Apocalipse 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ဧဖက်ဆုမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်း ရေးသားလော့။ ကြယ်ခုနစ်လုံးကို မိမိ၏ လက်ယာလက်တွင်ကိုင်ပြီး ရွှေမီးခွက်တင်ခုံခုနစ်ခုအလယ်၌ လျှောက်လှမ်းသွားသောသူ၏ အမိန့်စကားသည်ကား ဤသို့တည်း။
1 Ao anjo da igreja de Éfeso, escreve: Eis o que diz aquele que segura as sete estrelas na sua mão direita, aquele que anda pelo meio dos sete candelabros de ouro.
2 သင်၏လုပ်ဆောင်ချက်များ၊ ကြိုးပမ်းအားထုတ်မှုများနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ငါသိ၏။ ဒုစရိုက်သားများကို သင်လက်မခံသည့်အကြောင်းနှင့် တမန်တော်များမဟုတ်ကြဘဲ မိမိတို့ကိုယ်ကို တမန်တော်ဟုခေါ်ဆိုသော သူတို့ကို စစ်ဆေးပြီး သူတို့၏ဟန်ဆောင်ခြင်းကို သင်ဖော်ထုတ်နိုင်ကြောင်းကိုလည်း ငါသိ၏။-
2 Conheço tuas obras, teu trabalho e tua paciência: não podes suportar os maus, puseste à prova os que se dizem apóstolos e não o são e os achaste mentirosos.
3 သင်သည် စိတ်ရှည်စွာခံထမ်း၍ ငါ၏နာမတော်အတွက်ကြောင့် ဒုက္ခခံနိုင်စွမ်းရှိပြီး စိတ်အားမလျှော့ကြောင်းကိုလည်း ငါသိ၏။-
3 Tens perseverança, sofreste pelo meu nome e não desanimaste.
4 သို့သော် ငါ၌သင့်အပေါ် အပြစ်တင်စရာရှိ၏။ ၎င်းမှာ သင်သည် သင်၌ ပထမဦးစွာရှိခဲ့သော ချစ်ခြင်းမေတ္တာကို စွန့်လွှတ်ခဲ့ခြင်းပင်ဖြစ်၏။-
4 Mas tenho contra ti que arrefeceste o teu primeiro amor.
5 မည်သည့်အခြေအနေမှ သင်လမ်းလွဲခဲ့သည်ကို ပြန်လည်ဆင်ခြင်လော့။ နောင်တယူ၍ သင်ပထမဦးစွာ ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ပါလော့။ ထိုသို့မဟုတ်ဘဲ သင်နောင်တမရပါက ငါသည် သင့်ထံသို့လာပြီး သင်၏မီးခွက် တင်ခုံကို နေရာမှဖယ်ရှားမည်။-
5 Lembra-te, pois, donde caíste. Arrepende-te e retorna às tuas primeiras obras. Senão, virei a ti e removerei o teu candelabro do seu lugar, caso não te arrependas.
6 သို့သော် သင်သည် နီကောလ၏တပည့်တို့ လုပ်ဆောင်သောအရာများကို ငါမုန်းတီးသကဲ့သို့ မုန်းတီးသောကြောင့် သင်၌ ချီးမွမ်းစရာတစ်ခုရှိလေ၏။-
6 Mas isto tens de bem: detestas as obras dos nicolaítas, como eu as detesto.
7 နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပါရာ ဒီဇူးဥယျာဉ်၌ရှိသော အသက်ပင်၏အသီးကိုစားရသော အခွင့်ကို ငါပေးမည်။
7 Quem tiver ouvidos, ouça o que o Espírito diz às igrejas: Ao vencedor darei de comer {do fruto} da árvore da vida, que se acha no paraíso de Deus.
8 စမီနာမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ သေခြင်းမှပြန်ရှင်လာသောသူဖြစ်ပြီး အစနှင့်အဆုံးဖြစ်တော်မူသော အရှင်၏အမိန့်စကားသည်ကား ဤသို့တည်း။
8 Ao anjo da igreja de Esmirna, escreve: Eis o que diz o Primeiro e o Último, que foi morto e retomou a vida.
9 သင်၏ဒုက္ခအခက်အခဲများနှင့် ဆင်းရဲခြင်းကို ငါသိ၏။ သို့သော် သင်သည် ကြွယ်၀ပါ၏။ ဂျူးလူမျိုးမဟုတ်ဘဲ ဂျူးအမည်ခံသောသူတို့၏ ကဲ့ရဲ့သောအသံကို ငါသိ၏။ သူတို့သည် စာတန်၏တရားဇရပ်ပင်ဖြစ်ကြ၏။-
9 Eu conheço a tua angústia e a tua pobreza - ainda que sejas rico - e também as difamações daqueles que se dizem judeus e não o são; são apenas uma sinagoga de Satanás.
10 သင်ခံထမ်းရမည့်ဒုက္ခကို မကြောက်နှင့်။ ကြည့်လော့၊ သင်တို့ကို စုံစမ်းခြင်းငှာ နတ်ဆိုးသည် သင်တို့အထဲမှအချို့ကို ထောင်ထဲ၌ ချထားလိမ့်မည်။ သင်တို့သည် ဆယ်ရက်တိုင်တိုင် ဒုက္ခခံကြရလိမ့်မည်။ အသက်စွန့်သည်အထိ သစ္စာရှိပါလော့။ ထိုအခါ ငါသည် သင်တို့အား အသက်သရဖူကိုပေးမည်။-
10 Nada temas ante o que hás de sofrer. Por estes dias o demônio vai lançar alguns de vós na prisão, para pôr-vos à prova. Tereis tribulações durante dez dias. Sê fiel até a morte e te darei a coroa da vida.
11 နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သော သူသည် ဒုတိယအကြိမ် သေရသည့်အဖြစ်မှ ကင်းလွတ်လိမ့်မည်။
11 Quem tiver ouvidos, ouça o que o Espírito diz às igrejas: O vencedor não sofrerá dano algum da segunda morte.
12 ပေဂါမော့မြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ နှစ်ဖက်သွားသံလျက်ကို ပိုင်ဆိုင်ထားသော သူ၏အမိန့်စကားသည်ကား ဤသို့တည်း။
12 Ao anjo da igreja de Pérgamo, escreve: Eis o que diz aquele que tem a espada afiada de dois gumes.
13 သင်မည်သည့်နေရာတွင် နေထိုင်သည်ကို ငါသိ၏။ ထိုနေရာကား စာတန်နတ်ဆိုး၏ ပလ္လင်ရှိသောနေရာဖြစ်၏။ သင်တို့အထဲမှ ငါ့အပေါ်သစ္စာရှိသော ငါ၏သက်သေခံအန္တိပသည် စာတန်နတ်ဆိုး ကျက်စားသောနေရာတွင် အသတ်ခံရသော အချိန်၌ပင် သင်သည် ငါ၏နာမတော်ကို လက်ကိုင်ပြု၍ ငါ့၌ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။-
13 Sei onde habitas: aí se acha o trono de Satanás. Mas tu te apegas firmemente ao meu nome e não renegaste a minha fé, mesmo naqueles dias em que minha fiel testemunha Antipas foi morto entre vós, onde Satanás habita.
14 သို့သော် ငါ၌သင့်အပေါ် အပြစ်တင်စရာ အနည်းငယ်ရှိ၏။ သင်၏အရပ်ဒေသတွင် ဘာလမ်၏သွန်သင်ချက်ကို လိုက်နာနေသော သူအချို့ရှိ၏။ အစ္စရာအဲလ်လူမျိုးတို့သည် ရုပ်တုများအား ပူဇော်ထားသောအစာကိုစားပြီး မတရားသော မေထုံမှီဝဲခြင်းကို ကျင့်ခြင်းဖြင့် လမ်းမှားသို့ရောက်စေရန် ဘာလမ်က ဘာလမင်းအား သင်ကြားပေးခဲ့၏။-
14 Todavia, tenho alguma coisa contra ti: é que tens aí sequazes da doutrina de Balaão, o qual ensinou Balac a fazer tropeçar os filhos de Israel, para levá-los a comer carne imolada aos ídolos e praticar imundícies.
15 ထိုနည်းတူစွာပင် နီကောလ၏နောက်လိုက်များ စွဲကိုင်သောအယူအဆကို လိုက်နာသော လူအချို့သည်လည်း သင်တို့အလယ်၌ ရှိကြ၏။-
15 Tens também sequazes da doutrina dos nicolaítas.
16 သို့ဖြစ်၍ နောင်တရကြလော့။ သို့မဟုတ်လျှင် ငါသည် သင်တို့ထံသို့ အလျင်အမြန်လာ၍ ငါ၏နှုတ်တော်မှ သံလျက်နှင့် စစ်ဆင်မည်။-
16 Arrepende-te, pois; senão virei em breve a ti e combaterei contra eles com a espada da minha boca.
17 နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။ အောင်မြင်သော သူအား ဝှက်ကွယ်လျက်ရှိသော မန္နာမုန့်ကိုကျွေး၍ ကျောက်တုံးအဖြူတစ်တုံးကို ငါပေးမည်။ ထိုကျောက်တုံးအဖြူပေါ်တွင် နာမည်အသစ်တစ်ခုကို ရေးထားပြီး ကျောက်တုံးကို လက်ခံရရှိသူမှတစ်ပါး မည်သူမျှ ထိုနာမည်ကို သိရှိလိမ့်မည်မဟုတ်။
17 Quem tiver ouvidos, ouça o que o Espírito diz às igrejas: Ao vencedor darei o maná escondido e lhe entregarei uma pedra branca, na qual está escrito um nome novo que ninguém conhece, senão aquele que o receber.
18 သီယတိရမြို့တွင်ရှိသော အသင်းတော်၏တမန်တော်ထံသို့ ဤအတိုင်းရေးသားလော့။ မီးတောက်ကဲ့သို့ စူးရှသော မျက်လုံးများနှင့် ကြေးဝါကဲ့သို့တောက်ပြောင် သည့်ခြေများရှိသော ဘုရားသားတော်၏ အမိန့်စကားသည်ကား ဤသို့တည်း။
18 Ao anjo da igreja de Tiatira, escreve: Eis o que diz o Filho de Deus, que tem os olhos como chamas de fogo e os pés semelhantes ao fino bronze.
19 ငါသည် သင်၏လုပ်ဆောင်ချက်များ၊ သင်၏ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်း၊ အမှုတော်ထမ်းဆောင်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကိုလည်းကောင်း၊ နောက်ပိုင်းတွင် သင်၏လုပ်ဆောင်ချက်တို့သည် ယခင်က သင်၏ လုပ်ဆောင်ချက် တို့ထက် သာလွန်ကြောင်းကိုလည်းကောင်း ငါသိ၏။-
19 Conheço tuas obras, teu amor, tua fidelidade, tua generosidade, tua paciência e persistência; e as tuas últimas obras, que excedem as primeiras.
20 သို့သော် ငါ၌ သင့်အပေါ် အပြစ်တင်စရာရှိ၏။ သင်သည် မိမိကိုယ်ကို ပရောဖက်မဟုခေါ်ဆိုသော ဂျေဇေဘဲလ်ကို လက်ခံထားလေပြီ။ သူမသည် ငါ၏အစေခံတို့ကို မတရားသောမေထုံမှီဝဲရန်နှင့် ရုပ်တုဆင်းတုတို့အား ပူဇော်ထားသော အစာများကိုစားရန် သင်ကြားပေးလျက် သူတို့အား လှည့်ဖြားလေပြီ။-
20 Mas tenho contra ti que permites a Jezabel, mulher que se diz profetisa, seduzir meus servos e ensinar-lhes a praticar imundícies e comer carne imolada aos ídolos.
21 ငါသည် သူမအား နောင်တယူရန် အချိန်ပေးခဲ့၏။ သို့သော် သူမသည် မိမိ၏မကောင်းမှုများအတွက် နောင်တယူရန် ငြင်းဆန်ခဲ့၏။-
21 Eu lhe dei tempo para arrepender-se, mas não quer arrepender-se de suas imundícies.
22 ကြည့်လော့၊ ငါသည် သူမကိုနာမကျန်းဖြစ်စေပြီး အိပ်ရာပေါ်တွင် လဲစေမည်။ သူမနှင့်ဖောက်ပြန်ကြသော သူအားလုံး သည်လည်း မိမိတို့၏လုပ်ရပ်များအတွက် နောင်တမယူကြလျှင် ငါသည် သူတို့အား ကြီးစွာသော ဒုက္ခနှင့် ကြုံတွေ့စေမည်။-
22 Desta vez a lançarei num leito, e com ela os cúmplices de seus adultérios para aí sofrerem muito, se não se arrependerem das suas obras.
23 ငါသည် သူမ၏သားသမီးများကို သေကြေပျက်စီးစေမည်။ ငါသည် နှလုံးသားနှင့် စိတ်သဘောထားကို ဆန်းစစ်သော သူဖြစ်ကြောင်း အသင်းတော်အားလုံးက သိကြလိမ့်မည်။ ငါသည် သင်တို့တစ်ဦးစီအား သင်တို့၏လုပ်ရပ်နှင့် ထိုက်တန်သော ဆုကိုပေးမည်။-
23 Farei perecer pela peste os seus filhos, e todas as igrejas hão de saber que eu sou aquele que sonda os rins e os corações, porque darei a cada um de vós segundo as suas obras.
24 သို့သော် ဤဒိဋ္ဌိအယူဝါဒကို မလိုက်နာ၊ စာတန်နတ်ဆိုး၏ လျှို့ဝှက်နက်နဲသောအရာများဟူ၍ လူတချို့က ခေါ်ဆိုသော အရာများကိုလည်း မသင်ယူသော သီယတိရမြို့မှ ကျန်ရှိသူအပေါင်းတို့၊ သင်တို့အား ငါဆိုသည်ကား သင်တို့အပေါ်၌ အခြားသောဝန်ထုပ်ကို ငါမတင်။-
24 A vós, porém, e aos demais de Tiatira que não seguis esta doutrina e não conheceis {como dizem} as profundezas de Satanás, não imporei outro fardo.
25 သင်တို့၌ရှိသောအရာများကိုသာ ငါကြွလာသည့်တိုင်အောင် အခိုင်အမာကိုင်စွဲထားကြလော့။-
25 Mas guardai o que tendes até que eu venha.
26 အောင်မြင်၍ အဆုံးတိုင်အောင် ငါ့စကားကို လိုက်နာသောသူအား တိုင်းနိုင်ငံများအပေါ် အုပ်စိုးရသောအခွင့်ကို ငါပေးမည်။-
26 Então ao vencedor, ao que praticar minhas obras até o fim, dar-lhe-ei poder sobre as nações pagãs.
27 ငါ၏ခမည်းတော်ထံမှ အာဏာစက်ကို ငါကိုယ်တိုင်ရရှိခဲ့ သည့်အတိုင်းပင် သူ့အားငါပေးမည်။ မြေအိုးသည် တစ်စစီ ရိုက်ခွဲခြင်းခံရသကဲ့သို့ သူသည် ထိုတိုင်းနိုင်ငံတို့ကို သံတုတ်နှင့် အုပ်စိုးလိမ့်မည်။-
27 Ele as regerá com cetro de ferro, como se quebra um vaso de argila,
28 မိုးသောက်ကြယ်ကိုလည်း သူ့အား ငါပေးမည်။-
28 assim como eu mesmo recebi o poder de meu Pai; e dar-lhe-ei a Estrela da manhã.
29 နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသောအရာကို ကြားပါစေ။
29 Quem tiver ouvidos, ouça o que o Espírito diz às igrejas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.