1 Coríntios 5
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 သင်တို့အကြားတွင် လိင်ပိုင်းဆိုင်ရာကိုယ်ကျင့်တရားပျက်ပြားမှုရှိသည်ဟုငါကြားရ၏။ ထိုကဲ့ သို့အကျင့်ပျက်မှုမျိုးကို လူမျိုးခြားတို့အလယ်တွင်ပင် မတွေ့ရချေ။ အကြောင်းမူကား လူတစ်ဦးသည် မိမိဖခင်၏ မယားနှင့် ပေါင်းသင်းနေထိုင်လျက်ရှိ သည်ဟု ငါသိရ၏။-
1 Comenta-se por toda parte que há imoralidade sexual em seu meio, imoralidade que nem mesmo os pagãos praticam. Soube de um homem entre vocês que mantém relações sexuais com a própria madrasta.
2 ထိုသို့ဖြစ်လျက်နှင့် သင်တို့သည် မောက်မာထောင်လွှား ကြသေး၏။ အမှန်တကယ်တွင်မူ သင်တို့သည် ဝမ်းနည်း ပူဆွေးသင့် သည်မဟုတ်လော။ ဤအမူကိုကျူးလွန်သူ သည် သင်တို့ထဲမှ ဖယ်ရှားပစ်ခြင်းခံရပါစေ။
2 Como podem se orgulhar disso? Deveriam lamentar-se e excluir de sua comunhão o homem que cometeu tamanha ofensa.
3 ငါသည် ခန္ဓာကိုယ်အားဖြင့် ဝေးကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်ရှိနေ၏။ ငါအမှန်တကယ် ရှိနေသကဲ့သို့ ပင် တရားစီရင်ချက်ကို၊-
3 Embora eu não esteja com vocês em pessoa, estou presente em espírito. E, como se estivesse aí, já condenei esse homem
4 ထိုကဲ့သို့သောအမှု အား ပြုမူသူအပေါ် ယေဇူးသခင်၏နာမတော်၌ ချမှတ်လိုက်လေပြီ။ သင်တို့စည်းဝေးကြသောအခါ ငါ၏စိတ် ဝိညာဉ်သည် ငါတို့သခင်ယေဇူး၏တန်ခိုးတော်အားဖြင့် သင်တို့နှင့်အတူရှိနေပြီး၊-
4 em nome do Senhor Jesus. Convoquem uma reunião. Estarei com vocês em meu espírito, e o poder de nosso Senhor Jesus também estará presente.
5 သင်တို့သည် ထိုသူ့ကို သွေး သားခန္ဓာပျက်စီးစေရန် စာတန်နတ်ဆိုး၏လက်သို့အပ် ရမည်။ သို့မှသာလျှင် ယေဇူးသခင်၏ နေ့ရက်ကာလတွင် ထိုသူ၏ဝိညာဉ်သည် ကယ်တင်ခြင်းခံရပေလိမ့်မည်။
5 Entreguem esse homem a Satanás, para que o corpo seja punido e o espírito seja salvo no dia do Senhor.
6 သင်တို့၏ကြွားဝါခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ တဆေးအနည်းငယ်သည် မုန့်ညက်တစ်ပြင် လုံးကိုဖောင်းကြွစေ ကြောင်း သင်တို့မသိကြသလော။-
6 Não é nada bom se orgulharem disso. Não percebem que esse pecado é como um pouco de fermento que leveda toda a massa?
7 တဆေးအဟောင်းကို စွန့်ပစ်ကြလော့။ သို့မှသာလျှင် သင်တို့သည် အမှန်စင်စစ် တဆေးမပါသောမုန့်ညက် အသစ်ဖြစ်ကြပေ လိမ့်မည်။ အကြောင်းမူကား ငါတို့၏ ပါစကားသိုးငယ်တော်ဖြစ်သောခရစ်တော်သည် ယဇ်ကောင်အဖြစ် ပူဇော်ခြင်းခံခဲ့ရ လေပြီ။-
7 Livrem-se do fermento velho, para que sejam massa nova, sem fermento, o que de fato são. Cristo, nosso Cordeiro pascal, foi sacrificado.
8 ထို့ကြောင့် ယုတ်မာမှုနှင့် မကောင်းမှုတည်းဟူသော တဆေးဟောင်းဖြင့် မဟုတ်ဘဲ ရိုးသားဖြောင့်မတ်မှုနှင့် အမှန်တရား တည်း ဟူသောတဆေးမပါသည့်ပေါင်မုန့်ဖြင့် ပွဲတော်ကိုကျင်းပကြစို့။
8 Por isso, celebremos a festa não com o velho pão, fermentado com maldade e perversidade, mas com o novo pão da sinceridade e da verdade, sem nenhum fermento.
9 ကိုယ်ကျင့်တရားပျက်ပြားသူတို့နှင့် မပေါင်းသင်း ကြရန် ငါ၏စာထဲတွင် သင်တို့အား ရေးသားမှာကြားခဲ့၏။-
9 Quando lhes escrevi antes, disse que não deviam se associar com pessoas que se entregam à imoralidade sexual.
10 ထိုသို့ဆိုရာတွင် ကမ္ဘာလောကအတွင်းရှိ လိင်ပိုင်းဆိုင်ရာအကျင့်စာရိတ္တပျက်ပြားသူများကို ဆိုလိုသည်မဟုတ်။ လောဘ ကြီးသူများ၊ သူခိုးဓားပြများ၊ ရုပ်တုကိုး ကွယ်သူများကို ဆိုလိုခြင်းလည်းမဟုတ်ပေ။ ထိုသို့ဆို လျှင် သင်တို့သည် ဤကမ္ဘာလောကကြီးထဲမှထွက်ခွာ သွားကြရန်သာ ရှိပေတော့မည်။-
10 Com isso, porém, não me referia a descrentes que vivem em imoralidade sexual, ou são avarentos, ou exploram os outros, ou adoram ídolos. Vocês teriam de sair deste mundo para evitar pessoas desse tipo.
11 အမှန်စင်စစ် သင်တို့အား ငါရေးခဲ့သည်မှာ မိမိကိုယ်ကို ခရစ်ယာန်ညီအစ်ကို ဟုအမည်ခံပြီး လိင်ပိုင်းဆိုင်ရာ အကျင့် စာရိတ္တပျက်ပြားမှု၊ လောဘကြီးမှုနှင့် ရုပ်တုကိုးကွယ်မှုတို့ဖြင့် ငြိစွန်းနေသူ၊ ပုတ်ခတ်ဝေဖန်တတ်သူ၊ သောက်စားမူးယစ်သူနှင့် သူခိုးဓားပြတို့နှင့် အပေါင်းအသင်းမလုပ်ရန်ကိုသာ ဆိုလိုခြင်းဖြစ်၏။ ထိုသို့သောသူနှင့် အတူတကွစားသောက်ခြင်းကိုပင် မပြုလေနှင့်။-
11 O que eu queria dizer era que vocês não devem se associar a alguém que afirma ser irmão mas vive em imoralidade sexual, ou é avarento, ou adora ídolos, ou insulta as pessoas, ou é bêbado ou explora os outros. Nem ao menos comam com gente assim.
12 အကြောင်းမူကား ပြင်ပလူတို့ကို တရားစီရင်ခြင်းသည် ငါနှင့်မည်သို့သက်ဆိုင်သနည်း။ အသင်းတော်အတွင်း၌ရှိသော လူတို့ကိုသာ သင်တို့ တရားစီရင်ကြရမည်မဟုတ်လော။-
12 Não cabe a mim julgar os de fora, mas certamente cabe a vocês julgar os que estão dentro.
13 ဘုရားသခင်သည် ပြင်ပလူတို့ကို တရားစီရင်တော်မူလိမ့်မည်။ ဆိုးညစ် ယုတ်မာသောသူကို သင်တို့အထဲမှနှင်ထုတ် ကြလော့။
13 Deus julgará os de fora. Portanto, eliminem o mal do meio de vocês.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.