1 Tessalonicenses 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ညီအစ်ကိုတို့၊ ဤအမှုအရာများဖြစ်ပျက်မည့် အချိန်ကာလတို့နှင့် ပတ်သက်၍မူကား သင်တို့ထံ စာရေးရန်မလိုအပ်ပေ။-
1 A respeito da época e do momento, não há necessidade, irmãos, de que vos escrevamos.
2 အကြောင်းမူကား သခင်ဘုရား၏နေ့ရက်သည် ညအချိန်သူခိုးလာသကဲ့သို့ ကျရောက်လာမည်ဖြစ်ကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။-
2 Pois vós mesmos sabeis muito bem que o dia do Senhor virá como um ladrão de noite.
3 ငြိမ်းချမ်းသာယာခြင်းနှင့် လုံခြုံမှုရှိသည်ဟု လူတို့ပြောဆိုကြသောအခါတွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်း ဝေဒနာရုတ်တရက်သက်ရောက်သကဲ့သို့ ပျက်စီးခြင်းသည်လည်း ရုတ်တရက် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။ ထိုအခါ လွတ်မြောက်ရာလမ်းရှိလိမ့်မည်မဟုတ်။-
3 Quando os homens disserem: Paz e segurança!, então repentinamente lhes sobrevirá a destruição, como as dores à mulher grávida. E não escaparão.
4 သို့ရာတွင် ညီအစ်ကိုတို့၊ သင်တို့သည် မှောင်မိုက်ထဲတွင်နေသောသူများ မဟုတ်သောကြောင့် ထိုနေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာသည်ကို သင်တို့အံ့ဩကြရလိမ့်မည်မဟုတ်။-
4 Mas vós, irmãos, não estais em trevas, de modo que esse dia vos surpreenda como um ladrão.
5 အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများနှင့် နေ့အချိန်၏ သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညအချိန်နှင့် မှောင်မိုက်ခြင်း၏သားသမီးများ မဟုတ်ကြချေ။-
5 Porque todos vós sois filhos da luz e filhos do dia. Não somos da noite nem das trevas.
6 သို့ဖြစ်၍ ငါတို့သည် အခြားသူများကဲ့သို့ အိပ်ပျော်၍မနေသင့်ပေ။ ငါတို့သည် နိုးကြားနေကြလျက် အေးဆေးတည်ငြိမ်စွာ ရှိကြရမည်။-
6 Não durmamos, pois, como os demais. Mas vigiemos e sejamos sóbrios.
7 အကြောင်းမူကား အိပ်ပျော်သောသူတို့သည် ညအချိန်၌ အိပ်ပျော်ကြ၏။ သောက်စားမူးယစ်သော သူတို့သည်လည်း ညအချိန်၌ သောက်စားမူးယစ်ကြ၏။-
7 Porque os que dormem, dormem de noite; e os que se embriagam, embriagam-se de noite.
8 သို့သော် ငါတို့သည် နေ့အချိန်နှင့် သက်ဆိုင်သောသူများ ဖြစ်ကြသောကြောင့် အေးဆေးတည်ငြိမ်စွာရှိကြလော့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်ကြလျက် ကယ်တင်ခြင်း၌ မျှော်လင့်ခြင်းကို သံခမောက်ကဲ့သို့ ဆောင်းကြစို့။-
8 Nós, ao contrário, que somos do dia, sejamos sóbrios. Tomemos por couraça a fé e a caridade, e por capacete a esperança da salvação.
9 ဘုရားသခင်သည် ငါတို့ကို အမျက်တော်သင့်စေရန် ရည်မှန်းထားတော်မူသည်မဟုတ်ဘဲ ငါတို့၏သခင် ယေဇူး ခရစ်တော်အားဖြင့် ကယ်တင်ခြင်းခံရစေရန် ရည်မှန်းထားတော်မူ၏။-
9 Porquanto não nos destinou Deus para a ira, mas para alcançar a salvação por nosso Senhor Jesus Cristo.
10 ငါတို့သည် အသက်ရှင်လျက်ရှိသည်ဖြစ်စေ၊ သေလွန်လျက်ရှိသည်ဖြစ်စေ ကိုယ်တော်နှင့်အတူ အသက်ရှင်ခွင့်ကို ရရှိနိုင်ကြရန် ကိုယ်တော်သည် ငါတို့အတွက် အသေခံတော်မူခဲ့၏။-
10 Ele morreu por nós, a fim de que nós, quer em estado de vigília, quer de sono, vivamos em união com ele.
11 ထို့ကြောင့် သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး အားပေးကူညီ၍ ယခုသင်တို့ ပြုလုပ်နေကြသကဲ့သို့ တစ်ဦးကိုတစ်ဦး ပျိုးထောင်ပေးကြလော့။
11 Assim, pois, consolai-vos mutuamente e edificai-vos uns aos outros, como já o fazeis.
12 ညီအစ်ကိုတို့၊ သင်တို့အလယ်တွင် အမှုတော်ထမ်း၍ သခင်ဘုရား၌ သင်တို့ကိုဦးဆောင်လျက် ဆုံးမသွန်သင်သော သူတို့အား ကြည်ညိုလေးစားကြရန် ငါတို့တောင်းဆိုပါ၏။-
12 Suplicamo-vos, irmãos, que reconheçais aqueles que arduamente trabalham entre vós para dirigir-vos no Senhor e vos admoestar.
13 သူတို့ထမ်းဆောင်ခဲ့သော အမှုတော်ကြောင့် သူတို့ကို အလွန်လေးစားရိုသေ၍ ချစ်ခင်ကြပါလော့။ သင်တို့အချင်းချင်း သင့်မြတ်ကြလျက် ငြိမ်းချမ်းစွာ နေထိုင်ကြလော့။-
13 Tende para com eles singular amor, em vista do cargo que exercem. Conservai a paz entre vós.
14 ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား ပျင်းရိသောသူတို့ကို ဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို အားပေးနှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ကူညီကြလော့။ ထိုသူအားလုံးတို့အပေါ် စိတ်ရှည်သည်းခံကြလော့။-
14 Pedimo-vos, porém, irmãos, corrigi os desordeiros, encorajai os tímidos, amparai os fracos e tende paciência para com todos.
15 သင်တို့တွင် မည်သူမျှ ရန်ကိုရန်ချင်း မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအပေါ်တွင်လည်းကောင်း၊ အားလုံးအပေါ်တွင်လည်းကောင်း အစဉ်ကောင်းကျိုးပြုကြလော့။-
15 Vede que ninguém pague a outro mal por mal. Antes, procurai sempre praticar o bem entre vós e para com todos.
16 အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလော့။-
16 Vivei sempre contentes.
17 ဆုတောင်းပတ္ထနာပြုခြင်းကို အဆက်မပြတ်ပြုလုပ်ကြလော့။-
17 Orai sem cessar.
18 အခြေအနေအမျိုးမျိုး၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ဘုရားသခင်သည် ခရစ်တော်ယေဇူး၌ ရှိသော သင်တို့အား ဤသို့ပြုလုပ်စေခြင်းငှာ အလိုရှိတော်မူ၏။-
18 Em todas as circunstâncias, dai graças, porque esta é a vosso respeito a vontade de Deus em Jesus Cristo.
19 ဝိညာဉ်တော်ကို မတားဆီးကြ နှင့်။-
19 Não extingais o Espírito.
20 ပရောဖက်ဉာဏ်ဖြင့်ဟောပြောချက်များကို မလေးမစားမပြုကြနှင့်။-
20 Não desprezeis as profecias.
21 အရာရာတိုင်းကို လေ့လာစမ်းသပ်၍ ကောင်းသောအရာကို အခိုင်အမာဆုပ်ကိုင်ထားကြလော့။-
21 Examinai tudo: abraçai o que é bom.
22 မကောင်းသောအရာဟူသမျှကို ရှောင်ရှားကြလော့။
22 Guardai-vos de toda a espécie de mal.
23 ငြိမ်းချမ်းသာယာခြင်း၏အရှင် ဘုရားသခင်သည် ကိုယ်တော်တိုင် သင်တို့ကို အပြည့်အဝ သန့်ရှင်းမြင့်မြတ်စေရန် ပြုလုပ်တော်မူပါစေ။ ငါတို့၏သခင် ယေဇူးခရစ်တော် ကြွလာတော်မူသောအခါ သင်တို့၏စိတ်နှလုံး၊ ဝိညာဉ်နှင့်ကိုယ်ခန္ဓာ တို့သည် တည်ကြည်ခိုင်မာ၍ အပြစ်တင်ခြင်းမှ ကင်းလွတ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံရပါစေ။-
23 O Deus da paz vos conceda santidade perfeita. Que todo o vosso ser, espírito, alma e corpo, seja conservado irrepreensível para a vinda de nosso Senhor Jesus Cristo!
24 သင်တို့ကို ခေါ်တော်မူသောသခင်သည် သစ္စာတည်တော်မူသောကြောင့် ဤသို့ပြုလုပ်တော်မူလိမ့်မည်။
24 Fiel é aquele que vos chama, e o cumprirá.
25 ညီအစ်ကိုတို့၊ ငါတို့အတွက် ဆုတောင်းပေးကြပါလော့။
25 Irmãos, orai também por nós.
26 ညီအစ်ကိုအားလုံးတို့ကို သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။-
26 Saudai a todos os irmãos com o ósculo santo.
27 ဤစာကိုလည်း ညီအစ်ကိုအားလုံးတို့အား ဖတ်ပြရန် သခင်ဘုရားအားဖြင့် သင်တို့ကို ညွှန်ကြားလိုက်၏။
27 Peço-vos encarecidamente, no Senhor, que esta carta seja lida a todos os irmãos.
28 ငါတို့သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော်။
28 A graça de nosso Senhor Jesus Cristo esteja convosco!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Tessalonicenses 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.