Apocalipse 14

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထို့နောက် ငါကြည့်လိုက်သောအခါ သိုးငယ်တော်သည် ဇီအွန်တောင်ပေါ်တွင် ရပ်နေသည်ကိုလည်းကောင်း၊ သိုးငယ်တော်နှင့်အတူ မိမိတို့၏အမည်နှင့် ခမည်းတော်၏နာမတော်ကို မိမိတို့နဖူးများပေါ်တွင် ရေးမှတ်ထားကြသော လူပေါင်း တစ်သိန်းလေး သောင်းလေးထောင်တို့ကိုလည်းကောင်း ငါမြင်ရ၏။-
1 E olhei, e eis que estava o Cordeiro sobre o monte Sião, e com ele cento e quarenta e quatro mil, que em sua testa tinham escrito o nome dele e o de seu Pai.
2 ထို့နောက် ရေများစီးဆင်းသံနှင့် ကျယ်လောင်သော မိုးထစ်ချုန်းသံကဲ့သို့သော အသံတစ်ခုကို ကောင်းကင်မှ ငါကြားရ၏။ ငါကြားရသောအသံကား စောင်းသမားများ မိမိတို့၏စောင်းကိုတီးခတ်သော အသံနှင့်တူ၏။-
2 E ouvi uma voz do céu como a voz de muitas águas e como a voz de um grande trovão; e uma voz de harpistas, que tocavam com a sua harpa.
3 သူတို့သည် ပလ္လင်တော်ရှေ့၊ သက်ရှိသတ္တဝါလေးဦးတို့ရှေ့နှင့် သက်ကြီးဝါကြီးတို့၏ ရှေ့မှောက်တွင် သီချင်းသစ်ကို သီဆိုကြ လေ၏။ ကမ္ဘာမြေပေါ်မှ ကယ်တင်ခြင်းခံထားရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှအပ မည်သူမျှ ထိုသီချင်းကို မသင်ယူနိုင်ကြပေ။-
3 E cantavam um como cântico novo diante do trono e diante dos quatro animais e dos anciãos; e ninguém podia aprender aquele cântico, senão os cento e quarenta e quatro mil que foram comprados da terra.
4 ဤသူတို့သည် မိန်းမများနှင့် ပြစ်မှားကျူးလွန်မှုမရှိဘဲ စင်ကြယ်သူများ၊ သိုးငယ်တော်သွားလေရာအရပ်သို့ လိုက်သောသူများ၊ ဘုရားသခင်နှင့် သိုးငယ်တော်တို့အတွက် သီးဦးသီးဖျားများအဖြစ် လူသားတို့အထဲမှ ရွေးနုတ်ခြင်း ခံထားရသော သူများဖြစ်ကြ၏။-
4 Estes são os que não estão contaminados com mulheres, porque são virgens. Estes são os que seguem o Cordeiro para onde quer que vai. Estes são os que dentre os homens foram comprados como primícias para Deus e para o Cordeiro.
5 သူတို့သည် အပြစ်အနာအဆာ ကင်းသောသူများဖြစ်ကြသောကြောင့် သူတို့၏နှုတ်မှ လိမ်လည်ပြောဆိုခြင်းမရှိပေ။
5 E na sua boca não se achou engano; porque são irrepreensíveis diante do trono de Deus.
6 ထို့နောက် ကမ္ဘာပေါ်တွင် နေထိုင်သူများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုး ပြောသောသူများနှင့် လူမျိုးစု အသီးသီးတို့အား ထာ၀ရတည်မည့် ဧဝံဂေလိတရားတော်ကိုဟောပြောရန် ကောင်းကင်ယံတွင် ပျံသန်းနေသည့် အခြားသော ကောင်းကင်တမန်တော်တစ်ပါးကို ငါမြင်ရ၏။-
6 E vi outro anjo voar pelo meio do céu, e tinha o evangelho eterno, para o proclamar aos que habitam sobre a terra, e a toda nação, e tribo, e língua, e povo,
7 သူက ကျယ်လောင်သောအသံနှင့် ကြွေးကြော်သည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ကိုယ်တော်၏ ဘုန်းတော်ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်စီရင်ဆုံးဖြတ်အံ့သော အချိန်နာရီသည် ကျရောက်လာ လေပြီ။ ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်နှင့် စမ်းရေအိုင်တို့ကို ဖန်ဆင်းတော်မူသော ကိုယ်တော်ကို ရှိခိုးကိုးကွယ်ကြ ကုန်လော့ဟူ၍ ဖြစ်၏။
7 dizendo com grande voz: Temei a Deus e dai-lhe glória, porque vinda é a hora do seu juízo. E adorai aquele que fez o céu, e a terra, e o mar, e as fontes das águas.
8 ထို့နောက် ဒုတိယကောင်းကင်တမန်တော်သည်လည်း ပေါ်လာ၍ ကြီးကျယ်သော ဘာဘီလွန်မြို့တော်ကြီး ကျဆုံးလေပြီ၊ ကျဆုံးလေပြီ။ သူမသည် တိုင်းနိုင်ငံရှိသမျှတို့အား သူမ၏မစင်ကြယ်သည့် ဆန္ဒရမ္မက်များတည်းဟူသော စပျစ်ရည်ကို သောက်သုံးစေခဲ့သူပင် ဖြစ်သည်ဟုဆိုလေ၏။
8 E outro anjo seguiu, dizendo: Caiu! Caiu Babilônia, aquela grande cidade que a todas as nações deu a beber do vinho da ira da sua prostituição!
9 ထို့နောက် တတိယကောင်းကင်တမန်တော်သည်လည်း ပေါ်လာ၍ ကျယ်လောင်သောအသံဖြင့် ဆိုသည်မှာ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကိုကိုးကွယ်ပြီး မိမိ၏လက်၊ သို့မဟုတ် နဖူးပေါ်၌ အမှတ်တံဆိပ်ရှိသောသူ ဟူသမျှသည်၊-
9 E os seguiu o terceiro anjo, dizendo com grande voz: Se alguém adorar a besta e a sua imagem e receber o sinal na testa ou na mão,
10 ဘုရားသခင်၏ အမျက်တော်ဖလားထဲသို့ လောင်းထည့်ထားသော ရောစပ်ထားခြင်းမရှိသည့် အမျက်တော်၏ စပျစ်ရည်ကို သောက်ရလိမ့်မည်။ သူသည် သန့်ရှင်းသော ကောင်းကင်တမန်တော်များနှင့် သိုးငယ်တော်၏ ရှေ့မှောက်တော်တွင် မီးနှင့်လည်းကောင်း၊ ကန့်ငရဲမီးနှင့်လည်းကောင်း ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။-
10 também o tal beberá do vinho da ira de Deus, que se deitou, não misturado, no cálice da sua ira, e será atormentado com fogo e enxofre diante dos santos anjos e diante do Cordeiro.
11 သူတို့ကို ညှဉ်းပန်းနှိပ်စက်ရာမှ ထွက်လာသောမီးခိုးငွေ့သည် ကာလအဆက်ဆက်အထက်သို့ တက်လေ၏။ သတ္တဝါကြီးနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်၍ ၎င်း၏အမည်နာမအမှတ်တံဆိပ်ကို ရရှိထားသောသူတို့သည် နေ့ညမပြတ် အနားရကြလိမ့်မည် မဟုတ်ဟူ၍ ဖြစ်၏။
11 E a fumaça do seu tormento sobe para todo o sempre; e não têm repouso, nem de dia nem de noite, os que adoram a besta e a sua imagem e aquele que receber o sinal do seu nome.
12 ဤသည်ကား ယေဇူး၌ ယုံကြည်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်များကိုလည်းကောင်း စောင့်ထိန်းကြသော သူတော်သူမြတ်တို့အား တည်ကြည်ခိုင်မာခြင်းရှိရန် နှိုးဆော်ခြင်းပေတည်း။
12 Aqui está a paciência dos santos; aqui estão os que guardam os mandamentos de Deus e a fé em Jesus.
13 ထို့နောက် ငါသည် ကောင်းကင်မှအသံတစ်ခုကို ကြားရ၏။ ၎င်းကဆိုသည်မှာ ဤအရာကိုရေးမှတ်လော့၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ ဟူ၍ဖြစ်လေ၏။ ထိုအခါ ဝိညာဉ်တော်ဘုရားက မင်္ဂလာရှိသည်မှန်ပေ၏၊ သူတို့၏ကောင်းမှုတို့သည် သူတို့နှင့် အတူပါလာသောကြောင့် သူတို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ရခြင်းမှ အနားယူနိုင်ကြ လေပြီဟု မိန့်တော်မူ၏။
13 E ouvi uma voz do céu, que me dizia: Escreve: Bem-aventurados os mortos que, desde agora, morrem no Senhor. Sim, diz o Espírito, para que descansem dos seus trabalhos, e as suas obras os sigam.
14 ထို့နောက် ငါကြည့်လိုက်သောအခါ အဖြူရောင်တိမ်တိုက်တစ်ခုကို ငါမြင်ရ၏။ တိမ်တိုက်ပေါ်တွင် လူသားနှင့်တူသော သူတစ်ဦးထိုင်လျက်ရှိပြီး သူ၏ဦးခေါင်းပေါ်တွင် ရွှေသရဖူကိုဆောင်းကာ သူ၏လက်တွင်ထက်သော တံစဉ်တစ်လက်ကို ကိုင်ထား၏။-
14 E olhei, e eis uma nuvem branca e, assentado sobre a nuvem, um semelhante ao Filho do Homem, que tinha sobre a cabeça uma coroa de ouro e, na mão, uma foice aguda.
15 ထိုအခါ အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ဗိမာန်တော်အတွင်းမှ ထွက်လာ၍ တိမ်တိုက်ပေါ်တွင် ထိုင်နေသော သူထံသို့ ကျယ်လောင်သောအသံဖြင့် ဟစ်အော်သည်မှာ သင်၏တံစဉ်ကိုယူ၍ ရိတ်သိမ်းပါလော့။ အကြောင်း မူကား ကမ္ဘာမြေကြီး၏အသီးအနှံတို့သည် မှည့်ရွမ်းနေပြီဖြစ်၍ ရိတ်သိမ်းရန် အချိန်တန်လေပြီဟုဆို၏။-
15 E outro anjo saiu do templo, clamando com grande voz ao que estava assentado sobre a nuvem: Lança a tua foice e sega! É já vinda a hora de segar, porque já a seara da terra está madura!
16 သို့ဖြစ်၍ တိမ်တိုက်ပေါ်တွင် ထိုင်နေသောသူသည် မိမိ၏တံစဉ်ကို ကမ္ဘာမြေပေါ်တွင်ဝှေ့ရမ်းကာ ကမ္ဘာမြေကြီး၏ အသီးအနှံများကို ရိတ်သိမ်းလေ၏။
16 E aquele que estava assentado sobre a nuvem meteu a sua foice à terra, e a terra foi segada.
17 ထိုအခါ အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ကောင်းကင်ရှိဗိမာန်တော်မှ ထွက်လာ၏။ သူ့ထံတွင်လည်း ထက်သောတံစဉ်တစ်လက်ရှိ၏။-
17 E saiu do templo, que está no céu, outro anjo, o qual também tinha uma foice aguda.
18 ထို့နောက် မီးကိုအစိုးရသည့် အခြားသော ကောင်းကင်တမန်တော်တစ်ပါးသည် ယဇ်ပလ္လင်တော်မှ ထွက်လာ၍ တံစဉ်ကိုင်ထားသော တမန်တော်အား ကျယ်လောင်သောအသံနှင့် ပြောသည်မှာ သင်၏တံစဉ်ကိုယူ၍ ကမ္ဘာမြေပေါ်မှ စပျစ်ခိုင်များကို ရိတ်သိမ်းလော့။ အကြောင်းမူကား စပျစ်သီးတို့သည် မှည့်ရွမ်းလျက်ရှိပြီ ဟုဆို၏။-
18 E saiu do altar outro anjo, que tinha poder sobre o fogo, e clamou com grande voz ao que tinha a foice aguda, dizendo: Lança a tua foice aguda e vindima os cachos da vinha da terra, porque já as suas uvas estão maduras!
19 သို့ဖြစ်၍ ထိုကောင်းကင်တမန်တော်သည် မိမိ၏တံစဉ်ကို ဝှေ့ရမ်းကာ ကမ္ဘာမြေပေါ်မှ စပျစ်သီးများကို ရိတ်သိမ်းပြီး ၎င်းတို့ကို ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်ရည်ကြိတ်စက်ထဲသို့ ပစ်ချလိုက်လေ၏။-
19 E o anjo meteu a sua foice à terra, e vindimou as uvas da vinha da terra, e lançou-as no grande lagar da ira de Deus.
20 ထိုစပျစ်သီးများကို မြို့၏အပြင်ဘက်ရှိ စပျစ်ရည်ကြိတ်စက်တွင် ကြိတ်လိုက်သောအခါ ထွက်လာသော သွေးများသည် မြင်း၏ဇက်ကြိုးကို ထိသည့်တိုင်အောင် မြင့်၍ မိုင်နှစ်ရာကျယ်ဝန်းလေ၏။
20 E o lagar foi pisado fora da cidade, e saiu sangue do lagar até aos freios dos cavalos, pelo espaço de mil e seiscentos estádios.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Apocalipse 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.