2 Coríntios 11
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ငါ၏မိုက်မဲမှုအနည်းငယ်အတွက် ငါ့ကို သင်တို့သည်းခံစေလိုပါ၏။ ငါ့ကိုသည်းခံကြပါလော့။-
1 Espero que vocês suportem um pouco da minha insensatez. Sim, por favor, sejam pacientes comigo.
2 ဘုရားသခင်၏ စိုးရိမ်ခြင်း မျိုးဖြင့် သင်တို့အတွက် ငါစိုးရိမ်၏။ အကြောင်းမူကား စင်ကြယ်သောသတို့သမီးကို သူမ ၏တစ်ဦးတည်းသောခင်ပွန်းထံ အပ်နှံသကဲ့သို့ သင်တို့ ကို ခရစ်တော်နှင့် ထိမ်းမြားရန် ငါကတိထားခဲ့၏။-
2 O zelo que tenho por vocês é um zelo que vem de Deus. Eu os prometi a um único marido, Cristo, querendo apresentá-los a ele como uma virgem pura.
3 သို့ရာတွင် မြွေသည် ဧ၀ကို မိမိ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် လှည့်ဖြားသကဲ့သို့ သင်တို့၏စိတ်သည်လည်း ခရစ်တော်အား ရိုးသားစင်ကြယ်စွာ ချစ်ခင်စွဲလမ်းနေရာမှ သွေဖည် သွားမည်ကို ငါစိုးရိမ်၏။-
3 O que receio, e quero evitar, é que assim como a serpente enganou Eva com astúcia, a mente de vocês seja corrompida e se desvie da sua sincera e pura devoção a Cristo.
4 အကြောင်းမူကား အကယ်၍ တစ်စုံတစ်ယောက်သည် သင်တို့ထံသို့လာပြီးလျှင် ငါတို့မဟောပြောသည့် အခြားသော ယေဇူး အကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သို့မဟုတ် သင်တို့ခံယူထားပြီး သောဝိညာဉ်တော်နှင့် ကွဲပြားခြားနားသည့် အခြားသော ဝိညာဉ်တစ်ခုကို သင်တို့ခံယူလျှင်ဖြစ်စေ၊ သင်တို့လက်ခံထားသည့် ဧဝံဂေလိသတင်းကောင်းနှင့်ကွဲပြားခြားနားသောသတင်း ကောင်းတစ်ခုကို သင်တို့လက်ခံလျှင်ဖြစ်စေ သင်တို့သည် အလွယ်တကူပင် နာခံကြ၏။-
4 Pois, se alguém lhes vem pregando um Jesus que não é aquele que pregamos, ou se vocês acolhem um espírito diferente do que acolheram ou um evangelho diferente do que aceitaram, vocês o suportam facilmente.
5 ဤကဲ့သို့သောထိပ်တန်းတမန်တော်များထက် ငါသည် အနည်း ငယ်မျှပင် မနိမ့်ကျဟု ငါထင်၏။-
5 Todavia, não me julgo nem um pouco inferior a esses "super-apóstolos".
6 ငါသည် ဟောပြောရာ၌ ညံ့လျှင်ပင် အသိပညာအရာ၌ မညံ့ပေ။ ငါတို့သည် ဤ အချက်နှင့်ပတ်သက်၍ ခပ်သိမ်းသောအမှု ကိစ္စတို့တွင် နည်းအမျိုးမျိုးဖြင့် သင်တို့အား ထင်ရှားစွာ ဖော်ပြခဲ့လေပြီ။
6 Eu posso não ser um orador eloqüente; contudo tenho conhecimento. De fato, já manifestamos isso a vocês em todo tipo de situação.
7 ငါသည် သင်တို့ကို ချီးမြှောက်ရန်အလို့ငှာ မိမိကိုယ် ကိုနှိမ့်ချလျက် အဖိုးအခမယူဘဲ ဘုရားသခင်၏သတင်း ကောင်းကို သင်တို့အား ဟောပြောခြင်းဖြင့် အပြစ်ကျူး လွန်ခဲ့ပါသလော။-
7 Será que cometi algum pecado ao humilhar-me a fim de elevá-los, pregando-lhes gratuitamente o evangelho de Deus?
8 ငါသည် သင်တို့အတွက် အမှုတော်ဆောင်ရွက်ရန် အခြားအသင်းတော်များ၏ထောက်ပံ့မှု ကို လက်ခံခဲ့ရသောကြောင့် ထိုအသင်းတော်များထံမှ လုယူခဲ့ရသည်ဟူ၍ပင် ဆိုနိုင်၏။-
8 Despojei outras igrejas, recebendo delas sustento, a fim de servi-los.
9 ငါသည် သင်တို့နှင့်ရှိစဉ် ငွေကြေးချို့တဲ့သောအခါ မည်သူ့ကိုမျှဒုက္ခမပေးခဲ့ပေ။ အကြောင်းမူကား မာစီဒိုးနိယမှလာသော ညီအစ်ကိုများက ငါ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြ၏။ သို့ ဖြစ်၍ ငါသည် သင်တို့အား မည်သည့်နည်းနှင့်မျှ ဒုက္ခမပေး ရန် ရှောင်ရှားခဲ့ပြီး ဆက်လက်၍လည်း ရှောင်ရှားမည်ဖြစ်၏။-
9 Quando estive entre vocês e passei por alguma necessidade, não fui um peso para ninguém; pois os irmãos, quando vieram da Macedônia, supriram aquilo de que eu necessitava. Fiz tudo para não ser pesado a vocês, e continuarei a agir assim.
10 ခရစ်တော်၏သမ္မာတရားသည် ငါ့၌တည်ရှိတော်မူ သည်ဖြစ်၍ ဤကဲ့သို့ ငါဝါကြွားပြောဆိုသည်ကို အာခါ ယာဒေသ တစ်လျှောက်လုံးတွင် မည်သူမျှတားဆီးနိုင် လိမ့်မည်မဟုတ်ပေ။-
10 Tão certo como a verdade de Cristo está em mim, ninguém na região da Acaia poderá privar-me deste orgulho.
11 အဘယ်ကြောင့်ဤသို့ဖြစ်ရသနည်း။ သင်တို့ကို ငါမချစ်သောကြောင့်လော။ သင်တို့အား ငါချစ်သည်ကို ဘုရားသခင် သိတော်မူ၏။
11 Por quê? Por que não os amo? Deus sabe que os amo!
12 ငါတို့ကဲ့သို့ အမှုတော်ကိုဆောင်ရွက်ပါသည်ဟူ၍ ဂုဏ်ယူဝါကြွားသောသူတို့၏ပြောကြားချက်ကို တိုက် ဖျက်ရန် ငါယခုဆောင်ရွက်လျက်ရှိသည့်အတိုင်း ဆက်လက်၍ဆောင်ရွက်မည်။-
12 E continuarei fazendo o que faço, a fim de não dar oportunidade àqueles que desejam encontrar ocasião de serem considerados iguais a nós nas coisas de que se orgulham.
13 အကြောင်းမူကား ထိုကဲ့သို့ သောသူတို့သည် တမန်တော်အတုအယောင်များ၊ လှည့်စားတတ်သောလုပ်သားများဖြစ်ပြီး မိမိတို့ကိုယ်ကို ခရစ် တော်၏တမန်တော်များဖြစ်သကဲ့သို့ အယောင်ဆောင် လျက်ရှိကြ၏။-
13 Pois tais homens são falsos apóstolos, obreiros enganosos, fingindo-se apóstolos de Cristo.
14 ဤသည်ကား အံ့ဩစရာမဟုတ်ပေ။ အကြောင်းမူကား စာတန်နတ်ဆိုးပင်လျှင် မိမိကိုယ်ကို အလင်း၏ကောင်းကင် တမန်တော်ကဲ့သို့ အယောင်ဆောင်တတ်၏။-
14 Isto não é de admirar, pois o próprio Satanás se disfarça de anjo de luz.
15 သို့ဖြစ်၍ နတ်ဆိုး၏အမှုထမ်းများသည်လည်း ဖြောင့်မတ်ခြင်းတရား၏အမှုထမ်းများအဖြစ် အယောင်ဆောင်ကြလျှင် မထူးဆန်းပေ။ နောက်ဆုံး သောကာလတွင် သူတို့သည် မိမိတို့၏အပြုအမူများ အတိုင်း အပြစ်ဒဏ်ခံကြရလိမ့်မည်။
15 Portanto, não é surpresa que os seus servos finjam que são servos da justiça. O fim deles será o que as suas ações merecem.
16 တစ်ဖန် ငါဆိုသည်ကား ငါ့အား ရူးမိုက်သည်ဟု မည်သူမျှမထင်မှတ်ပါစေနှင့်။ သို့သော် သင်တို့ထင်မှတ် ကြလျှင်လည်း ငါ့အား အရူးတစ်ယောက်အနေနှင့်ပင် လက်ခံကြပါလော့။ သို့မှသာ ငါသည်လည်း အနည်းငယ် ကြွားဝါနိုင်ပေမည်။-
16 Faço questão de repetir: ninguém me considere insensato. Mas se vocês assim me consideram, recebam-me como receberiam um insensato, a fim de que eu me orgulhe um pouco.
17 ယခု ငါကြွားဝါပြောဆိုနေသည့် အရာကို သခင်ဘုရား၏အခွင့်အာဏာဖြင့် ပြောဆိုနေ ခြင်းမဟုတ်ဘဲ သူရူးတစ်ယောက် ကဲ့သို့ ပြောဆိုနေခြင်းသာဖြစ်၏။-
17 Ao ostentar este orgulho, não estou falando segundo o Senhor, mas como insensato.
18 များစွာသောလူတို့သည် လောကီအရာများ၌ ကြွားဝါပြောဆိုတတ်ကြသောကြောင့် ငါသည်လည်း ကြွားဝါပြောဆိုမည်။-
18 Visto que muitos estão se vangloriando de modo bem humano, eu também me orgulharei.
19 အကြောင်းမူကား သင်တို့ကိုယ်တိုင် ပညာရှိများဖြစ်ကြလျက် သင်တို့သည် လူမိုက်များ ကို ဝမ်းမြောက်စွာ သည်းခံကြ၏။-
19 Vocês, por serem tão sábios, suportam de boa vontade os insensatos!
20 သင်တို့သည် မိမိတို့အား ကျွန်ပြုသူ၊ လှည့်ဖြားသူ၊ အခွင့်ကောင်းယူသူ၊ အထင်အမြင်သေးသူ၊ ပါးရိုက်သူတို့ကို သည်းခံ ကြ၏။-
20 De fato, vocês suportam até quem os escraviza ou os explora, ou quem se exalta ou lhes fere a face.
21 ငါတို့သည် ဤသို့သောအမှုတို့ကိုပြုလုပ်ရန် သတ္တိမရှိကြ ကြောင်းကို ရှက်ရွံ့စွာပင်ဝန်ခံရလိမ့်မည်။ သို့ရာတွင် ရူးမိုက်သူ အနေနှင့်ပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသောအရာအတွက် ကြွားဝါဝံ့ပါက ငါသည်လည်း ထိုအရာ အတွက် ကြွားဝါဝံ့ပါ၏။-
21 Para minha vergonha, admito que fomos fracos demais para isso! Naquilo em que todos os outros se atrevem a gloriar-se — falo como insensato — eu também me atrevo.
22 ထိုသူတို့သည် ဟေဗြေဦးလူမျိုးများဖြစ်ကြသလော။ ငါသည်လည်း ဟေဗြေဦးလူမျိုးဖြစ်၏။ သူတို့ သည် အာဘရာဟံ၏ အမျိုးအနွယ်များ ဖြစ်ကြသလော။ ငါသည်လည်း အာဘရာဟံ၏အမျိုးအနွယ်ဖြစ်၏။-
22 São eles hebreus? Eu também. São israelitas? Eu também. São descendentes de Abraão? Eu também.
23 သူတို့သည် ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်ကြသလော။ ငါသည် ပို၍ပင်ကောင်းမွန်သောအမှုတော်ဆောင် တစ်ဦးဖြစ်၏။ ငါသည် အရူးတစ်ယောက်ကဲ့သို့ ပြောနေခြင်းဖြစ်၏။ ငါသည် ထိုသူတို့ထက် ပို၍အဆ ပေါင်းများစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့၏။ အကြိမ်ပေါင်းများစွာ အကျဉ်းကျခံခဲ့၏။ မရေမတွက်နိုင်သောကြိမ်ဒဏ်များကိုလည်း ခံခဲ့ရ၏။ မကြာခဏ ဆိုသကဲ့သို့ သေလုနီးပါး ဖြစ်ခဲ့ရ၏။-
23 São eles servos de Cristo? — estou fora de mim para falar desta forma — eu ainda mais: trabalhei muito mais, fui encarcerado mais vezes, fui açoitado mais severamente e exposto à morte repetidas vezes.
24 အချက်ပေါင်းလေးဆယ်တွင် တစ်ချက်သာ လျော့သည့်ကြိမ်ဒဏ်ကို ဂျူးလူမျိုးတို့၏လက်မှ ငါးကြိမ် တိုင်တိုင် ငါခံခဲ့ရသည်။-
24 Cinco vezes recebi dos judeus trinta e nove açoites.
25 ငါ့အား တုတ်ဖြင့် သုံးကြိမ်တိုင် တိုင် ရိုက်နှက်ခဲ့ကြ၏။ တစ်ကြိမ်တွင် ခဲနှင့် အပေါက်ခံခဲ့ ရ၏။ ငါသည် သင်္ဘောပျက်သည့် ဒဏ်ကိုသုံးကြိမ်ခံခဲ့ရပြီး ပင်လယ်ပြင်တွင် တစ်ညနှင့်တစ်နေ့မျောနေခဲ့ရ၏။-
25 Três vezes fui golpeado com varas, uma vez apedrejado, três vezes sofri naufrágio, passei uma noite e um dia exposto à fúria do mar.
26 ငါသည် မကြာခဏခရီးသွားရာ၌ မြစ်တို့၏ဘေးအန္တရာယ်၊ ဓားပြတို့၏အန္တရာယ်၊ ငါ့လူမျိုးတို့၏အန္တရာယ်ပြုခြင်း၊ လူမျိုးခြားတို့၏ အန္တရာယ်ပြုခြင်း၊ မြို့တွင်း၌ရှိသောဘေးအန္တရာယ်၊ တောကန္တာရ၌ရှိသောဘေးအန္တရာယ်၊ ပင်လယ်ပြင်၌ ရှိ သောဘေးအန္တရာယ်၊ ညီအစ်ကိုအတု အယောင်တို့၏ဘေးအန္တရာယ် စသည်တို့ကို ကြုံတွေ့ခဲ့ရ၏။-
26 Estive continuamente viajando de uma parte a outra, enfrentei perigos nos rios, perigos de assaltantes, perigos dos meus compatriotas, perigos dos gentios; perigos na cidade, perigos no deserto, perigos no mar, e perigos dos falsos irmãos.
27 ငါသည် ပင်ပန်းစွာလုပ်ကိုင်ခဲ့ရပြီး များစွာသောဒုက္ခ အခက်အခဲများကိုလည်း ကျော်ဖြတ်ခဲ့ရ၏။ အိပ်မပျော် သောညများ၊ အစာရေစာငတ်မွတ်ခြင်းများ၊ အစားအစာ မကြာခဏပြတ်လပ်ခြင်း၊ အအေးဒဏ်နှင့် အဝတ်အစား ကင်းမဲ့ခြင်းစသည်တို့ကို ကြုံတွေ့ခဲ့ရ၏။-
27 Trabalhei arduamente; muitas vezes fiquei sem dormir, passei fome e sede, e muitas vezes fiquei em jejum; suportei frio e nudez.
28 ထိုအရာအလုံး စုံတို့အပြင် အသင်းတော်များအားလုံးအတွက် ငါ၏စိုးရိမ် ပူပန်မှုသည်လည်း ငါ့ကိုနေ့စဉ်ဖိစီးခဲ့၏။-
28 Além disso, enfrento diariamente uma pressão interior, a saber, a minha preocupação com todas as igrejas.
29 မည်သူမဆို ခွန်အားနည်းပါးလျှင် ငါသည်လည်း ခွန်အားမနည်းဘဲရှိ မည်လော။ မည်သူမဆို အပြစ်သို့ကျရောက်လျှင် ငါသည် လည်း ဝမ်းမနည်းဘဲရှိမည်လော။
29 Quem está fraco, que eu não me sinta fraco? Quem não se escandaliza, que eu não me queime por dentro?
30 ငါသည် ကြွားဝါပြောဆိုရမည်ဆိုလျှင် ငါ၏အား နည်းချက်ကို ဖော်ပြသည့်အရာများနှင့်ပတ်သက်၍ ကြွားဝါပြောဆိုမည်။-
30 Se devo me orgulhar, que seja nas coisas que mostram a minha fraqueza.
31 ငါသည် လိမ်လည်ပြောဆိုနေခြင်း မဟုတ်ကြောင်းကို ယေဇူးသခင်၏ဘုရားသခင်လည်း ဖြစ်၊ ခမည်းတော်လည်းဖြစ်သည့် ကာလအစဉ်အဆက် မင်္ဂလာရှိတော်မူသောအရှင်သည် သိတော်မူ၏။-
31 O Deus e Pai do Senhor Jesus, que é bendito para sempre, sabe que não estou mentindo.
32 ငါသည် ဒါမစကုမြို့တွင်ရှိခဲ့စဉ်က အာရိတမင်း၏ဘုရင်ခံသည် ငါ့ကိုဖမ်းဆီးရန် မြို့ကိုပိတ်ဆို့စောင့်ကြပ်ထားစေခဲ့၏။-
32 Em Damasco, o governador nomeado pelo rei Aretas mandou que se vigiasse a cidade para me prender.
33 သို့ရာတွင် တပည့်တော်တို့သည် ငါ့ကို တောင်းတစ်ခုထဲ တွင်ထည့်၍ မြို့ရိုး၏ပြတင်းပေါက်တစ်ခုမှ လျှောချပေးခဲ့ ကြသော ကြောင့် ငါသည် ထိုသူ၏လက်မှလွတ်မြောက် ခဲ့ရ၏။
33 Mas de uma janela na muralha fui baixado numa cesta e escapei das mãos dele.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 2 Coríntios 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.