Zacarias 7

BurJudson: 1835 Judson Burmese Bible (SM_BURJUDSON) vs BKJ

Sair da comparação
1 ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊
1 E sucedeu que, no quarto ano do rei Dario, a palavra do SENHOR veio a Zacarias, no quarto dia do nono mês, que é Quisleu;
2 ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊
2 quando eles enviaram à casa de Deus Sarezer e Régen-Meleque, e seus homens, para orarem diante do SENHOR,
3 နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဉ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာ ကျင့်ရပါမည်လောဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အိမ်တော်၌ရှိသော ယဇ် ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ ၎င်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရား သခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
3 e para dizerem aos sacerdotes que estavam na casa do SENHOR dos Exércitos, e aos profetas dizendo: Devo eu chorar no quinto mês, separando-me, como tenho feito por tantos anos?
4 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ၍၊
4 Então a palavra do SENHOR dos Exércitos veio a mim, dizendo:
5 ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဉ္စမလနှင့် သတ္တမလတွင် အစာ ရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။
5 Fala a todo o povo desta terra, e aos sacerdotes, dizendo: Quando jejuastes e lamentastes, no quinto e no sétimo mês, durante aqueles setenta anos, foi mesmo para mim que jejuastes?
6 စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။
6 E quando comestes, e quando bebestes, não comestes para vós mesmos e bebestes para vós mesmos?
7 ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ ပတ်လည်၌ ရှိသောမြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသော အရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လောဟု မိန့်တော်မူ၏။
7 Não devíeis ouvir as palavras que o SENHOR clamou através dos primeiros profetas, quando Jerusalém era habitada e próspera, com as cidades ao redor dela, quando homens habitavam o sul e a planície?
8 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဇာခရိသို့ ရောက်လာသည်ကား၊
8 E a palavra do SENHOR veio a Zacarias, dizendo:
9 တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကို တယောက် ကျေးဇူးပြုကြလော့။
9 Assim falou o SENHOR dos Exércitos, dizendo: Executai juízo verdadeiro, e mostrai misericórdia e compaixão cada homem para com seu irmão;
10 မိဘမရှိသောသူ၊ မုတ်ဆိုးမ၊ တကျွန်းတနိုင်ငံ သား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တယောက်ကို တယောက် မကောင်းသောအကြံကို မကြံကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသော် လည်း၊
10 e não oprimais a viúva, nem o órfão, nem o estrangeiro, nem o pobre; e nenhum de vós intenteis o mal contra o seu irmão em seu coração.
11 သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏။ မကြားစေခြင်းငှါ နားကို ပိတ်ကြ၏။
11 Mas eles se recusaram a escutar, deram as costas, e ensurdeceram os seus ouvidos para que não ou­vissem.
12 တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကို၎င်း သူတို့သည် မကြားစေ ခြင်းငှါ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလွန်အမျက်ထွက်တော်မူ၏။
12 Sim, fizeram os seus corações como pedra de diamante, para que não ouvissem a lei, nem as palavras que o SENHOR dos Exércitos enviara pelo seu Espírito através dos primeiros profetas; por isso veio a grande ira do SENHOR dos Exércitos.
13 ငါဟစ်ခေါ်၍ သူတို့သည် နားမထောင်သကဲ့သို့၊ တဖန် သူတို့သည် ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ၏။
13 E aconteceu que, como ele clamou e eles não ouviram, também eles clamaram, e eu não ouvi, diz o SENHOR dos Exércitos.
14 သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေဘွေ တိုက်၍ ငါလွှင့်ပြီ။ ထိုကြောင့်၊ သူတို့ ပြည်သည် လူဆိတ် ညံလျက်ရှိ၍ အဘယ်သူမျှ မသွားမလာ။ သာယာသော ပြည်သည် သုတ်သင်ပယ်ရှင်းရာဖြစ်လေပြီတကားဟု မိန့် တော်မူ၏။
14 Mas eu os espalhei com um turbilhão por entre todas as nações que eles não conheciam, e a terra foi assolada atrás deles, de modo que nenhum homem passava ou retornava; porque eles tornaram a terra agradável em desolação.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Zacarias 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.