Apocalipse 13
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ထိုအခါ ငါသည် ဦးချိုဆယ်ချောင်းနှင့် ဦးခေါင်းခုနစ်လုံးပါရှိသော သတ္တဝါကြီးတစ်ကောင် ပင်လယ်ထဲမှ တက်လာသည်ကို မြင်ရ၏။ ၎င်း၏ဦးချိုများပေါ်တွင် သရဖူဆယ်ခုကိုဆောင်းထားပြီး ၎င်း၏ဦးခေါင်းများပေါ်တွင် ဘုရားသခင်ကို ထိခိုက်စော်ကားသော အမည်နာမပါရှိ၏။-
1 Vi, então, levantar-se do mar uma Fera que tinha dez chifres e sete cabeças; sobre os chifres, dez diademas; e nas suas cabeças, nomes blasfematórios.
2 ငါမြင်ရသောသတ္တဝါကြီးသည် ကျားသစ်နှင့်တူ၏။ ၎င်း၏ခြေများကား ဝက်ဝံခြေများနှင့်တူ၍ ၎င်း၏နှုတ်မှာ ခြင်္သေ့၏နှုတ်နှင့် တူ၏။ နဂါးကြီးသည် ထိုသတ္တဝါကြီးအား မိမိ၏ခွန်အားတန်ခိုး၊ မိမိ၏ပလ္လင်နှင့် ဩဇာအာဏာတို့ကို ပေးအပ်လေ၏။-
2 A Fera que eu vi era semelhante a uma pantera: os pés como de urso, e as fauces como de leão. Deu-lhe o Dragão o seu poder, o seu trono e grande autoridade.
3 သတ္တဝါကြီး၏ဦးခေါင်းများအနက်မှ တစ်လုံးတွင် သေနိုင်လောက်သော ဒဏ်ရာတစ်ခုရှိဟန်တူ၏။ သို့သော် ထိုသေလောက်သော ဒဏ်ရာသည် ပျောက်ကင်းသွားသဖြင့် တစ်ကမ္ဘာလုံးသည် အံ့ဩစွာဖြင့် သတ္တဝါကြီးနောက်သို့ လိုက်ကြလေ၏။-
3 Uma das suas cabeças estava como que ferida de morte, mas essa ferida de morte fora curada. E todos, pasmados de admiração, seguiram a Fera
4 နဂါးကြီးသည် သတ္တဝါကြီးအား မိမိ၏ဩဇာအာဏာကို ပေးခဲ့သည့်အတွက် လူတို့သည် နဂါးကြီးအား ကိုးကွယ်ကြလေ၏။ ထို့နောက် သူတို့သည် သတ္တဝါကြီးကိုလည်း ရှိခိုးကိုးကွယ်ကြလျက် မည်သူသည် သတ္တဝါကြီးကို တုနိုင်သနည်း။ သူ့ကို မည်သူယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်းဟု ဆိုကြလေ၏။
4 e prostraram-se diante do Dragão, porque dera seu prestígio à Fera, e prostraram-se igualmente diante da Fera, dizendo: Quem é semelhante à Fera e quem poderá lutar com ela?
5 သတ္တဝါကြီးသည် ဘုရားသခင်အား ထိခိုက်စော်ကားသော မောက်မာသည့်စကားများကို ရေရွတ်ပြောဆိုနိုင်သည့်နှုတ်ကို ရရှိထားပြီး လေးဆယ့်နှစ်လပတ်လုံး ဩဇာအာဏာသုံးရန် အခွင့်ရထားလေ၏။-
5 Foi-lhe dada a faculdade de proferir arrogâncias e blasfêmias, e foi-lhe dado o poder de agir por quarenta e dois meses.
6 ၎င်းသည် မိမိ၏နှုတ်ကိုဖွင့်၍ ဘုရားသခင်အား ထိခိုက်စော်ကားသော စကားများကိုပြောဆိုပြီး ကိုယ်တော်၏နာမတော်၊ ကိုယ်တော်စံပယ်ရာဌာနနှင့် ကောင်းကင်ဘုံတွင် နေထိုင်သောသူတို့အား စော်ကားပြောဆိုကာ၊-
6 Abriu, pois, a boca em blasfêmias contra Deus, para blasfemar o seu nome, o seu tabernáculo e os habitantes do céu.
7 သူတော်သူမြတ်တို့ကိုလည်း တိုက်ခိုက်နှိမ်နင်းနိုင်ခွင့်ကို ရရှိထားလေ၏။ ထို့အတူ တိုင်းနိုင်ငံအသီးသီးတွင် ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသော လူမျိုးနွယ်အပေါင်းတို့ကို အုပ်ချုပ်ရန်အာဏာကိုလည်း ၎င်းအား ပေးအပ်ထားလေ၏။-
7 Foi-lhe dado, também, fazer guerra aos santos e vencê-los. Recebeu autoridade sobre toda tribo, povo, língua e nação,
8 သတ်ဖြတ်ပူဇော်ခြင်းခံရသော သိုးငယ်တော်၏ အသက်မှတ်တမ်းစာအုပ်တွင် ကမ္ဘာမတည်မီကပင် အမည်စာရင်း မဝင်ထားသော ကမ္ဘာသူကမ္ဘာသားအားလုံးတို့သည် သတ္တဝါကြီးကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
8 e hão de adorá-la todos os habitantes da terra, cujos nomes não estão escritos desde a origem do mundo no livro da vida do Cordeiro imolado.
9 နားရှိသောသူသည် ကြားပါစေ။-
9 Quem tiver ouvidos, ouça!
10 ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည့်သူမှန်သမျှသည် အကျဉ်းထောင်သို့ သွားရမည်သာဖြစ်၏။ ဓားကိုစွဲကိုင်၍ သုတ်သင်သတ်ဖြတ်သူ မှန်သမျှသည် ဓားဖြင့်သတ်ဖြတ်ခြင်း ခံရမည်သာဖြစ်၏။ ဤသည်ကား တည်ကြည်ခိုင်မာခြင်းရှိရန်နှင့် ယုံကြည်ခြင်းရှိရန် သူတော်သူမြတ်တို့ကို နှိုးဆော်ခြင်းပင်ဖြစ်၏။
10 Quem procura prender será preso. Quem matar pela espada, pela espada deve ser morto. Esta é a ocasião para a constância e a confiança dos santos!
11 ထို့နောက် ငါသည် မြေကြီးထဲမှထွက်လာသော ဒုတိယသတ္တဝါကြီးတစ်ကောင်ကို မြင်ရ၏။ ၎င်း၌ သိုးငယ်ကဲ့သို့ပင် ဦးချိုနှစ်ချောင်းရှိပြီး ၎င်းသည် နဂါးကဲ့သို့ စကားပြောဆို၏။-
11 Vi, então, outra Fera subir da terra. Tinha dois chifres como um cordeiro, mas falava como um dragão.
12 ၎င်းသည် ပထမသတ္တဝါကြီး၏ ဩဇာအာဏာအလုံးစုံကို ထိုသတ္တဝါကြီး၏ ရှေ့မျက်မှောက်၌ပင် အသုံးပြုပြီးလျှင် ကမ္ဘာနှင့် ကမ္ဘာပေါ်ရှိ လူအားလုံးတို့ကိုလည်း သေလောက်သောဒဏ်ရာမှ ပျောက်ကင်းခဲ့သည့် ပထမသတ္တဝါကြီးကို ရှိခိုးကိုးကွယ်စေ၏။-
12 Ela exercia todo o poder da primeira Fera, sob a vigilância desta, e fez com que a terra e os seus habitantes adorassem a primeira Fera {cuja ferida de morte havia sido curada}.
13 ၎င်းသည် ကောင်းကင်မှမြေကြီးပေါ်သို့ မီးကျလာစေသည်အထိ ကြီးကျယ်သောနိမိတ်လက္ခဏာများကို လူတို့ရှေ့၌ ပြုလုပ်နိုင်၏။-
13 Realizou grandes prodígios, de modo que até fez descer fogo do céu sobre a terra, à vista dos homens.
14 ၎င်းသည် ပထမသတ္တဝါကြီး၏ရှေ့မျက်မှောက်တွင် ပြုလုပ်ခွင့်ရသော နိမိတ်လက္ခဏာများဖြင့် ကမ္ဘာသူကမ္ဘာသားတို့ကို လှည့်ဖြားပြီးလျှင် ဓားဒဏ်ရာရသော်လည်း အသက်ရှင်လျက်ရှိနေသည့် သတ္တဝါကြီးအတွက် ရုပ်တုကိုပြုလုပ်ရန် သူတို့ကို စေခိုင်းလေ၏။-
14 Seduziu os habitantes da terra com os prodígios que lhe era dado fazer sob a vigilância da Fera, persuadindo-os a fazer uma imagem da Fera que sobrevivera ao golpe da espada.
15 ၎င်းသည် သတ္တဝါကြီး၏ရုပ်တုကို အသက်သွင်းပေးနိုင်သည့် အခွင့်ကိုရရှိထားသဖြင့် သတ္တဝါကြီး၏ရုပ်တုသည် စကားပြောနိုင်သည့်အပြင် ရုပ်တုအား ရှိခိုးကိုးကွယ်ခြင်း မပြုသောသူတို့ကိုလည်း သတ်ဖြတ်နိုင်လေ၏။-
15 Foi-lhe dado, também, comunicar espírito à imagem da Fera, de modo que essa imagem se pusesse a falar e fizesse com que fosse morto todo aquele que não se prostrasse diante dela.
16 ထိုမျှမက ၎င်းသည် ကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ သခင်နှင့် ကျွန်ဟူ၍မရွေးဘဲ ထိုသူအားလုံးတို့၏လက် ယာလက်၊ သို့မဟုတ် နဖူးပေါ်တွင် အမှတ်တံဆိပ်ကို ခတ်နှိပ်စေ၏။-
16 Conseguiu que todos, pequenos e grandes, ricos e pobres, livres e escravos, tivessem um sinal na mão direita e na fronte,
17 သို့မှသာ သတ္တဝါကြီး၏အမည်၊ သို့မဟုတ် ထိုအမည်၏ကိန်းဂဏန်း အမှတ်အသားမပါဘဲ မည်သူမျှ ရောင်းဝယ်ခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။
17 e que ninguém pudesse comprar ou vender, se não fosse marcado com o nome da Fera, ou o número do seu nome.
18 ဤနေရာတွင် ဉာဏ်ပညာကို အသုံးပြုရန်လိုအပ်၏။ နားလည်နိုင်စွမ်းရှိသောသူသည် သတ္တဝါကြီး၏ကိန်းဂဏန်းကို အနက်အဓိပ္ပာယ်ဖော်ထုတ်ပါစေ။ အကြောင်းမူကား ထိုကိန်းဂဏန်းသည် လူတစ်ယောက်ကို ကိုယ်စားပြုလျက် ရှိသော ကြောင့်တည်း။ ယင်းကိန်းဂဏန်းသည်ကား ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။
18 Eis aqui a sabedoria! Quem tiver inteligência, calcule o número da Fera, porque é número de um homem, e esse número é seiscentos e sessenta e seis.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.