1 Timóteo 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 အသက်ကြီးသောသူကို ပြစ်တင်ပြောဆိုခြင်းမပြုဘဲ သင်၏ဖခင်အား ပြောဆိုသကဲ့သို့ပင် သူ့အား တောင်းပန်ပြောဆိုလော့။ ငယ်ရွယ်သူများကိုလည်း ညီငယ်များသဖွယ် ဆက်ဆံလော့။-
1 Não repreendas um ancião, mas admoesta-o como a um pai; e aos jovens, como a irmãos;
2 အသက်ကြီးသော အမျိုးသမီးတို့ကို မိခင်များကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးများကို နှမကဲ့သို့လည်းကောင်း စိတ်ထားဖြူစင်စွာ ဆက်ဆံပါလော့။
2 às mulheres idosas, como a mães, às jovens, como a irmãs, com toda a pureza.
3 အမှန်တကယ်ပင် မုဆိုးမဖြစ်သူတို့ကို ရိုသေလေးစားလော့။-
3 Honra as viúvas que verdadeiramente são viúvas.
4 အကယ်၍ မုဆိုးမတစ်ဦး၌ သားသမီးများနှင့်မြေးများရှိလျှင် ထိုသားမြေးတို့အား ၎င်းတို့၏မိသားစုအတွက် ဆောင်ရွက်ရမည့် ဘာသာရေးဝတ္တရားကို သင်ယူကြစေလျက် ၎င်းတို့၏မိဘများကို ကျေးဇူးဆပ်ကြပါစေ။ အကြောင်းမူကား ဤအမှုသည် ဘုရားသခင်၏မျက်မှောက်တော်၌ လက်ခံဖွယ်ဖြစ်၏။-
4 Mas, se alguma viúva tiver filhos ou sobrinhos, aprendam eles primeiro a exercer piedade em casa, e a recompensar seus pais; porque isto é bom e aceitável diante de Deus.
5 အမှန်တကယ်ပင် မုဆိုးမဖြစ်၍ တစ်ဦးတည်းကျန်ရစ်သော အမျိုးသမီးသည် ဘုရားသခင်ကို မျှော်လင့်အားကိုးလျက် နေ့ညမပြတ် အသနားခံဆုတောင်းတတ်၏။-
5 Ora, a que é verdadeiramente viúva e desamparada confia em Deus e continua em súplicas e orações noite e dia;
6 အပျော်အပါးမက်မောသော မုဆိုးမမူကား အသက်ရှင်လျက်ပင် သေဆုံးလေပြီ။-
6 mas a que vive em prazer, está morta enquanto ela vive.
7 ထိုသူတို့သည် အပြစ်တင်ခြင်းမခံရစေရန် ဤသို့ညွှန်ကြားလော့။-
7 Ordena estas coisas, para que elas sejam irrepreensíveis.
8 အကယ်၍ တစ်စုံတစ်ယောက်သည် မိမိ၏ဆွေမျိုးများအတွက် အထူးသဖြင့် မိမိ၏မိသားစုအတွက် ထောက်ပံ့ခြင်းမပြုလျှင် ထိုသူသည် ယုံကြည်ခြင်းကို စွန့်ပစ်လေပြီ။ သူသည် မယုံကြည်သောသူတစ်ဦးထက် ပို၍ဆိုးရွားလေပြီ။
8 Contudo, se alguém não tem cuidado dos seus e principalmente dos da sua casa, negou a fé e é pior do que um infiel.
9 အသက်အားဖြင့် ခြောက်ဆယ်ထက်မနည်းရှိ၍ ခင်ပွန်းတစ်ဦးတည်း၏ ဇနီးဖြစ်ခဲ့သော မုဆိုးမကို စာရင်းသွင်းထားလော့။-
9 Não deixe que uma viúva seja inscrita na lista com menos de sessenta anos; tendo sido a esposa de um homem;
10 သူမသည် သားသမီးတို့ကို ကောင်းစွာထိန်းသိမ်းပျိုးထောင်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်ခဲ့သူ၊ သူတော်သူမြတ်တို့၏ခြေကို ဆေးခဲ့သူ၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ကူညီမစခဲ့သူ၊ အဘက်ဘက်၌ကောင်းမှုပြုရန် မိမိကိုယ်ကို ဆက်ကပ်ထားသူစသည်ဖြင့် မိမိ၏ကောင်းမှုကုသိုလ်များကြောင့် ထင်ရှားသောသူဖြစ်ရမည်။-
10 tendo testemunho de boas obras, se criou filhos, se hospedou estranhos, se lavou os pés dos santos, se socorreu os aflitos, se diligentemente praticou toda boa obra.
11 သို့သော် ငယ်ရွယ်သောမုဆိုးမတို့ကို စာရင်းသွင်းရန် ငြင်းဆိုလော့။ အကြောင်းမူကား သူတို့သည် ခရစ်တော်ထံ ဆက်ကပ်ခြင်း၌ ငြီးငွေ့လာကြသောအခါ ထိမ်းမြားလက်ထပ်လိုစိတ် ဖြစ်ပေါ်လာကြလိမ့်မည်။-
11 Mas recuse as viúvas mais novas, porque, quando se tornarem levianas contra Cristo, se casarão;
12 ဤသို့ဖြင့် သူတို့သည် မိမိတို့ ပထမပြုထားခဲ့သောကတိကို ချိုးဖောက်ခြင်းအတွက် အပြစ်ဒဏ်သင့်ကြလိမ့်မည်။-
12 tendo já a sua condenação por haverem aniquilado sua primeira fé.
13 ထိုမျှမက သူတို့သည် တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ အချိန်ဖြုန်းတတ်လာကြပြီးနောက် အချိန်ဖြုန်းခြင်းသာမက အတင်း ပြောဆိုခြင်းနှင့်တကွ မိမိတို့နှင့်မဆိုင်သောအရာများတွင် ဝင်ရောက်စွက်ဖက်ကာ မပြောဆိုသင့်သည့်အရာကို ပြောဆိုလာကြ လိမ့်မည်။-
13 E, além disto, aprendem também a ser ociosas, perambulando de casa em casa; e não só ociosas, mas também paroleiras e intrometidas, falando coisas que não deviam.
14 ထို့ကြောင့် ငယ်ရွယ်သော မုဆိုးမတို့ကို လက်ထပ်ထိမ်းမြားခြင်း၊ သားသမီးမွေးဖွားခြင်း၊ မိမိတို့၏မိသားစုကို ထိန်းသိမ်းကွပ်ကဲခြင်း စသည်တို့ကိုပြုလုပ်စေရန် ငါအလိုရှိ၏။ ငါတို့အား ကဲ့ရဲ့ပြစ်တင်နိုင်သော အခွင့်အရေးကို ရန်သူအား ပေးရန် ငါအလိုမရှိပေ။-
14 Quero, pois, que as jovens mulheres se casem, gerem filhos, governem a casa e não deem ocasião ao adversário de maldizer.
15 အကြောင်းမူကား အချို့သောသူတို့သည် စာတန်နတ်ဆိုး၏နောက်သို့ လိုက်သွားခဲ့ကြလေပြီ။-
15 Porque já algumas se desviaram, indo após Satanás.
16 ယုံကြည် သူအမျိုးသမီးတစ်ဦး၌ မုဆိုးမဖြစ်သော ဆွေမျိုးများရှိလျှင် သူမသည် ထိုသူတို့ကို ကူညီစောင့်ရှောက်ပါစေ။ ထိုသူ တို့အတွက် အသင်းတော်ကို ဝန်မလေးစေနှင့်။ သို့မှသာ အသင်းတော်သည် အမှန်တကယ်အားကိုးရာမဲ့ဖြစ်နေသော မုဆိုးမများကို ကူညီစောင့်ရှောက်နိုင်လိမ့်မည်။
16 Se algum crente ou alguma crente tem viúvas, socorra-as, e não se sobrecarregue a igreja, para que possa sustentar as que de fato são viúvas.
17 ကောင်းမွန်စွာအုပ်ချုပ်သော အသင်းတော်အကြီးအကဲများ၊ အထူးသဖြင့် ဟောပြောခြင်းနှင့် သွန်သင်ခြင်းတို့၌ ကြိုးစားအားထုတ်ကြသော အကြီးအကဲတို့သည် လုပ်အားခနှစ်ဆခံထိုက်ကြသူများ ဖြစ်သည်ဟု မှတ်ယူခြင်းခံရပါစေ။-
17 Os anciãos que governam bem sejam dignos com dupla honra, principalmente os que trabalham na palavra e na doutrina.
18 အကြောင်းမူကား ကျမ်းစာတော်မြတ်က စပါးနယ်သောနွားကို ပါးချုပ်မတပ်ထားရဟူ၍လည်းကောင်း၊ အလုပ်လုပ်သော သူသည် မိမိ၏လုပ်အားခကို ရထိုက်သည်ဟူ၍လည်းကောင်း ဆိုထားခြင်းကြောင့်ဖြစ်၏။-
18 Pois a Escritura diz: Não porás focinheira no boi que pisa o grão. E: O trabalhador é digno da sua remuneração.
19 သက်သေနှစ်ဦး၊ သုံးဦး၏အထောက်အထားမရှိဘဲ အသင်းတော်အကြီးအကဲတစ်ဦးအပေါ် စွပ်စွဲထားချက်ကို မည်သည့်အခါမျှ လက်မခံနှင့်။-
19 Não aceites acusação contra um ancião, senão com duas ou três testemunhas.
20 အပြစ်မကောင်းမှုကို ပြုသောသူတို့ကို လူအပေါင်းတို့ရှေ့၌ ပြစ်တင်ဆုံးမလော့။ ဤသို့ဖြင့် ကျန်ရှိနေသောသူတို့သည် ကြောက်ရွံ့ကြလိမ့်မည်။-
20 Aos que pecarem, repreende-os diante de todos, para que também os outros tenham temor.
21 သင်သည် အရေးပေးခြင်းနှင့် မျက်နှာသာပေးခြင်းမရှိဘဲ ဤပညတ်ချက်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဘုရားသခင်နှင့် ခရစ်တော်ယေဇူး၏ ရှေ့မျက်မှောက်တော်တွင်လည်းကောင်း၊ ရွေးကောက်ခံရသော ကောင်းကင်တမန်တော်များ၏ ရှေ့တွင်လည်းကောင်း ငါသည်သင့်ကို တာဝန်ပေးအပ်လိုက်ပါ၏။-
21 Conjuro-te, diante de Deus, e do Senhor Jesus Cristo, e dos anjos eleitos, que, observem estas coisas, sem preferir um antes do outro, nada fazendo por parcialidade.
22 သူတစ်ပါးအပေါ် လက်တင်ခြင်းအမှုကို အလျင်စလို မပြုလေနှင့်။ အခြားသူ၏ အပြစ်မကောင်းမှု၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်ကို ဖြူစင်သန့်ရှင်းစေလော့။
22 A nenhum homem imponhas precipitadamente as mãos, nem participes dos pecados alheios; conserva-te a ti mesmo puro.
23 သင်သည် ရေတစ်ခုတည်းကိုသာ မသောက်ဘဲ သင်၏ဝမ်းထဲတွင် အစာကြေစေရန်နှင့် မကြာခဏ သင်ခံစားရသော ဝေဒနာတို့အတွက် စပျစ်ရည်အနည်းငယ်ကိုလည်း သောက်သုံးသင့်၏။
23 Não bebas somente água, mas usa um pouco de vinho, por causa do teu estômago e das tuas frequentes enfermidades.
24 အချို့သောသူတို့၏ အပြစ်များသည် ထင်ရှား၍ အပြစ်စီရင်ခြင်းကိုခံရမည့် အခြေအနေ၌ရှိသော်လည်း အချို့သောသူတို့၏ အပြစ်များသည်ကား နောက်မှ ပေါ်လာတတ်၏။-
24 Os pecados de alguns homens são manifestos antecipadamente, precedendo o julgamento; e em alguns manifestam-se depois.
25 ထိုနည်းတူပင် ကောင်းမှုတို့သည်လည်း ထင်ရှားလာကြ၏။ ထိုကောင်းမှုတို့ မထင်ရှားသောအခါ၌ပင်လျှင် ၎င်းတို့ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
25 Da mesma forma também as boas obras de alguns são manifestas antecipadamente, e as que são de outra maneira não podem ser ocultas.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.