2 Timóteo 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 နောက်ဆုံးသောနေ့ရက်အချိန်တို့တွင် ခက်ခဲကျပ်တည်းသောကာလများကျရောက်မည့် အကြောင်းကို သိနားလည် ပါလော့။-
1 Mas você precisa saber disto: nos últimos dias sobrevirão tempos difíceis.
2 အကြောင်းမူကား လူတို့သည် တစ်ကိုယ်ကောင်းစိတ်ရှိသူ၊ ဥစ္စာဓနကိုမက် မောသူ၊ မာနထောင်လွှားသူ၊ စိတ်ကြီးဝင်သူ၊ ရိုင်းစိုင်းသူ၊ မိမိတို့၏မိဘများကိုမနာခံသူ၊ ကျေးဇူးမသိတတ်သူ၊ ဘုရားတရားမကြည်ညိုသူ၊-
2 Pois os seres humanos serão egoístas, avarentos, orgulhosos, arrogantes, blasfemadores, desobedientes aos pais, ingratos, ímpios,
3 လူမဆန်သူ၊ အာဃာတထားသူ၊ သူတစ်ပါး၏အသရေကိုဖျက်သူ၊ အသုံးအဖြုန်းကြီးသူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ကောင်းသောအရာကို မုန်းတီးသူ၊-
3 sem afeição natural, implacáveis, caluniadores, sem domínio de si, cruéis, inimigos do bem,
4 သစ္စာဖောက်သူ၊ မဆင်မခြင်ပြုမူသူ၊ မောက် မာသူ၊ ဘုရားသခင်ကို နှစ်သက်မြတ်နိုးခြင်း မရှိဘဲ အပျော်အပါးကိုသာ နှစ်သက်မြတ်နိုးသူ၊-
4 traidores, atrevidos, convencidos, mais amigos dos prazeres do que amigos de Deus,
5 ဘာသာတရားကို အပေါ်ယံလိုက်နာ၍ ၎င်း၏တန်ခိုးအစစ်အမှန်ကို ငြင်း ပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုကဲ့သို့သော လူများကို ရှောင်ကြဉ်လော့။-
5 tendo forma de piedade, mas negando o poder dela. Fique longe também destes.
6 အကြောင်းမူကား ထိုသူတို့ထဲမှ အချို့တို့သည် အိမ်များသို့ဝင်ကြပြီးလျှင် မကောင်းမှုများနှင့်ပြည့်နေသည့် စိတ်လွယ်သော အမျိုးသမီးတို့ကို သွေးဆောင်ကြ၍ အမျိုးမျိုးသောအာသာရမ္မက်များဖြင့် တိမ်းညွတ်စေကြ၏။-
6 Pois entre estes se encontram os que se infiltram nas casas e conseguem cativar mulheres tolas, sobrecarregadas de pecados, que são levadas por todo tipo de desejos,
7 ထိုအမျိုးသမီးတို့သည် မည်သူ့ကိုမဆို နားထောင်ကြမည်ဖြစ်သော်လည်း သမ္မာတရားကို မည် သည့်အခါမျှ သိနိုင်ကြလိမ့် မည်မဟုတ်။-
7 que estão sempre aprendendo e nunca conseguem chegar ao conhecimento da verdade.
8 ဂျန်နက်နှင့် ဂျမ်ဘရစ်တို့သည် မိုးဇက်ကိုဆန့်ကျင်ခဲ့ကြသကဲ့သို့ ဤသူ တို့သည်လည်း သမ္မာတရားကို ဆန့်ကျင်ကြ၏။ သူတို့ ၏စိတ်ဓာတ်သည် ပျက်ပြား၍ သူတို့၏ယုံကြည်ခြင်းမှာလည်း အတုအယောင်သာဖြစ်၏။-
8 E do mesmo modo que Janes e Jambres resistiram a Moisés, também estes resistem à verdade. São homens que têm a mente totalmente corrompida, reprovados quanto à fé.
9 သို့သော် သူတို့သည် တာရှည်ခံကြလိမ့်မည်မဟုတ်။ အကြောင်းမူကား အထက်တွင်ဆိုခဲ့သောသူနှစ်ဦးကဲ့သို့ပင် သူတို့၏ မိုက်မဲခြင်းမှာလည်း လူအပေါင်းတို့ရှေ့ ၌ ထင်ရှားလာလိမ့်မည်။
9 Mas esses não irão longe, porque a insensatez deles ficará evidente a todos, como também aconteceu com a insensatez de Janes e Jambres.
10 ယခု သင်သည် ငါ၏သွန်သင်ချက်၊ ငါ၏ကိုယ်ကျင့် တရား၊ ငါ၏ဘ၀ရည်မှန်းချက်၊ ငါ၏ယုံကြည်ခြင်း၊ ငါ၏ သည်းခံခြင်း၊ ငါ၏ချစ်ခြင်းမေတ္တာ၊ ငါ၏တည်ကြည်ခြင်း၊ ငါခံရသောညှဉ်းပန်းနှိပ်စက်ခြင်းများကို လေ့လာသိရှိ ခဲ့လေပြီ။-
10 Mas você tem seguido de perto o meu ensino, a minha conduta, o meu propósito, a minha fé, a minha paciência, o meu amor, a minha perseverança,
11 အန္တီယော့မြို့၊ အီကိုးနိယမြို့နှင့်လစ္စတြာမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သောအရာများနှင့် ငါကြံ့ကြံ့ခံခဲ့ရသော ညှဉ်းပန်း နှိပ်စက်ခြင်းများကိုလည်း သင်သိရှိခဲ့လေပြီ။ သို့သော်လည်း သခင်ဘုရားသည် ဤအရာများအားလုံးမှ ငါ့ကို ကယ်တင်တော် မူခဲ့၏။-
11 as minhas perseguições e os meus sofrimentos, os quais tive de enfrentar em Antioquia, Icônio e Listra. Quantas perseguições sofri! Porém o Senhor me livrou de todas elas.
12 ဘုရားတရား ကြည်ညိုသောဘ၀အသက်တာဖြင့် ခရစ်တော်ယေဇူး၌ အသက်ရှင်လိုသောသူအားလုံးတို့သည် ညှဉ်းပန်းနှိပ် စက်ခြင်းကို အမှန်ပင်ခံကြရလိမ့်မည်။-
12 Na verdade, todos os que querem viver piedosamente em Cristo Jesus serão perseguidos.
13 ဆိုးညစ်သူ များနှင့် လှည့်ဖြားသူတို့မူကား ပို၍ဆိုးညစ်မိုက်မဲကြလိမ့်မည်။ သူတို့သည် အခြားသူတို့ကို လှည့်စားလျက် မိမိတို့ ကိုယ်တိုင်သည်လည်း လှည့်စားခြင်းခံကြရလိမ့်မည်။-
13 Mas os perversos e impostores irão de mal a pior, enganando e sendo enganados.
14 သင်မူကား သင်ကိုယ်တိုင်သင်ယူ၍ စွဲမြဲစွာယုံကြည်ခဲ့သည့် အရာကို ဆက်လက်လိုက်နာစောင့်ထိန်းပါလော့။ ၎င်းအား မည်သူ့ထံမှသင်ယူခဲ့သည်ကိုလည်းကောင်း၊-
14 Quanto a você, permaneça naquilo que aprendeu e em que acredita firmemente, sabendo de quem você o aprendeu
15 ခရစ်တော်ယေဇူး၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် သင့်ကိုသွန်သင်လမ်းညွှန်ပေးနိုင်ခဲ့သော ကျမ်းစာတော်မြတ် ကို သင်သည် ငယ်ရွယ်စဉ်ကပင် မည်ကဲ့သို့ သိရှိနားလည်ခဲ့သည်ကိုလည်းကောင်း သတိပြုလော့။-
15 e que, desde a infância, você conhece as sagradas letras, que podem torná-lo sábio para a salvação pela fé em Cristo Jesus.
16 ကျမ်းရှိသမျှတို့သည် ဘုရားသခင်၏နှိုးဆော်ခြင်းခံခဲ့ရ၍ သွန်သင်ခြင်း၊ ဆုံးမပြစ်တင်ခြင်း၊ အမှားကိုပြုပြင်ပေးခြင်းနှင့် ဖြောင့်မတ်ခြင်း၌ လမ်းညွှန်ခြင်းစသည်တို့ကိုပြု လုပ်ရန်အသုံးဝင်၏။-
16 Toda a Escritura é inspirada por Deus e útil para o ensino, para a repreensão, para a correção, para a educação na justiça,
17 ဤသို့ဖြင့် ဘုရားသခင်၏အမှု တော်ဆောင်သူသည် ကောင်းမြတ်ပြည့်စုံ၍ ကောင်းသောအမှုအရာအားလုံးအတွက် အသင့်ပြင်ဆင်ပြီးဖြစ် လိမ့်မည်။
17 a fim de que o servo de Deus seja perfeito e perfeitamente habilitado para toda boa obra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Timóteo 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.