Romanos 13

tvn (TVN)

1 လူတိုင်း စိုးရမန်းရဲ့ မိန့်အာဏာဟှို လိုက်နာဂေ့ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊ ဘုရားသခင်ရဲ့ ခွမ့်မှေ့ဘဲနေဟှာ၊ မန်းအာဏာဆိုဇာလည်း မှေ့ဟှ။ အာဏာပိုင်လေ ဂူလောင်းဟှို ဘုရားသခင် ခန့်အပ်ဟှားကြောန့် ဖြစ်ဟှယ်။

2 အယ်ကြောန့်၊ မန်းရဲ့ ခွမ့်အာဏာဟှို လွန်ဆန်သူဟှာ ဘုရားသခင်ဟှို လွန်ဆန်သူ ဖြစ်ဟှယ်။ အယ်မျိုးပြုဟှူ သူလေဟှာ ပြစ်စီရင်ရှင်းဟှို ခံရမယ်။

3 မန်းဆိုဇာဟှ ကောန်းဟှူ ကျင့်ဟှို ကျင့်ဟှူသူလေ ကြော့‑က်ရဟှို့ မှုဘဲန ကောန်းဘဲကျင့်လေဟှို ပြုကျင့်သူလေ ကြော့‑က်ရဟှို့ ဖြစ်ဟှယ်။ မန်းရဲ့ ခွမ့်အာဏာဟှို ကြော့‑က်ဘဲန နေရှင်လော။ အယ်ဆိုဟှာ ကောန်းဟှူ ကျင့်ဟှို ကျင့်ပါ။ အယ်မျိုးကျင့်ဟှယ် ဆိုဟှာ သူရဲ့ ချီးမွမ်းရှင်းဟှို ခံရလေ့မယ်။

4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ မန်းဟှာ နန်းနို့လေရဲ့ ကျိုးတွပ် ဘုရားသခင်ရဲ့ စေခံကျွန်လေဖြစ်ဟှယ်။ ကောန်းဘဲကျင့်ဟှို ကျင့်ဟှယ် ဆိုဟှာ ကြော့‑က်ဂေ့ပါ။ သူဟှာ ထားဟှို သတ်သတ်မဲ့ ကိုင်ဟှားဇာ မှုဟှ။ သူးနို့လေဟှာ ဘုရားသခင်ရဲ့ စေခံကျွန်လေဖြစ်ကြောန့် ကောန်းဘဲဟှူ ကျင့်လေဟှို ကျင့်ဟှူသူလေဟှို ဘုရားသခင်ကိုယ်စား ပြစ်ဒန်စီရင်သူလေဖြစ်ဟှယ်။

5 အယ်ကြောန့် ပြစ်ဒန်ဟှို ကြော့‑က်ဟှိကြောန့် မန်းအာဏာရဲ့ အောက်စိုးမှုဟှို ဝန်ခံဇာ မှုဘဲန၊ ဘုရားသခင်ရဲ့ စီရင်ရှင်းဟှို ကြော့‑က်ဟှိကြောန့်လည်း မှုဘဲန ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ထော့‑က်ဘီးဟှာ ဝန်ခံရမယ်။

6 အယ်ကြောန့် နန်းနို့လေ အခွန်ဟှို ပေးဆောန်ဂေ့ပါ။ စိုးရအာဏာပိုင်လေဟှာ သူးနို့တာဝန်ဟှို ကျေပွန်အောန် ထမ်းဆောန်နေဟှူ ဘုရားသခင်ရဲ့ မှုဆောန်လေဖြစ်ဟှယ်။

7 အယ်ကြောန့် နန်းနို့လေ ပေးဆောန်ဇာရှိဟှူတိုင်း ပေးဆောန်ဂေ့ပါ။ ခွန်ခံထိုက်ဟှူသူဟှို ခွန်ပေးဂေ့ပါ။ ကြော့‑က်ထိုက်ဟှူသူဟှို ကြော‑က်ဂေ့ပါ။ ရိုသေထိုက်ဟှူသူဟှို ရိုသေဂေ့ပါ။

8 ရှင်းရှင်း ရှစ်ရှင်းမြစ်တာကြွေးဟှနေဘီး ဖယ်ကြွေးဟှိုမှလည်း တန်စေန။ သူများဟှို ရှစ်ဟှူသူဟှာ ပညတ်တရားဟှို စောန့်ထီးဟှူသူဖြစ်ဟှယ်။

9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “အီထောန်ရေးဖော့‑က်ပ္လန်န၊ လူလေရဲ့သတ်ဟှို သတ်န၊ သူများအောက်စာဟှို ခိုးန၊ သူများအောက်စာဟှို တပ်မတ်လိုရှင်စိရှိန” ဆိုဟှူ ပညတ်ဟှစဘီး တခြားပညတ်လေ ဂူလောင်းဟှာ “ကိုယ်နစပ်ဆိုင်သူဟှို ကိုယ်နထပ်တူရှစ်ပါ” ဆိုဟှူ ပညတ်တခုဒဲမာ ပါဝမ်နေဇာဖြစ်ဟှယ်။

10 ရှစ်ရှင်းမြစ်တာရှိဟှူသူဟှာ ကိုယ်နစပ်ဆိုင်သူရဲ့ကျိုးဟှို ဖျစ်ဆီးတတ်ဟှ။ အယ်ကြောန့် ရှစ်ရှင်းမြစ်တာဟှာ ပညတ်တရားလေ ဂူလောင်းရဲ့ ပ္လဲ့ဇောင်ရာ ဖြစ်လေဟှယ်။

11 နန်းနို့လေဟှာ အိမွိရာဟှနေဘီး နိုးထရဟှို့ခီ ရော့‑က်လာဘီ ဖြစ်ဟှူကြောန်းဟှို သိဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေ ကယ်တန်ရှင်းခံရဟှို့ နေ့ရစ်ကာလဟှာ ယောင်ကြည်ခါစဒူးဟှထတ် ပိုဘီး နီးကပ်လာကြောန့် ဖြစ်ဟှယ်။

12 ညဉ့်ခီကူဘီး နေ့ခီဟှို ရောက်ဟှမယ် ဖြစ်ဟှူကြောန့် မှောန်မိုက်ရဲ့ ကျင့်လေဟှို ဖယ်ရှားဘီးဟှာ လန်းရောန်ရဲ့ လတ်နတ်စောင်ဟှို ဝတ်ဆင်ဂေ့ဇို့။

13 ပွဲလောက်ဟှူဇာလေ၊ မောယစ် သော့‑က်စားဇာလေ၊ တရားဘဲဟှူ မေထုန်ဟှို မှီဝဲဇာလေ၊ ကိလေသာညစ်ညူးဇာလေ၊ ရန်ဖြစ်ဇာလေန ဂေါင်ပြိုင်ဝါကြွားဇာလေဟှို ရှောန်ဘီးဟှာ လန်းရောန်မာ ကျင်လည်ဟှူသူမျိုး အသရေရှိအောန် ကျင့်သောင်းဂေ့ဇို့။

14 သခင်ယေရှုခရစ်တော်ဟှို ဝတ်ဆင်ဂေ့ပါ။ ဇာတိသွီးသား တတ်မတ်ရှင်းနော့‑က်ဟှို လိုက်ဂေ့န။

Ler em outra tradução

Comparar lado a lado

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Romanos 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.