2 Timóteo 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ငါ့သား၊ သင်သည် ခရစ်တော်ယေဇူး၌တည်ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားဖြည့်တင်းပါလော့။-
1 Tu, pois, meu filho, fortifica-te na graça que há em Cristo Jesus;
2 များစွာသောသက်သေတို့၏ရှေ့တွင် ငါ့ထံမှ သင်ကြားနာခဲ့ရသည့်အရာကို အခြားသူတို့အား သင်ကြားပေးနိုင်မည့် ယုံကြည် စိတ်ချရသူတို့အား ပေးအပ်ပါလော့။-
2 e o que de mim ouviste de muitas testemunhas, transmite-o a homens fiéis, que sejam idôneos para também ensinarem os outros.
3 ခရစ်တော်ယေဇူး၏ကောင်းသောစစ်သူရဲတစ်ဦးအဖြစ် ဆင်းရဲဒုက္ခကို မျှဝေခံထမ်းပါလော့။-
3 Sofre comigo como bom soldado de Cristo Jesus.
4 တာဝန်ထမ်း ဆောင်နေသောစစ်သူရဲတစ်ဦးသည် မိမိကိုစစ်သူရဲခန့် ထားသောသူအား ကျေနပ်နှစ်သက်စေရမည်ဖြစ်သော ကြောင့် မည်သည့်လူမှုရေးကိစ္စတွင်မှ ပါဝင်ပတ်သက် ခြင်းမရှိချေ။-
4 Nenhum soldado em serviço se embaraça com negócios desta vida, a fim de agradar àquele que o alistou para a guerra.
5 အားကစားသမားတစ်ဦးသည် စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ခြင်းမပြုလျှင် အောင်မြင်ခြင်းသရဖူကို ရလိမ့်မည် မဟုတ်။-
5 E também se um atleta lutar nos jogos públicos, não será coroado se não lutar legitimamente.
6 ကောက်ပဲသီးနှံများ၏ ပထမဦးဆုံးဝေစုကို ရရှိသင့်သောသူမှာ ကြိုးကြိုးစားစား လုပ်ကိုင်သောလယ်သမားပင်ဖြစ်၏။-
6 O lavrador que trabalha deve ser o primeiro a gozar dos frutos.
7 ငါပြောဆိုသော အရာကို စဉ်းစားဆင်ခြင်လော့။ သခင်ဘုရားသည်လည်း သင့်အားအရာအားလုံးကို နားလည်စေတော် မူလိမ့်မည်။
7 Considera o que digo, porque o Senhor te dará entendimento em tudo.
8 ငါဟောပြောသောဧဝံဂေလိတရားတော်၌ ဆိုထားသကဲ့သို့ သေခြင်းမှရှင်ပြန်ထမြောက်သောယေဇူးခရစ်တော်သည် ဒါဝိဒ်မင်းကြီးထံမှ ဆင်းသက်လာတော်မူခဲ့ ကြောင်းကိုသတိရပါလော့။-
8 Lembra-te de Jesus Cristo, ressurgido dentre os mortos, descendente de Davi, segundo o meu evangelho,
9 ငါသည် ဤဧဝံဂေလိတရား တော်အတွက်ကြောင့် ရာဇဝတ်သားကဲ့သို့ ဒုက္ခဝေဒနာ ခံစားရ၍ သံကြိုးဖြင့် ချည်နှောင်ခြင်း ခံရ၏။ သို့ရာတွင် ဘုရားသခင်၏နှုတ်တော်ထွက်စကားသည် ချည်နှောင် ခြင်းမခံရပေ။-
9 pelo qual sofro a ponto de ser preso como malfeitor; mas a palavra de Deus não está presa.
10 ထို့ကြောင့် ငါသည် ရွေးကောက်ခြင်းခံရ သောသူတို့အတွက် အရာရာကို တည်ကြည်စွာခံထမ်းခြင်းဖြစ်၏။ ဤသို့ဖြင့် ထိုသူတို့သည် ခရစ်တော်ယေဇူး၌တည်ရှိသော ကယ်တင်ခြင်းကျေးဇူးတော်ကို ထာ၀ရဘုန်းဂုဏ်တော်နှင့်အတူ ခံစားကြရ ပေလိမ့်မည်။-
10 Por isso, tudo suporto por amor dos eleitos, para que também eles alcancem a salvação que há em Cristo Jesus com glória eterna.
11 ဤသည်ကား သေချာမှန်ကန်သောစကားဖြစ်၏။ ငါတို့သည် ကိုယ်တော်နှင့်အတူ သေခဲ့ကြလျှင် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။-
11 Fiel é esta palavra: Se, pois, já morremos com ele, também com ele viveremos;
12 ငါတို့သည် တည်ကြည်စွာ ခံထမ်းလျှင် ကိုယ်တော်နှင့်အတူ စိုးစံကြလိမ့်မည်။ ငါတို့သည် ကိုယ်တော့်ကို စွန့်ပယ်ကြလျှင် ကိုယ်တော်သည်လည်း ငါတို့ကို စွန့်ပယ်တော်မူလိမ့်မည်။-
12 se perseveramos, com ele também reinaremos; se o negarmos, também ele nos negará;
13 ငါတို့သည် သစ္စာမရှိသော်လည်း ကိုယ်တော်သည် သစ္စာတည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိကိုယ်ကို မငြင်းပယ်နိုင်သောကြောင့်ဖြစ်၏။
13 se somos infiéis, ele permanece fiel; porque não pode negar-se a si mesmo.
14 ဤအကြောင်းနှင့်ပတ်သက်၍ သူတို့အား သတိပေးလော့။ စကားလုံးအသုံးအနှုန်းများအတွက် ငြင်းခုံခြင်းကို ရှောင်ကြဉ်ကြ ရန် သခင်ဘုရား၏ရှေ့မှောက်တော်၌ သူတို့အားညွှန်ကြားလော့။ ထိုသို့ငြင်းခုံခြင်းသည် မည်သို့မျှ အကျိုးမပြုဘဲ ကြားနာရသူ တို့ကို ပျက်စီးခြင်းသို့ ရောက်စေ၏။-
14 Lembra-lhes estas coisas, conjurando-os diante de Deus que não tenham contendas de palavras, que para nada aproveitam, senão para subverter os ouvintes.
15 သင်သည် ရှက်ကြောက်စရာမလိုဘဲ သမ္မာတရားတော်ကို မှန်ကန်စွာဟောပြောသူနှင့် ဘုရား သခင်နှစ်သက်လက်ခံသော လုပ်သားအဖြစ် သင့်ကိုယ် သင်ဆက်ကပ်နိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်ပါလော့။-
15 Procura apresentar-te diante de Deus aprovado, como obreiro que não tem de que se envergonhar, que maneja bem a palavra da verdade.
16 ဘုရားတရားမဲ့သောပြောဆိုဆွေးနွေးခြင်းများ ကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ထိုသို့ပြုလုပ်ခြင်း သည် လူတို့ကို ပို၍ဘုရားတရားမဲ့စေ၏။-
16 Mas evita as conversas vãs e profanas; porque os que delas usam passarão a impiedade ainda maior,
17 ထိုသို့ပြောဆိုခြင်းသည် မြစ်ပွားနာကဲ့သို့ ပျက်စီးခြင်းကိုပျံ့ပွားစေ၏။ ထိုသူတို့ထဲတွင် ဟေမေနေဦးနှင့် ဖိလက်တုတို့ ပါဝင်ကြ၏။-
17 e as suas palavras alastrarão como gangrena; entre os quais estão Himeneu e Fileto,
18 သူတို့က သေလွန်သောသူတို့၏ရှင်ပြန်ထမြောက် ခြင်းအဖြစ်သည် ကျော်လွန်သွားခဲ့လေပြီဟုဆိုခြင်းဖြင့် သမ္မာတရားလမ်း မှ လွဲချော်သွားပြီးလျှင် အချို့သောသူတို့၏ယုံကြည်ခြင်းကို ရှုပ်ထွေးစေခဲ့ကြ၏။-
18 que se desviaram da verdade, dizendo que a ressurreição é já passada, e assim pervertem a fé a alguns.
19 သို့သော် ဘုရား သခင်၏ခိုင်ခန့်သောအုတ်မြစ်သည် အခိုင်အမာပင်ရပ် တည်လျက်ရှိ၏။ ထိုအုတ်မြစ်ပေါ်၌ ခတ်နှိပ်ထား သော တံဆိပ်သည်ကား ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုး တော်ကို သိတော်မူ၏။ ထာ၀ရဘုရားသခင်၏နာမတော်ကို ခေါ်တသောသူတို့သည် အပြစ်မကောင်းမှုကို ရှောင် ကြဉ်ကြရမည်ဟူ၍ဖြစ်သတည်း။
19 Todavia o firme fundamento de Deus permanece, tendo este selo: O Senhor conhece os seus, e: Aparte-se da injustiça todo aquele que profere o nome do Senhor.
20 ကြီးမားသောအိမ်၌ ရွှေနှင့်ငွေတို့ဖြင့်ပြုလုပ်ထား သောအိုးခွက်များသာမက သစ်သားနှင့် မြေကြီးတို့ဖြင့် ပြုလုပ်ထား သောအိုးခွက်များလည်းရှိကြ၏။ အချို့ကို ဂုဏ်သရေရှိသောအရာအဖို့အသုံးပြုပြီးလျှင် အချို့ကို ဂုဏ်သရေမရှိသောအရာအဖို့ အသုံးပြုလေ၏။-
20 Ora, numa grande casa, não somente há vasos de ouro e de prata, mas também de madeira e de barro; e uns, na verdade, para uso honroso, outros, porém, para uso desonroso.
21 တစ်စုံ တစ်ယောက်သည် မိမိကိုယ်ကို မကောင်းသောအရာတို့ မှစင်ကြယ်စေလျှင် ထိုသူသည် ဂုဏ်သရေရှိသောနေ ရာတွင် အသုံးပြုခြင်းခံရမည့်အိုးခွက်ကဲ့သို့ ဖြစ်လာပြီး အိမ်၏အရှင်သခင်အတွက် ဆက်သခြင်းခံရ၍ အသုံးဝင်လာကာ ကောင်းသော အမှုအရာတိုင်းအတွက် အသင့်ရှိလိမ့်မည်။-
21 Se, pois, alguém se purificar destas coisas, será vaso para honra, santificado e útil ao Senhor, preparado para toda boa obra.
22 ထို့ကြောင့် ပျိုရွယ်သူတို့၏ရမ္မက်ဆန္ဒများကို ရှောင်ကြဉ်၍ သခင်ဘုရားကို ဖြူစင်သောနှလုံးသားဖြင့် ဆုတောင်းပတ္ထနာ ပြုသောသူတို့နှင့်အတူ ဖြောင့်မတ် ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းသာယာ ခြင်းတို့ကို ရည်မှန်းလော့။-
22 Foge também das paixões da mocidade, e segue a justiça, a fé, o amor, a paz com os que, de coração puro, invocam o Senhor.
23 မိုက်မဲ၍ အသိတရားကင်းမဲ့ သောငြင်းခုံခြင်းများကို ရှောင်ကြဉ်လော့။ ဤအရာများ သည် ခိုက်ရန်ဖြစ်ပွားစေကြောင်းကို သင်သိ၏။-
23 E rejeita as questões tolas e desassisadas, sabendo que geram contendas;
24 သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်သူသည် ရန်လိုခြင်းမရှိဘဲ လူတိုင်းအား သနားကြင်နာ၍ သည်းခံတတ်သော ဆရာကောင်းတစ်ဦးဖြစ်ရမည်။-
24 e ao servo do Senhor não convém contender, mas sim ser brando para com todos, apto para ensinar, paciente;
25 သူသည် မိမိအား ဆန့် ကျင်သူများကို သိမ်မွေ့နူးညံ့စွာဆုံးမပြုပြင်ပေးရမည်။ ဘုရားသခင်သည် သူတို့အား နောင်တရစေပြီး သမ္မာ တရားကိုသိလာရသောအခွင့်ကို ပေးကောင်းပေးတော် မူလိမ့်မည်။-
25 corrigindo com mansidão os que resistem, na esperança de que Deus lhes conceda o arrependimento para conhecerem plenamente a verdade,
26 ထိုအခါ သူတို့သည် နတ်ဆိုး၏ကျော့ကွင်း မှလွတ်မြောက်လာကြလိမ့်မည်။ ထိုနတ်ဆိုးသည် သူတို့အား ဖမ်းဆီးပြီးနောက် သူ၏အလိုအတိုင်း သူတို့ကိုပြုမူ စေခဲ့ခြင်းဖြစ်၏။
26 e que se desprendam dos laços do Diabo {por quem haviam sido presos}, para cumprirem a vontade de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Timóteo 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.