1 Pedro 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ထို့ကြောင့် သင်တို့သည် မကောင်းမှုအမျိုးမျိုးနှင့်တကွ လှည့်ဖြားခြင်း၊ ရိုးသားမှုမရှိခြင်း၊ မနာလိုခြင်းနှင့် အသေရေ ဖျက်ခြင်း တို့ကိုဖယ်ရှားကြလော့။-
1 Deixando, pois, toda a malícia, e todo o engano, e fingimentos, e invejas, e todas as murmurações,
2 သင်တို့သည် မွေးစသူငယ်များကဲ့သို့ ဝိညာဉ်နှင့်ဆိုင် သောနို့ရည်အစစ်ကိုတမ်းတကြလော့။ သို့မှသာ သင် တို့သည် ထိုနို့ရည် အားဖြင့် ကယ်တင်ခြင်းခံရရန် ရှင်သန်ကြီးထွားကြလိမ့်မည်။-
2 Desejai afetuosamente, como meninos novamente nascidos, o leite racional, não falsificado, para que por ele vades crescendo;
3 အကြောင်းမူကား သင်တို့သည် သခင်ဘုရား၏သနားကရုဏာတော်ကို မြည်းစမ်းခဲ့ကြလေပြီ။
3 Se é que já provastes que o Senhor é benigno;
4 လူတို့၏ပစ်ပယ်ခြင်းခံရသော်လည်း ဘုရားသခင်၏မျက်မှောက်တော်၌ အဖိုးထိုက်တန်၍ ရွေးချယ်ခံရသော ရှင်သန်လျက်ရှိ သည့်ကျောက်တည်းဟူသော ကိုယ်တော့်ထံသို့ လာကြလော့။-
4 E, chegando-vos para ele, pedra viva, reprovada, na verdade, pelos homens, mas para com Deus eleita e preciosa,
5 သင်တို့သည်လည်း ရှင်သန်လျက်ရှိသောကျောက်များကဲ့သို့ပင် ဝိညာဉ်နှင့် ဆိုင်သောဗိမာန်တော်အဖြစ် မိမိတို့ကိုယ်ကို တည် ဆောက်ကြလော့။ သင်တို့သည် မြင့်မြတ်သောရဟန်း အမျိုးအနွယ်ဖြစ်စေရန်နှင့် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင် နှစ်သက်လက်ခံဖွယ်ဖြစ်သော ဝိညာဉ်ရေး ရာပူဇော်ခြင်းများကို ဆက်ကပ်ပူဇော်နိုင်ရန် ထိုဗိမာန် တော်ကို တည်ဆောက်ကြ လော့။-
5 Vòs também, como pedras vivas, sois edificados casa espiritual e sacerdòcio santo, para oferecer sacrifícios espirituais agradáveis a Deus por Jesus Cristo.
6 အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်ကား ကြည့်လော့၊ ငါရွေးချယ်ထားသည့် အဖိုးတန်ထောင့်ချုပ် ကျောက်ဖြစ် သောကျောက်တုံးတစ်တုံးကို ဇီအွန်တောင်ပေါ်၌ ငါချထား၏၊ ထိုအရှင်၌ ယုံကြည်သောသူသည် အရှက်တကွဲ ဖြစ်ရလိမ့်မည်မဟုတ်ဟူ၍ဖြစ်သတည်း။-
6 Por isso também na Escritura se contém:Eis que ponho em Sião a pedra principal da esquina, eleita e preciosa;e quem nela crer não será confundido.
7 ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ထိုအရှင်သည် တန်ဖိုးရှိပေ၏။ မယုံကြည်သောသူတို့အတွက်မူကား တိုက်ကို ဆောက်သောသူတို့ပစ်ပယ်ထားသော ဤကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာလေပြီဟူ၍လည်းကောင်း၊-
7 E assim para vòs, os que credes, é preciosa, mas, para os rebeldes,a pedra que os edificadores reprovaram,essa foi a principal da esquina,
8 ဤကျောက်သည် လူတို့အား ခလုတ်တိုက်မိ စေသောကျောက်၊ လူတို့ကို လဲကျစေမည့်ကျောက်ဖြစ် သည်ဟူ၍လည်းကောင်း ရေးထားလျက်ရှိ၏။ သူတို့ သည် နှုတ်တော်ထွက်စကားကိုမနာခံကြသောကြောင့် သူတို့အတွက် သတ်မှတ်ထားသည့်အတိုင်း တိုက်မိ၍ လဲကျကြလေ၏။
8 E uma pedra de tropeço e rocha de escândalo,para aqueles que tropeçam na palavra, sendo desobedientes; para o que também foram destinados.
9 သင်တို့သည်ကား ရွေးကောက်ခြင်းခံရသောလူ မျိုး၊ တော်ဝင်ရဟန်းမျိုး၊ သန့်ရှင်းမြင့်မြတ်သောလူမျိုးနှင့် ဘုရားသခင် ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်ကြ၏။ ဤသို့ဖြင့် သင်တို့ကို မှောင်မိုက်ထဲမှနေ၍ ကိုယ်တော်၏အံ့ဖွယ်ရာအလင်းတော်သို့ ခေါ်ထုတ်တော်မူသော သခင်၏ချီးမွမ်းထိုက်သောအမှုတော်တို့ကို သင်တို့ကြေညာ ဟောပြောကြရပေလိမ့်မည်။-
9 Mas vòs sois a geração eleita, o sacerdòcio real, a nação santa, o povo adquirido, para que anuncieis as virtudes daquele que vos chamou das trevas para a sua maravilhosa luz;
10 တစ်ချိန်က သင်တို့သည် လူမျိုးတစ်မျိုးအဖြစ်မတည်ရှိခဲ့ကြသော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြလေပြီ။ တစ်ချိန်က သင်တို့သည် ဘုရားသခင်၏သနားကရုဏာကို မခံစားခဲ့ ရသော်လည်း ယခုအခါ ဘုရားသခင်၏သနားကရုဏာ တော်ကို ခံစားကြရလေပြီ။
10 Vós, que em outro tempo não éreis povo, mas agora sois povo de Deus; que não tínheis alcançado misericórdia, mas agora alcançastes misericórdia.
11 ချစ်မိတ်ဆွေတို့၊ သင်တို့သည် ဤလောကတွင် ဧည့်သည်အာဂန္တုများအဖြစ် နေထိုင်ကြစဉ် သင်တို့၏ ဝိညာဉ်ကိုတိုက်ခိုက် လျက်ရှိသော အသွေးအသား၏ တပ်မက်မှုဆန္ဒများကိုရှောင်ကြဉ်ကြရန် သင်တို့ကို ငါ တိုက်တွန်းနှိုးဆော်ပါ၏။-
11 Amados, peço-vos, como a peregrinos e forasteiros, que vos abstenhais das concupiscências carnais, que combatem contra a alma;
12 လူမျိုးခြားတို့ အလယ်တွင် ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ကြလော့။ ဤသို့ဖြင့် သူ တို့သည် သင်တို့ကို မကောင်းမှုပြုသော သူများအဖြစ် အပြစ်တင်ပြောဆိုခဲ့ပါလျှင် သခင်ဘုရားကြွလာတော်မူ သည့်နေ့၌ သင်တို့၏ကောင်းသောလုပ်ရပ်များကိုမြင်၍ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြလိမ့်မည်။
12 Tendo o vosso viver honesto entre os gentios; para que, naquilo em que falam mal de vós, como de malfeitores, glorifiquem a Deus no dia da visitação, pelas boas obras que em vós observem.
13 သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ အမြင့်ဆုံးသောအာဏာပိုင်ဖြစ်သည့် မင်းဧကရာဇ်ကိုဖြစ်စေ၊-
13 Sujeitai-vos, pois, a toda a ordenação humana por amor do Senhor; quer ao rei, como superior;
14 မကောင်းမှုကျူးလွန်သောသူတို့ကိုအပြစ်ဒဏ်ပေးရန်နှင့် ကောင်းမှုပြုသောသူတို့ကို ဂုဏ်ပြုချီးမြှင့်ရန် မင်းဧကရာဇ် ကခန့်အပ်ထားသောဘုရင်ခံတို့ကိုဖြစ်စေ လူတို့၏အဖွဲ့ အစည်းရှိသမျှတို့ကို နာခံကြလော့။-
14 Quer aos governadores, como por ele enviados para castigo dos malfeitores, e para louvor dos que fazem o bem.
15 အကြောင်းမူကား သင်တို့သည် ကောင်းသောအမှုတို့ကိုပြုခြင်းဖြင့် မိုက်မဲ သောသူတို့၏အသိဉာဏ်ကင်းမဲ့သောစကား များကို တိတ်ဆိတ်သွားစေရန် ဘုရားသခင်အလိုရှိတော်မူ၏။-
15 Porque assim é a vontade de Deus, que, fazendo bem, tapeis a boca à ignorância dos homens insensatos;
16 လွတ်လပ်သောသူများကဲ့သို့ နေထိုင်ကျင့်ကြံကြလော့။ သင်တို့၏လွတ်လပ်မှုကို အကြောင်းပြု၍ မကောင်းမှုကို မပြုလုပ်ဘဲ ဘုရားသခင်၏အစေခံများအဖြစ် နေထိုင်ကျင့်ကြံကြလော့။-
16 Como livres, e não tendo a liberdade por cobertura da malícia, mas como servos de Deus.
17 အားလုံးသောလူတို့ကို ရိုသေလေးစားကြလော့။ ညီအစ်ကိုအချင်းချင်း ချစ်ခင်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြလော့။ ဧကရာဇ်မင်းကို ရိုသေလေးစားကြလော့။
17 Honrai a todos. Amai a fraternidade. Temei a Deus. Honrai ao rei.
18 အစေခံတို့၊ သင်တို့၏သခင်များကို ရိုသေကျိုးနွံ စွာနာခံကြလော့။ သနားကြင်နာတတ်၍ သိမ်မွေ့ ညှာတာတတ်သော သခင်များကိုသာမဟုတ်ဘဲ ကြမ်းတမ်း ခက်ထန်သောသခင်များကိုပါ ကျိုးနွံနာခံကြလော့။-
18 Vós, servos, sujeitai-vos com todo o temor aos senhores, não somente aos bons e humanos, mas também aos maus.
19 အကြောင်းမူကား သင်တို့သည် ဘုရားသခင်ကိုမျက် မှောက်ပြု၍ မတရားခံရသောဆင်းရဲဒုက္ခကို ခံယူပါလျှင် ကျေးဇူးတော် ကို ခံစားရ၏။-
19 Porque é coisa agradável, que alguém, por causa da consciência para com Deus, sofra agravos, padecendo injustamente.
20 အဘယ်ကြောင့်ဆိုသော် သင်တို့သည် အမှားပြုမိ၍ ယင်းအတွက်ရိုက်နှက်ခြင်းခံရသည်ကို စိတ်ရှည်သည်းခံ စွာလက်ခံ ကြလျှင် မည်သည့် အကျိုးကျေးဇူးကိုရပါမည်နည်း။ သို့သော် သင်တို့သည် မှန်ကန်စွာပြုသောကြောင့် ခံရသောဆင်းရဲဒုက္ခကို စိတ်ရှည်သည်းခံစွာ ခံထမ်းကြလျှင် ဘုရားသခင်ရှေ့မှောက် တော်၌ အကျိုးကျေးဇူးရရှိကြလိမ့်မည်။-
20 Porque, que glória será essa, se, pecando, sois esbofeteados e sofreis? Mas se, fazendo o bem, sois afligidos e o sofreis, isso é agradável a Deus.
21 အကြောင်းမူ ကား သင်တို့သည် ဤအတွက်ပင် ခေါ်တော်မူခြင်းခံကြ ရ၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ သင်တို့သည် ကိုယ် တော်၏ခြေရာတော်အတိုင်း လိုက်လျှောက်နိုင်ကြရန် စံနမူနာပြတော်မူခဲ့ ၏။-
21 Porque para isto sois chamados; pois também Cristo padeceu por nós, deixando-nos o exemplo, para que sigais as suas pisadas.
22 ကိုယ်တော်သည် အပြစ်ဒုစရိုက် မကျူးလွန်ခဲ့ပေ။ ကိုယ်တော်၏နှုတ်တော်၌လည်း လိမ်လည်လှည့်ဖြားခြင်းကို မတွေ့ရပေ။-
22 O qual não cometeu pecado, nem na sua boca se achou engano.
23 ကိုယ်တော်သည် ကဲ့ရဲ့ရှုတ်ချခံရသောအခါ ပြန်လည်တုံ့ပြန်၍ကဲ့ရဲ့ ရှုတ်ချခြင်းမပြုခဲ့ချေ။ ညှဉ်းပန်းနှိပ်စက်ခံရသော အခါတွင်လည်း ကိုယ်တော်သည် ခြိမ်းခြောက်ခြင်းမပြုခဲ့ချေ။ သို့သော် ကိုယ်တော်သည် တရားသဖြင့်စီရင်တော်မူသောအရှင့် ထံ၌ မိမိကိုယ်ကို အပ်နှံတော်မူ၏။-
23 O qual, quando o injuriavam, não injuriava, e quando padecia não ameaçava, mas entregava-se àquele que julga justamente;
24 ငါတို့သည် အပြစ်မကျူးလွန်ကြတော့ဘဲ ဖြောင့်မတ်ခြင်း၌ အသက်ရှင်ကြမည့်အကြောင်း ကိုယ်တော်သည် ငါတို့၏ အပြစ်ဒုစရိုက် များကို သစ်တိုင်ပေါ်တွင် ကိုယ်တော်တိုင်ခံထမ်းတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာတော်များအားဖြင့် သင်တို့ သည် ပျောက်ကင်းချမ်းသာရခဲ့ကြပြီ။-
24 Levando ele mesmo em seu corpo os nossos pecados sobre o madeiro, para que, mortos para os pecados, pudéssemos viver para a justiça; e pelas suas feridas fostes sarados.
25 အကြောင်းမူကား သင်တို့သည် လမ်းပျောက်သောသိုးများကဲ့သို့ဖြစ်ခဲ့ကြ သော်လည်း ယခုအခါတွင် သင်တို့၏ဝိညာဉ်များ ကို ထိန်း သိမ်းစောင့်ရှောက်သူနှင့် သင်တို့၏သိုးထိန်းထံသို့ပြန် လာခဲ့ကြလေပြီ။
25 Porque éreis como ovelhas desgarradas; mas agora tendes voltado ao Pastor e Bispo das vossas almas.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Pedro 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.