2 Tessalonicenses 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ညီအစ်ကိုတို့၊ ငါတို့၏သခင် ယေဇူးခရစ်တော် ကြွလာတော်မူမည့်အကြောင်းနှင့်ကိုယ်တော်အား တွေ့ဆုံရန် ငါတို့ စုဝေးကြမည့်အကြောင်းတို့နှင့်ပတ် သက်၍ သင်တို့ကို ငါတို့တောင်းပန်လိုသည်မှာ၊-
1 Ora, irmãos, rogamo-vos, pela vinda de nosso Senhor Jesus Cristo, e pela nossa reunião com ele,
2 သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ၊ ငါတို့ထံမှလာသည်ဟုဆိုထား သောစာအားဖြင့်ဖြစ်စေ ပြောဆိုကြလျှင် သင်တို့သည် အလွယ်တကူစိတ်ရှုပ်ထွေး၍ မတည်မငြိမ်မဖြစ်စေ ကြနှင့်။-
2 Que não vos movais facilmente do vosso entendimento, nem vos perturbeis, quer por espírito, quer por palavra, quer por epístola, como de nós, como se o dia de Cristo estivesse já perto.
3 မည်သူကမျှ သင်တို့ကို မည်သည့်နည်းနှင့်မျှ မလှည့်ဖြားစေကြနှင့်။ အကြောင်းမူကား ဘာသာတရားကို ဆန့်ကျင် တိုက်ခိုက်ခြင်းဦးစွာဖြစ်ပေါ်လျက် မိမိ၏ ဝိညာဉ်ပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည့် တရားမဲ့သော သူမပေါ်လာသရွေ့ ထိုနေ့ရက် သည် ကျရောက်လိမ့်မည်မဟုတ်။-
3 Ninguém de maneira alguma vos engane; porque não será assim sem que antes venha a apostasia, e se manifeste o homem do pecado, o filho da perdição,
4 ထိုသူသည် ဘုရားဟု အခေါ်ခံရသောအရာအားလုံးနှင့် ကိုးကွယ်ခြင်းခံရသောအရာများကို ဆန့်ကျင်၍ မိမိကိုယ်ကို ထိုအရာအားလုံးတို့၏အထက်တွင် ချီးမြှောက်ခြင်းအားဖြင့် ဘုရားသခင်၏ဗိမာန်တော်တွင် ထိုင်ပြီးလျှင် မိမိကိုယ်ကို ဘုရားသခင်ဖြစ်သည်ဟု ကြေညာလိမ့်မည်။-
4 O qual se opõe, e se levanta contra tudo o que se chama Deus, ou se adora; de sorte que se assentará, como Deus, no templo de Deus, querendo parecer Deus.
5 ငါသည် သင်တို့နှင့်အတူရှိစဉ်က သင်တို့ အား ဤအကြောင်းကိုပြောပြခဲ့ကြောင်း သင်တို့သတိ မရကြသလော။-
5 Não vos lembrais de que estas coisas vos dizia quando ainda estava convosco?
6 ထိုသူအား သူ၏အချိန်ကာလမကျရောက်မီ ထွက်ပေါ်မလာစေရန် တားဆီးထားသောအရာကို သင်တို့သိကြ၏။-
6 E agora vós sabeis o que o detém, para que a seu próprio tempo seja manifestado.
7 အကြောင်းမူကား တရားမဲ့ခြင်း၏ လျှို့ဝှက်ချက်သည် လှုပ်ရှားလျက်ရှိနေလေပြီ။ ၎င်းကို တားဆီးသောသူရှောင်ဖယ် မသွားမီတိုင်အောင် ထိုသူသည် မည်သည့်အရာကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်။-
7 Porque já o mistério da injustiça opera; somente há um que agora o retém até que do meio seja tirado;
8 ထို့ နောက် တရားမဲ့သောသူသည် ပေါ်လွင်ထင်ရှားလာလိမ့် မည်။ ယေဇူးသခင်သည် မိမိ၏နှုတ်တော်မှ ထွက်သက် လေဖြင့် သူ့ကိုဖျက်ဆီး၍ မိမိ၏ပေါ်လွင်ထင်ရှားခြင်းနှင့် ကြွလာခြင်းအားဖြင့် သူ့ကိုသုတ်သင်တော်မူလိမ့်မည်။-
8 E então será revelado o iníquo, a quem o Senhor desfará pelo assopro da sua boca, e aniquilará pelo esplendor da sua vinda;
9 တရားမဲ့သောသူသည် စာတန်နတ်ဆိုး၏လုပ်ဆောင်မှုဖြင့် ရောက်လာသောအခါ တန်ခိုးနှင့်အံ့ဖွယ်သောနိမိတ် လက္ခဏာအတုအယောင်အမျိုးမျိုးဖြင့်လည်းကောင်း၊-
9 A esse cuja vinda é segundo a eficácia de Satanás, com todo o poder, e sinais e prodígios de mentira,
10 ပျက်စီးခြင်းသို့ရောက်မည့်သူများအတွက် ဆိုးယုတ်သောလှည့်ဖြားခြင်းအမျိုးမျိုးဖြင့်လည်းကောင်း ရောက်လာလိမ့်မည်။ အကြောင်းမူကား သူတို့သည် မိမိတို့အား ကယ်တင်ခြင်းကိုပေးမည့် သမ္မာတရားကို နှစ်သက်မြတ်နိုးသောစိတ်မရှိကြ သောကြောင့်ဖြစ်၏။-
10 E com todo o engano da injustiça para os que perecem, porque não receberam o amor da verdade para se salvarem.
11 ထို့ကြောင့် ထိုသူတို့သည် မှားယွင်းသောအရာကို ယုံကြည်စေခြင်း ငှာ ဘုရားသခင်သည် သူတို့အပေါ်သို့ ပြင်းထန်သော လှည့်စားခြင်းကို သက်ရောက်စေတော်မူ၏။-
11 E por isso Deus lhes enviará a operação do erro, para que creiam a mentira;
12 ဤသို့ဖြင့် သမ္မာတရားကိုမယုံကြည်ဘဲ မတရားမှု၌ မွေ့လျော်သော သူအားလုံးတို့သည် အပြစ်စီရင်ခြင်းခံရပေလိမ့်မည်။
12 Para que sejam julgados todos os que não creram a verdade, antes tiveram prazer na iniqüidade.
13 ဘုရားသခင်ချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်ချီးမွမ်း ထိုက်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝိညာဉ်တော်၌ သန့်ရှင်းစင်ကြယ်လာခြင်းဖြင့်လည်းကောင်း၊ သမ္မာတရား၌ ယုံကြည်ခြင်းဖြင့်လည်းကောင်း ကယ်တင်ခြင်းသို့ရောက်ရန် အစဦးကတည်းကပင် ဘုရားသခင်သည် သင်တို့ကို ရွေးကောက် ထားတော်မူသောကြောင့်ဖြစ်၏။-
13 Mas devemos sempre dar graças a Deus por vós, irmãos amados do Senhor, por vos ter Deus elegido desde o princípio para a salvação, em santificação do Espírito, e fé da verdade;
14 ဤရည်ရွယ်ချက်ကြောင့် ကိုယ်တော်သည် ငါတို့၏ဧဝံဂေလိတရားတော်အားဖြင့် သင်တို့ကို ခေါ်တော်မူခဲ့လေပြီ။ ဤသို့ဖြင့် သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုန်းဂုဏ်တော်ကို ရရှိကြပေလိမ့်မည်။-
14 Para o que pelo nosso evangelho vos chamou, para alcançardes a glória de nosso Senhor Jesus Cristo.
15 ထို့ကြောင့် ညီအစ်ကိုတို့၊ ခိုင်မြဲစွာ ရပ်တည်ကြလော့။ ငါတို့၏နှုတ်ထွက်စကားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ သင်တို့ သင်ယူခဲ့ကြသော ထုံးတမ်းစဉ် လာများကို စောင့်ထိန်းကြလော့။
15 Então, irmãos, estai firmes e retende as tradições que vos foram ensinadas, seja por palavra, seja por epístola nossa.
16 ငါတို့၏သခင် ယေဇူးခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကို ချစ်မြတ်နိုး၍ ကျေးဇူးတော်အားဖြင့် ငါတို့အား ထာ၀ရ နှစ်သိမ့်ခြင်းနှင့် စစ်မှန်သောမျှော်လင့်ချက်ကို ပေး တော်မူသော ငါတို့၏အဖ ဘုရားသခင်သည်၊-
16 E o próprio nosso Senhor Jesus Cristo e nosso Deus e Pai, que nos amou, e em graça nos deu uma eterna consolação e boa esperança,
17 သင်တို့၏ စိတ်နှလုံးများကို အားပေးနှစ်သိမ့်၍ ကောင်းသောစကားနှင့် ကောင်းသောအမှုအရာရှိသမျှတို့၌ သင်တို့ကို ခွန်အားပေးတော်မူပါစေသော်။
17 Console os vossos corações, e vos confirme em toda a boa palavra e obra.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Tessalonicenses 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.