1 Timóteo 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ငါတို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေဇူးနှင့် ငါတို့၏ကယ်တင်ရှင်ဖြစ်သော ဘုရားသခင်၏ အမိန့်တော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်အဖြစ် ရွေးကောက်ခြင်းခံရသော ငါပေါလုသည်၊-
1 Paulo, apóstolo de Cristo Jesus, por ordem de Deus, nosso Salvador, e de Cristo Jesus, nossa esperança,
2 ယုံကြည်ခြင်း၌ ငါ၏သားအစစ်အမှန်ဖြစ်သော တီမောသီဦးထံသို့ စာရေးလိုက်ပါ၏။ အဖခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ခရစ်တော်ယေဇူးထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်းသာယာခြင်းကို ခံစားရပါစေသော်။
2 a Timóteo, verdadeiro filho na fé. Que a graça, a misericórdia e a paz, da parte de Deus Pai e de Cristo Jesus, nosso Senhor, estejam com você.
3 ငါသည် မာစီဒိုးနိယပြည်သို့သွားစဉ် သင့်ကိုတိုက်တွန်းခဲ့သည့်အတိုင်း သင်သည် ဧဖက်ဆုမြို့တွင် ဆက်လက်နေထိုင်၍ အချို့သောပုဂ္ဂိုလ်များအား ကွဲပြားသောအယူဝါဒများကို မသွန်သင်ကြစေရန်နှင့်၊-
3 Quando eu estava de viagem, rumo à Macedônia, pedi a você que ainda permanecesse em Éfeso para admoestar certas pessoas, a fim de que não ensinem outra doutrina,
4 ယုံကြည်ခြင်း၌ အခြေခံသော ဘုရားသခင်၏အစီအမံများကို သွန်သင်ခြင်းမရှိဘဲ အငြင်းပွားမှုများကို တိုးပွားစေသည့်ဒဏ္ဍာရီ ပုံပြင်များနှင့် အဆုံးမသတ်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို အာရုံမစိုက်ကြစေရန် သတိပေးရမည်ဖြစ်၏။-
4 nem se ocupem com fábulas e genealogias sem fim. Essas coisas mais promovem discussões do que o serviço de Deus, na fé.
5 ဤကဲ့သို့ ငါတို့လမ်းညွှန်မှုပေးရသည့် အကြောင်းရင်းသည်ကား စင်ကြယ်သောနှလုံးသား၊ ကောင်းမြတ်သော အတွင်းစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းတို့မှ ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာ ရှိကြစေရန်ဖြစ်၏။-
5 O objetivo desta admoestação é o amor que procede de um coração puro, de uma boa consciência e de uma fé sem hipocrisia.
6 အချို့သောသူတို့သည် ဤအချက်များမှ လွဲချော်သွားပြီးလျှင် အကျိုးမဲ့သော ဆွေးနွေးငြင်းခုံကြသည့်အဖြစ်သို့ ရောက်ခဲ့ကြ၏။-
6 Algumas pessoas se desviaram destas coisas e se perderam em discussões inúteis,
7 ဤသူတို့သည် မိမိတို့ပြောဆိုနေသော အရာများကိုလည်းကောင်း၊ မိမိတို့အခိုင်အမာ စွဲကိုင်သင်ကြားနေသည့် အရာတို့ကိုလည်းကောင်း နားမလည်ဘဲ ပညတ်တရားကို သင်ကြားပေးသည့်ဆရာများ ဖြစ်လိုကြ၏။
7 pretendendo passar por mestres da lei, não compreendendo, porém, nem o que dizem, nem os assuntos sobre os quais falam com tanta ousadia.
8 မှန်ကန်စွာလိုက်နာကျင့်သုံးပါလျှင် ပညတ်တရားသည် ကောင်းမြတ်ကြောင်း ငါတို့အားလုံးသိကြ၏။-
8 Sabemos que a lei é boa, se alguém se utiliza dela de modo legítimo,
9 ငါတို့နားလည်ကြသည်ကား ပညတ်တရားကို ဖြောင့်မတ်သောသူတို့အတွက် ချမှတ်ထားခြင်းမဟုတ်ဘဲ တရားမဲ့သူ၊ နာခံခြင်းမရှိသူ၊ ဘုရားတရားမရှိသူ၊ အပြစ်ရှိ သူ၊ ဆိုးညစ်မိုက်မဲသူ၊ ဘုရားသခင်ကို ထိခိုက်စော်ကားသူ၊ ဖခင်တို့ကိုသတ်သူများ၊ မိခင်တို့ကိုသတ်သူများ၊ လူ့အသက်ကိုသတ်သူများ၊-
9 tendo em vista que não se promulga lei para quem é justo, mas para os transgressores e rebeldes, para os ímpios e pecadores, para os iníquos e profanos, para os que matam o pai ou a mãe, para os homicidas,
10 ကာမဂုဏ်အမှု၌ ကိုယ်ကျင့်တရားပျက်ပြားသူများ၊ လိင်တူချင်း ဆက်ဆံသူများ၊ ပြန်ပေးဆွဲသူများ၊ လိမ်လည်သူများ၊ မုသားသက်သေခံသူများနှင့် စစ်မှန်သောအယူဝါဒကို ဆန့်ကျင်သောအရာ ဟူသမျှတို့အတွက် ချမှတ်ထားခြင်းသာဖြစ်၏။-
10 para os que praticam a imoralidade, para os que se entregam a práticas homossexuais, para os sequestradores, para os mentirosos, para os que fazem juramento falso e para tudo o que se opõe à sã doutrina,
11 ဤသွန်သင်ချက်သည် မွန်မြတ်တော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားတော် အတိုင်းဖြစ်၏။ ထိုတရားတော်ကို ဟောကြားရန် ငါ့အား တာဝန်အပ်နှင်းထားခဲ့ခြင်းဖြစ်၏။
11 segundo o evangelho da glória do Deus bendito, do qual fui encarregado.
12 ဤအမှုအရာအတွက် ငါ့အား ခွန်အားပေးတော်မူသော ငါတို့၏သခင် ယေဇူးခရစ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါ့အား မိမိ၏အမှုတော်ကိုဆောင်ရွက်ရန် ခန့်အပ်ထားခြင်းဖြင့် ငါသည် သစ္စာရှိသူ ဖြစ်ကြောင်း သတ်မှတ်တော်မူလေပြီ။-
12 Dou graças a Cristo Jesus, nosso Senhor, que me fortaleceu e me considerou fiel, designando-me para o ministério,
13 ငါသည် ယခင်က ကိုယ်တော့်ကို ထိခိုက်ပြောဆိုခဲ့၍ ညှဉ်းပန်းနှိပ်စက်ကာ မထီမဲ့မြင်ပြုခဲ့သော်လည်း ကိုယ်တော်သည် ငါ့ကို ဤသို့သတ်မှတ်ခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေ ငါသည် သနားကရုဏာတော်ကို ခံစားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ယုံကြည်ခြင်းကင်းမဲ့လျက် မသိနားမလည်ဘဲ ထိုကဲ့သို့ပြုမူခဲ့ခြင်း ဖြစ်သောကြောင့်တည်း။-
13 a mim, que, no passado, era blasfemo, perseguidor e insolente. Mas alcancei misericórdia, pois fiz isso na ignorância, na incredulidade.
14 ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည် ခရစ်တော်ယေဇူး၌ရှိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်အတူ ငါ့အတွက်ပြည့်လျှံခဲ့လေပြီ။-
14 Transbordou, porém, a graça de nosso Senhor com a fé e o amor que há em Cristo Jesus.
15 ခရစ်တော်ယေဇူးသည် အပြစ်ရှိသောသူတို့ကိုကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာတော်မူခဲ့သည်ဟူသော စကားသည် မှန်ကန်၍ အပြည့်အဝလက်ခံထိုက်ပေ၏။ အကြောင်းမူကား ငါသည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးပင်ဖြစ်၏။-
15 Esta palavra é fiel e digna de toda aceitação: que Cristo Jesus veio ao mundo para salvar os pecadores, dos quais eu sou o principal.
16 သို့သော် ထာ၀ရအသက်ကိုရရှိရန်အလို့ငှာ ကိုယ်တော်၌ ယုံကြည်လာမည့်သူတို့အတွက် စံနမူနာဖြစ်စေရန် ယေဇူး ခရစ်တော်သည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးဖြစ်သောငါ့၌ ပြည့်စုံသောသည်းခံခြင်းကို ပြသတော်မူလိုသောကြောင့် ငါသည် သနားကရုဏာတော်ကို ခံစားရခြင်းဖြစ်၏။-
16 Mas, por esta mesma razão, me foi concedida misericórdia, para que, em mim, que sou o principal pecador, Cristo Jesus pudesse mostrar a sua completa longanimidade, e eu servisse de modelo para todos os que hão de crer nele para a vida eterna.
17 ခေတ်ကာလအပေါင်းတို့၏ဘုရင်၊ ပျက်စီးပြောင်းလဲခြင်းနှင့်ကင်းသော၊ မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင်အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိတော်မူပါစေသော်။ အာမင်။
17 Assim, ao Rei eterno, imortal, invisível, Deus único, honra e glória para todo o sempre. Amém!
18 ငါ့သား တီမောသီဦး၊ သင့်ကိုရည်ညွှန်း၍ ပရောဖက်တို့ ဟောကြားထားခဲ့သည့် စကားနှင့်အညီ သင်သည် ဤစကားများ အားဖြင့် လှုံ့ဆော်ခြင်းကိုခံရလျက် ကောင်းသောစစ်ပွဲကို တိုက်ခိုက်နိုင်စေရန် ဤတာဝန်ကို သင့်အား ယုံကြည်စိတ်ချစွာ ငါအပ်နှင်းလိုက်၏။-
18 Esta é a admoestação que faço a você, meu filho Timóteo, segundo as profecias que anteriormente foram feitas a seu respeito: que, firmado nelas, você combata o bom combate,
19 ယုံကြည်ခြင်းနှင့် မှန်ကန်သောအသိတရားတို့ကို စွဲမြဲစွာစောင့်ထိန်းလော့။ အချို့သောလူတို့သည် အသိတရားကို ငြင်းပယ်ခြင်းအားဖြင့် မိမိတို့၏ယုံကြည်ခြင်းကို ဆုံးရှုံးခဲ့ကြလေပြီ။-
19 mantendo a fé e a boa consciência, porque alguns, tendo rejeitado a boa consciência, vieram a naufragar na fé.
20 ထိုသူတို့တွင် ဟေမေနေဦးနှင့် အလက်ဇန္ဒားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်အား ထိခိုက်ပြောဆိုခြင်း မပြုအပ်ကြောင်းကို သင်ယူစေခြင်းငှာ သူတို့အား စာတန်နတ်ဆိုး၏လက်သို့ ငါအပ်လိုက်လေပြီ။
20 Entre esses estão Himeneu e Alexandre, os quais entreguei a Satanás para serem castigados, a fim de que aprendam a não blasfemar.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Timóteo 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.