1 Coríntios 10

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ညီအစ်ကိုတို့၊ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်တွင်ရှိခဲ့ကြ၍ ပင်လယ်ကို ဖြတ်သန်းခဲ့ကြ၏။-
1 {Não quero que ignoreis, irmãos}, que os nossos pais estiveram todos debaixo da nuvem e que todos atravessaram o mar;
2 သူတို့သည် မိုးတိမ်နှင့် ပင်လယ်ထဲ၌ မိုး ဇက်၏နောက်လိုက်များအဖြစ် ဆေးကြောခြင်းခံယူခဲ့ကြ၏။-
2 todos foram batizados em Moisés, na nuvem e no mar;
3 သူတို့အားလုံးသည် ဝိညာဉ်ရေးဆိုင်ရာအစာ တစ်မျိုးတည်းကို စားခဲ့ကြ၍၊-
3 todos comeram do mesmo alimento espiritual;
4 ဝိညာဉ်ရေးဆိုင်ရာရေ တစ်မျိုးတည်းကို သောက်ခဲ့ကြ၏။ အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့နှင့်အတူ လိုက်ပါ သော၊ ဝိညာဉ် ရေးဆိုင်ရာကျောက်ဆောင်မှရေကို သောက်သုံးခဲ့ကြ၏။ထိုကျောက်ဆောင်ကား ခရစ်တော်ပင်ဖြစ်သတည်း။-
4 todos beberam da mesma bebida espiritual {pois todos bebiam da pedra espiritual que os seguia; e essa pedra era Cristo}.
5 သို့သော်လည်း ဘုရားသခင်သည် ထိုသူအများစုကို နှစ် သက်တော်မမူချေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ တွင် အသက်ဆုံးရှုံးခဲ့ကြ၏။
5 Não obstante, a maioria deles desgostou a Deus, pois seus cadáveres cobriram o deserto.
6 ငါတို့သည် ထိုသူတို့ကဲ့သို့ မကောင်းမှုကိုစွဲလမ်း ခြင်းမရှိကြရန် ဤအရာများသည် ငါတို့အတွက် သတိပေး ချက်များ ဖြစ်၏။-
6 Estas coisas aconteceram para nos servir de exemplo, a fim de não cobiçarmos coisas más, como eles as cobiçaram.
7 လူတို့သည် ထိုင်၍ စားသောက်ကြပြီးနောက် ထ၍ ကခုန်ကြ၏ဟု ကျမ်းစာတော်မြတ်တွင် ရေးထားသည့်အတိုင်း သင်တို့ သည် ထိုသူအချို့တို့ကဲ့သို့ ရုပ်တုကိုးကွယ်သူများမဖြစ်ကြလေနှင့်။-
7 Nem vos torneis idólatras, como alguns deles, conforme está escrito: O povo sentou-se para comer e para beber, e depois levantou-se para se divertir {Ex 32,6}.
8 ငါတို့သည် ထိုသူ များထဲမှ အချို့တို့ကဲ့သို့ ကာမဂုဏ်လိုက်စားခြင်းမပြုရပေ။ သူတို့တွင် လူနှစ်သောင်းသုံးထောင်မျှ တစ်ရက်အတွင်း သေခဲ့ကြ၏။-
8 Nem nos entreguemos à impureza como alguns deles se entregaram, e morreram num só dia vinte e três mil.
9 ထိုသူအချို့တို့ကဲ့သို့ ငါတို့သည် ထာ၀ရ ဘုရားသခင်အား စုံစမ်းခြင်းမပြုသင့်။ သူတို့သည် မြွေ ကိုက်ခံရ၍ သေခဲ့ကြလေပြီ။ ထိုသူအချို့တို့ကဲ့သို့ သင် တို့သည် ပြစ်တင်ညည်းတွားခြင်းမပြုကြနှင့်။-
9 Nem tentemos o Senhor, como alguns deles o tentaram, e pereceram mordidos pelas serpentes.
10 ထိုသူတို့ သည် ဖျက်ဆီးတတ်သောတမန်တော်၏ လက်ချက်ဖြင့် ဖျက်ဆီးခြင်းခံခဲ့ကြရ၏။-
10 Nem murmureis, como murmuraram alguns deles, e foram mortos pelo exterminador.
11 ယခုမူကား သတိပေးသည့် အနေဖြင့် ထိုသူတို့၌ ဤအရာများဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။ ကပ်ကမ္ဘာကုန်ဆုံးခါနီးအချိန်၌ အသက်ရှင်နေကြရသူ များဖြစ်သော ငါတို့အား သတိပေးရန် ထိုအကြောင်းအရာ များကို ရေးထားခဲ့ခြင်းဖြစ်၏။-
11 Todas estas desgraças lhes aconteceram para nosso exemplo; foram escritas para advertência nossa, para nós que tocamos o final dos tempos.
12 ထို့ကြောင့် မိမိသည် ရပ်လျက်ရှိနေသည်ဟု ထင်မှတ်သောသူသည် မလဲကျစေ ရန် သတိပြုရာ၏။-
12 Portanto, quem pensa estar de pé veja que não caia.
13 သင့်အပေါ်ကျရောက်လာသောစုံစမ်း နှောင့်ယှက်ခြင်းများသည် လူတစ်ဦးခံထမ်းနိုင်သည် ထက်မပိုပေ။ ဘုရားသခင်သည် သစ္စာရှိတော်မူသဖြင့် သင်တို့ခံနိုင်သည်ထက်ပိုသောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူလိမ့်မည်မဟုတ်။ သို့ရာတွင် သင်တို့အား တည်ကြည်မြဲမြံစေခြင်းငှာ စုံစမ်းနှောင့်ယှက်ခြင်းနှင့်အတူ ကိုယ်တော်သည် လွတ်မြောက်ရာလမ်းကို လည်း ပေးသနားတော်မူလိမ့်မည်။
13 Não vos sobreveio tentação alguma que ultrapassasse as forças humanas. Deus é fiel: não permitirá que sejais tentados além das vossas forças, mas com a tentação ele vos dará os meios de suportá-la e sairdes dela.
14 ထို့ကြောင့် ငါ၏ချစ်မိတ်ဆွေတို့၊ ရုပ်တုကိုးကွယ် ခြင်းကို ရှောင်ကြဉ်ကြလော့။-
14 Portanto, caríssimos meus, fugi da idolatria.
15 သင်တို့အား အသိတရား ရှိသူများကဲ့သို့သတ်မှတ်၍ ငါပြောဆို၏။ ငါ၏စကားကို သင်တို့ကိုယ်တိုင်ဆင်ခြင်သုံး သပ် ကြလော့။-
15 Falo como a pessoas sensatas; julgai vós mesmos o que digo.
16 ကောင်း ချီးမင်္ဂလာပေးရန် ငါတို့ဆုတောင်းထားသောမင်္ဂလာခွက် ဖလားတော်ကိုသောက်ကြသောအခါ ငါတို့သည် ခရစ်တော်၏အသွေးတော်၌ တစ်လုံးတစ်၀တည်း ပါဝင်ခြင်းမဟုတ်လော။ ငါတို့သည် ပေါင်မုန့်ကိုဖဲ့၍ စားကြသော အခါ ခရစ်တော်၏ကိုယ်ခန္ဓာ၌ တစ်လုံးတစ်၀တည်းရှိကြသည်မဟုတ်လော။-
16 O cálice de bênção, que benzemos, não é a comunhão do sangue de Cristo? E o pão, que partimos, não é a comunhão do corpo de Cristo?
17 ပေါင်မုန့်သည် တစ်လုံးတည်းဖြစ်သောကြောင့် အရေအတွက်အားဖြင့်များသောငါတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ် ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုပေါင်မုန့်တစ်လုံးတည်းကို ခွဲဝေသုံးဆောင်ကြ၏။-
17 Uma vez que há um único pão, nós, embora sendo muitos, formamos um só corpo, porque todos nós comungamos do mesmo pão.
18 အစ္စရာအဲလ်လူမျိုးတို့၏ဓလေ့ထုံးစံကို ကြည့်ကြလော့။ သူတို့သည် ယဇ်ကောင်များကို စားကြ၍ ယဇ်ပူဇော်ခြင်းအမှုတွင် ပါဝင်ကြသည်မဟုတ်လော။-
18 Considerai Israel segundo a carne: não entram em comunhão com o altar os que comem as vítimas?
19 သို့ဖြစ်လျှင် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ သို့ဖြစ်၍ ရုပ်တုအား ပူဇော်သောအစားအစာ၊ သို့မဟုတ် ထိုရုပ်တုသည် အရေးပါသည်ဟု ငါဆိုလိုပါသလော။-
19 Que quero afirmar com isto? Que a carne sacrificada aos ídolos ou o próprio ídolo são alguma coisa?
20 ထိုသို့မဟုတ်။ ငါဆိုလိုသည်မှာ လူမျိုးခြားတို့ ပူဇော်သောယဇ်သည် နတ်ဆိုးများအား ပူဇော်သောယဇ် သာလျှင်ဖြစ်၍ ဘုရားသခင်အား ပူဇော်ခြင်းမဟုတ်။ ငါသည် သင်တို့ကို နတ်ဆိုးများနှင့် ပူးပေါင်းသူများမဖြစ်စေလိုပေ။-
20 Não! As coisas que os pagãos sacrificam, sacrificam-nas a demônios e não a Deus. E eu não quero que tenhais comunhão com os demônios.
21 သင်တို့သည် သခင်ဘုရား၏ခွက်တော်နှင့် နတ် ဆိုးတို့၏ခွက်နှစ်ခုစလုံးကို မသောက်နိုင်။ သင်တို့သည် သခင်ဘုရား၏ စားပွဲတော်နှင့် နတ်ဆိုးတို့၏စားပွဲနှစ်ခု စလုံး၌ မပါဝင်နိုင်။-
21 Não podeis beber ao mesmo tempo o cálice do Senhor e o cálice dos demônios. Não podeis participar ao mesmo tempo da mesa do Senhor e da mesa dos demônios.
22 ငါတို့သည် သခင်ဘုရားအား သဝန် တိုစေမည်လော။ ငါတို့သည် သခင်ဘုရားထက် ပို၍ခွန် အားတန်ခိုးကြီးကြသလော။
22 Ou queremos provocar a ira do Senhor? Acaso somos mais fortes do que ele?
23 ငါတို့သည် ခပ်သိမ်းသောအမှုတို့ကို ပြုလုပ်ပိုင်ခွင့်ရှိ၏။ သို့သော် အရာခပ်သိမ်းသည် အကျိုးပြုနိုင်သည်မဟုတ်။ ငါတို့သည် မည်သည့်အရာကိုမဆိုလုပ်ပိုင်ခွင့်ရှိသော်လည်း အရာခပ်သိမ်းသည် လူတို့ကို ကြီးပွားတိုး တက်စေသည်မဟုတ်။-
23 Tudo é permitido, mas nem tudo é oportuno. Tudo é permitido, mas nem tudo edifica.
24 မည်သူမျှ မိမိကိုယ်ကျိုးကိုမရှာဘဲ မိမိနှင့်နီးစပ်သောသူ၏အကျိုးကိုသာရှာပါစေ။-
24 Ninguém busque o seu interesse, mas o do próximo.
25 သင်တို့သည် ဈေးတွင်ရောင်းသမျှသောအသားကို အသိစိတ် အတွင်း၌ မည်သို့မျှမတွေးတောဘဲ စားသုံးကြလော့။-
25 Comei de tudo o que se vende no açougue, sem indagar de coisa alguma por motivo de consciência.
26 အကြောင်းမူကား ဤကမ္ဘာမြေနှင့်ကမ္ဘာမြေပေါ်၌ ရှိသမျှအရာတို့သည် ထာ၀ရဘုရားသခင်နှင့်သက်ဆိုင်တော်မူ၏။-
26 Do Senhor é a terra e tudo que ela encerra.
27 အကယ်၍ မယုံကြည်သူတစ်ဦးက သင့်ကိုညစာ စားရန် ဖိတ်ခေါ်လျှင် သင်ဆန္ဒရှိပါက သွားလော့။ သင့်ရှေ့ ၌တည်ခင်း ကျွေးမွေးသမျှကို အသိစိတ်အတွင်း၌ မည်သို့ မျှမတွေးတောဘဲ စားသုံးလော့။-
27 Se algum infiel vos convidar e quiserdes ir, comei de tudo o que se vos puser diante sem indagar de coisa alguma por motivo de consciência.
28 သို့ရာတွင် တစ်စုံတစ် ယောက်က ဤအရာသည် ရုပ်တုအား ပူဇော်ထားသော ယဇ်ကောင်၏အသားဖြစ်သည်ဟုဆိုလျှင် ယင်းသို့ပြော ဆိုသူ၏သတိပေးချက်ကိုလည်းကောင်း၊ သူ၏အသိ စိတ်အတွင်းမှသိမြင်မှုကိုလည်းကောင်း ထောက်ရှုသော အားဖြင့် ထိုအသားကိုမစားနှင့်။-
28 Mas se alguém disser: Isto foi sacrificado aos ídolos, não o comais, em atenção àquele que o advertiu e por motivo de consciência.
29 အသိစိတ်ဟု ငါဆိုရာ၌ သင်တို့၏အသိစိတ်ကိုမဆိုလိုဘဲ ပြောဆိုသူ၏အသိ စိတ်ကို ဆိုလိုခြင်းဖြစ်၏။ အကြောင်းမူကား ငါ၏လွတ်လပ်ခွင့်ကို အခြားသူတစ်ဦး၏အသိစိတ်က အဘယ်ကြောင့်ချုပ်ချယ်ရမည်နည်း။-
29 Dizendo consciência, refiro-me não à tua, mas à do outro. Com efeito, por que razão seria regulada a minha liberdade pela consciência alheia?
30 အကယ်၍ ငါသည် မိမိစား သောက်သည့်အစားအစာအတွက် ဘုရားသခင်၏ကျေး ဇူးတော်ကိုချီးမွမ်းလျှင် ထိုသို့ကျေးဇူးတော်ချီးမွမ်းထား သောအစာကိုစားသည့်အတွက် အဘယ်ကြောင့် ငါ့ကို ဝေဖန်ရှုတ်ချရမည်နည်း။
30 Se eu como com ações de graças, por que serei eu censurado por causa do alimento pelo qual rendo graças?
31 ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အရာကိုမဆိုပြုလုပ်သည်ဖြစ်စေ၊ ထိုအရာ အားလုံးတို့ကို ဘုရားသခင်၏ဘုန်းဂုဏ်တော်အတွက် ပြုလုပ်ကြလော့။-
31 Portanto, quer comais quer bebais ou façais qualquer outra coisa, fazei tudo para a glória de Deus.
32 ဂျူးလူမျိုးတို့အားလည်းကောင်း၊ ဂရိလူမျိုးတို့အားလည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်ကိုလည်းကောင်း ထိခိုက်စော်ကားစရာအကြောင်း မဖြစ်စေကြနှင့်။-
32 Não vos torneis causa de escândalo, nem para os judeus, nem para os gentios, nem para a Igreja de Deus.
33 ငါသည် လူအများကယ် တင်ခြင်းခံကြရစေရန် ငါ၏ကိုယ်ကျိုးကိုမရှာဘဲ ထိုသူအပေါင်းတို့၏အကျိုးကိုရှေးရှုလျက် ငါပြုလုပ်သမျှသော အရာတိုင်း၌ လူအပေါင်းတို့နှစ်သက်ကျေနပ်စေရန် ကြိုး ပမ်းသကဲ့သို့ သင်တို့သည်လည်း ပြုမူကြလော့။
33 Fazei como eu: em todas as circunstâncias procuro agradar a todos. Não busco os meus interesses próprios, mas os interesses dos outros, para que todos sejam salvos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar 1 Coríntios 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.