1 Timóteo 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 နောင်အချိန်ကာလများတွင် အချို့သောသူတို့သည် လှည့်ဖြားတတ်သောဝိညာဉ်များနှင့် နတ်ဆိုးတို့၏အယူဝါဒများကို လက်ခံခြင်းအားဖြင့် ယုံကြည်ခြင်းကို စွန့်ခွာသွားကြလိမ့်မည်ဟု ဝိညာဉ်တော်က အတိအလင်း ဗျာဒိတ်ပေးတော်မူ၏။-
1 O Espírito afirma claramente que nos últimos tempos alguns se desviarão da fé, dando ouvidos a espíritos enganadores e a ensinamentos de demônios,
2 သူတို့သည် အသိတရားခန်းခြောက်နေကြသော လူလိမ်လူညာများ၏ အယောင်ဆောင်မှုများမှတစ်ဆင့် ထိုအယူဝါဒများကို ရရှိခဲ့ကြ၏။-
2 que vêm de indivíduos hipócritas e mentirosos, cuja consciência está morta.
3 ဤလူလိမ်လူညာတို့သည် ထိမ်းမြားလက်ထပ်ခြင်းကို ပိတ်ပင်ကြလျက် အစားအစာများကို ရှောင်ကြဉ်စေရန် ပညတ်ထား ကြ၏။ ထိုအစားအစာများမှာ သမ္မာတရားကိုသိကြသော ယုံကြည်သူအပေါင်းတို့က ကျေးဇူးသိတတ်စွာဖြင့်သုံးဆောင်ရန် ဘုရားသခင်ဖန်ဆင်းထားတော်မူခြင်းဖြစ်၏။-
3 Tais pessoas afirmam que é errado se casar e proíbem que se comam certos alimentos, que Deus criou para serem recebidos com ação de graças pelos que são fiéis e conhecedores da verdade.
4 အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းထားတော်မူသော အရာရှိသမျှသည် ကောင်းမြတ်၍ ကျေးဇူးသိတတ်စွာဖြင့် လက်ခံကြမည်ဆိုလျှင် မည်သည့်အရာကိုမျှ မငြင်းပယ်အပ်ပေ။-
4 Porque tudo que Deus fez é bom, não devemos rejeitar nada, mas a tudo receber com ação de graças,
5 အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားနှင့် ဆုတောင်းပတ္ထနာအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး ဖြစ်သောကြောင့်တည်း။
5 pois sabemos que se torna aceitável pela palavra de Deus e pela oração.
6 သင်သည် ဤသွန်သင်ချက်များကို ညီအစ်ကိုတို့ ရှေ့မှောက်၌တင်ပြလျှင် သင်သည် ခရစ်တော်ယေဇူး၏ အမှုထမ်းကောင်း တစ်ဦးဖြစ်၍ သင်လိုက်နာခဲ့သောယုံကြည်ခြင်းနှင့် ကောင်းသောအယူဝါဒတို့၏ တရားစကားများဖြင့် ပြည့်၀နေကြောင်း ပြသရာရောက်၏။-
6 Se você explicar estas coisas aos irmãos, será um bom servo de Cristo Jesus, nutrido pela mensagem da fé e pelo bom ensino que tem seguido.
7 ဘုရားမဲ့ဝါဒနှင့် အဓိပ္ပာယ်မဲ့သော ဒဏ္ဍာရီပုံပြင်များနှင့် ပတ်သက်ခြင်းမရှိလေနှင့်။ ဘုရားတရားကြည်ညိုခြင်းရှိစေရန် သင့်ကိုယ်ကို လေ့ကျင့်ပုံသွင်းပါလော့။-
7 Não perca tempo discutindo mitos profanos e crendices absurdas. Em vez disso, exercite-se na devoção.
8 အကြောင်းမူကား ကိုယ်ကာယအတွက် လေ့ကျင့်ခြင်းသည် အတော်အတန်အကျိုးရှိသော်လည်း ဘုရားတရားကြည်ညိုခြင်း သည်ကား အဘက်ဘက်၌ အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ယခုဘ၀အတွက်သာမက နောင်လာမည့် ဘ၀အတွက်လည်း အကျိုးဖြစ်ထွန်းစေမည်ဟု ကတိရှိထားသောကြောင့်ဖြစ်၏။-
8 “O exercício físico tem algum valor, mas exercitar-se na devoção é muito melhor, pois promete benefícios não apenas nesta vida, mas também na vida futura.”
9 ဤစကားသည် မှန်ကန်၍ အပြည့်အဝလက်ခံထိုက်သော အရာဖြစ်ပေ၏။-
9 Essa é uma afirmação digna de confiança, e todos devem aceitá-la.
10 ငါတို့သည် ဤရည်မှန်းချက်အတွက် ပင်ပန်းစွာကြိုးပမ်းဆောင်ရွက်လျက်ရှိကြ၏။ အကြောင်းမူကား လူအပေါင်းတို့ အတွက်၊ အထူးသဖြင့် ယုံကြည်သူတို့အတွက် ကယ်တင်ရှင်ဖြစ်တော်မူသည့် အသက်ရှင်တော်မူသော ဘုရားသခင်၌ ငါတို့သည် မျှော်လင့်ချက်ထားရှိကြသောကြောင့် ဖြစ်သတည်း။
10 Trabalhamos arduamente e continuamos a lutar porque nossa esperança está no Deus vivo, o Salvador de todos, especialmente dos que creem.
11 ဤအကြောင်းအရာတို့ကို လမ်းညွှန်သွန်သင်ပါလော့။-
11 Ensine estas coisas e insista nelas.
12 သင်၏ငယ်ရွယ်နုပျိုခြင်းကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ သို့သော် သင်သည် သင်၏အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်းနှင့်စင်ကြယ်ခြင်းတို့၌ ယုံကြည်သူတို့အတွက် စံနမူနာဖြစ်ပါစေ။-
12 Não deixe que ninguém o menospreze porque você é jovem. Seja exemplo para todos os fiéis nas palavras, na conduta, no amor, na fé e na pureza.
13 လူတို့ရှေ့၌ ကျမ်းစာဖတ်ရှုခြင်း၊ ဟောပြောခြင်းနှင့် သွန်သင်ခြင်းတို့ကို ငါလာသည့်အချိန်တိုင်အောင် ဆောင်ရွက်လော့။-
13 Até minha chegada, dedique-se à leitura pública das Escrituras, ao encorajamento e ao ensino.
14 အသင်းတော်၏အကြီးအကဲများက သင့်အပေါ် လက်တင်ခဲ့ကြစဉ်က ဗျာဒိတ်တော်စကားဖြင့် သင်ခံယူရရှိခဲ့သော ဆုကျေးဇူးတော်ကို လျစ်လျူမရှုလေနှင့်။-
14 Não descuide do dom que recebeu por meio de profecia quando os presbíteros impuseram as mãos sobre você.
15 ဤတာဝန်များကို ထမ်းဆောင်ပါလော့။ ယင်းတို့ကိုနှလုံးသွင်း၍ ကြိုးစားအားထုတ်လော့။ ဤသို့ဖြင့် လူအားလုံးတို့သည် သင်၏တိုးတက်မှုကို တွေ့မြင်နိုင်ကြလိမ့်မည်။-
15 Dedique total atenção a essas questões. Entregue-se inteiramente a suas tarefas, para que todos vejam seu progresso.
16 သင့်ကိုယ်ကိုလည်းကောင်း၊ သင်၏သွန်သင်ချက်ကိုလည်းကောင်း သတိပြုပါလော့။ ထိုသွန်သင်ချက်ကို လက်ကိုင် ထားလော့။ အကြောင်းမူကား ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည် မိမိကိုယ်တိုင်နှင့်တကွ မိမိ၏တရားကို ကြားနာကြသောသူတို့ကို ကယ်တင်နိုင်လိမ့်မည်။
16 Fique atento a seu modo de viver e a seus ensinamentos. Permaneça fiel ao que é certo, e assim salvará a si mesmo e àqueles que o ouvem.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Timóteo 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.