1 João 5

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ယေဇူးသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သူတိုင်းသည် ဘုရားသခင်၏သား သမီးဖြစ်၏။ မိဘကိုချစ်သော သူတိုင်းသည်လည်း သားသမီးကိုချစ်၏။-
1 Todo aquele que crê que Jesus é o Cristo é nascido de Deus; e todo aquele que ama ao que o gerou também ama ao que dele é nascido.
2 ငါတို့သည် ဘုရားသခင်ကိုချစ်၍ ကိုယ်တော်၏ပညတ်တော်များကို လိုက်နာကြသောအခါ ငါတို့သည် ဘုရားသခင်၏ သားသမီးများကိုလည်း ချစ်ကြကြောင်း ငါတို့သိကြ၏။-
2 Nisto conhecemos que amamos os filhos de Deus: quando amamos a Deus e guardamos os seus mandamentos.
3 အကြောင်းမူကား ဘုရား သခင်ကိုချစ်ခြင်းဆိုသည်မှာ ကိုယ်တော်၏ပညတ်တော် များကို စောင့်ထိန်းခြင်းပင်ဖြစ်သတည်း။ ကိုယ်တော်၏ ပညတ်တော်များမှာလည်း ငါတို့အတွက် မလေးလံလှပေ။-
3 Porque este é o amor de Deus: que guardemos os seus mandamentos; e os seus mandamentos não são pesados.
4 အကြောင်းမူကား ဘုရားသခင်ထံမှ လာသောသူတိုင်း ဤကမ္ဘာလောကကို အောင်နိုင်ကြသောကြောင့်ဖြစ်၏။ ကမ္ဘာလောက ကိုအနိုင်ယူ၍ အောင်ပွဲခံသော အရာသည်ကား ငါတို့၏ယုံကြည်ခြင်းပေတည်း။-
4 Porque todo o que é nascido de Deus vence o mundo; e esta é a vitória que vence o mundo: a nossa fé.
5 ယေဇူးသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမှလွဲ၍ မည်သူသည် ကမ္ဘာလောကကို အောင်မြင်နိုင်သနည်း။
5 Quem é que vence o mundo, senão aquele que crê que Jesus é o Filho de Deus?
6 ရေနှင့်သွေးအားဖြင့် ကြွလာတော်မူခဲ့သောအရှင်သည် ယေဇူးခရစ်တော်ဖြစ်သတည်း။ ကိုယ်တော်သည် ရေအားဖြင့်သာ မဟုတ်ဘဲ ရေနှင့် သွေးအားဖြင့် ကြွလာ တော်မူခြင်းဖြစ်၏။-
6 Este é aquele que veio por água e sangue, isto é, Jesus Cristo; não só por água, mas por água e por sangue. E o Espírito é o que testifica, porque o Espírito é a verdade.
7 ဝိညာဉ်တော်သည် သက်သေခံသူ ဖြစ်တော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သမ္မာတရားဖြစ်တော်မူသော ကြောင့်တည်း။-
7 Porque três são os que testificam no céu: o Pai, a Palavra e o Espírito Santo; e estes três são um.
8 သက်သေခံသူ သုံးဦးရှိ၏။ ၎င်းတို့သည်ကား ဝိညာဉ်တော်၊ ရေ နှင့် သွေးတို့ဖြစ်ကြ၏။ ထိုသုံးဦးတို့သည် တညီတညွတ် တည်း သက်သေခံကြလေ၏။-
8 E três são os que testificam na terra: o Espírito, e a água, e o sangue; e estes três concordam num.
9 ငါတို့သည် လူတို့၏ သက်သေခံချက်ကိုခံယူကြလျှင် ဘုရားသခင်၏သက် သေခံချက်သည် ပို၍ကြီးမြတ်ပေ၏။ အကြောင်းမူ ကား ဤသက်သေခံချက်မှာ ဘုရားသခင်က မိမိ၏သားတော်အတွက် သက်သေခံပေးခြင်းဖြစ်သောကြောင့်တည်း။-
9 Se recebemos o testemunho dos homens, o testemunho de Deus é maior; porque o testemunho de Deus é este, que de seu Filho testificou.
10 ဘုရားသခင်၏သားတော်၌ ယုံကြည်သောသူသည် မိမိ၏စိတ်နှလုံးအတွင်း၌ပင် ထိုအချက်ကို သက်သေခံလေ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား ဘုရားသခင်အား လိမ်ညာသူဟုခေါ်ဆိုလေ၏။ အကြောင်းမူကား ထိုသူသည် ဘုရားသခင်က မိမိသားတော်နှင့်ပတ် သက်၍ သက်သေခံထားသောအချက်ကို မယုံကြည်သောကြောင့်ဖြစ်၏။-
10 Quem crê no Filho de Deus em si mesmo tem o testemunho; quem em Deus não crê mentiroso o fez, porquanto não creu no testemunho que Deus de seu Filho deu.
11 ဤသက်သေခံချက်တွင်ဆိုထား သည်မှာ ဘုရားသခင်သည် ငါတို့အား ထာ၀ရအသက်ကို ပေးတော်မူပြီ၊ ထိုအသက်သည် မိမိ၏သားတော်၌ တည်လျက်ရှိသည်ဟူ၍ဖြစ်လေ၏။-
11 E o testemunho é este: que Deus nos deu a vida eterna; e esta vida está em seu Filho.
12 သားတော်ကို ရရှိ သောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သား တော်ကို မရရှိသောသူမူကား အသက်ကိုမရပေ။ ထာ၀ရအသက်နှင့်ဆိုင်သောအသိပညာ
12 Quem tem o Filho tem a vida; quem não tem o Filho de Deus não tem a vida.
13 သင်တို့၌ ထာ၀ရအသက်ရှိကြောင်း သိရှိစေရန် အလို့ငှာ ငါသည် ဘုရားသခင်၏သားတော်နာမတော်၌ ယုံကြည်သော သင်တို့ထံသို့ ဤစာကိုရေးလိုက်ခြင်းဖြစ်၏။-
13 Estas coisas vos escrevi, para que saibais que tendes a vida eterna e para que creiais no nome do Filho de Deus.
14 ကိုယ်တော်၌ ငါတို့ထားရှိသောယုံကြည်စိတ်ချမှုသည်ကား ငါတို့သည် မည်သည့်အရာကိုမဆို ကိုယ် တော်၏အလိုတော် အတိုင်း တောင်းခံကြပါလျှင် ကိုယ် တော်သည် ငါတို့ကို နားညောင်းတော်မူလိမ့်မည်ဟူ၍ ဖြစ်သတည်း။-
14 E esta é a confiança que temos nele: que, se pedirmos alguma coisa, segundo a sua vontade, ele nos ouve.
15 ငါတို့တောင်းခံသမျှကို ကိုယ်တော်နား ညောင်းတော်မူကြောင်းကို ငါတို့သိကြပါလျှင် ငါတို့သည် ကိုယ်တော့်ထံမှ တောင်းခံသမျှကို ရရှိပြီးဖြစ်ကြောင်း သိကြ၏။-
15 E, se sabemos que nos ouve em tudo o que pedimos, sabemos que alcançamos as petições que lhe fizemos.
16 တစ်စုံတစ်ယောက်က မိမိ၏ညီအစ်ကိုသည် ကြီးလေးမှုမရှိသောအပြစ်ကျူးလွန်သည်ကို မြင်သဖြင့် သူသည် ဘုရားသခင် ထံအသနားခံလျှင် ကိုယ်တော်သည်လည်း သူ့အားကြီးလေးမှုမရှိသောအပြစ်ကျူး လွန်သူများအတွက်ထားသောအသက်ကို ပေးသနား တော်မူလိမ့်မည်။ ကြီးလေးသောအပြစ်မကောင်းမှု လည်းရှိ၏။ ထိုသို့သောအပြစ်အတွက် ဆုတောင်းရ မည်ဟူ၍ ငါမဆို။-
16 Se alguém vir seu irmão cometer pecado que não é para morte, orará, e Deus dará a vida àqueles que não pecarem para morte. Há pecado para morte, e por esse não digo que ore.
17 မိုက်မဲစွာပြုမူသောအမှုတိုင်းသည် အပြစ်ဖြစ်၏။ သို့သော် ကြီးလေးမှုမရှိသောအပြစ်မျိုး လည်းရှိ၏။
17 Toda iniquidade é pecado, e há pecado que não é para morte.
18 ဘုရားသခင်၏သားသမီးဖြစ်သူသည် အပြစ်ကို မကျူးလွန်ကြောင်း ငါတို့သိကြ၏။ သို့သော် ဘုရားသခင် မှမွေးဖွားလာ သောအရှင်သည် သူ့ကိုထိန်းသိမ်းစောင့် ရှောက်သည်ဖြစ်၍ နတ်ဆိုးသည် ထိုသူ့ကို မထိခိုက်နိုင် ပေ။
18 Sabemos que todo aquele que é nascido de Deus não vive pecando; mas o que de Deus é gerado conserva-se a si mesmo, e o maligno não lhe toca.
19 ငါတို့သည် ဘုရားသခင်ထံမှဖြစ်ပြီး ကမ္ဘာလောက တစ်ခုလုံးသည် နတ်ဆိုး၏တန်ခိုးအာဏာအောက်တွင် ရှိကြောင်း ငါတို့သိကြ၏။
19 Sabemos que somos de Deus e que todo o mundo está no maligno.
20 စစ်မှန်သောအရှင်ကိုသိရှိနိုင်ရန် ဘုရားသခင်၏ သားတော်သည် ကြွလာပြီးလျှင် ငါတို့အား သိနားလည်ခြင်းကို ပေးသနား တော်မူခဲ့ကြောင်း ငါတို့သိကြ၏။ ငါတို့သည် စစ်မှန်သောအရှင်၌လည်းကောင်း၊ ထိုအရှင်၏ သားတော်ယေဇူး ခရစ်တော်၌ လည်းကောင်း တည်ရှိကြ၏။ ဤသည်ကား စစ်မှန်သောဘုရားသခင်နှင့် ထာ၀ရ အသက်ပင်ဖြစ်၏။-
20 E sabemos que já o Filho de Deus é vindo e nos deu entendimento para conhecermos o que é verdadeiro; e no que é verdadeiro estamos, isto é, em seu Filho Jesus Cristo. Este é o verdadeiro Deus e a vida eterna.
21 သားသမီးတို့၊ သင်တို့ကိုယ်ကို ရုပ် တုဆင်းတုကိုးကွယ်ခြင်းမှကင်းရှင်းစေကြလော့။
21 Filhinhos, guardai-vos dos ídolos. Amém!

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 João 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.