1 Coríntios 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့ရောက်လာခဲ့စဉ်က ဘုရားသခင်၏နက်နဲရာကို အလွန်ပင် ပြောင်မြောက်သော စကားများ နှင့် ဉာဏ်ပညာတို့ဖြင့် ကြေညာဟောပြောလျက်လာခဲ့သည်မဟုတ်ပေ။-
1 E eu, irmãos, quando fui ter convosco, anunciando-vos o testemunho de Deus, não fui com sublimidade de palavras ou de sabedoria.
2 အကြောင်းမူကား ငါသည် သင်တို့နှင့်ရှိစဉ်တွင် ယေဇူးခရစ်တော်နှင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်တင်ခံရခြင်း အကြောင်း မှ တစ်ပါး အခြားမည်သည့်အရာကိုမျှ သိရှိရန် မလိုဟု ဆုံးဖြတ်ထားခဲ့၏။-
2 Porque nada me propus saber entre vós, senão a Jesus Cristo, e este crucificado.
3 ငါသည် အားနည်းလျက် ကြောက်ရွံ့တုန်လှုပ်ခြင်းကြီးစွာဖြင့် သင်တို့နှင့်အတူရှိနေခဲ့၏။-
3 E eu estive convosco em fraqueza, e em temor, e em grande tremor.
4 ငါ၏ဩဝါဒနှင့် တရားစကားတို့သည် ဉာဏ်ပညာ နှင့်ကြွယ်၀သောစကားများမဟုတ်သော်လည်း ဝိညာဉ်တော်နှင့်တန်ခိုး တော်တို့ကို ဖော်ပြခဲ့၏။-
4 E a minha palavra, e a minha pregação, não consistiram em palavras persuasivas de sabedoria humana, mas em demonstração de Espírito e de poder;
5 သို့မှသာ သင်တို့၏ယုံကြည်ခြင်းသည် လူတို့၏ဉာဏ်ပညာအပေါ်၌ မတည်ဘဲ ဘုရားသခင်၏တန်ခိုးတော်အပေါ် ၌သာ တည် နေမည်ဖြစ်၏။
5 Para que a vossa fé não se apoiasse em sabedoria dos homens, mas no poder de Deus.
6 သို့ပင်သော်လည်း ငါတို့သည် ရင့်ကျက်သောသူ တို့အလယ်၌ ဉာဏ်ပညာကို ပြောဆိုကြ၏။ အမှန်စင်စစ် ထိုဉာဏ်ပညာ သည် ဤခေတ်ကာလနှင့်သော်လည်းကောင်း၊ မလွဲမသွေပျောက်ကွယ်သွားကြရမည့် ဤခေတ်ကာလမှ အုပ်ချုပ်သူများနှင့် သော်လည်းကောင်း မသက်ဆိုင်ပေ။-
6 Todavia falamos sabedoria entre os perfeitos; não, porém, a sabedoria deste mundo, nem dos príncipes deste mundo, que se aniquilam;
7 သို့သော် ငါတို့၏ဘုန်းကျက်သရေအတွက် ဤခေတ်ကာလများမတည်ရှိမီကပင် ဘုရားသခင်စီရင်ထားတော်မူသော ကိုယ်တော်၏လျှို့ဝှက်ဖုံး ကွယ်လျက်ရှိသည့်ဉာဏ်ပညာကို ငါတို့သွန်သင်ပြောဆို ကြ၏။-
7 Mas falamos a sabedoria de Deus, oculta em mistério, a qual Deus ordenou antes dos séculos para nossa glória;
8 ဤခေတ်ကာလ၌ အုပ်ချုပ်သူများတွင် တစ်ဦးတစ်ယောက်မျှ ဤအရာကို နားမလည်ခဲ့ပေ။ အကြောင်းမူကား သူတို့သည် နားလည်ခဲ့ကြပါလျှင် ဘုန်းဂုဏ်တော်ရှင်ကို လက်ဝါးကပ်တိုင်တင်ခဲ့ကြမည်မဟုတ်ပေ။-
8 A qual nenhum dos príncipes deste mundo conheceu; porque, se a conhecessem, nunca crucificariam ao Senhor da glória.
9 ကျမ်းစာတော်မြတ်၌လည်း ရေးထားသည်ကား မည်သည့် မျက်စိနှင့်မျှမမြင်စဖူး၊ နားဖြင့်လည်း မကြားစဖူး၊ လူသား ၏စိတ်နှလုံးဖြင့်လည်း မတွေးမိခဲ့ဖူးသည့်အမှုအရာကို ဘုရားသခင်သည် မိမိအား ချစ်သောသူတို့အတွက် ပြင်ဆင်ထားတော်မူ ၏ဟူ၍ဖြစ်သတည်း။
9 Mas, como está escrito:As coisas que o olho não viu, e o ouvido não ouviu,e não subiram ao coração do homem,são as que Deus preparou para os que o amam.
10 ဘုရားသခင်သည် ဤအမှုအရာများကို ဝိညာဉ် တော်အားဖြင့် ငါတို့အား ဖော်ပြတော်မူပြီ။ အကြောင်းမူကား ဝိညာဉ်တော် သည် ခပ်သိမ်းသောအရာတို့ကိုသာမက ဘုရားသခင်၏နက်နဲသောအရာများသို့တိုင်အောင် စူးစမ်းရှာဖွေတော်မူ၏။-
10 Mas Deus no-las revelou pelo seu Espírito; porque o Espírito penetra todas as coisas, ainda as profundezas de Deus.
11 လူတစ်ဦး၏ကြံစည်တွေးတော ချက်များကို ထိုသူ၏အတွင်းရှိ စိတ်ဝိညာဉ်မှတစ်ပါးမည် သူသိနိုင်သနည်း။ ထိုနည်းတူ ဘုရားသခင်၏အကြံအစည်တော်များကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်မှတစ်ပါး မည်သူမျှနားမလည်နိုင်ပေ။-
11 Porque, qual dos homens sabe as coisas do homem, senão o espírito do homem, que nele está? Assim também ninguém sabe as coisas de Deus, senão o Espírito de Deus.
12 ယခု ငါတို့သည် ကမ္ဘာလောကနှင့်သက်ဆိုင်သောစိတ်ဝိညာဉ်ကို ခံယူခဲ့ ကြသည်မဟုတ်ဘဲ ဘုရားသခင်ထံတော်မှလာသော ဝိညာဉ်တော်ကို ခံယူခဲ့ရခြင်းဖြစ်၏။ ဤသို့ဖြင့် ငါတို့အား ဘုရားသခင်ပေးတော်မူသောကျေးဇူးတော်များကို ငါတို့ နားလည်နိုင်ကြပေလိမ့်မည်။-
12 Mas nós não recebemos o espírito do mundo, mas o Espírito que provém de Deus, para que pudéssemos conhecer o que nos é dado gratuitamente por Deus.
13 ငါတို့သည် ဤအကြောင်း အရာများကို လူတို့၏ဉာဏ်ပညာက သင်ကြားပေးသော စကားများဖြင့်မဟုတ်ဘဲ ဝိညာဉ်တော် က သင်ကြားပေးသောစကားများဖြင့် သွန်သင်ပြောဆိုကြ၍ ဝိညာဉ်တော် ကိုရရှိကြသောသူတို့အား ဝိညာဉ်နှင့်ဆိုင်ရာ အမှန် တရား များကို အဓိပ္ပာယ်ဖွင့်ဆိုပေးကြ၏။
13 As quais também falamos, não com palavras que a sabedoria humana ensina, mas com as que o Espírito Santo ensina, comparando as coisas espirituais com as espirituais.
14 ဝိညာဉ်နှင့်ဆိုင်သောအရာကို မလိုက်နာသောသူသည် ဝိညာဉ်တော်၏ကျေးဇူးတော်များကို မခံယူနိုင်ပေ။ အကြောင်းမူကား ထိုကျေးဇူးတော်များသည် သူ့အတွက် မိုက်မဲသောအရာများဖြစ်သောကြောင့်တည်း။ ထိုကျေး ဇူးတော်များကို ဝိညာဉ်သဘော ဖြင့်သာ ခွဲခြားနားလည် နိုင်သောကြောင့် သူသည် ဤအရာများကိုနားမလည်နိုင် ပေ။-
14 Ora, o homem natural não compreende as coisas do Espírito de Deus, porque lhe parecem loucura; e não pode entendê-las, porque elas se discernem espiritualmente.
15 ဝိညာဉ်နှင့်ဆိုင်ရာကို လိုက်နာကျင့်ကြံသူတို့သည် အရာခပ်သိမ်းကို စီရင်ဆုံးဖြတ်ပြီး သူကိုယ်တိုင်မှာမူ မည် သူ၏စီရင် ဆုံးဖြတ်မှုကိုမျှ မခံရပေ။-
15 Mas o que é espiritual discerne bem tudo, e ele de ninguém é discernido.
16 ကျမ်းစာလာသည်ကား မည်သူသည် ထာ၀ရဘုရားသခင်၏စိတ်သဘော ကိုသိသည်ဖြစ်၍ ကိုယ်တော့်ကို သွန်သင်နိုင်ပါ သနည်း ဟူ၍ဖြစ်၏။ သို့သော် ငါတို့၌ ခရစ်တော်၏စိတ်သဘော ရှိ၏။
16 Porque, quem conheceu a mente do Senhor, para que possa instruí-lo? Mas nós temos a mente de Cristo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.