Apocalipse 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ဤသည်ကား ယေဇူးခရစ်တော်၏ ဗျာဒိတ်တော်ပေတည်း။ ကိုယ်တော်သည် မိမိ၏အစေခံတို့အား မကြာမီဖြစ်လတ္တံ့သော အရာများကို ပြသနိုင်ရန် ဘုရားသခင်သည် ထိုဗျာဒိတ်တော်ကို ကိုယ်တော်အား ပေးအပ်တော်မူလေ၏။ ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တော်ကို မိမိ၏အစေခံ ယောဟန်ထံသို့ စေလွှတ်တော်မူခြင်းဖြင့် ထိုဗျာဒိတ်တော်ကို ကြားသိစေခဲ့၏။-
1 Revelação de Jesus Cristo, a qual Deus lhe deu, para mostrar aos seus servos as coisas que brevemente devem acontecer; e pelo seu anjo as enviou, e as notificou a João seu servo;
2 ယောဟန်သည်ကား ဘုရားသခင်၏နှုတ်တော်ထွက်စကားနှင့် ယေဇူးခရစ်တော်၏အကြောင်းကို သူ မြင်တွေ့ခဲ့ရသော လူအပေါင်းတို့အား သက်သေခံခဲ့သော သူပင်ဖြစ်၏။
2 O qual testificou da palavra de Deus, e do testemunho de Jesus Cristo, e de tudo o que tem visto.
3 ဤဟောထားချက်များကို အများကြားအောင် ဖတ် သောသူသည် မင်္ဂလာရှိ၏။ ဤကျမ်းတွင် ရေးထားသော အရာတို့ကို ကြားနာပြီး ကျင့်ကြံသောသူသည်လည်း မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုဗျာဒိတ်တော်များပြည့်စုံရန် အချိန်သည် နီးကပ်လာ လေပြီ။
3 Bem-aventurado aquele que lê, e os que ouvem as palavras desta profecia, e guardam as coisas que nela estão escritas; porque o tempo está próximo.
4 ငါယောဟန်သည် အာရှပြည်တွင်ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာ ခြင်းသည် ပစ္စုပ္ပန်၊ အတိတ်နှင့် အနာဂတ်ကာလတို့၌ အစဉ်တည်နေတော်မူသော အရှင်ထံမှ လည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ခစားလျက်ရှိသော ကောင်းကင်တမန်တော်ခုနစ်ပါးမှလည်းကောင်း၊-
4 João, às sete igrejas que estão na Ásia: Graça e paz seja convosco da parte daquele que é, e que era, e que há de vir, e da dos sete espíritos que estão diante do seu trono;
5 ကမ္ဘာပေါ် ရှိဘုရင်တို့၏ ဘုရင်ဖြစ်ပြီး သေခြင်းမှထမြောက်သော သူတို့တွင် သားဦးဖြစ်၍ သစ္စာရှိသောသက်သေခံ ဖြစ်တော်မူသည့် ယေဇူးခရစ်တော်ထံတော်မှလည်းကောင်း ထွက်ပေါ်လာ၍ သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ငါတို့ကို ချစ်တော်မူ၍ မိမိ၏အသွေးတော်နှင့် ငါတို့ကို အပြစ်များမှ ဖြေလွှတ်ပြီး၊-
5 E da parte de Jesus Cristo, que é a fiel testemunha, o primogênito dentre os mortos e o príncipe dos reis da terra. Àquele que nos amou, e em seu sangue nos lavou dos nossos pecados,
6 ငါတို့အတွက် နိုင်ငံတော်တည်ထောင်ကာ မိမိခမည်းတော်ဘုရား၏ အမှုတော်ကိုဆောင်ရွက်ရန် ငါတို့ကို ရဟန်းအမျိုးအနွယ် ဖြစ်စေသော ကိုယ်တော်အား ကာလအဆက်ဆက် ဘုန်းဂုဏ်တော်နှင့် တန်ခိုးအာဏာတော်ရှိပါစေသော်။ အာမင်။
6 E nos fez reis e sacerdotes para Deus e seu Pai; a ele glória e poder para todo o sempre. Amém.
7 ကြည့်လော့၊ ကိုယ်တော်သည် မိုးတိမ်များနှင့်အတူ ကြွလာတော်မူလေပြီ။ ကိုယ်တော့်ကို ထိခိုက်နာကျင်စေသော သူများအပါအဝင် လူတိုင်းသည် ကိုယ်တော့်ကို ဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်လည်း ကိုယ်တော့် အတွက်ကြောင့် ငိုကြွေးကြလိမ့်မည်။ ထိုကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။ အာမင်။
7 Eis que vem com as nuvens, e todo o olho o verá, até os mesmos que o traspassaram; e todas as tribos da terra se lamentarão sobre ele. Sim. Amém.
8 ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလတို့တွင် အစဉ်တည်နေတော်မူသော အနန္တတန်ခိုးတော်ရှင်ဖြစ်သည့် ထာ၀ရအရှင် ဘုရားသခင်က ငါသည် အာလ်ဖါနှင့် အိုမီဂါဖြစ်သည်ဟု မိန့်တော်မူ၏။
8 Eu sou o Alfa e o Ômega, o princípio e o fim, diz o Senhor, que é, e que era, e que há de vir, o Todo-Poderoso.
9 ယေဇူးသခင်၌ သင်တို့နှင့်အတူ ဒုက္ခအခက်အခဲကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံခြင်း ကိုလည်းကောင်း မျှဝေခံစားသော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ယေဇူးသခင်ကို သက်သေခံ၍ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဟောပြောသောအမှုကြောင့် ပတ္တမော့ကျွန်းတွင်နေခဲ့ရ၏။-
9 Eu, João, que também sou vosso irmão, e companheiro na aflição, e no reino, e paciência de Jesus Cristo, estava na ilha chamada Patmos, por causa da palavra de Deus, e pelo testemunho de Jesus Cristo.
10 ငါသည် သခင်ဘုရား၏နေ့တော်၌ ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက်ရှိစဉ် ငါ၏နောက်မှ တံပိုးခရာမှုတ်သံကဲ့သို့ ကျယ်သောအသံကို ကြားလိုက်ရ၏။-
10 Eu fui arrebatado no Espírito no dia do Senhor, e ouvi detrás de mim uma grande voz, como de trombeta,
11 ထိုအသံက သင်မြင်သမျှကို စာအုပ်တွင်ရေး၍ အသင်းတော်ခုနစ်ခုဖြစ်သော ဧဖက်ဆု၊ စမီနာ၊ ပေဂါမော့၊ သီယတိရ၊ ဆာဒစ်၊ ဖီလာ ဒေးဖိယနှင့် လာအိုဒိစိယတို့ထံသို့ ပေးပို့လော့ဟုဆို၏။
11 Que dizia: Eu sou o Alfa e o Ômega, o primeiro e o derradeiro; e o que vês, escreve-o num livro, e envia-o às sete igrejas que estão na Ásia: a Éfeso, e a Esmirna, e a Pérgamo, e a Tiatira, e a Sardes, e a Filadélfia, e a Laodicéia.
12 ထိုအခါ ငါ့ကိုပြောဆိုနေသောအသံလာရာသို့ ငါလှည့်၍ကြည့်၏။ ထိုသို့လှည့်ကြည့်လိုက်စဉ်တွင် ရွှေမီးခွက်တင်ခုံ ခုနစ်ခုကို ငါမြင်ရ၏။-
12 E virei-me para ver quem falava comigo. E, virando-me, vi sete castiçais de ouro;
13 ထိုမီးခွက်တင်ခုံများအလယ်တွင် အဝတ်ရှည်ကိုဝတ်ဆင်ထားပြီး ရင်ဘတ်တွင် ရွှေစလွယ်သိုင်းထားသော လူသားနှင့် တူသည့်သူ တစ်ဦးရှိလေ၏။-
13 E no meio dos sete castiçais um semelhante ao Filho do homem, vestido até aos pés de uma roupa comprida, e cingido pelos peitos com um cinto de ouro.
14 သူ၏ဦးခေါင်းနှင့် ဆံပင်တို့သည် အဖြူရောင်သိုးမွေးကဲ့သို့လည်းကောင်း၊ နှင်းပွင့်ကဲ့သို့လည်းကောင်း ဆွတ်ဆွတ်ဖြူ၍ သူ၏မျက်စိတို့သည် မီးတောက်ကဲ့သို့ဖြစ်၏။-
14 E a sua cabeça e cabelos eram brancos como lã branca, como a neve, e os seus olhos como chama de fogo;
15 သူ၏ခြေများသည်လည်း မီးပြင်းဖိုတွင် သန့်စင်ထားသောကြေးများကဲ့သို့ တောက်ပပြီး သူ၏အသံသည် ရေများစီးဆင်း နေသော အသံကဲ့သို့ဖြစ်၏။-
15 E os seus pés, semelhantes a latão reluzente, como se tivessem sido refinados numa fornalha, e a sua voz como a voz de muitas águas.
16 သူသည် သူ၏လက်ယာလက်၌ ကြယ်ခုနစ်လုံးကိုဆုပ်ကိုင်ထားပြီး သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည်ကား အစွမ်းကုန်တောက်ပနေသော နေမင်းကဲ့သို့ဖြစ်၏။
16 E ele tinha na sua destra sete estrelas; e da sua boca saía uma aguda espada de dois fios; e o seu rosto era como o sol, quando na sua força resplandece.
17 ထိုသူ့ကို ငါတွေ့မြင်ရသောအခါ ငါသည် သေဆုံးသကဲ့သို့ သူ၏ခြေရင်း၌လဲကျသွား၏။ သို့သော် သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကို တင်ထားလျက် ဆိုသည်မှာ မကြောက်နှင့်၊ ငါသည် အစနှင့်အဆုံးဖြစ်၏။-
17 E eu, quando o vi, caí a seus pés como morto; e ele pôs sobre mim a sua destra, dizendo-me: Não temas; Eu sou o primeiro e o último;
18 ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ကြည့်လော့၊ ငါသည် အစဉ်ထာ၀ရ အသက်ရှင်လျက် ရှိလေပြီ။ ငါ့၌ သေခြင်းနှင့် မရဏနိုင်ငံ၏သော့များရှိ၏။-
18 E o que vivo e fui morto, mas eis aqui estou vivo para todo o sempre. Amém. E tenho as chaves da morte e do inferno.
19 သင်မြင်ရသောအရာများ၊ ပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသောအရာများနှင့် နောင်အနာဂတ်တွင် ဖြစ်ပျက်လတ္တံ့သော အကြောင်းအရာများကို ယခုရေးမှတ်လော့။-
19 Escreve as coisas que tens visto, e as que são, e as que depois destas hão de acontecer;
20 ငါ၏လက် ယာဘက်တွင် သင်တွေ့မြင်ရသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်တင်ခုံခုနစ်ခုတို့၏ နက်နဲသည့်အဓိပ္ပာယ်နှင့် ပတ်သက်၍ဆိုရလျှင် ကြယ်ခုနစ်လုံးမှာ အသင်းတော်ခုနစ်ပါး၏ တမန်တော်များဖြစ်ကြပြီး မီးခွက်တင်ခုံခုနစ်ခုကား အသင်းတော်ခုနစ်ပါးပင်ဖြစ်၏။
20 O mistério das sete estrelas, que viste na minha destra, e dos sete castiçais de ouro. As sete estrelas são os anjos das sete igrejas, e os sete castiçais, que viste, são as sete igrejas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.