Apocalipse 21

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ထို့နောက် ကောင်းကင်သစ်နှင့် ကမ္ဘာသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမကမ္ဘာသည် ကွယ်ပျောက်သွားခဲ့ပြီး ပင်လယ်သည်လည်း မရှိတော့ချေ။-
1 Vi novo céu e nova terra, pois o primeiro céu e a primeira terra passaram, e o mar já não existe.
2 ဘုရားသခင်စံမြန်းတော်မူရာ ကောင်းကင်မှ သန့်ရှင်းသော ဂျေရုဆလင်မြို့တော်သစ်ကြီးသည် မိမိခင်ပွန်းအတွက် ဆင်မြန်းထားသော မင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဆင်းသက်လာသည်ကို ငါမြင်ရ၏။-
2 Vi também a cidade santa, a nova Jerusalém, que descia do céu, da parte de Deus, ataviada como noiva adornada para o seu esposo.
3 ထို့နောက် ပလ္လင်တော်ပေါ်မှ ကျယ်လောင်သောအသံကို ငါကြားရသည်ကား ကြည့်လော့၊ ဘုရားသခင်စံမြန်းတော်မူရာ အိမ်တော်သည် လူတို့နှင့်အတူရှိ၏။ ကိုယ်တော်သည် လူတို့နှင့်အတူစံမြန်းတော်မူ၍ သူတို့သည် ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည်လည်း ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိတော်မူလိမ့်မည်။-
3 Então, ouvi grande voz vinda do trono, dizendo: Eis o tabernáculo de Deus com os homens. Deus habitará com eles. Eles serão povos de Deus, e Deus mesmo estará com eles.
4 ကိုယ်တော်သည် သူတို့၏ မျက်စိများထဲမှ မျက်ရည်ရှိသမျှကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည်လည်း ရှိလိမ့်မည်မဟုတ်။ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်းနှင့် နာကျင်ခြင်းများသည်လည်း ရှိကြလိမ့်မည်မဟုတ်။ အကြောင်းမူကား ယခင်ကရှိခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြလေပြီဟူ၍ ဖြစ်သတည်း။
4 E lhes enxugará dos olhos toda lágrima, e a morte já não existirá, já não haverá luto, nem pranto, nem dor, porque as primeiras coisas passaram.
5 ထိုအခါ ပလ္လင်တော်ပေါ်၌ စံနေတော်မူသောအရှင်က ကြည့်လော့၊ ငါသည် အရာခပ်သိမ်းကို အသစ်ဖန်ဆင်းလေပြီ ဟုမိန့်တော်မူ၏။ ထို့ပြင် သူက ဤအရာကို ရေးမှတ်လော့။ အကြောင်းမူကား ဤစကားများမှာ ယုံကြည်ထိုက်၍ မှန်ကန်ကြသည် ဟုမိန့်တော်မူ၏။-
5 E aquele que está assentado no trono disse: Eis que faço novas todas as coisas. E acrescentou: Escreve, porque estas palavras são fiéis e verdadeiras.
6 ထို့နောက် သူက ဤအရာများသည် ပြီးဆုံးလေပြီ။ ငါသည် အာလ်ဖါနှင့် အိုမီဂါ၊ အစနှင့်အဆုံးဖြစ်တော်မူ၏။ ရေငတ်သော သူအား အသက်၏စမ်းရေမှ ရေကို အဖိုးအခမယူဘဲ ငါပေးမည်။-
6 Disse-me ainda: Tudo está feito. Eu sou o Alfa e o Ômega, o Princípio e o Fim. Eu, a quem tem sede, darei de graça da fonte da água da vida.
7 အောင်မြင်သောသူသည် ဤအမွေတော်ကို ခံစားရလိမ့်မည်။ ငါသည် သူ၏ဘုရားဖြစ်၍ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။-
7 O vencedor herdará estas coisas, e eu lhe serei Deus, e ele me será filho.
8 သို့ရာတွင် သူရဲဘောနည်းသူများ၊ သစ္စာမဲ့သူများ၊ ညစ်ညူးသောသူများ၊ လူသတ်သမားများ၊ မတရားသောမေထုန်မှီဝဲသူများ၊ စုန်းကဝေများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်ညာသူများ ရှိသမျှတို့သည် လောင်ကျွမ်းနေသော ကန့်မီးအိုင်ထဲသို့ ရောက်ကြလိမ့်မည်။ ထိုအရာသည်ကား ဒုတိယသေခြင်းပင် ဖြစ်သည်ဟု ငါ့အား မိန့်တော်မူ၏။
8 Quanto, porém, aos covardes, aos incrédulos, aos abomináveis, aos assassinos, aos impuros, aos feiticeiros, aos idólatras e a todos os mentirosos, a parte que lhes cabe será no lago que arde com fogo e enxofre, a saber, a segunda morte.
9 ထို့နောက် နောက်ဆုံးသော ဘေးဒုက္ခခုနစ်ခုပါသည့် ဖလားခုနစ်လုံးကို ကိုင်ဆောင်ထားသော ကောင်းကင်တမန်တော် ခုနစ်ပါးအနက်မှ တစ်ပါးက လာလော့၊ သိုးငယ်တော်၏ခင်ပွန်းဖြစ်သော သတို့သမီးကို သင့်အား ငါပြမည်ဟု ငါ့အားဆို၏။-
9 Então, veio um dos sete anjos que têm as sete taças cheias dos últimos sete flagelos e falou comigo, dizendo: Vem, mostrar-te-ei a noiva, a esposa do Cordeiro;
10 ထို့နောက် သူသည် ငါ့ကိုကြီးမား၍ မြင့်သောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် သယ်ဆောင်သွား၍ ဘုရားသခင် စံမြန်းရာ ကောင်းကင်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့တော်သစ်ကို ငါ့အားပြလေ၏။-
10 e me transportou, em espírito, até a uma grande e elevada montanha e me mostrou a santa cidade, Jerusalém, que descia do céu, da parte de Deus,
11 ထိုမြို့တော်ကြီးသည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့်ပြည့်လျက်ရှိရာ ရှားပါးသော နဂါးသွဲ့ကျောက်ကဲ့သို့ တောက်ပ၍ သလင်းကျောက်ကဲ့သို့ ကြည်လင်၏။-
11 a qual tem a glória de Deus. O seu fulgor era semelhante a uma pedra preciosíssima, como pedra de jaspe cristalina.
12 ထိုမြို့တော်ကြီး၏မြို့ရိုးသည် မြင့်၍ကြီးမားပြီး ၎င်း၌ တံခါးပေါက် တစ်ဆယ့်နှစ်ပေါက်ရှိ၏။ ထိုတံခါးပေါက်တစ်ခုစီတွင် ကောင်းကင်တမန်တော်တစ်ပါးစီရှိ၍ တံခါးပေါက်များပေါ်၌ အစ္စရာအဲလ်လူမျိုး တစ်ဆယ့်နှစ်မျိုး၏ အမည်နာမများကို ရေးထိုး ထားလျက်ရှိ၏။-
12 Tinha grande e alta muralha, doze portas, e, junto às portas, doze anjos, e, sobre elas, nomes inscritos, que são os nomes das doze tribos dos filhos de Israel.
13 အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ တံခါးသုံးပေါက်၊ တောင်ဘက်၌ တံခါးသုံးပေါက်၊ အနောက်ဘက်၌ တံခါးသုံးပေါက်ရှိ၏။-
13 Três portas se achavam a leste, três, ao norte, três, ao sul, e três, a oeste.
14 မြို့တော်၏မြို့ရိုးတွင် အုတ်မြစ် တစ်ဆယ့်နှစ်ခုရှိပြီး ယင်းတို့အပေါ်တွင် သိုးငယ်တော်၏ တမန်တော်ကြီး တစ်ဆယ့်နှစ်ပါးတို့၏ အမည်များကို ရေးထိုးထားလျက်ရှိ၏။
14 A muralha da cidade tinha doze fundamentos, e estavam sobre estes os doze nomes dos doze apóstolos do Cordeiro.
15 ငါ့ကို စကားပြောသောသူ၏လက်ထဲတွင် မြို့တော်ကြီးနှင့်အတူ ယင်း၏မြို့ရိုးများနှင့် တံခါးပေါက်များကို တိုင်းတာရန် ရွှေပေတံတစ်ချောင်းပါရှိ၏။-
15 Aquele que falava comigo tinha por medida uma vara de ouro para medir a cidade, as suas portas e a sua muralha.
16 မြို့တော်ကြီး၏ မြို့ပြပုံစံသည် အနားလေးဘက်ညီစတုရန်းပုံဖြစ်၏။ သူသည်လည်း မြို့တော်ကြီးကို သူ၏ပေတံနှင့် တိုင်းတာရာ အကျယ်အဝန်းမှာ စတုရန်းမိုင်တစ်ထောင့်ငါးရာခန့်ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။-
16 A cidade é quadrangular, de comprimento e largura iguais. E mediu a cidade com a vara até doze mil estádios. O seu comprimento, largura e altura são iguais.
17 သူသည် ၎င်း၏မြို့ရိုးကိုလည်း တိုင်းတာရာ ကောင်းကင်တမန်အသုံးပြုသည့် လူတို့၏အတိုင်းအတာအရ တစ်ရာ လေးဆယ့်လေးတောင်အမြင့်ရှိ၏။-
17 Mediu também a sua muralha, cento e quarenta e quatro côvados, medida de homem, isto é, de anjo.
18 မြို့ရိုးမှာ နဂါးသွဲ့ကျောက်နှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြို့တော်ကြီးမှာလည်း ဖန်သားကဲ့သို့ ကြည်လင်သော ရွှေစင်ဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။-
18 A estrutura da muralha é de jaspe; também a cidade é de ouro puro, semelhante a vidro límpido.
19 မြို့တော်ကြီး၏ မြို့ရိုးအုတ်မြစ်များကို ကျောက်မျက်ရတနာတစ်မျိုးစီဖြင့် စီချယ်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့ကျောက်၊ ဒုတိယအုတ်မြစ်မှာ နီလာ၊ တတိယအုတ်မြစ်မှာ မဟူရာ၊ စတုတ္ထအုတ်မြစ်မှာ မြကျောက်၊-
19 Os fundamentos da muralha da cidade estão adornados de toda espécie de pedras preciosas. O primeiro fundamento é de jaspe; o segundo, de safira; o terceiro, de calcedônia; o quarto, de esmeralda;
20 ပဉ္စမအုတ်မြစ်မှာ မဟူရာကြောင်ကျောက်၊ ဆဋ္ဌမအုတ်မြစ်မှာ ပတ္တမြားကျောက်၊ သတ္တမအုတ်မြစ်မှာ ဂေါတံကျောက်၊ အဋ္ဌမအုတ်မြစ်မှာ မျက်ရွဲကျောက်၊ န၀မအုတ်မြစ်မှာ ဥဿဖယားကျောက်၊ ဒသမအုတ်မြစ်မှာ မဟူရာစိမ်းကျောက်၊ ဧကဒသမအုတ်မြစ်မှာ စိမ်းပြာကျောက်၊ ဒွါဒသမအုတ်မြစ်မှာ ဂေါ်မုတ်ကျောက်စသည် တို့ဖြစ်ကြ၏။-
20 o quinto, de sardônio; o sexto, de sárdio; o sétimo, de crisólito; o oitavo, de berilo; o nono, de topázio; o décimo, de crisópraso; o undécimo, de jacinto; e o duodécimo, de ametista.
21 မြို့တံခါးပေါက်တစ်ပေါက်လျှင် ပုလဲတစ်လုံးစီဖြင့် ပြုလုပ်ထားသဖြင့် မြို့တံခါးပေါက် တစ်ဆယ့်နှစ်ပေါက်တို့သည် ပုလဲတစ်ဆယ့်နှစ်လုံး ဖြစ်ကြ၏။ မြို့တော်၏လမ်းတို့ကိုလည်း ဖန်သားကဲ့သို့ ကြည်လင်သောရွှေစင်ဖြင့် ပြုလုပ်ထားကြလေ၏။
21 As doze portas são doze pérolas, e cada uma dessas portas, de uma só pérola. A praça da cidade é de ouro puro, como vidro transparente.
22 ထိုမြို့တော်ကြီးထဲတွင် ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်နှင့် သိုးငယ်တော်သည် မြို့တော်၏ဗိမာန်တော်ပင်ဖြစ်သောကြောင့်တည်း။-
22 Nela, não vi santuário, porque o seu santuário é o Senhor, o Deus Todo-Poderoso, e o Cordeiro.
23 ဘုရားသခင်၏ ဘုန်းဂုဏ်တော်သည် မြို့တော်၏အလင်းဖြစ်၍ သိုးငယ်တော်သည် မြို့တော်၏ ဆီမီးဖြစ်သောကြောင့် မြို့တော်ကြီးကို အလင်းပေးရန် နေနှင့်လတို့ကို မလိုအပ်ချေ။-
23 A cidade não precisa nem do sol, nem da lua, para lhe darem claridade, pois a glória de Deus a iluminou, e o Cordeiro é a sua lâmpada.
24 လူမျိုးအပေါင်းတို့သည် မြို့တော်ကြီး၏အလင်း၌ လျှောက်လှမ်းကြလိမ့်မည်။ ကမ္ဘာပေါ်ရှိဘုရင်များသည်လည်း မိမိတို့၏ ဘဏ္ဍာများကို ထိုမြို့တော်ကြီးထဲသို့ ယူဆောင်လာကြလိမ့်မည်။-
24 As nações andarão mediante a sua luz, e os reis da terra lhe trazem a sua glória.
25 မြို့တံခါးတို့ကို တစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထိုအရပ်၌ ညဟူ၍ ရှိလိမ့်မည်မဟုတ်။-
25 As suas portas nunca jamais se fecharão de dia, porque, nela, não haverá noite.
26 လူမျိုးအပေါင်းတို့သည် မိမိတို့၏ဘုန်းကျက်သရေနှင့် ဂုဏ်သိက္ခာတို့ကို မြို့တော်ကြီးထဲသို့ ယူဆောင်လာကြလိမ့်မည်။-
26 E lhe trarão a glória e a honra das nações.
27 သို့ရာတွင် ညစ်ညူးသောအရာများသည် မြို့တော်ကြီးထဲသို့ ဝင်ရလိမ့်မည်မဟုတ်။ ထို့အတူ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုလုပ်သောသူနှင့် လိမ်လည်သောသူတို့သည်လည်း မြို့တော်ကြီးထဲသို့ ဝင်ရလိမ့်မည်မဟုတ်။ သိုးငယ်တော်၏ အသက်မှတ်တမ်းစာအုပ်တွင် အမည်ရေးမှတ် ခြင်းခံရသော သူတို့သာလျှင် မြို့တော်ကြီးအတွင်းသို့ဝင် ကြရလိမ့်မည်။
27 Nela, nunca jamais penetrará coisa alguma contaminada, nem o que pratica abominação e mentira, mas somente os inscritos no Livro da Vida do Cordeiro.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.