Provérbios 2

BurJudson: 1835 Judson Burmese Bible (SM_BURJUDSON) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
1 Meu filho, preste atenção às minhas palavras e guarde meus mandamentos como um tesouro.
2 စေတနာစိတ်နှင့်ဉာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
2 Dê ouvidos à sabedoria e concentre o coração no entendimento.
3 သိပ္ပံအတတ်ကိုခေါ်၍၊ ဉာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊
3 Clame por inteligência e peça entendimento.
4 ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဉာဏ်ကို စူးစမ်း လျှင်၎င်း၊
4 Busque-os como a prata, procure-os como a tesouros escondidos.
5 ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဉာဏ်နှင့်ပြည့်စုံ လိမ့်မည်။
5 Então entenderá o que é o temor do S enhor e obterá o conhecimento de Deus.
6 အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဉာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
6 Pois o S enhor concede sabedoria; de sua boca vêm conhecimento e entendimento.
7 ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။
7 Ele reserva bom senso aos honestos e é escudo para os íntegros.
8 မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။
8 Guarda os caminhos dos justos e protege seus fiéis por onde andam.
9 ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။
9 Então você entenderá o que é certo, justo e imparcial e saberá o bom caminho a seguir.
10 ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊
10 Pois a sabedoria entrará em seu coração, e o conhecimento o encherá de alegria.
11 သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
11 As escolhas sábias o guardarão, e o entendimento o protegerá.
12 ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊
12 A sabedoria o livrará das ações dos maus, daqueles cujas palavras são perversas.
13 ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊
13 Eles se afastam do rumo certo e andam por caminhos sombrios.
14 ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊
14 Têm prazer em praticar o mal e aplaudem a maldade dos perversos.
15 ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊
15 Suas ações são desonestas, e seus caminhos, tortuosos.
16 အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
16 A sabedoria o livrará da mulher imoral, das palavras sedutoras da promíscua.
17 အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
17 Ela abandona o marido, o companheiro de sua juventude, e ignora a aliança que fez diante de Deus.
18 ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်၎င်း၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်၎င်း စပ်ဆိုင် သဖြင့်၊
18 Entrar na casa dela leva à morte; é a estrada para a sepultura.
19 သူ၏အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ။ အသက်လမ်းကို မမှီရ။
19 O homem que a visita está perdido; jamais alcançará os caminhos da vida.
20 သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
20 Portanto, siga os passos dos bons e permaneça nos caminhos dos justos.
21 ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။
21 Pois os retos viverão na terra, e os íntegros nela permanecerão.
22 အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။
22 Os perversos, porém, serão eliminados da terra, e os desleais, arrancados dela.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Provérbios 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.