1 Coríntios 11

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ငါသည် ခရစ်တော်ကို အတုယူသကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူကြလော့။
1 Sede meus seguidores, como também eu o sou de Cristo.
2 သင်တို့သည်အရာရာတိုင်း၌ ငါ့ကိုအောက်မေ့သတိ ရကြ၍ ဓလေ့ထုံးတမ်းများကို သင်တို့အား ငါသင်ပြပေး ခဲ့သည့်အတိုင်း လိုက်နာကျင့်ကြံကြသောကြောင့် သင်တို့ကို ငါချီးမွမ်းပါ၏။-
2 Ora, louvo-vos, irmãos, porque vos lembrais de mim em todas as coisas, e guardais as ordenanças, como eu as entreguei a vós.
3 သို့သော် ငါသည် သင်တို့အား ယောက်ျားတိုင်း၏ဦးခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမတစ်ယောက်၏ ဦးခေါင်းကား လင်ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ဦး ခေါင်းကား ဘုရားသခင်ဖြစ်သည်ကိုလည်းကောင်း နား လည်စေလို၏။-
3 Mas eu quero que saibais que a cabeça de todo homem é Cristo, e a cabeça da mulher é o homem; e a cabeça de Cristo é Deus.
4 သို့ဖြစ်၍ ယောက်ျားတစ်ယောက်သည် မိမိ၏ဦးခေါင်းကိုဖုံးအုပ်၍ ဆုတောင်းပတ္ထနာပြုလျှင်၊ သို့မဟုတ် ပရောဖက်ဉာဏ် နှင့် ဟောပြောလျှင် သူသည် မိမိ ဦးခေါင်း၏အသရေကို ရှုတ်ချသူဖြစ်၏။-
4 Todo homem que ora ou profetiza, tendo sua cabeça coberta, desonra a sua cabeça.
5 သို့သော် မိန်းမတစ်ဦးသည် ဦးခေါင်းကိုမဖုံးအုပ်ဘဲ ဆုတောင်းလျှင်၊ သို့မဟုတ် ပရောဖက်ဉာဏ်နှင့်ဟောပြောလျှင် သူမသည် မိမိဦးခေါင်း၏အသေရေကိုရှုတ်ချသူဖြစ်၏။ သူမသည် ခေါင်းတုံးရိတ်ထားသကဲ့သို့ပင်ဖြစ်လေ၏။-
5 Mas toda mulher que ora ou profetiza com sua cabeça descoberta desonra a sua cabeça, porque seria como se fosse rapada.
6 အကယ်၍ မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကို မဖုံးအုပ်ဘဲ ထားလျှင် သူမသည် မိမိ၏ဆံပင်ကိုဖြတ်ထားသင့်၏။ အကယ်၍ ဆံပင်ဖြတ်ခြင်း၊ သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းတို့သည် မိန်းမတစ်ယောက်အတွက် ရှက်ဖွယ်ဖြစ်လျှင် သူမသည် မိမိဦးခေါင်းကိုဖုံးအုပ်ထားပါစေ။
6 Pois, se a mulher não se cobre, tosquie-se também. Mas, se para a mulher é vergonha tosquiar-se ou rapar-se, que ela se cubra.
7 ယောက်ျားသည် မိမိ၏ဦးခေါင်းကို ဖုံးအုပ်ထားရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ဘုန်းဂုဏ်တော်ဖြစ်သောကြောင့်တည်း။ မိန်းမသည်ကား ယောက်ျား၏ဂုဏ်ကျက်သရေဖြစ်၏။-
7 Pois, o homem certamente não deve cobrir sua cabeça, porque ele é a imagem e glória de Deus, mas a mulher é a glória do homem.
8 အကြောင်းမူကား ယောက်ျားသည် မိန်းမမှ ဖန်ဆင်းခြင်းခံရသည်မဟုတ်။ မိန်းမသာလျှင် ယောက်ျားအားဖြင့် ဖန်ဆင်းခြင်း ခံရ၏။-
8 Porque o homem não é da mulher, mas a mulher é do homem.
9 ထို့အတူ ယောက်ျားသည် မိန်းမအတွက် ဖန်ဆင်းခံရသည်မဟုတ်။ မိန်းမသည်သာလျှင် ယောက်ျားအတွက် ဖန်ဆင်းခြင်းခံ ရ၏။-
9 Nem foi o homem criado por causa da mulher, mas a mulher por causa do homem.
10 သို့ဖြစ်၍ ကောင်းကင်တမန်တော်များကို လေးစားသောအားဖြင့် မိန်းမတစ်ယောက်သည် မိမိ၏ဦးခေါင်းကို ဖုံးအုပ်ထား သင့်၏။-
10 Por esta causa a mulher deve ter poder sobre sua cabeça, por causa dos anjos.
11 မည်သို့ပင်ဖြစ်စေကာမူ သခင်ဘုရား၌ မိန်းမသည် ယောက်ျားကိုမှီခိုရသကဲ့သို့ ယောက်ျားသည်လည်း မိန်းမကိုမှီခိုရ၏။-
11 Todavia, nem o homem é sem a mulher, nem a mulher é sem o homem no Senhor.
12 အကြောင်းမူကား မိန်းမသည် ယောက်ျားမှ ဖန်ဆင်းခြင်းခံရသကဲ့သို့ပင် ယောက်ျားသည်လည်း ယခုအခါတွင် မိန်းမမ ှမွေးဖွားလာရ၏။ ခပ်သိမ်းသောအရာတို့သည် ဘုရားသခင်ထံမှဖြစ်၏။-
12 Porque, como a mulher é do homem, assim também é o homem da mulher, mas todas as coisas de Deus.
13 သင်တို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ကြပါလော့။ မိန်းမတစ်ဦးသည် ဦးခေါင်းကိုမဖုံးအုပ်ဘဲ ဘုရားသခင်ထံဆုတောင်း ပတ္ထနာပြုရန် သင့်လျော်ပါသလော။-
13 Julgai em vós mesmos: É decente que uma mulher ore a Deus descoberta?
14 ဆံပင်ရှည်ထားခြင်းသည် ယောက်ျားတစ်ဦးအတွက် ရှက်ဖွယ်ဖြစ်ကြောင်းကို သဘာ၀တရားက သင်တို့အားသွန်သင်ထား သည် မဟုတ်လော။-
14 Ou não vos ensina a mesma natureza que é vergonhoso para um homem ter cabelo comprido?
15 မိန်းမတစ်ဦးအတွက်မူကား ဆံပင်ရှည် ထားခြင်းသည် သူ၏ကျက်သရေပင် မဟုတ်ပါလော။ အကြောင်းမူကား သူမ၏ ဆံပင်ရှည်ကို ဖုံးလွှမ်းရာအဖြစ် သူမအား ပေးထားခြင်းဖြစ်၏။-
15 Mas se uma mulher tem cabelo comprido, isso é glória para ela, pois seu cabelo lhe foi dado para se cobrir.
16 ဤအကြောင်းနှင့်စပ် လျဉ်း၍ တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလိုပါ လျှင် ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော် များ၌လည်းကောင်း ထိုကဲ့သို့သောထုံးစံမရှိကြောင်း ငါ ပြောကြားလိုပါ၏။
16 Mas, se algum homem quiser ser contencioso, nós não temos tal costume, nem as igrejas de Deus.
17 သို့ရာတွင် အောက်ပါသွန်သင်ချက်များနှင့်စပ်လျဉ်း၍ ငါသည် သင်တို့အား မချီးမွမ်းပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အတူတကွစုဝေးကြသောအခါ ယင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုပေးလေ၏။-
17 Ora, nisto eu declaro a vós, não vos louvo, porque não vos congregais para o melhor, mas para pior.
18 ပထမ အကြောင်းမှာ သင်တို့သည် အသင်းတော်၌ စည်းဝေးကြ သောအခါတွင် အချင်းချင်းစိတ်ဝမ်းကွဲမှုများရှိကြောင်း ငါကြားသိရ၏။ ကြားရသည့်အတိုင်း တစ်စိတ်တစ်ဒေသ မှန်ကန်လိမ့်မည်ဟုလည်း ငါယုံကြည်၏။-
18 Porque, primeiro de tudo, quando vos ajuntais na igreja, ouço que há divisões entre vós, e em parte eu acredito.
19 အကြောင်းမူကား သင်တို့တွင် အုပ်စုကွဲပြားမှုများရှိရမည်မှန်၏။ သို့မှ သာလျှင် မှန်ကန်စွာရပ်တည်သောသူများကို ပေါ်လွင်ထင်ရှားစွာ မြင်တွေ့နိုင်မည်ဖြစ်၏။-
19 Porque também é necessário haver heresias entre vós, para que os que são aprovados se manifestem entre vós.
20 သင်တို့သည် စုဝေး ကြသောအခါ သင်တို့စားကြသည်မှာ သခင်ဘုရား၏ ညစာစားပွဲမဟုတ်ပေ။-
20 Portanto, quando vos ajuntais em um lugar, isto não é para comer a ceia do Senhor.
21 အကြောင်းမူကား သင်တို့အသီး သီးသည် မိမိ၏အစာကိုယူ၍ စားကြသဖြင့် တစ်ယောက်သည် ဆာငတ်လျက်ရှိနေစဉ် အခြားတစ်ယောက်သည် မူးယစ်လျက်ရှိသောကြောင့်တည်း။-
21 Porque ao comer, cada um toma antes do outro a sua própria ceia; e um tem fome, e outro está embriagado.
22 အဘယ်ကြောင့်နည်း။ သင်တို့တွင် စားသောက်ကြရန် အိမ်များမရှိကြ သလော။ သို့မဟုတ်လျှင် သင်တို့သည် ဘုရားသခင် ၏ အသင်းတော်ကို မလေးမစားပြု၍ မရှိဆင်းရဲသားတို့အား အရှက်ရစေသလော။ သင်တို့အား ငါမည်သို့ပြောရမည်နည်း။ ဤအမှုအတွက် သင်တို့ကို ငါချီးမွမ်းရမည်လော။ ငါချီးမွမ်းလိမ့်မည်မဟုတ်။
22 Não tendes, porventura, casas para comer e para beber? Ou desprezais a igreja de Deus e envergonhais aos que não têm? O que vos direi? Devo louvar-vos? Eu não vos louvo.
23 အကြောင်းမူကား သခင်ဘုရားထံမှ ငါရရှိခဲ့၍ သင်တို့အား ငါပေးခဲ့သောသွန်သင်ချက်သည်ကား ယေဇူးသခင်သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရသည့်ည၌ မုန့်ကိုယူ၍၊-
23 Porque eu recebi do Senhor o que também vos entreguei: Que o Senhor Jesus, na mesma noite em que ele foi traído, tomou pão;
24 ကျေးဇူးတင်ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ ဤအရာသည် သင်တို့အဖို့ဖြစ်သော ငါ၏ခန္ဓာကိုယ်ဖြစ်၏၊ ငါ့ကို အောက်မေ့ သတိရခြင်းငှာ ဤအမှုကို ပြုကြလော့ ဟုမိန့်တော်မူ၏။-
24 e tendo dado graças, ele o partiu, e disse: Tomai, comei; isto é o meu corpo que é partido por vós; fazei isto em memória de mim.
25 ထိုနည်းတူ ညစာစားပြီးနောက် ခွက်တော်ကိုလည်း ယူတော်မူလျက် ဤခွက်သည် ငါ၏သွေး၌တည်သော ပဋိညာဉအ သစ်ဖြစ်၏၊ ဤခွက်ကို သင်တို့သောက်ကြသည့်အခါတိုင်း ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ ဟု မိန့်တော်မူ၏။-
25 Depois, da mesma maneira também, ele tomou o cálice, depois de cear, dizendo: Este cálice é o novo testamento no meu sangue; fazei isto, todas as vezes que o beberdes, em memória de mim.
26 အကြောင်းမူကား သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကို သောက်ကြသည့်အခါတိုင်း သခင်ဘုရား၏အသေခံခြင်း ကို ကိုယ်တော်ကြွလာတော်မူသည့်တိုင်အောင် ကြေ ညာဟောပြောလျက်ရှိသောကြောင့်တည်း။
26 Porque todas as vezes que comerdes este pão, e beberdes este cálice, proclamais a morte do Senhor, até que ele venha.
27 သို့ဖြစ်၍ မထိုက်တန်ဘဲ သခင်ဘုရား၏မုန့်ကိုစား၍ ကိုယ်တော်၏ခွက်တော်မှသောက်သောသူဟူသမျှသည် သခင်ဘုရား ၏ကိုယ်ခန္ဓာတော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။-
27 Portanto, qualquer que comer este pão e beber este cálice do Senhor indignamente, será culpado do corpo e do sangue do Senhor.
28 ထို့ကြောင့် လူတိုင်းသည် မိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်တော်ကိုစား၍ ခွက်တော်မှ သောက်ပါစေ။-
28 Mas, examine-se o homem a si mesmo, e assim coma deste pão, e beba deste cálice.
29 အကြောင်းမူကား သခင်ဘုရား၏ကိုယ် ခန္ဓာအနက်အဓိပ္ပာယ်ကို မဆန်းစစ်ဘဲ မုန့်ကိုစား၍ ခွက် တော်မှသောက်သော သူသည် မိမိအပေါ် အပြစ်ဒဏ်ကျရောက်စေရန် စားသောက်သကဲ့သို့ဖြစ်၏။-
29 Porque aquele que come e bebe indignamente, come e bebe condenação para si mesmo, não discernindo o corpo do Senhor.
30 သို့ဖြစ်၍ သင်တို့ထဲတွင် များစွာသောလူတို့သည် အင်အားချည့်နဲ့ကြ၍ ဖျားနာကြခြင်းဖြစ်၏။ အချို့သည်လည်း သေကြလေပြီ။-
30 Por causa disso, muitos estão fracos e enfermos entre vós, e muitos dormem.
31 သို့သော် ငါတို့သည် မိမိတို့ကိုယ်ကို မှန်ကန်စွာ စီရင်ပါက အပြစ်စီရင်ခြင်းခံကြရလိမ့်မည်မဟုတ်။-
31 Porque, se julgássemos a nós mesmos, não seríamos julgados.
32 သို့ရာတွင် သခင်ဘုရားသည် ငါတို့အား စီရင်တော်မူသောအခါ ငါတို့သည် လောကသားတို့နှင့်အတူ အပြစ်ဒဏ်မခံရစေ ရန် ဆုံးမတော်မူခြင်းသာဖြစ်၏။
32 Mas, quando somos julgados, somos disciplinados pelo Senhor, para não sermos condenados com o mundo.
33 ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့သည် စားပွဲတော်အတွက် စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦးစောင့်ကြလော့။-
33 Portanto, meus irmãos, quando vos ajuntais para comer, esperai uns pelos outros.
34 အကယ်၍ တစ်စုံတစ်ယောက်သည် ဆာလောင် လျှင် မိမိ၏အိမ်တွင် စားသောက်စေ။ ဤသို့ဖြင့် သင်တို့ သည် စုဝေးသော အခါ အပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ ရှိ လိမ့်မည်။ အခြားအမှုကိစ္စရပ်များကိုမူ ငါလာသောအခါ သွန်သင်လမ်းညွှန်ပေးမည်။
34 Mas, se algum homem tiver fome, coma em casa, para que não vos ajunteis para condenação. Quanto ao restante, colocarei em ordem quando eu chegar.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.