1 Coríntios 9

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ငါသည် လွတ်လပ်သူမဟုတ်ပါလော။ ငါသည် တမန်တော်တစ်ပါးမဟုတ်ပါလော။ ငါသည် ငါတို့၏သခင် ယေဇူးကို ဖူးတွေ့ခဲ့ရသည်မဟုတ်ပါလော။ သင်တို့သည်ကား သခင်ဘုရား၏အမှုတော်ကို ငါထမ်းဆောင်သောကြောင့် ထွက်ပေါ်လာသော အကျိုးရလဒ် မဟုတ်ပါလော။-
1 Não sou eu livre? Não sou apóstolo? Não vi eu a Jesus nosso Senhor? Não sois vós obra minha no Senhor?
2 ငါသည် အခြားသူများအတွက် တမန် တော်မဖြစ်လျှင်လည်း သင်တို့အတွက်မူ တမန်တော် ဖြစ်၏။ အကြောင်းမူကား သင်တို့သည် ဘုရားသခင်၌ ငါတမန်တော်ဖြစ်ရခြင်း၏ အမှတ်တံဆိပ်ပင်ဖြစ်ကြ၏။
2 Se eu não sou apóstolo para os outros, ao menos para vós o sou; porque vós sois o selo do meu apostolado no Senhor.
3 ငါ့အား စစ်ဆေးကြသောသူတို့ကို ဤသို့ငါချေပပြောဆို၏။-
3 Esta é a minha defesa para com os que me acusam.
4 ငါတို့၌ စားသောက်ပိုင်ခွင့်မရှိပါသလော။-
4 Não temos nós direito de comer e de beber?
5 ငါတို့သည် အခြားသောတမန်တော်များကဲ့သို့လည်းကောင်း၊ သခင်ဘုရား၏ညီများကဲ့သို့လည်းကောင်း၊ စေဖကဲ့သို့လည်း ကောင်း ခရီးထွက်ရာ၌ ဇနီးမယားလိုက်ပါ လာခွင့်မရှိပါသလော။-
5 Não temos nós direito de levar conosco esposa crente, como também os demais apóstolos, e os irmãos do Senhor, e Cefas?
6 သို့မဟုတ် ဘာနဘနှင့် ငါတို့သာလျှင် ငါတို့၏စားဝတ်နေရေးအတွက် အလုပ်လုပ်ရခြင်းမှ ကင်းလွတ်ခွင့်မရှိသူများဖြစ် သလော။-
6 Ou será que só eu e Barnabé não temos direito de deixar de trabalhar?
7 မည်သူသည် မိမိ၏စရိတ်ဖြင့် စစ်မှုထမ်းသနည်း။ မည်သူသည် မိမိစိုက်ပျိုးထားသည့်စပျစ်ဥယျာဉ်မှ စပျစ်သီးကို မစားဘဲ နေမည်နည်း။ မည်သူသည် မိမိထိန်းကျောင်းရသည့်သိုး များမှ နို့ကို မသုံးဆောင်ဘဲ နေမည်နည်း။
7 Quem jamais vai à guerra à sua própria custa? Quem planta uma vinha e não come do seu fruto? Ou quem apascenta um rebanho e não se alimenta do leite do rebanho?
8 ငါသည် ဤအရာများကို လူ့အမြင်နှင့်ပြောဆိုခြင်းဖြစ်သလော။ ပညတ်တရားကျမ်းကလည်း ဤသို့ပင် ဆိုထားသည် မဟုတ်လော။-
8 Porventura digo eu isto como homem? Ou não diz a lei também o mesmo?
9 အကြောင်းမူကား မိုးဇက်၏ ပညတ်တရားကျမ်းတွင် စပါးနယ်သည့်နွားကိုပါးချုပ်စွပ်မထားရဟုပါရှိ၏။ ဤသို့မိန့်တော်မူရာ ၌ ဘုရားသခင်သည် နွားများအတွက် စိုးရိမ်ပူပန်သောကြောင့် မိန့်တော်မူခြင်းဖြစ်သလော။-
9 Pois na lei de Moisés está escrito: Não atarás a boca do boi quando debulha. Porventura está Deus cuidando dos bois?
10 ကိုယ်တော်သည် ငါတို့အတွက်သာ မိန့်တော်မူခဲ့သည်မဟုတ်လော။ ၎င်းကို ငါတို့အတွက်ပင် ရေးသားထားခြင်းဖြစ် ကြောင်း ထင်ရှားပေ၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူနှင့် တလင်းနယ်သောသူသည် မိမိတို့၏ဝေစုဖြစ်သည့် ကောက်ပဲသီးနှံကို ရမည်ဟူသောမျှော်လင့်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက် ကြရာ၏။-
10 Ou não o diz certamente por nós? Com efeito, é por amor de nós que está escrito; porque o que lavra deve debulhar com esperança de participar do fruto.
11 ငါတို့သည် သင်တို့၌ ဝိညာဉ်နှင့်ဆိုင်သောမျိုးစေ့ကို စိုက်ပျိုးခဲ့ကြပြီးနောက် သင်တို့ထံမှ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာအကျိုးကျေးဇူးများကို ရယူခံစားကြပါလျှင် ငါတို့၏အလွန်ဖြစ်သလော။-
11 Se nós semeamos para vós as coisas espirituais, será muito que de vós colhamos as matérias?
12 အခြားသောသူတို့သည် ဤ ရပိုင်ခွင့်ကို သင်တို့ထံမှ တောင်းခံကြပါလျှင် ငါတို့သည်လည်း ပို၍ပင်ရပိုင်ခွင့် ရှိကြသည် မဟုတ်လော။ သို့သော်လည်း ငါတို့သည် ဤရပိုင်ခွင့်ကို အသုံးမချခဲ့ကြဘဲ ခရစ်တော်၏ဧဝံဂေလိသတင်းကောင်းအတွက် အဟန့်အတားမဖြစ်စေခြင်းငှာ အရာရာ၌ သည်းခံခဲ့ကြ၏။-
12 Se outros participam deste direito sobre vós, por que não nós com mais justiça? Mas nós nunca usamos deste direito; antes suportamos tudo, para não pormos impedimento algum ao evangelho de Cristo.
13 ဗိမာန်တော်၌ အမှုထမ်းဆောင်သောသူတို့သည် ဗိမာန်တော်မှ အစားအစာရရှိကြသည်ကိုလည်းကောင်း၊ ယဇ်ပလ္လင်တော် တွင် အမှုတော်ဆောင်သောသူတို့သည်လည်း ယဇ်ပူဇော်သကာများထဲမှ ဝေစုရရှိကြသည်ကိုလည်းကောင်း သင်တို့မသိကြသ လော။-
13 Não sabeis vós que os que administram o que é sagrado comem do que é do templo? E que os que servem ao altar, participam do altar?
14 ထိုနည်းတူစွာ ပင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြသောသူ တို့သည် သတင်းကောင်းအားဖြင့် အသက်မွေးကြရ မည် ဟု သခင်ဘုရားမိန့်မှာတော်မူခဲ့၏။
14 Assim ordenou também o Senhor aos que anunciam o evangelho, que vivam do evangelho.
15 သို့ရာတွင် ငါသည် ထိုအခွင့်အရေးများကို မယူခဲ့ချေ။ ထိုသို့သောအထောက်အပံ့များရရှိရန် ယခုဤစာကို ရေးနေခြင်း လည်းမဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူနိုင်ခွင့်ကို တစ်စုံတစ်ယောက်ကရုပ်သိမ်းထားသည် ထက်သေရခြင်းကို ငါပို၍လိုလား၏။-
15 Mas eu de nenhuma destas coisas tenho usado. Nem escrevo isto para que assim se faça comigo; porque melhor me fora morrer, do que alguém fazer vã esta minha glória.
16 ငါသည် ဧဝံဂေလိ သတင်းကောင်းကို ဟောပြောရသည့်အတွက် ငါ၌ ဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌ဟောပြောရမည့်ဝတ္တရားရှိ၏။ အကယ်၍ ငါသည် ဧဝံဂေလိသတင်းကောင်းကိုမဟောပြောလျှင် ငါ၌အမင်္ဂလာ ရှိ၏။-
16 Pois, se anuncio o evangelho, não tenho de que me gloriar, porque me é imposta essa obrigação; e ai de mim, se não anunciar o evangelho!
17 ငါသည် ငါ့အလိုဆန္ဒဖြင့် ဟောပြောလျှင် ဆုလာဘ်ကို ရရှိမည်ဖြစ်၏။ သို့ရာတွင် ဤအမှုကို ငါ၏အလိုဆန္ဒဖြင့် ပြုလုပ်ခြင်းမဟုတ်ပါက ငါသည် တာဝန်ပေးအပ်ခံရခြင်းဖြစ်၏။-
17 Se, pois, o faço de vontade própria, tenho recompensa; mas, se não é de vontade própria, estou apenas incumbido de uma mordomia.
18 သို့ဖြစ်လျှင် ငါသည် မည်သည့်ဆုလာဘ်ကို ရရှိမည်နည်း။ ငါ၏ဆုလာဘ်သည်ကား ငါသည် ဧဝံဂေလိသတင်းကောင်းကို ဟောပြောရာတွင် အမှုတော်၌ ခံစားရမည့်ရပိုင်ခွင့်ကို မတောင်းဆိုဘဲ သတင်းကောင်းကို အခမဲ့ဟောပြောနိုင်ခြင်း ပင်ဖြစ်၏။
18 Logo, qual é a minha recompensa? É que, pregando o evangelho, eu o faça gratuitamente, para não usar em absoluto do meu direito no evangelho.
19 ထို့ကြောင့် ငါသည် မည်သူ့ကျွန်မျှမဟုတ်သော်လည်း ယုံကြည်သူများပို၍များပြားလာစေရန် မိမိကိုယ် ကို လူအားလုံးတို့၏ကျွန်ဖြစ်စေခဲ့၏။-
19 Pois, sendo livre de todos, fiz-me escravo de todos para ganhar o maior número possível:
20 ဂျူးလူမျိုးတို့အား ဆွဲဆောင်ရန် ငါသည် ဂျူးလူမျိုးတစ်ဦးကဲ့သို့ဖြစ်လာခဲ့ ၏။ ငါသည် ပညတ်တရားကိုလိုက်နာရန် မလို အပ်သော်လည်း ပညတ်တရားကိုလိုက်နာကြသောသူတို့အား ဆွဲ ဆောင်ရန် ပညတ်တရားကို လိုက်နာကျင့်သုံးသူတစ်ဦး ကဲ့သို့ နေထိုင်ခဲ့၏။-
20 Fiz-me como judeu para os judeus, para ganhar os judeus; para os que estão debaixo da lei, como se estivesse eu debaixo da lei {embora debaixo da lei não esteja}, para ganhar os que estão debaixo da lei;
21 ငါသည် ပညတ်တရားနှင့်ကင်းဝေး နေကြသောလူမျိုးခြားတို့အား ဆွဲဆောင်ရန် လူမျိုးခြား တစ်ဦးကဲ့သို့ဖြစ်လာခဲ့၏။ သို့သော် ငါသည် ဘုရားသခင် ၏ပညတ်တရားနှင့်လုံး၀ကင်းဝေးသွားခြင်းမဟုတ်ဘဲ ခရစ်တော်၏ပညတ်တော်ကို လိုက်နာ ကျင့်သုံးခဲ့၏။-
21 para os que estão sem lei, como se estivesse sem lei {não estando sem lei para com Deus, mas debaixo da lei de Cristo}, para ganhar os que estão sem lei.
22 ငါသည် အားနည်းသောသူတို့အား ဆွဲဆောင်ရန် သူတို့ အလယ်တွင် အားနည်းသူတစ်ဦးဖြစ်လာခဲ့၏။ နည်းလမ်း ပေါင်းစုံဖြင့် လူအချို့ကို ကယ်တင်ရန် ငါသည် လူအားလုံး တို့အတွက် မည်သည့်အရာမဆိုဖြစ်လာခဲ့၏။-
22 Fiz-me como fraco para os fracos, para ganhar os fracos. Fiz-me tudo para todos, para por todos os meios chegar a salvar alguns.
23 ငါသည် သတင်းကောင်း၏ ကောင်းချီးမင်္ဂလာများကို ဝေငှနိုင်ရန် ဧဝံဂေလိသတင်းကောင်းအတွက် ဤအရာအားလုံးကို ပြုမူခဲ့၏။
23 Ora, tudo faço por causa do evangelho, para dele tornar-me co-participante.
24 အပြေးပြိုင်ပွဲတစ်ခုတွင် အပြေးသမားအားလုံးယှဉ် ပြိုင်သော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုကိုရရှိရန် ပြေးကြလော့။-
24 Não sabeis vós que os que correm no estádio, todos, na verdade, correm, mas um só é que recebe o prêmio? Correi de tal maneira que o alcanceis.
25 အားကစားသမား တိုင်းသည် လေ့ကျင့်နေစဉ်အတွင်း အရာရာ၌ စိတ်ကို ချုပ်တည်းကြရ၏။ ဤသို့သူတို့ပြုလုပ်ရခြင်းမှာ ပျက်စီး နိုင်သောပန်းဦးရစ်ကို ဆွတ်ခူးနိုင်ရန်ဖြစ်၏။ ငါတို့မူကား ထာ၀ရတည်သောဗောင်းသရဖူအတွက် လုပ်ဆောင်ကြ ၏။-
25 E todo aquele que luta, exerce domínio próprio em todas as coisas; ora, eles o fazem para alcançar uma coroa corruptível, nós, porém, uma incorruptível.
26 ထို့ကြောင့် ငါသည် ရည်မှန်းချက်မရှိဘဲ ဦးတည့်ရာ ပြေးခြင်းမဟုတ်။ ငါသည် လေထဲတွင်လက်သီးထိုးနေ သောလက်ဝှေ့သမားတစ်ဦးကဲ့သို့ လက်သီးမထိုးပေ။-
26 Pois eu assim corro, não como indeciso; assim combato, não como batendo no ar.
27 ငါသည် အခြားသောသူတို့အား ဟောပြောပြီးမှ မိမိကိုယ် တိုင်အရည်အချင်းမပြည့်မီ သူမဖြစ်စေရန် ငါ၏ကိုယ်ခန္ဓာ ကို ထိုးနှက်တွန်းတိုက်၍ ၎င်းကို ကောင်းစွာထိန်းချုပ်ထား၏။
27 Antes subjugo o meu corpo, e o reduzo à submissão, para que, depois de pregar a outros, eu mesmo não venha a ficar reprovado.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.