2 Coríntios 8
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ညီအစ်ကိုတို့၊ မာစီဒိုးနိယပြည်ရှိ အသင်းတော်တို့၌ ဘုရားသခင်ပေးသနားတော်မူသောကျေး ဇူးတော်များအကြောင်း သင်တို့ သိစေရန် ငါတို့ပြောလို ပါ၏။-
1 Também, irmãos, vos fazemos conhecer a graça de Deus dada às igrejas da macedônia;
2 အကြောင်းမူကား ထိုသူတို့သည် ပြင်းထန်သော ဒုက္ခအခက်အခဲများဖြင့် စုံစမ်းခြင်းခံခဲ့ရသော်လည်း သူတို့ ၏ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် အလွန်ဆင်းရဲနွမ်းပါး ခြင်းတို့သည် သူတို့ကို ရက်ရောစွာပေးကမ်းစွန့်ကြဲစေခဲ့ လေပြီ။-
2 Como em muita prova de tribulação houve abundância do seu gozo, e como a sua profunda pobreza abundou em riquezas da sua generosidade.
3 အဘယ်ကြောင့်ဆိုသော် သူတို့သည် မိမိတို့ တတ်နိုင်သမျှ ပေးကမ်းခဲ့ကြောင်းကို ငါသက်သေခံနိုင် သည့်အပြင် သန့်ရှင်း သူတို့အား ကူညီပံ့ပိုးခြင်းတွင် မိမိတို့ ၏အလိုဆန္ဒအလျောက်
3 Porque, segundo o seu poder (o que eu mesmo testifico) e ainda acima do seu poder, deram voluntariamente.
4 မိမိတို့တတ်နိုင်သည်ထက်ပို၍ ထည့်ဝင်နိုင်ရန်အခွင့်အရေးကို ငါတို့ထံမှ စိတ်အားထက်သန်စွာ တောင်းခံလာကြ၏။-
4 Pedindo-nos com muitos rogos que aceitássemos a graça e a comunicação deste serviço, que se fazia para com os santos.
5 ဤအရာသည် ငါတို့တွေး ထင်ထားသကဲ့သို့ ဖြစ်လာခဲ့ခြင်းမဟုတ်ပေ။ သို့သော် သူတို့သည် မိမိတို့ကိုယ်ကို သခင်ဘုရား ထံတော်သို့ ရှေး ဦးစွာဆက်ကပ်အပ်နှံကြပြီးမှ ဘုရားသခင်၏အလိုတော် အားဖြင့် ငါတို့ထံ ဆက်ကပ်ကြခြင်းဖြစ်၏။-
5 E não somente fizeram como nós esperávamos, mas a si mesmos se deram primeiramente ao Senhor, e depois a nós, pela vontade de Deus.
6 သို့ဖြစ်၍ ငါ တို့သည် တိတုအား သူအစပျိုးခဲ့သည့် ဤမွန်မြတ်သော အမှုကို သင်တို့အလယ်တွင်လည်း ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြ၏။-
6 De maneira que exortamos a Tito que, assim como antes tinha começado, assim também acabasse esta graça entre vós.
7 ယခု သင်တို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာရှိခြင်း၊ စိတ် အားထက်သန်ခြင်းနှင့် ငါတို့အပေါ်ထားရှိသော သူတို့၏ ချစ်ခြင်းမေတ္တာ အစရှိသည့်အရာအားလုံးတို့တွင် သာလွန်ကောင်းမွန်စွာ ဆောင်ရွက်ကြသည့်အတိုင်း ဤမွန် မြတ်သော အမှုကိစ္စ တွင်လည်း သာလွန်ကောင်းမွန်စွာ ဆောင်ရွက်ကြပါလော့။
7 Portanto, assim como em tudo abundais em fé, e em palavra, e em ciência, e em toda a diligência, e em vosso amor para conosco, assim também abundeis nesta graça.
8 ငါသည် အမိန့်ပေးသကဲ့သို့ ပြောဆိုခြင်းမဟုတ်။ သို့သော် သင်တို့၏ချစ်ခြင်းမေတ္တာမှာလည်း စစ်မှန်ကြောင်းကို အခြားသောသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သက်သေပြနိုင်ရန် ပြောဆိုခြင်းဖြစ်၏။-
8 Não digo isto como quem manda, mas para provar, pela diligência dos outros, a sinceridade de vosso amor.
9 အကြောင်းမူကား ငါတို့၏သခင် ယေဇူးခရစ်တော်၏ကျေးဇူးတော်ကို သင်တို့သိကြပြီးဖြစ်၏။ ကိုယ်တော်သည် ပြည့်စုံကြွယ် ၀သူဖြစ်သော်လည်း မိမိ၏ဆင်းရဲချို့တဲ့ခြင်းအားဖြင့် သင်တို့သည် ပြည့်စုံကြွယ်၀သူများဖြစ်လာစေရန် သင်တို့ အတွက် ဆင်းရဲခြင်းကို ခံယူတော်မူခဲ့၏။-
9 Porque já sabeis a graça de nosso Senhor Jesus Cristo que, sendo rico, por amor de vós se fez pobre; para que pela sua pobreza enriquecêsseis.
10 ဤအမှုတွင် သင်တို့အား ငါအကြံပေးသည်မှာ ယခင်နှစ်က သင်တို့ အစပြုခဲ့သည်သာမက ဆန္ဒလည်း ရှိခဲ့သည့်အမှုကို ယခု ပြီးပြည့်စုံအောင် ဆောင်ရွက်ခြင်းသည် သင်တို့အတွက် အကောင်းဆုံးဖြစ်၏။-
10 E nisto dou o meu parecer; pois isto convém a vós que, desde o ano passado, começastes; e não foi só praticar, mas também querer.
11 သို့မှသာ ထိုအမှုကိစ္စအပေါ်တွင် သင်တို့စိတ်အား ထက်သန်သည့်အတိုင်း သင်တို့တွင်ရှိ သမျှသောအရာတို့နှင့် ပြီးမြောက် အောင်ဆောင်ရွက်နိုင် မည်ဖြစ်၏။-
11 Agora, porém, completai também o já começado, para que, assim como houve a prontidão de vontade, haja também o cumprimento, segundo o que tendes.
12 အကြောင်းမူကား စိတ်အားထက်သန်ခြင်းရှိလျှင် လူတစ်ဦးတွင်မရှိသည့်အရာများကို အမှုမထားဘဲ သူ့၌ရှိသော အရာကိုထောက်၍ လက်ဆောင်ကို လက်ခံ နိုင်လေ၏။-
12 Porque, se há prontidão de vontade, será aceita segundo o que qualquer tem, e não segundo o que não tem.
13 အခြားသောသူတို့ကို လျော့ပေါ့သက်သာ စေပြီး သင်တို့ကိုမူ ဝန်ပိစေရန် ပြုလုပ်သင့်သည်ဟု ငါဆို လိုခြင်းမဟုတ်ပေ။-
13 Mas, não digo isto para que os outros tenham alívio, e vós opressão,
14 သို့ရာတွင် ညီတူညီမျှရှိစေရန်အတွက် ယခုသင်တို့၌ ပေါများသောအရာများဖြင့် သူတို့၌ လိုအပ်ရာများကို ထောက်ပံ့ပေး သင့်သည်။ သို့မှသာ သူတို့သည် လည်း သင်တို့၌လိုအပ်ရာများကို သူတို့တွင် ပေါများသောအရာတို့ဖြင့် ဖြည့်ဆည်းပေးနိုင် မည်ဖြစ်၍ သင်တို့သည် ညီတူညီမျှရှိကြလိမ့်မည်။-
14 Mas para igualdade; neste tempo presente, a vossa abundância supra a falta dos outros, para que também a sua abundância supra a vossa falta, e haja igualdade;
15 ကျမ်းစာတော် မြတ်၌လည်း ရေးသားထားသည်မှာ များစွာစုသိမ်းသော သူတွင် ပိုလျှံခြင်းမရှိသကဲ့သို့ အနည်းငယ်စုသိမ်းသော သူတွင်လည်း လိုအပ်ခြင်းမရှိဟူ၍ဖြစ်သတည်း။
15 Como está escrito: O que muito colheu não teve demais; e o que pouco, não teve de menos.
16 သင်တို့ကိုကြည့်ရှုရန် တိတု၏စိတ်နှလုံး၌ တူညီသောစေတနာနှင့် စိတ်ထက်သန်မှုကို သွင်းပေးတော်မူသော ဘုရားသခင်အား ကျေးဇူးတင်ပါ၏။-
16 Mas, graças a Deus, que pôs a mesma solicitude por vós no coração de Tito;
17 အကြောင်းမူကား သူသည် ငါတို့၏တောင်းဆိုချက်ကို လက်ခံသည့် အပြင် သူကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် သူ၏ ဆန္ဒအလျောက် သင်တို့ထံသို့ လာလိမ့်မည်။-
17 Pois aceitou a exortação, e muito diligente partiu voluntariamente para vós.
18 ၏အသင်းတော် များ၌ ဧဝံဂေလိသတင်းကောင်းကို ဟောကြားရာတွင် ကျော်ကြားသော ငါတို့၏ညီတစ်ဦးကို သူနှင့်အတူ ငါတို့ စေလွှတ်မည်။-
18 E com ele enviamos aquele irmão cujo louvor no evangelho está espalhado em todas as igrejas.
19 ထိုမျှမကသေး၊ ထိုသူအား ဘုရားသခင် ၏ဘုန်းဂုဏ်တော်နှင့် ငါတို့၏စိတ်စေတနာကိုထင်ရှားစေ ရန်အတွက် ငါတို့ဆောင်ရွက်နေကြသည့် ဤမွန်မြတ် သောလုပ်ငန်း၌ အတူလိုက်ပါစေခြင်းငှာ အသင်းတော် များက ခန့်အပ်ခဲ့ကြ၏။-
19 E não só isto, mas foi também escolhido pelas igrejas para companheiro da nossa viagem, nesta graça que por nós é ministrada para glória do mesmo Senhor, e prontidão do vosso ânimo;
20 ဤသို့ငါတို့စီစဉ်ကြခြင်းမှာ ငါတို့ စီမံခန့်ခွဲလျက်ရှိသည့်ပေးကမ်းစွန့်ကြဲခြင်းအမှုနှင့်ပတ်သက်၍ မည်သူမျှ ငါတို့ကို အပြစ်မတင်ကြစေရန်ဖြစ်၏။-
20 Evitando isto, que alguém nos vitupere por esta abundância, que por nós é ministrada;
21 အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏မျက်မှောက် တော်တွင်သာမက လူတို့၏မျက်မှောက်တွင်လည်း မှန် ကန် သင့်လျော်သောအမှုကိုပြုလုပ်ရန် ရည်ရွယ်ထားခြင်း ကြောင့်ဖြစ်၏။-
21 Pois zelamos do que é honesto, não só diante do Senhor, mas também diante dos homens.
22 ငါတို့၏ညီတစ်ဦးကိုလည်း ထိုသူတို့နှင့် အတူ ငါတို့စေလွှတ်လိုက်၏။ ထိုသူ့ကို ငါတို့ကြိမ်ဖန်များ စွာ စုံစမ်းခဲ့ပြီး သူသည် အရာရာတွင် စိတ်ထက်သန်မှုရှိ ကြောင်းကိုတွေ့ရ၏။ ထိုသူသည် သင်တို့အပေါ် လွန်စွာယုံကြည်အားထားသောကြောင့် ယခုအခါတွင် ပို၍စိတ် ထက်သန်လျက်ရှိ၏။-
22 Com eles enviamos também outro nosso irmão, o qual muitas vezes, e em muitas coisas, já experimentamos ser diligente, e agora muito mais diligente ainda pela muita confiança que em vós tem.
23 တိတုနှင့်ပက်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်၍ သင်တို့၏အကျိုးကို ဆောင်ရွက်ရာတွင် ငါနှင့်အတူ လုပ်ဆောင်သောသူဖြစ်၏။ အခြားသောညီအစ်ကိုတို့သည်ကား အသင်းတော် များ၏စေတမန်များဖြစ်ကြ၍ ခရစ်တော်၏ ဘုန်းကျက် သရေလည်းဖြစ်ကြ၏။-
23 Quanto a Tito, é meu companheiro, e cooperador para convosco; quanto a nossos irmãos, são embaixadores das igrejas e glória de Cristo.
24 ထို့ကြောင့် သင်တို့၏ချစ်ခြင်း မေတ္တာနှင့်သင်တို့အကြောင်း ငါတို့ဝါကြွားပြောဆိုသမျှကို အသင်းတော်များရှေ့တွင် သူတို့အား သက်သေပြကြပါလော့။
24 Portanto, mostrai para com eles, e perante a face das igrejas, a prova do vosso amor, e da nossa glória acerca de vós.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.