1 Coríntios 6
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 သင်တို့တွင် တစ်ဦးတစ်ယောက်သည် မိမိ၏ညီအစ်ကိုအပေါ် မကျေနပ်ချက်ရှိလျှင် သန့်ရှင်းသူ များထံသို့မသွားဘဲ တရားမဲ့သူတို့၏စီရင်ချက်ကို ခံယူဝံ့ပါသလော။-
1 Ousa algum de vós, tendo um assunto contra outro, ir à lei perante os injustos, e não perante os santos?
2 သန့်ရှင်းသူတို့သည် ကမ္ဘာလောကအား တရားစီရင်မည်ကို သင်တို့မသိကြ သလော။ ကမ္ဘာလောကသည် သင်တို့၏တရား စီရင်ခြင်းကို ခံရမည်ဖြစ်ပါလျှင် သင်တို့သည် သေးငယ်သောအမှုများကိုစီရင်ရန် အရည်အချင်းမရှိကြသလော။-
2 Não sabeis vós que os santos julgarão o mundo? E se o mundo será julgado por vós, sois vós indignos de julgar as questões mínimas?
3 ငါတို့သည် ကောင်းကင်တမန် တော်များအား တရားစီရင်ရမည်ကို သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ဤဘ၀နှင့်သက်ဆိုင် သည့်အမှုအရာ များကို ငါတို့ပို၍ဆောင်ရွက်နိုင်ကြရမည်မဟုတ်လော။-
3 Não sabeis vós que julgaremos os anjos? Quanto mais as coisas pertencentes a esta vida?
4 သို့ဖြစ်၍ သင်တို့၌ ထိုကဲ့သို့သောအမှုအခင်း များရှိလျှင် အသင်းတော်၏လေးစားခြင်းကိုမခံရသောသူတို့၏ရှေ့ မှောက်တွင် အဘယ်ကြောင့်တင်ပြကြသနည်း။-
4 Então, se tiverdes julgamentos das coisas que pertencem a esta vida, escolheis para julgá-los os que são de menos estima na igreja.
5 ဤသို့ ငါဆိုရခြင်းမှာ သင်တို့ကိုယ်သင်တို့ရှက်တတ်စေရန်ဖြစ်၏။ သင်တို့တွင် ညီအစ်ကိုအချင်းချင်းအကြား တရားစီ ရင်ဆုံးဖြတ်ပေးနိုင်လောက်သည့်ဉာဏ်ပညာရှိသူတစ်ဦး မျှ မရှိဟူ၍ ဖြစ်နိုင်ပါသလော။-
5 Para a vossa vergonha eu digo: Não há, pois, entre vós homem sábio? Nem mesmo um, que possa julgar entre seus irmãos?
6 ညီအစ်ကိုများအချင်းချင်း တရားစွဲ၍ လူမျိုးခြားတို့ထံတင်ပြကြရပါသလော။
6 Mas o irmão vai à lei com o irmão, e isso perante os incrédulos.
7 အချင်းချင်းတရားစွဲဆိုမှုသည် သင်တို့အတွက် ရှုံးနိမ့်ခြင်းပင်ဖြစ်သည်။ တရားစွဲဆိုမည့်အစား မတရားပြုခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းခံရသည်က ပို၍ကောင်းသည်မဟုတ်ပါလော။-
7 Na verdade, já é realmente uma falta entre vós irem à lei uns contra os outros. Por que não sofreis, antes, a injustiça? Por que não sofreis, antes, o dano?
8 သို့ရာတွင် သင်တို့ကိုယ်တိုင် မတရားပြုကြ၍ လိမ်လည်လှည့်ဖြားကြပြီး မိမိတို့၏ညီ အစ်ကိုများကိုပင် ထိုကဲ့သို့ဆက်ဆံ ကြ၏။
8 Mas vós fazeis a injustiça, e defraudais, e isso aos seus irmãos.
9 မကောင်းမှုကိုပြုသောသူသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရလိမ့်မည်မဟုတ်ကြောင်းကို သင်တို့ မသိကြသလော။ သင်တို့ကိုယ်သင်တို့မလှည့်စားကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုးကွယ်သူများ၊ သူ့သားမယားကိုပြစ်မှားသူများ၊ လိင်တူဆက်ဆံသူများ၊-
9 Não sabeis que os injustos não herdarão o reino de Deus? Não vos enganeis; nem os fornicadores, nem os idólatras, nem os adúlteros, nem os efeminados, nem os abusadores de si mesmos com os do sexo masculino,
10 သူခိုးများ၊ လောဘကြီးသူများ၊ သောက်စားမူးယစ် သူများ၊ အသရေဖျက်သူများ၊ တိုက်ခိုက်လုယက်သူများတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရလိမ့်မည် မဟုတ်ပေ။-
10 nem os ladrões, nem os cobiçosos, nem os bêbados, nem os difamadores, nem os extorquidores, herdarão o reino de Deus.
11 သင်တို့တွင် အချို့တို့သည် ထိုကဲ့သို့ဖြစ်ခဲ့ကြ၏။ သို့ရာတွင် သင်တို့သည် ဆေးကြောခြင်းခံခဲ့ရပြီး သန့်ရှင်းမွန်မြတ်သည့် အဖြစ်သို့ရောက်ခဲ့ကြလေပြီ။ သင်တို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်ခဲ့ကြလေပြီ။
11 E assim foram alguns de vós, mas fostes lavados, mas fostes santificados, mas fostes justificados em nome do Senhor Jesus e pelo Espírito do nosso Deus.
12 ငါသည် အားလုံးသောအရာတို့ကို ပြုလုပ်ပိုင်ခွင့်ရှိ သော်လည်း အားလုံးသောအရာတို့သည် ကောင်းကျိုးပြု သောအရာများမဟုတ်ပေ။ ငါသည် အားလုံးသောအရာ တို့ကိုပြုလုပ်ပိုင်ခွင့်ရှိသော်လည်း မည်သည့်အရာကိုမျှ ငါ့အားလွှမ်းမိုးစေ လိမ့်မည်မဟုတ်။-
12 Todas as coisas me são lícitas, mas nem todas as coisas convêm; todas as coisas me são lícitas, mas eu não serei levado sob o poder de nenhuma.
13 အစားအစာသည် ဝမ်းဗိုက်အတွက်ဖြစ်၍ ဝမ်းဗိုက်သည်လည်း အစားအစာ အတွက်ဖြစ်ပြီး ဘုရားသခင်သည် ထိုအရာနှစ်ခုစလုံးကို ဖျက်ဆီးလိမ့်မည်။ ကိုယ်ခန္ဓာသည် ကာမဂုဏ်လိုက်စား ခြင်းအတွက်မဟုတ်ပေ။ ၎င်းသည် သခင်ဘုရားအတွက် သာဖြစ်ပြီး သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက် ဖြစ်၏။-
13 Os alimentos são para o ventre, e o ventre para os alimentos; mas Deus destruirá tanto um como os outros. Ora, o corpo não é para a fornicação, mas para o Senhor, e o Senhor para o corpo.
14 ဘုရားသခင်သည် သခင်ဘုရားကို ရှင်ပြန်ထ မြောက်စေခဲ့ပြီး မိမိတန်ခိုးတော်အားဖြင့် ငါတို့ကိုလည်း ရှင်ပြန်ထမြောက်စေတော်မူလိမ့်မည်။
14 E Deus, que ressuscitou o Senhor, também nos ressuscitará pelo seu próprio poder.
15 သင်တို့၏ခန္ဓာကိုယ်များသည် ခရစ်တော်၏ခန္ဓာ ကိုယ်အစိတ်အပိုင်းများဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်လျက်နှင့် ငါသည် ခရစ်တော်၏ခန္ဓာကိုယ် အစိတ်အပိုင်းများကိုယူ၍ ပြည့်တန်ဆာတစ်ဦး၏ခန္ဓာ ကိုယ်အစိတ်အပိုင်းများ အဖြစ်ပြုလုပ်ရမည်လော။ မည်သည့်အခါမျှမဖြစ်စေရ။-
15 Não sabeis vós que os vossos corpos são membros de Cristo? Tomaria eu, então, os membros de Cristo, e deles faria membros de uma prostituta? De modo algum.
16 ပြည့်တန်ဆာတစ်ဦးနှင့် ပေါင်းစပ်သောသူသည် သူမနှင့်တစ်သားတစ်ကိုယ်တည်းဖြစ် သွားကြောင်းသင်တို့မသိကြသလော။ အကြောင်းမူကား ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်ရ လိမ့်မည်ဟု ဆိုထား၏။-
16 Ou não sabeis que aquele que se ajunta com uma prostituta é um só corpo? Porque os dois, diz ele, serão uma só carne.
17 သခင်ဘုရားနှင့်ပေါင်းစပ်သူမူကား ကိုယ်တော်နှင့် စိတ်တစ်လုံးတစ်၀တည်းဖြစ်၏။-
17 Mas o que se ajunta com o Senhor é um só espírito.
18 ကာမဂုဏ်လိုက်စားခြင်းကိုရှောင်ကြဉ်လော့။ လူတစ်ဦး ကျူးလွန်သည့် အခြားအပြစ်များသည် ကိုယ်ခန္ဓာ၏ပြင်ပ တွင်သာဖြစ်၏။ သို့သော် ကာမဂုဏ်လိုက်စားသူသည် မိမိ၏ကိုယ်ခန္ဓာကိုထိခိုက်၍ အပြစ်ကျူးလွန်၏။-
18 Fugi da fornicação. Todo pecado que o homem comete está fora do corpo; mas o que comete fornicação peca contra o seu próprio corpo.
19 သင်တို့ ၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ခံယူရရှိထား သော၊ သင်တို့အတွင်း၌ ရှိတော်မူသည့် ဝိညာဉ်တော် မြတ်၏ဗိမာန်တော်ဖြစ်ကြောင်းကို သင်တို့မသိကြသ လော။ သင်တို့ကိုယ်ကို သင်တို့မပိုင်ဆိုင်ကြ။-
19 Ou não sabeis que o vosso corpo é o templo do Espírito Santo, que está em vós, proveniente de Deus, e que não sois de vós mesmos?
20 သင်တို့ ကို အဖိုးအခပေး၍ ဝယ်ယူထားခြင်းဖြစ်၏။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ် တော်ကိုထင်ရှားစေကြလော့။
20 Porque fostes comprados por um preço; portanto, glorificai a Deus no vosso corpo, e no vosso espírito, os quais são de Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.