direito de sentar-se comigo no meu trono, assim como também eu venci e me sentei com o meu Pai no seu trono.
22 နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
22 Quem tem ouvidos, ouça o que o Espírito diz às igrejas.”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.