1 Pedro 5
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ငါသည် လုပ်ဖော်ကိုင်ဖက်အကြီးအကဲတစ်ဦး အနေဖြင့်လည်းကောင်း၊ ခရစ်တော်၏ဒုက္ခဝေဒနာခံခြင်းတို့ကို သက်သေခံသူ တစ်ဦးအနေဖြင့် လည်းကောင်း၊ ထင်ရှားတော်မူမည့် ဘုန်းဂုဏ်တော်၌ ပါဝင်ခံစားရမည့်သူတစ်ဦးအနေဖြင့်လည်းကောင်း သင် တို့ထဲမှအကြီးအကဲခေါင်းဆောင်များကို တိုက်တွန်းနှိုး ဆော်လိုက်ပါ၏။-
1 Portanto, apelo para os presbíteros que há entre vocês, e o faço na qualidade de presbítero como eles e testemunha dos sofrimentos de Cristo, como alguém que participará da glória a ser revelada:
2 သင်တို့အား အပ်ထားသော ဘုရား သခင်၏သိုးစုကို ထိန်းသိမ်းစောင့်ရှောက်ကြလော့။ ထို သို့လုပ်ဆောင်ရာတွင်လည်း ဝတ္တရားအရပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ရ သကဲ့သို့ ဝမ်းမြောက်စွာလုပ်ဆောင်ကြလော့။ မသန့်ရှင်းသောငွေကြေးအတွက်ဟူ၍မဟုတ်ဘဲ သင်ကိုယ်တိုင်က စိတ်အားထက်သန်စွာလုပ်ဆောင်လိုသည့်စိတ်ဖြင့် စောင့်ရှောက်ထိန်းသိမ်းကြလော့။-
2 Pastoreiem o rebanho de Deus que está aos seus cuidados. Olhem por ele, não por obrigação, mas de livre vontade, como Deus quer. Não façam isso por ganância, mas com o desejo de servir.
3 သင်တို့အား အပ်နှံထားသောသိုးစုအပေါ် အာဏာဖြင့် မအုပ်စိုးဘဲ သိုးစုအတွက် ပုံသက်သေ ကောင်းပြသူဖြစ်စေကြလော့။-
3 Não ajam como dominadores dos que lhes foram confiados, mas como exemplos para o rebanho.
4 အကြီးမြတ်ဆုံးသောသိုးထိန်းပေါ်ထွန်းလာတော်မူ သောအခါ သင်တို့သည် မှေးမှိန်ခြင်းမရှိသော ဘုန်းဂုဏ် တော်၏သရဖူကို ရရှိကြလိမ့်မည်။-
4 Quando se manifestar o Supremo Pastor, vocês receberão a imperecível coroa da glória.
5 ထိုနည်းတူပင် ငယ်ရွယ်သောသင်တို့၊ အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံးသည် နှိမ့်ချစိတ်ဖြင့် လွှမ်းခြုံလျက် တစ်ဦးကို တစ်ဦးဆက်ဆံကြလော့။ အကြောင်းမူကား ဘုရားသခင်သည် မောက်မာထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကို ပေးသနားတော်မူ၏။
5 Da mesma forma jovens, sujeitem-se aos mais velhos. Sejam todos humildes uns para com os outros, porque "Deus se opõe aos orgulhosos, mas concede graça aos humildes".
6 ထို့ကြောင့် ဘုရားသခင်၏ဘုန်းတန်ခိုးတော်ရှေ့ မှောက်၌ ယခုပင် ဦးညွှတ်ပျပ်ဝပ်ကြလော့။ သို့ဖြစ်လျှင် ကိုယ်တော်သည် သင့်လျော်သောအချိန်၌ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။-
6 Portanto, humilhem-se debaixo da poderosa mão de Deus, para que ele os exalte no tempo devido.
7 ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် သင်တို့၏ပူပန်သောက များအားလုံးကို ကိုယ်တော့်ထံ၌ အပ်နှံကြ လော့။-
7 Lancem sobre ele toda a sua ansiedade, porque ele tem cuidado de vocês.
8 သင်တို့၏ရန်သူဖြစ်သောစာတန်နတ်ဆိုးသည် ဟိန်းဟောက် သောခြင်္သေ့ကဲ့သို့ တစ်စုံတစ်ယောက်ကိုဝါးမျိုရန် လှည့်လည် ချောင်းမြောင်းလျက်ရှိသောကြောင့် တည်ကြည် လေးနက်၍ သတိဝီရိယရှိကြလော့။-
8 Sejam sóbrios e vigiem. O diabo, o inimigo de vocês, anda ao redor como leão, rugindo e procurando a quem possa devorar.
9 ကမ္ဘာတစ်ဝန်းလုံးရှိ သင်တို့၏ညီအစ်ကိုများသည်လည်း ဤဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားနေကြရသည် ဟုသိမှတ်ကြ လျက် သင် တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေကာ သူ့အား တွန်းလှန်ခုခံ ကြလော့။-
9 Resistam-lhe, permanecendo firmes na fé, sabendo que os irmãos que vocês têm em todo o mundo estão passando pelos mesmos sofrimentos.
10 သင်တို့သည် ခေတ္တခဏမျှသာ ဆင်းရဲဒုက္ခခံစားကြရပြီးနောက် ခရစ်တော်အားဖြင့် မိမိ၏ထာ၀ရ ဘုန်းဂုဏ်တော်သို့ သင်တို့ကို ခေါ်တော်မူသော၊ ကျေးဇူး တော်အပေါင်းတို့၏ဘုရားသခင်သည် ကိုယ်တော်တိုင် သင်တို့ကို ပြန်လည်ပြည့်စုံစေ၍ ခိုင်ခံ့မြဲမြံစေပြီးလျှင် အား ဖြည့်ပေးတော်မူလိမ့်မည်။-
10 O Deus de toda a graça, que os chamou para a sua glória eterna em Cristo Jesus, depois de terem sofrido durante pouco de tempo, os restaurará, os confirmará, lhes dará forças e os porá sobre firmes alicerces.
11 ကိုယ်တော်၏ဘုန်းတန်ခိုး တော်သည် ကာလအဆက်ဆက်တည်တော်မူပါစေ သော်။ အာမင်။
11 A ele seja o poder para todo o sempre. Amém.
12 ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ရန်နှင့် ဤအရာသည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန်ဖြစ်ကြောင်း သက်သေခံရန် သစ္စာရှိသောညီအစ်ကိုဟု ငါသတ်မှတ်သော ဆီဗားနုအားဖြင့် သင်တို့ထံသို့ ဤစာကို အတိုချုပ်၍ ရေးသား လိုက်ပါ၏။ ဤကျေးဇူးတော်၌ တည်ကြည်ခိုင်မာစွာရပ်တည်ကြလော့။-
12 Com a ajuda de Silvano, a quem considero irmão fiel, eu lhes escrevi resumidamente, encorajando-os e testemunhando que esta é a verdadeira graça de Deus. Mantenham-se firmes na graça de Deus.
13 သင်တို့နည်းတူရွေးကောက်ခြင်းခံခဲ့ရသော ဘာဘီလွန်မြို့ရှိ အသင်း တော်ကလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ ငါ့သား မာကုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။-
13 Aquela que está em Babilônia, também eleita, envia-lhes saudações, e também Marcos, meu filho.
14 သင်တို့အချင်းချင်းတစ်ဦးကိုတစ်ဦး ချစ်ခြင်းမေတ္တာဖြင့် နမ်းလျက် နှုတ်ဆက်ကြပါလော့။ ခရစ်တော်၌ရှိကြသော သင်တို့အားလုံး၌ ငြိမ်းချမ်း သာယာခြင်းရှိပါစေသော်။ အာမင်။
14 Saúdem uns aos outros com beijo de santo amor. Paz a todos vocês que estão em Cristo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Pedro 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.