Apocalipse 20
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ထို့နောက် ကောင်းကင်တမန်တော်တစ်ပါးသည် အဆုံးမရှိနက်ရှိုင်းလှသော တွင်းကြီး၏သော့နှင့် ကြီးမားလှသော သံကြိုးတစ်ချောင်းကိုကိုင်လျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။-
1 Vi descer do céu um anjo que trazia na mão a chave do abismo e uma grande corrente.
2 သူသည် စာတန်နတ်ဆိုးတည်းဟူသော ရှေးမြွေနဂါးကြီးကို ဖမ်းဆီးပြီးလျှင် နှစ်ပေါင်းတစ်ထောင်တိုင်အောင် ချုပ်နှောင်၍၊-
2 Ele prendeu o dragão, a antiga serpente, que é o diabo, Satanás, e o acorrentou por mil anos;
3 ၎င်းကို တွင်းနက်ကြီးထဲသို့ ပစ်ချပြီး နှစ်ပေါင်းတစ်ထောင် ကြာသည့်တိုင်အောင် တိုင်းနိုင်ငံတို့အား လှည့်ဖြား နှောင့်ယှက်ခြင်း မပြုလုပ်နိုင်ရန် တွင်းတံခါးကိုပိတ်၍ တံဆိပ်ခတ်နှိပ်ထားလေ၏။ နှစ်ပေါင်းတစ်ထောင်ပြည့်ပြီးလျှင် နဂါးကြီးသည် ခေတ္တလွှတ်ပေးခြင်း ခံရလိမ့်မည်။
3 lançou-o no abismo, fechou-o e pôs um selo sobre ele, para assim impedi-lo de enganar as nações até que terminassem os mil anos. Depois disso, é necessário que ele seja solto por um pouco de tempo.
4 ထို့နောက် ငါသည် ပလ္လင်များကိုမြင်ရ၍ တရားစီရင်ပိုင်ခွင့်အာဏာကို ရရှိထားသောသူတို့သည် ထိုပလ္လင်များပေါ်တွင် ထိုင်နေကြ၏။ ထို့အတူ ယေဇူးကိုသက်သေခံ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောခြင်းကြောင့် ဦးခေါင်းဖြတ် ခံရသောသူများ၏ ဝိညာဉ်များကိုလည်းကောင်း၊ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကို ရှိခိုးကိုးကွယ်ခြင်းမပြုကြဘဲ မိမိတို့၏ နဖူးများနှင့်လက်များပေါ်၌ သတ္တဝါကြီး၏အမှတ်တံဆိပ်ကို ခတ်နှိပ်ထားခြင်းမရှိကြသော သူတို့၏ဝိညာဉ်များကိုလည်းကောင်း ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်လာကြပြီး ခရစ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင်စိုးစံကြ၏။-
4 Vi tronos em que se assentaram aqueles a quem havia sido dada autoridade para julgar. Vi as almas dos que foram decapitados por causa do testemunho de Jesus e da palavra de Deus. Eles não tinham adorado a besta nem a sua imagem, e não tinham recebido a sua marca na testa nem nas mãos. Eles ressuscitaram e reinaram com Cristo durante mil anos.
5 သေလွန်သူတို့ထဲမှ ကြွင်းကျန်နေသောသူတို့သည် နှစ်ပေါင်းတစ်ထောင်ကုန်သည်အထိ အသက်ပြန်မရှင်ကြပေ။ ဤသည်ကား ပထမအကြိမ် ရှင်ပြန်ထမြောက်ခြင်းဖြစ်သတည်း။-
5 ( O restante dos mortos não voltou a viver até se completarem os mil anos. ) Esta é a primeira ressurreição.
6 ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ခံစားရသောသူသည် မင်္ဂလာရှိ၍ သန့်ရှင်းမြင့်မြတ်သောသူဖြစ်၏။ ဒုတိယ သေခြင်းသည် ထိုသူတို့အပေါ်၌ လွှမ်းမိုးခြင်းမရှိပေ။ သူတို့မူကား ဘုရားသခင်နှင့် ခရစ်တော်၏ ရဟန်းများဖြစ်ကြ၍ ကိုယ်တော်နှင့်အတူ နှစ်ပေါင်းတစ်ထောင် စိုးစံကြလိမ့်မည်။
6 Felizes e santos os que participam da primeira ressurreição! A segunda morte não tem poder sobre eles; serão sacerdotes de Deus e de Cristo, e reinarão com ele durante mil anos.
7 နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသောအခါ စာတန်သည် သူ၏အကျဉ်းထောင်မှလွှတ်ပေးခြင်းခံရ၍၊-
7 Quando terminarem os mil anos, Satanás será solto da sua prisão
8 ဂေါ့ပြည်နှင့် မာဂေါ့ပြည်ဟုခေါ်သော ကမ္ဘာ့အရပ်လေးမျက်နှာမှ တိုင်းနိုင်ငံတို့ကို လှည့်ဖြား၍ စစ်ပွဲအတွက် စုရုံးလိမ့်မည်။ သူတို့၏အရေအတွက်သည်ကား ပင်လယ်ကမ်းခြေမှ သဲပွင့်များကဲ့သို့များပြားလေ၏။-
8 e sairá para enganar as nações que estão nos quatro cantos da terra, Gogue e Magogue, a fim de reuni-las para a batalha. Seu número é como a areia do mar.
9 သူတို့သည် ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားကိုဖြတ်၍ ချီတက်လာကြပြီးလျှင် သူတော်သူမြတ်တို့၏စခန်းနှင့် နှစ်သက်မြတ်နိုး ဖွယ်သော မြို့တော်ကို ဝန်းရံထားကြ၏။ သို့သော် ကောင်းကင်ရှိ ဘုရားသခင်ထံမှ မီးကျလာပြီးလျှင် သူတို့ကို လောင်ကျွမ်းလေ၏။-
9 As nações marcharam por toda a superfície da terra e cercaram o acampamento dos santos, a cidade amada; mas um fogo desceu do céu e as devorou.
10 သူတို့အား လှည့်ဖြားသွေးဆောင်ခဲ့သော နတ်ဆိုးသည်လည်း သတ္တဝါကြီးနှင့် ပရောဖက်အတုအယောင်တို့ရှိနေသည့် ကန့်မီးအိုင်ထဲသို့ ပစ်ချခြင်းခံရလေ၏။ သူတို့သည် ထိုနေရာတွင် နေ့ညမပြတ်၊ အစဉ်ထာ၀ရ ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရလိမ့်မည်။
10 O diabo, que as enganava, foi lançado no lago de fogo que arde com enxofre, onde já haviam sido lançados a besta e o falso profeta. Eles serão atormentados dia e noite, para todo o sempre.
11 ထို့နောက် ငါသည် အဖြူရောင်ပလ္လင်ကြီးတစ်ခုနှင့် ထိုပလ္လင်အပေါ်တွင် စံပယ်တော်မူသောအရှင်ကို မြင်ရ၏။ ကမ္ဘာမြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်၏ရှေ့တော်မှောက်မှ ပျောက်ကွယ်သွားပြီး ယင်းတို့အတွက်လည်း နေရာမရှိတော့ချေ။-
11 Depois vi um grande trono branco e aquele que nele estava assentado. A terra e o céu fugiram da sua presença, e não se encontrou lugar para eles.
12 ထို့နောက် သေလွန်သူ ကြီးငယ်ဟူသမျှတို့သည် ပလ္လင်တော်ရှေ့တွင်ရပ်နေကြပြီး စာအုပ်များကိုလည်း ဖွင့်ထားလျက်ရှိသည်ကို ငါမြင်ရ၏။ အသက်မှတ်တမ်းစာအုပ်တည်းဟူသော အခြားစာအုပ်တစ်အုပ်ကိုလည်း ဖွင့်ထားလျက် ရှိ၏။ သေလွန်သောသူတို့သည် မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း ထိုစာအုပ်တွင် ရေးထားသည်နှင့်အညီ တရားစီရင်ခြင်း ခံကြရ၏။-
12 Vi também os mortos, grandes e pequenos, de pé diante do trono, e livros foram abertos. Outro livro foi aberto, o livro da vida. Os mortos foram julgados de acordo com o que tinham feito, segundo o que estava registrado nos livros.
13 ပင်လယ်သည် မိမိ၌သေသောသူတို့ကို ထုတ်ပေးလေ၏။ သေမင်းနှင့် သေမင်းနိုင်ငံတို့သည်လည်း မိမိတို့၌ရှိသော သေလွန်သူတို့ကို ထုတ်ပေးကြ၏။ ထိုအခါ ခပ်သိမ်းသောလူတို့သည် မိမိတို့လုပ်ဆောင်ခဲ့သည့်အတိုင်း တရားစီရင်ခြင်း ခံကြရ၏။-
13 O mar entregou os mortos que nele havia, e a morte e o Hades entregaram os mortos que neles havia; e cada um foi julgado de acordo com o que tinha feito.
14 ထို့နောက် သေမင်းနှင့် သေမင်းနိုင်ငံတို့သည် မီးအိုင်ထဲသို့ပစ်ချခြင်းခံကြရ၏။ ဤမီးအိုင်သည်ကား ဒုတိယသေခြင်း ပေတည်း။-
14 Então a morte e o Hades foram lançados no lago de fogo. O lago de fogo é a segunda morte.
15 အသက်မှတ်တမ်းစာအုပ်တွင် အမည်ရေးမှတ်ထားခြင်း မခံရသောသူဟူသမျှသည်လည်း မီးအိုင်ထဲသို့ပစ်ချခြင်းခံရ လေ၏။
15 Se o nome de alguém não foi encontrado no livro da vida, este foi lançado no lago de fogo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.