2 Tessalonicenses 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ပေါလု၊ ဆီဗားနုနှင့်တီမောသီဦးတို့က ငါတို့အဖဘုရားသခင်နှင့်ယေဇူးခရစ်တော်သခင်၌ တည်ရှိသော သက်ဆာလောနိကမြို့ သားတို့၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။
1 Paulo, e Silvano, e Timóteo, à igreja dos tessalonicenses, em Deus, nosso Pai, e no Senhor Jesus Cristo:
2 အဖဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။
2 graça e paz a vós, da parte de Deus, nosso Pai, e da do Senhor Jesus Cristo.
3 ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်းသင့်၏။ ဤသို့ပြု လုပ်ရန်လည်း သင့်လျော်ပေ၏။ အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းသည် ဆတက်ထမ်းပိုးကြီးမားလာ၍ သင်တို့အချင်းချင်းတစ်ဦး အပေါ်တစ်ဦးထားရှိသောချစ်ခြင်းမေတ္တာသည်လည်း တိုးပွားလျက်ရှိသောကြောင့်ဖြစ်၏။-
3 Sempre devemos, irmãos, dar graças a Deus por vós, como é de razão, porque a vossa fé cresce muitíssimo, e o amor de cada um de vós aumenta de uns para com os outros,
4 ထို့ကြောင့် သင်တို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခအပေါင်းတို့ကို ခံထမ်းနေရသည့်အထဲမှပင် တည်ကြည်ခိုင်မာ၍ ယုံကြည်ခြင်းရှိကြသောကြောင့် ငါတို့ကိုယ်တိုင် သင်တို့၏အကြောင်းကို ဘုရားသခင်၏ အသင်းတော်များတွင် ဂုဏ်ယူပြော ဆိုကြ၏။
4 de maneira que nós mesmos nos gloriamos de vós nas igrejas de Deus, por causa da vossa paciência e fé, e em todas as vossas perseguições e aflições que suportais,
5 ဤသည်ကား ဘုရားသခင်၏ဖြောင့်မတ်သော တရားစီရင်ချက်ကိုထင်ရှားစေသောအချက်ပင်ဖြစ်၏။ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံနေကြရသောကြောင့် ထိုနိုင်ငံတော်၌ ထိုက်တန် သောသူများဖြစ်လာကြ လိမ့်မည်။-
5 prova clara do justo juízo de Deus, para que sejais havidos por dignos do Reino de Deus, pelo qual também padeceis;
6 ဘုရားသခင်သည်လည်း သင်တို့အား ဆင်းရဲဒုက္ခရောက်စေသောသူတို့ကို တုံ့ပြန်ဒဏ်ခတ်တော်မူလိမ့်မည်။-
6 se, de fato, é justo diante de Deus que dê em paga tribulação aos que vos atribulam,
7 ယေဇူးသခင်သည် မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်တော်များနှင့်အတူ မီးလျှံများဖြင့် ကောင်းကင်မှဆင်းကြွလာ တော်မူသောအခါ ဘုရားသခင်သည် ယခုဆင်းရဲဒုက္ခခံစားနေရ သောသင်တို့နှင့်အတူ ငါတို့ကိုလည်း စိတ်သက်သာရာှရစေ တော်မူလိမ့်မည်။-
7 e a vós, que sois atribulados, descanso conosco, quando se manifestar o Senhor Jesus desde o céu, com os anjos do seu poder,
8 ထို့နောက် ဘုရားသခင်သည် မိမိကို အသိအမှတ်မပြုသောသူများနှင့် ငါတို့သခင်ယေဇူး ၏ဧဝံဂေလိတရားတော်ကို မနာခံသောသူတို့ကို အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
8 como labareda de fogo, tomando vingança dos que não conhecem a Deus e dos que não obedecem ao evangelho de nosso Senhor Jesus Cristo;
9 ထိုသူတို့သည် ထာ၀ရပျက်စီးဆုံးရှုံးခြင်းအပြစ်ဒဏ်ကိုခံကြရ၍ သခင်ဘုရား၏မျက်မှောက်တော်မှလည်းကောင်း၊ ကိုယ်တော်၏ကြီးမြတ်သော ဘုန်းတန်ခိုးတော်မှလည်းကောင်း ထုတ်ပယ်ခြင်းကို ခံကြရလိမ့်မည်။-
9 os quais, por castigo, padecerão eterna perdição, ante a face do Senhor e a glória do seu poder,
10 ထိုနေ့ရက်တွင် ကိုယ်တော်သည် မိမိ၏သူတော်သူမြတ်များအကြား၌ ဘုန်းဂုဏ်တော်ထင်ရှားစေရန်နှင့် မိမိကိုယုံကြည် သောသူအပေါင်း တို့၏အံ့ဩချီးမွမ်းခြင်းကိုခံယူရန် ကြွလာတော်မူသောအခါ သင်တို့သည်လည်း ချီးမွမ်းထောမနာပြုသောသူ များထဲတွင်ပါဝင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ငါတို့ဟောပြောသက်သေခံရာကို သင်တို့ ယုံကြည်ခဲ့ကြသော ကြောင့်ဖြစ်၏။
10 quando vier para ser glorificado nos seus santos e para se fazer admirável, naquele Dia, em todos os que creem (porquanto o nosso testemunho foi crido entre vós).
11 ထို့ကြောင့် ဘုရားသခင်သည် သင်တို့ကို မိမိ၏ ခေါ်တော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေလျက် ကောင်းမြတ်သော ဆန္ဒရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင် သောအကျင့်တို့ကို မိမိ၏တန်ခိုးတော်အားဖြင့် ဖြည့် ဆည်းပေးတော်မူရန် သင်တို့အတွက် ငါတို့အစဉ်အမြဲ ဆုတောင်းပါ၏။-
11 Pelo que também rogamos sempre por vós, para que o nosso Deus vos faça dignos da sua vocação e cumpra todo desejo da sua bondade e a obra da fé com poder;
12 ဤသို့ဖြင့် ငါတို့သခင် ယေဇူး၏နာမတော်သည် သင်တို့၌လည်းကောင်း၊ သင်တို့သည်လည်း ကိုယ်တော်၌လည်းကောင်း ဘုရားသခင်နှင့် ယေဇူးခရစ် တော်သခင်၏ကျေးဇူးတော်အတိုင်း ဘုန်းဂုဏ်တော် ထင်ရှားပေလိမ့်မည်။
12 para que o nome de nosso Senhor Jesus Cristo seja em vós glorificado, e vós nele, segundo a graça de nosso Deus e do Senhor Jesus Cristo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Tessalonicenses 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.