2 Pedro 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ငါ၏ချစ်မိတ်ဆွေတို့၊ ဤစာသည် သင်တို့ထံသို့ ငါရေးသောဒုတိယစာဖြစ်၏။ စာနှစ်စောင်စလုံး၌ ငါသည် ပြန်လည်သတိပေး ခြင်းအားဖြင့် သင်တို့၏ရိုး သားသောစိတ်နှလုံးတွင်၊-
1 Amados, esta é agora a segunda carta que lhes escrevo. Em ambas quero despertar com estas lembranças a sua mente sincera para que vocês se lembrem
2 ရှေးကာလက မြင့်မြတ်သော ပရောဖက်တို့၏ဟောကြားချက်များနှင့် သင်တို့၏တမန်တော်ကြီးများမှတစ်ဆင့် သင်တို့ရရှိခဲ့ သော ကယ်တင်ရှင်သခင်ဘုရား၏ပညတ်တော်ကို အောက်မေ့သတိရသင့်ကြောင်း နှိုးဆော်ခဲ့၏။-
2 das palavras proferidas no passado pelos santos profetas, e do mandamento de nosso Senhor e Salvador que os apóstolos de vocês lhes ensinaram.
3 ပထမဦးစွာ သင်တို့နားလည်ရ မည့်အချက်သည်ကား နောက်ဆုံးသောနေ့ရက်တို့၌ ပြက်ရယ်ပြုတတ်သောသူတို့သည် ရောက်လာ၍ မိမိတို့၏အလိုဆန္ဒတပ်မက်ခြင်းများနောက်သို့လိုက်ပြီး ပြက်ရယ်ပြုလျက်၊-
3 Antes de tudo saibam que, nos últimos dias, surgirão escarnecedores zombando e seguindo suas próprias paixões.
4 သခင်ဘုရားကြွလာတော်မူမည်ဟူသော ကတိတော်ကား အဘယ်မှာနည်း၊ အကြောင်းမူကား ငါတို့၏ဘိုးဘေးများ သေဆုံး ခဲ့ကြသည့်အချိန်မှစ၍ အရာခပ်သိမ်းတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်းဆက် လက်တည်ရှိခဲ့ကြပေသည်တကား ဟုဆိုကြ လိမ့်မည်။-
4 Eles dirão: "O que houve com a promessa da sua vinda? Desde que os antepassados morreram, tudo continua como desde o princípio da criação".
5 ထိုသူတို့သည် ထာ၀ရဘုရားသခင်၏နှုတ်တော်ထွက် စကားအားဖြင့် ကောင်းကင်သည် ရှေးကာလကြာမြင့်စွာကပင်တည်ရှိ နေသည်ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးသည် ရေထဲမှထွက်ပေါ်လာ၍ ရေဖြင့်ပင် ဖြစ်ပေါ်သည်ကိုလည်းကောင်း၊-
5 Mas eles deliberadamente se esquecem de que há muito tempo, pela palavra de Deus, existiam céus e terra, esta formada da água e pela água.
6 ထိုအချိန်က ဖြစ်ပေါ်ခဲ့သောကမ္ဘာမြေကြီးသည် ရေဖြင့် လွှမ်းမိုးဖျက်ဆီးခြင်းခံခဲ့ရကြောင်းကိုလည်းကောင်း သိလျက်နှင့် လျစ်လျူရှုထားခဲ့ကြ၏။-
6 E pela água o mundo daquele tempo foi submerso e destruído.
7 ထိုနှုတ်တော်ထွက်စကားကပင်လျှင် ယခုတည်ရှိနေသော ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို မီးဖြင့်သန့်စင်ရန် ဘုရားတရားမဲ့သူတို့ကို တရားစီရင်၍ ဖျက်ဆီးတော်မူ မည့်နေရက်တိုင်အောင် ထိန်းသိမ်းထားလေ၏။
7 Pela mesma palavra os céus e a terra que agora existem estão reservados para o fogo, guardados para o dia do juízo e para a destruição dos ímpios.
8 ချစ်မိတ်ဆွေတို့၊ ထာ၀ရဘုရားသခင်အတွက် နေ့ရက်တစ်ရက်သည် နှစ်ပေါင်းတစ်ထောင်ကဲ့သို့လည်းကောင်း၊ နှစ်ပေါင်း တစ်ထောင်သည် နေ့ရက်တစ်ရက်ကဲ့သို့လည်းကောင်း ဖြစ်သည်ကိုမူ သင်တို့မမေ့လျော့သင့်ပေ။-
8 Não se esqueçam disto, amados: para o Senhor um dia é como mil anos, e mil anos como um dia.
9 အချို့လူများထင်မှတ်သကဲ့သို့ ထာ၀ရဘုရားသခင်သည် မိမိ၏ကတိတော်နှင့်ပတ်သက်၍ နှောင့်နှေးခြင်းရှိတော်မမူပေ။ အမှန်စင်စစ် ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပျက်စီးစေဘဲ လူအားလုံးတို့ကို နောင်တရစေရန်အလိုရှိ သောကြောင့် သင်တို့အပေါ်သည်းခံနေတော်မူခြင်းဖြစ်၏။-
9 O Senhor não demora em cumprir a sua promessa, como julgam alguns. Pelo contrário, ele é paciente com vocês, não querendo que ninguém pereça, mas que todos cheguem ao arrependimento.
10 သို့သော် သခင်ဘုရား၏ နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ထိုအခါ ကောင်းကင်သည် ကျယ်လောင်သောအသံ ထွက်ပေါ်လျက် ပျောက်ကွယ်သွားလိမ့်မည်။ သဘာ၀လောကဓာတ်တို့သည်လည်း မီးအားဖြင့်အရည်ပျော်ကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်၌ရှိသောအရာတို့ သည်လည်း လောင်ကျွမ်းခြင်းခံကြရလိမ့်မည်။
10 O dia do Senhor, porém, virá como ladrão. Os céus desaparecerão com um grande estrondo, os elementos serão desfeitos pelo calor, e a terra, e tudo o que nela há, será desnudada.
11 အရာခပ်သိမ်းတို့သည် ဤကဲ့သို့ပျက်စီးပျောက် ကွယ်သွားကြရမည်ဖြစ်သောကြောင့် သင်တို့သည် သန့်ရှင်းမွန်မြတ် ခြင်းနှင့် ဘုရားတရားကြည်ညိုခြင်းတို့၌ ရှင်သန်ခြင်းငှာ မည်သို့သောသူများဖြစ်သင့်သနည်း။-
11 Visto que tudo será assim desfeito, que tipo de pessoas é necessário que vocês sejam? Vivam de maneira santa e piedosa,
12 သင်တို့သည် ဘုရားသခင်၏နေ့ရက်ရောက်လာမည့်အချိန်ကို စောင့်ငံ့လျက်ရှိကြသည်ဖြစ်၍ မကြာမီပင် ထိုနေ့ရက် ကျရောက်လာစေခြင်းငှာ အစွမ်းကုန်ကြိုးစားကြလော့။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်၌ ကောင်းကင်သည် မီးလောင်၍ ပျက်စီးလိမ့်မည်။ သဘာ၀လောကဓာတ်တို့သည်လည်း မီးအားဖြင့် အရည်ပျော်ကြလိမ့်မည်။-
12 esperando o dia de Deus e apressando a sua vinda. Naquele dia os céus serão desfeitos pelo fogo, e os elementos se derreterão pelo calor.
13 သို့သော် ငါတို့သည် ကိုယ်တော်၏ကတိတော် အတိုင်း ဖြောင့်မတ်ခြင်းတရားတည်ရှိရာ ကောင်းကင် သစ်နှင့် ကမ္ဘာသစ်ကို စောင့်မျှော်လျက်နေကြ၏။
13 Todavia, de acordo com a sua promessa, esperamos novos céus e nova terra, onde habita a justiça.
14 ထို့ကြောင့် ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤအရာများကို စောင့်မျှော်လျက်ရှိသည်ဖြစ်၍ ကိုယ်တော်သည် သင်တို့ကို အစွန်းအကွက် အပြစ်အနာအဆာကင်းစင်လျက် ငြိမ်းချမ်းသာယာခြင်း၌တွေ့ရှိနိုင်ရန် အစွမ်းကုန်ကြိုးစားကြလော့။-
14 Portanto, amados, enquanto esperam estas coisas, empenhem-se para serem encontrados por ele em paz, imaculados e inculpáveis.
15 ငါတို့သခင်ဘုရား၏စိတ်ရှည်သည်း ခံတော်မူခြင်းကို သင်တို့၏ကယ်တင်ခြင်းအဖြစ် မှတ်ယူကြလော့။ ငါတို့ချစ်သော ညီတော်ပေါလုသည်လည်း မိမိရရှိသောဉာဏ်ပညာအတိုင်း သင်တို့ထံသို့ စာရေးခဲ့သည်ဖြစ်၍၊-
15 Tenham em mente que a paciência de nosso Senhor significa salvação, como também o nosso amado irmão Paulo lhes escreveu, com a sabedoria que Deus lhe deu.
16 သူသည် ဤအကြောင်းကိုလည်း မိမိရေးသမျှသောစာတို့တွင် ဖော်ပြထားလေ၏။ ထိုစာများတွင် အချို့သောအကြောင်း အရာတို့သည် နားလည်ရန် ခက်ခဲလှသောကြောင့် အသိပညာမဲ့၍ စိတ်မတည်ငြိမ်သော သူတို့သည် အခြားသောကျမ်းချက် များကို လွဲမှားစွာနားလည်ကြသကဲ့သို့ ထိုအကြောင်းအရာတို့ကိုလည်းလွဲမှားစွာ နားလည်ကြသဖြင့် မိမိတို့ကိုယ်ကို ပျက်စီးခြင်း သို့ ရောက်စေကြ၏။
16 Ele escreve da mesma forma em todas as suas cartas, falando nelas destes assuntos. Suas cartas contêm algumas coisas difíceis de entender, as quais os ignorantes e instáveis torcem, como também o fazem com as demais Escrituras, para a própria destruição deles.
17 ထို့ကြောင့် ချစ်မိတ်ဆွေတို့၊ သင်တို့သည်လည်း ဤအကြောင်းအရာများကို ကြိုတင်သိနှင့်ပြီးဖြစ်သောကြောင့် တရားမဲ့ သောသူတို့၏မှားယွင်းခြင်းသို့ လိုက်ပါမသွားစေရန်နှင့် မိမိတို့၏တည်ကြည်ခိုင်မြဲခြင်းကို မဆုံးရှုံးစေရန် သတိပြုကြလော့။-
17 Portanto, amados, sabendo disso, guardem-se para que não sejam levados pelo erro dos que não têm princípios morais, nem percam a sua firmeza e caiam.
18 ထို့အတူ ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်သော ယေဇူးခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကို သိရှိခြင်း၌လည်းကောင်း ရှင်သန်ကြီးထွားကြလော့။ ကိုယ်တော်အား ယခုမှစ၍ ထာ၀ရဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိ စေသတည်း။ အာမင်။
18 Cresçam, porém, na graça e no conhecimento de nosso Senhor e Salvador Jesus Cristo. A ele seja a glória, agora e para sempre! Amém.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 2 Pedro 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.