1 Coríntios 16
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ဂျူဒေးယပြည်ရှိ ဘုရားသခင်၏လူမျိုးတော်ကို ကူညီထောက်ပံ့သောအလှူငွေများနှင့်စပ်လျဉ်း၍ ဂါလားဆီယာမြို့၌ရှိသော အသင်းတော်များအား ငါမှာကြားထားသည့်အတိုင်း သင်တို့သည်လည်း ပြုလုပ်ကြလော့။-
1 Ora, quanto à coleta que se faz para os santos, fazei vós também o mesmo que ordenei às igrejas da Galácia.
2 ရက်သတ္တပတ်တိုင်း၏ပထမနေ့၌ သင်တို့တစ်ဦး စီသည် မိမိရရှိသောဝင်ငွေများမှ သီးသန့်ဖယ်၍ စုဆောင်း ထားကြလော့။ ဤသို့ဖြင့် ငါရောက်လာသောအခါ အလှူ ငွေကောက်ခံရန် မလိုတော့ချေ။-
2 No primeiro dia da semana, cada um de vós ponha de parte o que puder ajuntar, conforme a sua prosperidade, para que se não façam as coletas quando eu chegar.
3 ငါရောက်လာသော အခါ သင်တို့အတည်ပြုရွေးချယ်ထားသူများအား ငါ၏ စာနှင့်အတူ ထိုအလှူငွေများကို ဂျေရုဆလင်မြို့သို့ ယူ ဆောင်သွားရန် ငါစေလွှတ်မည်။-
3 E, quando tiver chegado, mandarei os que, por cartas, aprovardes, para levar a vossa dádiva a Jerusalém.
4 အကယ်၍ ငါသွား ရန်လိုအပ်ပါလျှင် ထိုသူတို့သည် ငါနှင့်အတူလိုက်လာ ကြလိမ့်မည်။
4 E, se valer a pena que eu também vá, irão comigo.
5 ငါသည် မာစီဒိုးနိယပြည်ဘက်မှလာမည်ဟု ရည်ရွယ်ထားသောကြောင့် ထိုပြည်တစ်လျှောက် ခရီးပြုပြီးမှ သင်တို့ထံသို့ လာမည်။-
5 Irei, porém, ter convosco depois de ter passado pela Macedônia (porque tenho de passar pela Macedônia).
6 ငါသည် သင်တို့နှင့်အတူ ကာလအတန်ကြာနေနိုင်လိမ့်မည်ဟုထင်ပါ၏။ ဖြစ်နိုင်လျှင် ဆောင်းတွင်းတစ်ခုလုံးပင် သင်တို့နှင့် အတူ ငါနေမည်။ ထို့နောက်မှ မည်သည့်အရပ်သို့ ငါသွားသည်ဖြစ်စေ၊ ငါသွားရမည့်ခရီးအတွက် သင်တို့ကူညီနိုင်လိမ့်မည်ဟု ငါ မျှော်လင့်ပါ၏။-
6 E bem pode ser que fique convosco e passe também o inverno, para que me acompanheis aonde quer que eu for.
7 ငါသည် သင်တို့ထံသို့ ခေတ္တဖြတ်သန်းသွားရရုံကို မလိုလားပါ။ သခင်ဘုရားအခွင့်ပြုပါက ငါသည် အချိန်အတန်ကြာ သင်တို့နှင့်အတူနေရန် မျှော်လင့်ပါ၏။-
7 Porque não vos quero agora ver de passagem, mas espero ficar convosco algum tempo, se o Senhor o permitir.
8 သို့သော် ငါသည် ပင်တေကော့စတေပွဲတော် နေ့တိုင်အောင် ဧဖက်ဆုမြို့ ၌နေမည်။-
8 Ficarei, porém, em Éfeso até ao Pentecostes;
9 အကြောင်းမူကား ထိုမြို့၌ အရေးပါ၍ အခွင့်အလမ်းသာသောတံခါးသည် ငါ့အတွက် ကျယ်ပြန့်စွာဖွင့်ထားလျက်ရှိ၍ ငါတို့ကို ဆန့် ကျင်ဘက်ပြုသူများစွာလည်း ရှိကြ၏။
9 porque uma porta grande e eficaz se me abriu; e há muitos adversários.
10 သင်တို့ထံသို့ တီမောသီဦးရောက်ရှိလာသောအခါ သူ့အား သင်တို့အကြားတွင် ငြိမ်းအေးစွာနေနိုင်ရန်ကြို ဆိုလက်ခံကြ လော့။ အကြောင်းမူကား သူသည် ငါကဲ့ သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်နေသူဖြစ်၏။-
10 E, se for Timóteo, vede que esteja sem temor convosco; porque trabalha na obra do Senhor, como eu também.
11 မည်သူမျှ သူ့ကို မထီလေးစားမပြုစေနှင့်။ ငါသည် ညီအစ်ကိုများနှင့်အတူ သူ့ကို စောင့်မျှော်လျက်ရှိသောကြောင့် ငါ့ထံသို့ သူပြန်လာနိုင်စေရန် သူ့ကိုငြိမ်းချမ်းသာ ယာစွာ ကူညီကြလော့။
11 Portanto, ninguém o despreze, mas acompanhai-o em paz, para que venha ter comigo, pois o espero com os irmãos.
12 ငါတို့၏ညီတော်အာပိုလိုနှင့်စပ်လျဉ်း၍ပြောရလျှင် သူ့အား အခြားညီအစ်ကိုများနှင့်အတူ သင်တို့ထံသို့လာရောက်လည် ပတ်ရန် ငါများစွာတိုက်တွန်းပါ၏။ သို့သော် ယခုအချိန်၌သွားရန် အခါမသင့်သေးဟု သူယုံကြည်ထား၏။ သူ၌အခွင့်အလမ်း သာသောအခါ သူရောက် လာလိမ့်မည်။
12 E, acerca do irmão Apolo, roguei-lhe muito que fosse com os irmãos ter convosco, mas, na verdade, não teve vontade de ir agora; irá, porém, quando se lhe ofereça boa ocasião.
13 သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မာကြ၍ ရဲစွမ်းသတ္တိရှိကြလော့။-
13 Vigiai, estai firmes na fé, portai-vos varonilmente e fortalecei-vos.
14 သင်တို့ပြုမူ သမျှသောအမှုတို့ကို ချစ်ခြင်းမေတ္တာ၌ ပြုမူကြလော့။
14 Todas as vossas coisas sejam feitas com amor.
15 ညီအစ်ကိုတို့၊ စတေဖာနာ့နှင့် သူ၏မိသားစုသည် အာခါယာပြည်တွင် ပထမဦးဆုံးခရစ်ယာန်များဖြစ်လာ ခဲ့ကြသည်ကို သင်တို့သိကြ၏။ သူတို့သည် သန့်ရှင်းသူ များကိုကူညီစောင့်ရှောက်ရန် မိမိတို့ကိုယ်ကိုဆက်ကပ် ထားကြ၏။-
15 Agora, vos rogo, irmãos (sabeis que a família de Estéfanas é as primícias da Acaia e que se tem dedicado ao ministério dos santos),
16 သင်တို့သည် ထိုသို့သောသူများနှင့် အမှုတော်ဆောင်လုပ်ဖော်ကိုင်ဖက်ရှိသမျှတို့ကိုနာခံကြရန် ငါမေတ္တာရပ်ခံပါ၏။-
16 que também vos sujeiteis aos tais e a todo aquele que auxilia na obra e trabalha.
17 စတေဖာနာ့၊ ဖော်ကြူနာတုနှင့် အာခိုင်ကုတို့ရောက်လာသဖြင့် ငါဝမ်းမြောက်၏။ အကြောင်းမူကား ထိုသူတို့သည် သင်တို့၏ကိုယ်စား ငါ့အားပြုစုပေး ခဲ့ကြ၏။-
17 Folgo, porém, com a vinda de Estéfanas, e de Fortunato, e de Acaico; porque estes supriram o que da vossa parte me faltava.
18 သူတို့သည် သင်တို့၏ စိတ်နှလုံးကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်နှလုံးကိုလည်း ရွှင်လန်းစေခဲ့ကြ၏။ ထိုကဲ့သို့သော သူတို့ ကို အသိအမှတ်ပြုကြလော့။
18 Porque recrearam o meu espírito e o vosso. Reconhecei, pois, aos tais.
19 အာရှပြည်ရှိ အသင်းတော်များက သင်တို့အားနှုတ်ဆက်လိုက်ပါ၏။ အာကွိလ၊ ပရစ္စကာနှင့် သူတို့၏အိမ်တွင်စုဝေးကြ သော အသင်းတော်ကလည်း သင်တို့အား သခင်ဘုရား၌ လှိုက်လှဲစွာနှုတ်ဆက်လိုက်ပါ၏။-
19 As igrejas da Ásia vos saúdam. Saúdam-vos afetuosamente no Senhor Áquila e Prisca, com a igreja que está em sua casa.
20 ညီအစ်ကိုအားလုံးတို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက် ပါ၏။ သင်တို့အချင်းချင်း သန့်ရှင်းသောအနမ်းဖြင့် နှုတ် ဆက်ကြလော့။
20 Todos os irmãos vos saúdam. Saudai-vos uns aos outros com ósculo santo.
21 ငါပေါလုသည် ဤနှုတ်ဆက်စကားကို ငါကိုယ်တိုင် ရေးသားလိုက်ပါ၏။-
21 Saudação da minha própria mão, de Paulo.
22 မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်စာသင့်စေသတည်း။ “မာရာနာသ”။ အကျွန်ုပ် တို့၏သခင်ဘုရား၊ ကြွလာတော် မူပါ။-
22 Se alguém não ama o Senhor Jesus Cristo, seja anátema; maranata!
23 ယေဇူးသခင်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိစေသတည်း။-
23 A graça do Senhor Jesus Cristo seja convosco.
24 ခရစ်တော်ယေဇူး၌ ငါ၏ချစ်ခြင်းမေတ္တာသည် သင်တို့ အားလုံးနှင့်အတူရှိပါစေသော်။ အာမင်။
24 O meu amor seja com todos vós, em Cristo Jesus. Amém!
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar 1 Coríntios 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.