2 Coríntios 5
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ငါတို့နေထိုင်ကြသော ကမ္ဘာပေါ်မှနေအိမ်ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူတို့၏လက်ဖြင့် ဆောက်လုပ်မထားသော ထာ၀ရတည်မည့်နေအိမ်တစ်လုံးကို ဘုရားသခင်ထံတော်မှ ရရှိမည်ဖြစ်ကြောင်း ငါတို့သိကြ၏။-
1 Porque sabemos que, se a nossa casa terrestre deste tabernáculo se desfizer, temos de Deus um edifício, uma casa não feita por mãos, eterna, nos céus.
2 ငါတို့သည် ဤလောကအိမ်တွင် နေထိုင်ကြစဉ် အမှန်ပင် ညည်းတွားလျက် ငါတို့၏ကောင်းကင်အိမ်၌ နေထိုင်ရန် တောင့်တနေကြ၏။-
2 E, por isso, também gememos, desejando ser revestidos da nossa habitação, que é do céu;
3 ဤသို့ဖြင့် ကောင်းကင်အိမ်ကိုရရှိသောအခါ ငါတို့သည် အကောင်အထည် မဲ့ဖြစ်ကြလိမ့်မည်မဟုတ်။-
3 se, todavia, estando vestidos, não formos achados nus.
4 အကြောင်းမူကား ဤမြေပေါ် ရှိအိမ်တွင်နေရစဉ် ငါတို့သည် စိုးရိမ်သောကဖြင့် ညည်း တွားကြ၏။ ဤသို့ညည်းတွားရခြင်းမှာ ဤခန္ဓာကိုယ်ကို ဖယ်ရှားပစ်လို၍မဟုတ်ဘဲ ပိုမိုလွှမ်းခြုံထားလို၍ဖြစ်၏။ သို့မှသာ သေကြေပျက်စီးတတ်သောအရာကို ရှင်သန် သောအသက်တာဖြင့် လွှမ်းခြုံပေးနိုင်မည်ဖြစ်၏။-
4 Porque também nós, os que estamos neste tabernáculo, gememos carregados, não porque queremos ser despidos, mas revestidos, para que o mortal seja absorvido pela vida.
5 ဤအမှုအရာအတွက် ငါတို့ကို ပြင်ဆင်ပေးခဲ့သောအရှင် ကား ဘုရားသခင်ပေတည်း။ ကိုယ်တော်သည် ဝိညာဉ် တော်ကို အာမခံချက်အဖြစ် ငါတို့အား ပေးတော်မူခဲ့၏။
5 Ora, quem para isso mesmo nos preparou foi Deus, o qual nos deu também o penhor do Espírito.
6 သို့ဖြစ်၍ ငါတို့သည် အစဉ်အမြဲရဲရင့်တည်ကြည်၍ ငါတို့သည် ဤကိုယ်ခန္ဓာနေအိမ်၌ နေသမျှကာလပတ် လုံး သခင်ဘုရား နှင့်ဝေးကွာလျက်ရှိကြောင်းသိကြ၏။-
6 Pelo que estamos sempre de bom ânimo, sabendo que, enquanto estamos no corpo, vivemos ausentes do Senhor
7 အကြောင်းမူကား ငါတို့သည် အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေကြ၏။-
7 (Porque andamos por fé e não por vista.).
8 ငါတို့သည် ရဲရင့်တည်ကြည်သောစိတ်ရှိကြ၍ ဤကိုယ်ခန္ဓာ ကိုစွန့်ခွာပြီးလျှင် သခင်ဘုရားနှင့်အတူ အိမ်တော်တွင်နေ ထိုင်ရန် ပို၍လိုလားကြ၏။-
8 Mas temos confiança e desejamos, antes, deixar este corpo, para habitar com o Senhor.
9 သို့ဖြစ်၍ ငါတို့သည် ဤနေ အိမ်၌ ရှိသည်ဖြစ်စေ၊ အဝေး၌ရှိသည်ဖြစ်စေ သခင်ဘုရား အားကျေနပ်နှစ်သက်စေရန်သာ ရည်ရွယ်ပြုလုပ်ကြ ၏။-
9 Pelo que muito desejamos também ser-lhe agradáveis, quer presentes, quer ausentes.
10 အကြောင်းမူကား ငါတို့တစ်ဦးစီသည် ကိုယ်ခန္ဓာ၌ ရှိစဉ်ပြုကျင့်ခဲ့သည့်အတိုင်း အကောင်းနှင့် အဆိုးကို ခံစားနိုင်ကြရန် ငါတို့အားလုံးသည် ခရစ်တော်၏တရား ပလ္လင်ရှေ့သို့ ရောက်ကြရမည်ဖြစ်သောကြောင့်တည်း။
10 Porque todos devemos comparecer ante o tribunal de Cristo, para que cada um receba segundo o que tiver feito por meio do corpo, ou bem ou mal.
11 ထို့ကြောင့် သခင်ဘုရားအား ကြောက်ရွံ့ ခြင်းကို သိကြသောငါတို့သည် လူတို့အား စည်းရုံးတိုက်တွန်းပါ ၏။ ငါတို့သည် ။ မည်သူဖြစ်ကြောင်းကို ဘုရားသခင်သိတော်မူ၏။ သင်တို့သည်လည်း ထိုအကြောင်းကို စိတ်နှလုံးထဲက ကောင်းစွာသိကြ လိမ့်မည်ဟု ငါမျှော်လင့်ပါ၏။-
11 Assim que, sabendo o temor que se deve ao Senhor, persuadimos os homens à fé, mas somos manifestos a Deus; e espero que, na vossa consciência, sejamos também manifestos.
12 ငါတို့သည် မိမိတို့ကိုယ်ကို တစ်ဖန်ပြန်၍ချီးကျူးနေ ခြင်းမဟုတ်ဘဲ ငါတို့အတွက် သင်တို့ဂုဏ်ယူဝါကြွားနိုင် စရာအကြောင်း ရှိကြစေရန်သာဖြစ်၏။ သို့မှသာလျှင် လူတစ်ဦး၏စိတ်နှလုံးကိုအမှုမထားဘဲ အပေါ်ယံအဆင်း သဏ္ဌာန်ကိုသာထောက်၍ ဂုဏ်ယူဝါကြွားတတ်သော သူကိုသင်တို့တုံ့ပြန်ဖြေကြားနိုင်ကြပေလိမ့်မည်။-
12 Porque não nos recomendamos outra vez a vós; mas damo-vos ocasião de vos gloriardes de nós, para que tenhais que responder aos que se gloriam na aparência e não no coração.
13 ငါတို့သည် စိတ်မနှံ့ကြပါလျှင် ဘုရားသခင်အတွက် စိတ်မနှံ့ခြင်းသာဖြစ်၏။ အကယ်၍ ငါတို့သည် မူမှန်သောစိတ် အခြေအနေ၌ရှိလျှင် ယင်းသည် သင်တို့အတွက်ဖြစ်၏။-
13 Porque, se enlouquecemos, é para Deus; e, se conservamos o juízo, é para vós.
14 အကြောင်းမူကား ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ငါတို့ကို အုပ်စိုးလေပြီ။ အဘယ်ကြောင့်ဆိုသော် တစ် ယောက်သော သူသည် လူအပေါင်းတို့အတွက် အသေခံခဲ့သောကြောင့် လူအပေါင်းတို့သည် သေခဲ့ကြပြီးဖြစ်သည်ကို ငါတို့လက်ခံယုံကြည် ကြသော ကြောင့်ဖြစ်၏။-
14 Porque o amor de Cristo nos constrange, julgando nós assim: que, se um morreu por todos, logo, todos morreram.
15 ကိုယ်တော်သည် လူအပေါင်းတို့အတွက် အသေခံခဲ့သဖြင့် လူတို့သည် မိမိတို့ကိုယ်တိုင်အတွက် အသက်ရှင်ခြင်း မဟုတ်တော့ဘဲ မိမိတို့အကျိုးအလို့ငှာ အသေခံ၍ ရှင်ပြန်ထမြောက်တော်မူခဲ့သောအရှင်အတွက် အသက် ရှင်ကြရမည်ဖြစ်၏။
15 E ele morreu por todos, para que os que vivem não vivam mais para si, mas para aquele que por eles morreu e ressuscitou.
16 သို့ဖြစ်၍ ငါတို့သည် မည်သူ့ကိုမျှ လူတို့၏ရှုထောင့်မှ မကြည့်တော့ပေ။ ငါတို့သည် ယခင်က ခရစ်တော်ကို လူတို့၏ ရှုထောင့်မှ ကြည့်ရှုခဲ့ကြသော်လည်း ယခုအခါတွင် ထိုကဲ့သို့မကြည့်ရှုကြတော့ပေ။-
16 Assim que, daqui por diante, a ninguém conhecemos segundo a carne; e, ainda que também tenhamos conhecido Cristo segundo a carne, contudo, agora, já o não conhecemos desse modo.
17 ထို့ကြောင့် ခရစ်တော်၌ရှိသောသူသည် ဖန်ဆင်းခြင်းအသစ်ဖြစ်လေ၏။ ဘ၀ဟောင်းသည် ပျောက်ကွယ်သွားသဖြင့် ဘ၀အသစ် ရောက်လာလေပြီ။-
17 Assim que, se alguém está em Cristo, nova criatura é: as coisas velhas já passaram; eis que tudo se fez novo.
18 ဤအရာအားလုံးတို့သည် ဘုရား သခင်ထံတော်မှ ဖြစ်တည်လာခြင်းဖြစ်၏။ ကိုယ်တော် သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိကိုယ်တော်တိုင်နှင့် ပြန်လည်ကျေအေးသင့်မြတ်စေ၍ ငါတို့အားပြန်လည် သင့်မြတ်စေသည့်အမှုတော်ထမ်းဆောင်ရန် ခန့်ထား တော်မူ၏။-
18 E tudo isso provém de Deus, que nos reconciliou consigo mesmo por Jesus Cristo e nos deu o ministério da reconciliação,
19 ဆိုလိုသည်မှာ ဘုရားသခင်သည် ခရစ်တော်အားဖြင့် လောကီသားတို့အား မိမိနှင့်ပြန်လည်ကျေအေး သင့်မြတ်စေ၍ လူသားတို့ အချင်းချင်းကျူးလွန်ခဲ့သော အပြစ်ဒုစရိုက်များကိုမှတ်ထားခြင်းမရှိဘဲ ပြန်လည်ကျေအေးသင့်မြတ်စေသည့် သတင်းကိုဟောပြောရန် ငါတို့အား တာဝန်အပ်နှင်းတော်မူ၏။-
19 isto é, Deus estava em Cristo reconciliando consigo o mundo, não lhes imputando os seus pecados, e pôs em nós a palavra da reconciliação.
20 ထို့ကြောင့် ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၍ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်ခံ တော်မူ၏။ သင်တို့သည် ဘုရားသခင်နှင့် ပြန်လည်ကျေအေးသင့်မြတ်ကြ မည့်အကြောင်း ခရစ်တော်၏ကိုယ်စား ငါတို့တောင်း ပန်ပါ၏။-
20 De sorte que somos embaixadores da parte de Cristo, como se Deus por nós rogasse. Rogamos-vos, pois, da parte de Cristo que vos reconcilieis com Deus.
21 ကိုယ်တော်သည် အပြစ်မရှိသောခရစ်တော်ကို ငါတို့အတွက်ကြောင့် အပြစ်ကိုခံထမ်းသူဖြစ်စေတော်မူခဲ့၏။ သို့မှသာ ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင် ၌ ဖြောင့်မတ်သူများဖြစ်လာကြပေလိမ့်မည်။
21 Àquele que não conheceu pecado, o fez pecado por nós; para que, nele, fôssemos feitos justiça de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.