Apocalipse 11
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ထို့နောက် သူသည် တောင်ဝှေးနှင့်တူသော တိုင်းတာသည့် ကြိမ်တံတစ်ချောင်းကို ငါ့အားပေး၍ ဆိုသည်မှာ ထလော့၊ သင့်ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းတာလော့။ ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသော သူတို့ကိုလည်း ရေတွက်လော့။-
1 Foi-me dado um caniço semelhante a uma vara, e também me foi dito: — Levante-se e vá medir o santuário de Deus, o altar, e os que adoram no santuário.
2 သို့သော် ဗိမာန်တော်အပြင်ဘက်တံတိုင်းကို မတိုင်းတာဘဲ ချန်ထားလော့။ အကြောင်းမူကား ထိုနေရာကို လူမျိုးခြားတို့ အတွက် ပေးထားသောကြောင့်ဖြစ်၏။ သူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လပတ်လုံး နင်းချေကြလိမ့်မည်။-
2 Mas deixe de lado o átrio exterior do santuário e não o meça, porque esse átrio foi dado aos gentios, que, por quarenta e dois meses, pisarão a cidade santa.
3 ငါသည် လျှော်တေအဝတ်ကိုဝတ်ထားသော ငါ၏သက်သေခံနှစ်ဦးတို့အား ရက်ပေါင်း တစ်ထောင့်နှစ်ရာခြောက်ဆယ် တိုင်တိုင် ဗျာဒိတ်ပေးရန် အခွင့်အာဏာပေးမည်။
3 Darei autoridade às minhas duas testemunhas para que profetizem durante mil duzentos e sessenta dias, vestidas de pano de saco.
4 သူတို့သည်ကား ကမ္ဘာမြေကြီးကို စိုးပိုင်တော်မူသော သခင်ရှေ့၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်တင်ခုံနှစ်ခုံတို့ ဖြစ်ကြ၏။-
4 São estas as duas oliveiras e os dois candelabros que estão em pé diante do Senhor da terra.
5 တစ်စုံတစ်ယောက်သောသူသည် သူတို့ကိုအန္တရာယ်ပြုခဲ့လျှင် သူတို့၏ပါးစပ်မှ မီးထွက်ပြီး သူတို့၏ရန်သူများကို လောင်ကျွမ်းလိမ့်မည်။ သူတို့ကို အန္တရာယ်ပြုသော သူဟူသမျှသည် အသေသတ်ခြင်း ခံရမည်သာဖြစ်၏။-
5 Se alguém pretende causar-lhes dano, da boca dessas testemunhas sai fogo e devora os inimigos; sim, se alguém pretender causar-lhes dano, certamente deve morrer.
6 သူတို့သည် သူတို့ဟောပြောနေသည့် နေ့ရက်များအတွင်း မိုးမရွာစေခြင်းငှာ ကောင်းကင်ကို ပိတ်ထားနိုင်သည့် အခွင့်ကိုလည်းကောင်း၊ ရေကိုသွေးဖြစ်စေနိုင်သည့် အခွင့်ကိုလည်းကောင်း၊ သူတို့အလိုရှိသည့်အတိုင်း ကမ္ဘာမြေကြီးကို ကပ်ဘေးမျိုးစုံနှင့် တိုက်ခိုက်နိုင်သည့် အခွင့်ကိုလည်းကောင်း ရရှိထားကြ၏။
6 Elas têm autoridade para fechar o céu, para que não chova durante os dias em que profetizarem. Têm autoridade também sobre as águas, para transformá-las em sangue, bem como para ferir a terra com todo tipo de flagelos, tantas vezes quantas quiserem.
7 သူတို့၏သက်သေခံခြင်း ပြီးဆုံးသောအခါ အဆုံးမရှိနက်ရှိုင်းသော တွင်းထဲမှတက်လာသည့် သတ္တဝါကြီးသည် သူတို့ကို တိုက်ခိုက်အောင်မြင်၍ သတ်ဖြတ်လိမ့်မည်။-
7 Quando tiverem, então, concluído o testemunho que devem dar, a besta que surge do abismo fará guerra contra elas; a besta vencerá e matará as testemunhas.
8 သူတို့၏အလောင်းများသည် ဆောဒိုမာနှင့် အီဂျစ်ဟုတင်စားခေါ်ဝေါ်သည့် ကြီးမြတ်သောမြို့၏ လမ်းမပေါ်တွင် စွန့်ပစ်ခြင်းခံရလိမ့်မည်။ ထိုမြို့ကား သူတို့၏သခင် လက်ဝါးကပ်တိုင်တင်ခံရသော မြို့ဖြစ်၏။-
8 E os seus cadáveres ficarão estirados na praça da grande cidade que, espiritualmente, se chama Sodoma e Egito, onde também o seu Senhor foi crucificado.
9 လူမျိုးအသီးသီး၊ အမျိုးအနွယ်အသီးသီး၊ ဘာသာစကားအသီးသီး၊ တိုင်းနိုင်ငံအသီးသီးတို့မှလူတို့သည် သူတို့၏အလောင်း များကို သုံးရက်ခွဲတိုင်တိုင် ကြည့်ရှုကြပြီးနောက် သူတို့အား သခင်္ျိုင်းဂူတွင် သင်္ဂြိုဟ်ရန် ငြင်းဆန်ကြလိမ့်မည်။-
9 Então, muitos dentre os povos, tribos, línguas e nações contemplarão os cadáveres das duas testemunhas, por três dias e meio, e não permitirão que esses cadáveres sejam sepultados.
10 ကမ္ဘာမြေကြီးပေါ်၌ နေထိုင်ကြသော သူတို့သည်လည်း ထိုသူတို့၏သေဆုံးခြင်းအတွက် ဝမ်းမြောက်ကြလျက် လက်ဆောင်များ ဖလှယ်ကြပြီး ပွဲကျင်းပကြလိမ့်မည်။ အကြောင်းမူကား ဤပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေပေါ်၌ နေထိုင်သော သူတို့အတွက် ဘေးဒုက္ခတစ်ခု ဖြစ်သောကြောင့်တည်း။
10 Os que habitam sobre a terra se alegrarão por causa da morte dessas duas testemunhas, realizarão festas e enviarão presentes uns aos outros, porque esses dois profetas atormentaram os que moram sobre a terra.
11 သို့သော် သုံးရက်ခွဲကြာသောအခါ ဘုရားသခင်ထံမှ အသက်ဝိညာဉ်သည် သူတို့ထဲသို့ဝင်လာသဖြင့် သူတို့သည်ထ၍ မတ်တတ်ရပ်ကြသောအခါ သူတို့အား မြင်သမျှသောသူတို့သည် လွန်စွာကြောက်ရွံ့ တုန်လှုပ်ကြလေ၏။-
11 Mas, depois dos três dias e meio, entrou neles um espírito de vida vindo da parte de Deus, e eles se ergueram sobre os pés, e aqueles que os viram ficaram com muito medo.
12 ထို့နောက် သူတို့သည် ဤအရပ်သို့ တက်လာကြလော့ဟု ကောင်းကင်မှလာသည့် ကျယ်လောင်သော အသံကိုကြားကြရ၏။ ထိုအခါ သူတို့သည် မိမိတို့ရန်သူများ၏ရှေ့တွင်ပင် မိုးတိမ်ကိုစီးလျက် ကောင်းကင်သို့ တက်သွားကြ၏။-
12 E as duas testemunhas ouviram uma voz forte vinda do céu, dizendo-lhes: — Subam para cá. E subiram ao céu numa nuvem, e os seus inimigos as contemplaram.
13 ထိုအချိန်နာရီ၌ပင် မြေငလျင်ပြင်းထန်စွာ လှုပ်သောကြောင့် မြို့၏ဆယ်ပုံတစ်ပုံပျက်စီး၍ လူပေါင်းခုနစ်ထောင် သေဆုံးလေ၏။ ကြွင်းကျန်သော သူတို့မူကား ကြောက်လန့်တုန်လှုပ်၍ ကောင်းကင်ဘုံအရှင် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြကုန်၏။
13 Naquela hora, houve grande terremoto, e ruiu a décima parte da cidade. Nesse terremoto, morreram sete mil pessoas. As outras pessoas ficaram aterrorizadas e deram glória ao Deus do céu.
14 ဤသည်ကား ဒုတိယဘေးဒုက္ခပေတည်း။ ကြည့်လော့၊ တတိယဘေးဒုက္ခကျရောက်ပေတော့မည်။
14 Passou o segundo ai. Eis que, sem demora, vem o terceiro ai.
15 ထို့နောက် သတ္တမတမန်တော်သည် သူ၏တံပိုးခရာကို မှုတ်လိုက်သောအခါ ကောင်းကင်မှကျယ်သော အသံများ ထွက်ပေါ်လာပြီးလျှင် လောကီနိုင်ငံသည် ငါတို့၏အရှင်သခင်နှင့် ကိုယ်တော်၏ခရစ်တော် ပိုင်ဆိုင်တော်မူသော နိုင်ငံတော်ဖြစ်လေပြီ။ ကိုယ်တော်သည် ကာလအဆက်ဆက် အုပ်စိုးတော်မူလိမ့်မည်ဟု ဆိုလေ၏။-
15 O sétimo anjo tocou a trombeta, e houve no céu vozes fortes, dizendo: “O reino do mundo se tornou de nosso Senhor e do seu Cristo, e ele reinará para todo o sempre.”
16 ထိုအခါ ဘုရားသခင်၏ရှေ့တော်၌ မိမိတို့၏ပလ္လင်များပေါ်တွင်ထိုင်နေကြသော သက်ကြီးဝါကြီး နှစ်ဆယ့်လေးဦးတို့သည် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးကြလျက်၊-
16 E os vinte e quatro anciãos que estavam sentados no seu trono, diante de Deus, prostraram-se sobre o seu rosto e adoraram a Deus,
17 ဆိုကြသည်မှာ ပစ္စုပ္ပန်နှင့် အတိတ်ကာလတို့၌ တည်ရှိတော်မူသော အိုအနန္တတန်ခိုးတော်ရှင် ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏ဘုန်းတန်ခိုးတော်ဖြင့်စတင်၍ အုပ်စိုးတော်မူသောကြောင့် အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြပါ၏။-
17 dizendo: “Graças te damos, Senhor Deus, Todo-Poderoso, que és e que eras, porque assumiste o teu grande poder e passaste a reinar.
18 လူမျိုးအပေါင်းတို့သည် အမျက်ထွက်ကြသော်လည်း သေလွန်သောသူတို့ကို တရားစီရင်တော်မူမည့်ကာလနှင့် ကိုယ်တော်၏ အမျက်တော်သည် ကျရောက်လာလေပြီ။ ထိုသို့ကျရောက်လာသည့်အကြောင်းကား ကိုယ်တော်၏အစေခံများ၊ ပရောဖက်များ၊ သူတော်သူမြတ်များ၊ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သူများအားလုံးတို့ကို အနိမ့်အမြတ် မရွေး ဆုလာဘ်ပေးသနားတော်မူရန်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးသောသူတို့အား ဖျက်ဆီးသုတ်သင်ရန်ပင်တည်း ဟူ၍ဖြစ်လေ၏။
18 Na verdade, as nações se enfureceram; chegou, porém, a tua ira, e o tempo determinado para serem julgados os mortos, para se dar o galardão aos teus servos, os profetas, aos santos e aos que temem o teu nome, tanto aos pequenos como aos grandes, e para destruíres os que destroem a terra.”
19 ထို့နောက် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ဗိမာန်တော်သည် ပွင့်လာ၍ ဗိမာန်တော်အတွင်း၌ ကိုယ်တော်၏ ပဋိညာဉ်သေတ္တာတော်ကို မြင်နိုင်၏။ ထိုအခါ လျှပ်စီးလက်ခြင်း၊ ကျယ်လောင်သော အသံများထွက်ပေါ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ပြင်းထန်သော မိုးသီးမုန်တိုင်းများ ကျခြင်းတို့ ဖြစ်ပေါ်ကြလေ၏။
19 Abriu-se, então, o santuário de Deus, que se acha no céu, e foi vista a arca da sua aliança no seu santuário, e sobrevieram relâmpagos, vozes, trovões, terremoto e forte chuva de granizo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Apocalipse 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.