1 Tessalonicenses 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ထို့ကြောင့် ငါတို့သည် နောက်ထပ်မစောင့်ဆိုင်းနိုင်ကြသောအခါ အေသင်မြို့တွင် အဖော်မပါဘဲနေခဲ့ရန် ဆုံးဖြတ်ခဲ့ကြ၏။-
1 Pelo que, não podendo mais suportar o cuidado por vós, achamos por bem ficar sozinhos em Atenas,
2 ထို့နောက် ငါတို့သည် ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းအတွက် ဘုရားသခင်၏ အစေခံဖြစ်သော ငါတို့၏ညီတော် တီမောသီဦးအား သင်တို့ကို ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေရန်နှင့် အားပေးတိုက်တွန်းရန် သင်တို့ထံသို့ စေလွှတ် လိုက်ကြ၏။-
2 e enviamos Timóteo, nosso irmão, e ministro de Deus no evangelho de Cristo, para vos fortalecer e vos exortar acerca da vossa fé;
3 ယခုခံစားနေရသော ဒုက္ခအခက်အခဲများကြောင့် မည်သူမျှစိတ်ယိမ်းယိုင်ခြင်း မရှိစေရန်အတွက်လည်း သူ့ကိုစေလွှတ် လိုက်ခြင်းဖြစ်၏။ ငါတို့သည် ဤဒုက္ခအခက်အခဲများကို ခံထမ်းကြရန် ရွေးချယ်ခံရကြောင်းကို သင်တို့ကိုယ်တိုင်သိကြ၏။-
3 para que ninguém seja abalado por estas tribulações; porque vós mesmo sabeis que para isto fomos destinados;
4 အကြောင်းမူကား ငါတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းခံရမည့်အကြောင်းကို သင်တို့နှင့်အတူ ရှိခဲ့ကြစဉ်ကပင် သင်တို့ကို ကြိုတင်ပြောထားခဲ့ပြီးဖြစ်၏။ ထိုသို့ငါပြောထားခဲ့သည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်တို့သိကြ၏။-
4 pois, quando estávamos ainda convosco, de antemão vos declarávamos que havíamos de padecer tribulações, como sucedeu, e vós o sabeis.
5 ထိုအကြောင်းကြောင့် ငါသည် ထပ်မံ၍မစောင့်ဆိုင်းနိုင်သောအခါ သင်တို့၏ယုံကြည်ခြင်းကို သိနိုင်ရန်လည်းကောင်း၊ စာတန်သည် သင်တို့ကို နှောင့်ယှက်သွေးဆောင်ခဲ့ပါလျှင် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အကျိုးမဲ့ဖြစ်မည်ကို စိုးရိမ်သောကြောင့် လည်းကောင်း သူ့ကို စေလွှတ်လိုက်ခြင်းဖြစ်၏။
5 Por isso também, não podendo eu esperar mais, mandei saber da vossa fé, receando que o tentador vos tivesse tentado, e o nosso trabalho se houvesse tornado inútil.
6 ယခုမူကား တီမောသီဦးသည် သင်တို့ထံမှပြန်ရောက်လာ၍ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း သတင်းကောင်းကို ငါတို့ထံသို့ ယူဆောင်လာခဲ့လေပြီ။ သင်တို့သည် ငါတို့ကို အစဉ်သတိရအောက်မေ့ နေကြကြောင်းကို လည်းကောင်း၊ ငါတို့သည် သင်တို့ကို တွေ့လိုသောဆန္ဒရှိသကဲ့သို့ သင်တို့သည်လည်း ငါတို့ကို တွေ့လိုသောဆန္ဒ ရှိကြောင်းကိုလည်းကောင်း ပြောပြခဲ့၏။-
6 Mas agora que Timóteo acaba de regressar do vosso meio, trazendo-nos boas notícias da vossa fé e do vosso amor, dizendo que sempre nos tendes em afetuosa lembrança, anelando ver-nos assim como nós também a vós;
7 ညီအစ်ကိုတို့၊ ငါတို့သည် ဒုက္ခအခက်အခဲအပေါင်းတို့ကိုခံနေရစဉ် သင်တို့၏ယုံကြည်ခြင်းကြောင့် စိတ်နှစ်သိမ့်မှုကို ခံစားကြရ၏။-
7 por isso, irmãos, em toda a nossa necessidade e tribulação, ficamos consolados acerca de vós, pela vossa fé,
8 အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ တည်ကြည်ခိုင်မာစွာ ရပ်တည်ကြလျှင် ငါတို့သည် ယခုအသက်ရှင်လျက် နေနိုင်ကြပြီဖြစ်၏။-
8 porque agora vivemos, se estais firmes no Senhor.
9 သင်တို့အတွက်ကြောင့်လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် ငါတို့ခံစားရသော ဝမ်းမြောက်ခြင်းများ အားလုံးအတွက်လည်းကောင်း ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မည်ကဲ့သို့ချီးမွမ်းနိုင်ပါမည်နည်း။-
9 Pois, que ação de graças podemos render a Deus por vós, por todo o gozo com que nos regozijamos por vossa causa diante do nosso Deus,
10 ငါတို့သည် သင်တို့၏မျက်နှာကိုမြင်ရရန်နှင့် သင်တို့၏ယုံကြည်ခြင်း၌ လိုအပ်နေသောအရာကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ညမပြတ် စိတ်အားထက်သန်စွာ ဆုတောင်းနေကြပါ၏။
10 rogando incessantemente, de noite e de dia, para que possamos ver o vosso rosto e suprir o que falta à vossa fé?
11 ငါတို့၏အဖခမည်းတော်ဘုရား ကိုယ်တော်တိုင်နှင့် ငါတို့၏သခင်ယေဇူးသည် သင်တို့ထံသို့ ငါတို့လာရောက်နိုင်ရန် လမ်းညွှန်ပေးတော်မူကြပါစေ။-
11 Ora, o próprio Deus e Pai nosso e o nosso Senhor Jesus nos abram o caminho até vós,
12 ငါတို့သည် သင်တို့အပေါ် ချစ်ခြင်းမေတ္တာထားရှိသကဲ့သို့ သင်တို့သည်လည်း သင်တို့အချင်းချင်း၌လည်းကောင်း၊ အခြားသောသူအားလုံးအပေါ်၌လည်းကောင်း ထားရှိသောချစ်ခြင်းမေတ္တာကို သခင်ဘုရားသည် တိုးပွားတော်မူပါစေ။-
12 e o Senhor vos faça crescer e abundar em amor uns para com os outros e para com todos, como também nós abundamos para convosco;
13 ဤသို့ဖြင့် ငါတို့၏အရှင် ယေဇူးသခင်သည် မိမိ၏သူတော်သူမြတ်အပေါင်းနှင့် ကြွလာတော်မူသောအခါ သင်တို့သည် ငါတို့၏အဖ ခမည်းတော်ဘုရားရှေ့တော်၌ သင်တို့၏စိတ်နှလုံးများကို အပြစ်တင်ဖွယ်မရှိရလေအောင် သန့်ရှင်းမြင့်မြတ်ခြင်း၌ ခိုင်မြဲစွာ တည်ထောင်ပေးတော်မူပါစေသော်။
13 para vos confirmar os corações, de sorte que sejam irrepreensíveis em santidade diante de nosso Deus e Pai, na vinda de nosso Senhor Jesus com todos os seus santos.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Tessalonicenses 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.